Sunday, January 31, 2010

စိတ်တန်ခိုးကျင့်စဉ်အပိုင်း(၁၃)

ကိုယ်လက်အင်္ဂါ ငြိမ်သက်ခြင်း

ကိုယ်လက်အင်္ဂါ အလဟဿ လှုပ်ရှားနေခြင်းသည် သံလိုက်ဓာတ် အား အရှိန် ယုတ်လျော့ စေကြောင်းကို ဖော်ပြခဲ လေပြီဒကိုယ်အင်္ဂါတွင် တစ်စုံတဏ်ရာ အကြောင်းမဲ့ စိတ်မပါဘဲ သတိလွတ်စွာ လှုပ်ရှားနေခြင်းသည် အား ကို ယုတ် လျော့စေသည်။ ဥပမာ... ဒူးနှန့်နေခြင်း ၊ လက်လှုပ်နေခြင်း ၊ ခေါင်းညိတ်နေခြင်း စသည်တို့ ဖြစ်လေသည်။

သံလိုက်ဓာတ်ရှိသောသူမှာ တစ်နေရာတည်း ကိုယ်လက်အင်္ဂါ လှုပ်ရှားခြင်း မရှိဘဲ အတော်ကြာ ဣနြေ္ဒရရ ထိုင်နေ နိုင်ရမည်။ လေ့ကျင့်ရန်မှာ အိပ်ယာပေါ်တွင် ပက်လက်လှန်ပြီး တစ်ကိုယ်လုံး အကြော အချင်များကို လျှော့၍ ငြိမ်သက်စွာနေရမည်။

ထိုကဲ့သို့ နေစဉ် မိမိလက်များနှင့် ခြေများမှာ သစ်တုံးများကဲ့သို့ ငြိမ်သက်စွာ နေစေရမည်။ ထိုအခါ ထါက်သက် ၀င်သက် မှန်မှန်ရှူ၍ “ငါသည် မည်သည့်အခါမဆို ဤကဲ့သို့ မလှုပ်ရှားဘဲ ငြိမ်သက်စွာ နေနိုင်၏”ဟု စိတ်ထဲက ပြဋ္ဌာန်းရမည်။ ထိုင်လျှက်လည်း ကျင်နိုင်သည်။

ကိုယ်အရှိန် တန်ခိုး

လူတိုင်း၌ ကိုယ်အရှိန် တန်ခိုးရှိကြောင်းကို ဖော်ပြခဲ့လေပြီ။ ၎င်းကိုယ်အရှိန်ဓာတ် ထက်မြက်အောင် အောက်ပါအ တိုင်း လေ့လာရမည်။ ညအိပ်ယာဝင်သောအခါ အိပ်လျှက် မျက်စိများ မှိတ်ပြီး ထွက်သက် ၀င်သက် မှန်မှန် လေးငါးခြောက်ခါလောက် ရှူလေ။ ထိုအခါ သင်၏ စိတ်သည် ငြိမ်သက်လာလိမ့်မည်။

နောက် စိတ်ထဲ၌ တွေးထင် ရမည်မှာ မိမိသည် ကမ္ဘာ၏ အလယ်ဗဟိုတွင် တည်နေသကဲ့သို့ အနီးအနား၌ရှိသော အရာဝတ္ထုများကို လျစ်လျူ ရှု့ပစ်ရမည်။ ထို့နောက် မိမိကိုယ် ပတ်ဝန်းကျင်၌ အေးမြသော အရှိန်များ ဖြာထွက်နေသကဲ့သို့ ထင်မှတ်ရမည်။ နောက် စိတ်ထဲ၌ ဤငါ၏ အေးမြသော ကိုယ်ရှိန်စက်ကွင်း၌ ၀င်မိသောသူတိုင်းသည် အေးမြသော စိတ်ဖြစ်၍ ငါ့ကို ရိုသေချစ်ခင်ရမည်ဟု ယုံကြည်ရမည်။

သံလိုက်ဓာတ်အသုံးပြုနည်း

သံလိုက်ဓာတ်ကို အသုံးပြုရာ၌ မိမိကိုယ်ကို ယုံကြည်စိတ်ချခြင်းသည် လိုသည်။ “ငါသည် မုချ အောင်မြင်ရမည်။ ငါသည် တွေ့ဆုံကြုံကြိုက်သော သူတိုင်းကို ငါ၏အလိုသို့ ဆွဲယူနိုင်သည်” ဟူသော စိတ်ရှိရမည်။ ပရိသတ် အ လယ်တွင် မိမိ၏ သံလိုက်ဓာတ်အရှိန်ကို အသုံးပြုလိုသော အခါ စိတ်ထဲက ယခု ငါ၏ သံလိုက်ဓာတ် အရှိန်စက် ကွင်းသို့ အားလုံးလူများသည် မိနေလေပြီ။ ငါပြောရာကို လိုက်နာရမည်။ ငါ၏ အလိုသို့ လိုက်နာရမည် စသည်ဖြင့် စိတ်ထဲ၌ ဇောထက်သန်စွာ ယုံကြည်ရမည်။

