Tuesday, January 26, 2010

လုပ်ငန်းတွေပျက်နေသလား မုန်လုံးရေပေါ်လှူပါလား...

သင်သည် အလုပ်ကို ကြိုးစား၍ လုပ်ကိုင်၏။ သို့ရာတွင် သင်၏ အလုပ်သည် အောင်မြင်မှု့မရှိပဲ ဆုံးရှုံးမှု့ များနှင့် ကြုံတွေ့နေရ၏။
သင်၏ စီးပွားရေး လုပ်ငန်းသည် ဦးမော့မလာပဲ နစ်မြုတ်နေ၏။ အလွယ်ပြောရပါမူ သင်သည် လှော်ရင်း နစ်နေ၏။ ထိုအခါ မျိုးတွင် သင်၏ အသက်ကို (၄)နှင့်မြှောက်ပါ။ ရသော အရေအတွက်ကို မုန့်လုံးရေပေါ် လုပ်ပါ။ ထိုအထဲမှ မုန့်လုံးရေပေါ် (၁၀)လုံးကို နံနက်(၁၀)နာရီ တိတိတွင် အိမ်ဘုရားတွင် လှူပါ။
သင်၏အသက်ကို (၇) ဖြင့်စားပါ...
(၁)-ကြွင်းလျှင်.............တနင်္ဂနွေနေ့တွင်ပြုလုပ်ပါ။
(၂)-ကြွင်းလျှင်............တနင်္လာနေ့တွင် ပြုလုပ်ပါ။
(၃)-ကြွင်းလျှင်............အင်္ဂါနေ့တွင်ပြုလုပ်ပါ။
(၄)-ကြွင်းလျှင်............ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ပါ။
(၅)-ကြွင်းလျှင်............ကြာသပတေးနေ့တွင် ပြုလုပ်ပါ။
(၆)-ကြွင်းလျှင်............သောကြာနေ့တွင် ပြုလုပ်ပါ။
အကြွင်းမရှိပဲ ပြတ်သွားလျှင် စနေနေ့တွင် ပြုလုပ်ပါ။
(၁၀)-လုံးတိတိကို မြတ်စွာဘုရားအား ကပ်လှူပြီးလျှင် ပိုသောမုန့်လုံးများကို အိမ်နီးနားချင်းများအား ဝေလိုက်ပါ။
ဤယတြာသည် ကုန်းဘောင်ခေတ်တွင် အသုံးပြုခဲ့သော ရှေးယတြာဖြစ်ပါသည်။ ထိုယတြာ လုပ်ပြီးသည်နှင့် နစ်မြုတ်နေသော သင်၏ စီးပွားရေးလုပ်ငန်းသည် ဦးမော့လာပေလိမ့်မည်။ အလွန် ထူးခြားသော ယတြာဖြစ်သည်။ စီးပွားရေး လှော်ရင်း နစ်တေသူများ ပြုလုပ်သင့်ပါသည်။

No comments:

Post a Comment