Tuesday, January 19, 2010

မိမိတို့၏လုပ်ငန်းလူစည်ကားအောင်(၁)

နိုင်ငံခြား အရက် ပုလင်းလွတ် တံဆိပ်မ ကွာသေးတာ ရှာပါ။ ပြီးတော့ ပုလင်းကို မဆေးပါနှင့်၊ အရက်စော် နံနေရင် ပိုကောင်းပါတယ်။ အဲဒီ ပုလင်းထဲကို ကျောက်စရစ်ခဲ (၉)ခဲ ထည့်လိုက် ။ ပြီးတော့ ရေထည့်ပါ။ ရေထည့်ပြီးတော့ နှင်းဆီပန်း အနီရောင် တစ်ပွင့် စိုက်ထားလိုက်။ ပြီးတော့ မိမိတို့ ဆိုင်တို့ အိမ်တို့ လုပ်ငန်း တို့ မှာထားလိုက်ပါ။ အဲဒါဆိုရင် မိမိတို့ လုပ်ငန်း ဘယ်တော့မှ လာဘ်မပိတ် တော့ဘူး အမြဲတမ်း လူစည်ကား နေတာပါပဲ။

ယတြာရှင်းလင်းချက်

အရက်

၁+၈ =၉

၎င်းဂြိုဟ်သက်

၆+၁၂ =၁၈ =၉

ပုလင်း

၎+၅ =၉

၎င်းဂြိုဟ်သက်

၁၇+၁၉=၃၆ =၉

ကျောက်စရစ်

၂+၃+၄ =၉

၎င်းဂြိုဟ်သက်

၁၀+၈=၁၈ =၉


ထိုပုံကို ကြည့်ခြင်း အားဖြင့် န၀င်းကိုခံ သံကိုမြှင့် နှင်းဆီပန်းက အသင့် ဆိုသည့် နည်းအတိုင်း န၀င်း များဖြင်စီရင် ထားခြင်းသာ။

No comments:

Post a Comment