တစ်ဦး တစ်ယောက် အပေါ်၌သာ အသုံးပြုလိုလျှင် ထိုသူဆီသို့ သွားသောအခါ “သင်သည် ငါ၏ အလိုသို့ လိုက်နာရမည်” ဟုစိတ်ထဲ၌ ပြောရမည်။ နောက် စကားပြော သောအခါ ထိုသူ သဘောကျတတ်သော အချက်ကစ၍ ပြောဆိုပြီးလျှင် လိုရာအခက်ကို ရောက်လျှင် သင်၏ ကြည်လင် သော မျက်စိများဖြင့် သူ၏ မျက်နှာပေါ် နှာခေါင်းရင်း မျက်စိနှစ်လုံးကြားသို့ စိုက်ကြည့်လျှက် ပြောဆိုရာကို မုချ လိုက်ပါရမည်ဟု ယုံကြည်သောစိတ်နှင့် ပြောရမည်။ ထိုအခါ၌ သူသည် သင့်ကို ပြန်မကြည့်လျှင် သင်က အခြားနေရာကို လွဲကြည့်လိုက်ပါက သင်၏ မျက်နှာသို့ သူသည် ကြည့်လိမ့်မည်။ ထိုအခါ သင်လိုရာကို ပြောဆိုလေ။

အောင်မြင်ခြင်း

ဤကဲ့သို့ သံလိုက်ဓာတ်ကို အလုပ်အကိုင်၌ဖြစ်စေ အခြားနေရာများ၌ဖြစ်စေ အသုံးချခြင်းဖြင့် သင်သည် အစစအရာရာ၌ အောင်မြင်လာမည်ဖြစ်ပါကြောင်း............



