အိမ်ထောင်ရေး ဆိုတော့ လင်မယားနှစ်ဦး ပေါ့ဗျာ။ သိပ် အဆင် မပြေဘူး။ မကြာခဏ စကားများ နေရ တယ်။ ရန်ဖြစ်နေရတယ်။ တစ်ယောက်နဲ့ တစ်ယောက် မျက်နှာချင်းဆိုင် လို့ကိုမရဘူး။ တစ်ယောက်ကို တစ်ယောက် အကောင်းကို မမြင်ဘူး။ ဒီပုံစံအတိုင်း ဆက်သွားလို့ကတော့ မိသားစုတွေ တကွဲတ ပြား ဖြစ်ဖို့ သေချာနေပြီ။ မိတ်ဆွေ...... သင်တို့ မိသားစုမှာ အဲဒီလို ဖြစ်နေပြီ ဆိုရင် အခုပြောပြမယ့် ယတြာကို ယုံယုံကြည်ကြည် နဲ့ ဆောင်ရွက် ကြည့်လိုက်ပါ မိတ်ဆွေ။ ရက်ပိုင်းအတွင်း အဆင်မပြေ ဖြစ်နေတဲ့ သင်တို့ မိသားစု အေးချမ်းသာ ယာ သွားပါလိမ့်မယ်။ လင်မယား နှစ်ဦး၏ ဓါတ်ပုံ (၂)ပုံကို မျက်နှာချင်းဆိုင် ကပ်ပါ။ ပြီးရင် ဓါတ်ဗူးထဲမှာ ထည့်ပြီး ပိတ်လိုက်ပါ။ ကောင်းမွန်တဲ့ တနေရာမှာ သေသေချာချာ သိမ်းထားလိုက်ပါ။ အဲဒီလို ဆောင်ရွက် လိုက်မယ် ဆိုရင် ဓါတ် သဘာဝတွေ ပျက်ပြီး အဆင်မပြေ ဖြစ်နေတဲ့ သင်တို့ မိသားစု ကမ္ဘာလေး အေးချမ်း သာယာ သွားမည်ဖြစ်ပါကြောင်း
စေတနာကောင်းဖြင့်
No comments:
Post a Comment