တားရော့မွေးနည်းအရေးကြီး

တားရော့က အားလုံးပေါင်း (၇၈) ချပ်ရှိတယ်ဆိုတာရယ် အဓိကကတ်က (၂၂) ချပ် သာမညကတ်က (၅၆)ချပ်။ အာလုံးပေါင်းလိုက်တော့ (၇၈) ချပ်ရှိတယ်။ အိုကေနော်.... ဒါဆိုရပြီ။ အဲဒီတော့ မိတ်ဆွေ တားရော့ တစ်ထုပ် ၀ယ်ရ မယ်။တားရော့က ၀ယ်ရတာ ကျွန်တော်တို့ခေတ်မှာ အရမ်းလွယ်ပါတယ်။ ကောင်းကောင်းကိုရပါတယ်။ အဲဒီတား ရော့တစ်ထုပ် ၀ယ်ပြီးပြီဆိုရင် မိမိလက်ထဲကို တားရော့ထုပ် ရောက်လာပြီဆိုရင် ဘယ်လို ဆက်လုပ်ရမယ်ဆိုတာကို ဒီနေ့ ပြောကြရအောင်နော်...
ကိုယ့်ဆီရောက်လာတဲ့ တားရော့လေးကို ဒီအတိုင်း တန်းပြီးသုံးလို့တော့ သိပ်ပြီး အစွမ်းမထက်ဘူးဗျ။ သူ့ကို သစ်ပင်လေးတစ်ပင် ပျိုးထောင်သလို ကလေးတစ်ယောက်ကို မွေးမြူသလို ပြုစုသလို အသက်ဝင်လာအောင် မွေးယူရမယ်။ ဘယ်လိုမွေးရမလဲဆိုတော့
  1. ကိုယ်ဆီရောက်လာတဲ့ တားရော့လေးကို အစွမ်းကုန် မြတ်နိုးပါ။ တန်ဖိုးထားပါ။
  2. တားရော့ တစ်ထုပ်လုံးကိုရော တစ်ချပ်ချင်းစီကိုရော မကြာခဏ နှစ်နှစ်ကာကာ နမ်းရှုံ့ခြင်းဖြင့် သင့်ရဲ့ မေတ္တာကို ပြပါ။
  3. တားရော့ မဟောခင်မှာရော ဟောပြီးသွားတဲ့ အခါမှာရော ကတ်ပြားလေးကို နမ်းပြီး အနမ်းနဲ့ ဂုဏ်ပြုပါ။
  4. တားရော့ကို အိပ်ကလေးတစ်အိပ် (သို့) ဗူးကလေးတစ်ဗူးနှင့် သတ်သတ်မှတ်မှတ် ထည့်သိုသိမ်းဆည်းပါ။
  5. တားရော့ကို မိမိခေါင်းအုန်းအောက်မှာ ညပေါင်း(၆၀)လောက် ထားပြီးအိပ်ရမယ်။ (အနည်းဆုံး(၈)ညတော့ မဖြစ်မနေ ထားပြီးအိပ်ရမယ်။)
  6. ခရီးဝေး ဘာညာ သွားတဲ့အခါ တားရော့ကိုလည်း ခေါ်သွားပါ။ သဘောကတော့ တားရော့နဲ့ ကိုယ်ဟာ အမြဲ တမ်းအတူရှိနေတယ်။ နှစ်ယောက်မဟုတ်ဘူး။ တားရော့သည်ပင်လျှင် ကိုယ် ၊ ကိုယ်သည်ပင်လျှင်.. တားရော့ ဖြစ်သွားအောင်လုပ်နေတာပါ။ သူနဲ့ ကိုယ်နဲ့ ဓာတ်ခြင်း တစ်သားတည်း ဖြစ်သွားအောင် လုပ်နေ တာပါ။
  7. ကိုယ့်ရဲ့ တားရော့ကို သူများကိုလည်း မငှားပါနဲ့။ သူများရဲ့ တားရော့ကိုလည်း ကိုယ်က ငှားပြီးမသုံးရဘူးနော် သူနဲ့ ကိုယ်နဲ့ တစ်သားတည်းဖြစ်နေအောင် ကိုယ်မှာ မွေးမြူထားရတာ ၊ သူများတွေ ယူသုံးလိုက်ရင် အဲဒီ ဓာတ်ကလေး ပျက်သွားတတ်တယ်။ အဲဒီတော့ တားရော့ကို ငှားပြီး မသုံးပါနဲ့။
  8. တားရော့ဟောတဲ့အခါ ကြုံတဲ့နေရာချပြီး မဟောရဘူး။ အခင်းနဲ့ပဲ ဟောရမယ်။ အခင်းကိုလည်း သပ်သပ် ရပ်ရပ် လူရိုသေ ရှင်ရိုသေကလေးတော့ လုပ်ထားသင့်ပါတယ်။
  9. ဘယ်နေရာမှာပဲ ဗေဒင်ဟောဟော ဘေးမှာ အမွှေးတိုင် ထွန်းရပါတယ်။ အမွှေးရနံ့ဟာ မကောင်းတဲ့ ဓာတ်တွေကို ပျက်ပျယ်စေပြီး ကောင်းသောဓာတ်တွေကို ဖိတ်ခေါ်ရာရောက်ပါတယ်။
  10. တားရော့ဟာ ရေ မြေ လေ မီး ဆိုတဲ့ ဓာတ်ကြီးလေးပါးအပေါ်မှာ အခြေခံ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အဲဒီ ဓာတ်ကြီးလေးပါးကို တားရော့ ကတ်ပြားတွေမှာ တုတ်၊ခွက်၊ဓား၊ကြယ် ဆိုတဲ့ သင်္ကေတ လေးပါးနှင့် တင်စားဖော်ပြလေ့ရှိပါတယ်။( တားရော့ဆရာတစ်ယောက်ဟာ အဲဒီ သင်္ကေတလေးပါးကို တား ရော့အဆောင်အယောင်အဖြစ် စားပွဲပေါ်မှာ ဖြန့်ခင်းထားဖို့ လိုပါတယ်။ တုတ်ကလေးတစ်ချောင်းရယ် ခွက် ရဲ့သင်္ကေတအဖြစ် ကလပ်လေးတစ်လုံး၊ ဒါမှမဟုတ် အနောက်တိုင်း ဂန္ဓာရီ ပညာရှင်တွေ သစ္စာရေသောက် တဲ့အခါ သုံးလေ့ရှိတဲ့ အပ်ထောက်ခွက်လေးတစ်ခွက် ။ သော့ချိပ်လုပ်တဲ့ ဓားလှလှလေး တစ်ချောင်း ၊ ဒါမှ မဟုတ်ရင်လည်း နှစ်ဖက်သွားဓားလို့ ခေါ်တဲ့ သံလျက်လေး တစ်လက်။ ကြယ်ရဲ့ အထိမ်းအမှတ် ငါးထောင့် ကြယ်လေးတစ်ပွင့်၊ ဒါမှ မဟုတ်ရင်လည်း ရှေ့ဟောင်း ဒင်္ဂါးပြားလေးတစ်ပြားကို တင်ထားရပါမယ်။
  11. ဂျစ်ပစီတွေဟာ သူတို့ အင်မတန် မြတ်နိုးတဲ့ တားရော့ကတ်ပြားလေးတွေကို ကိုင်ခါနီးတိုင်းမှာ လက်ကို သန့်စင်အောင် ဆေးကြောလေ့ရှိပါတယ်။ဆေးကြောတဲ့ အခါမှာလည်း အမှိုက် သရိုက် ဖုန်သဲ ကင်းစင်တဲ့ ရောဂါ ပိုးမွှားတွေ မရှင်သန်နိုင်တဲ့ အရက်ကို အသုံးပြုပြီး ဆေးကြောလေ့ရှိပါတယ်။ ကျွန်တော်တို့ကတော့ ဘာသာရေးအရ အရက်ကို သုံးဖို့ မသင့်လျော်လေတော့ ရေမွှေးနှင့် လက်ကို ဆွတ်ဖြန်းပြီး သန့်စင်ကြပါ တယ်။ (ဒါမှမဟုတ်ရင်လည်း နံသာဆီနဲ့ အရက်ပြန်ကို ရောစပ်ပြီး သုံးမယ်ဆိုရင်လည်း ရပါတယ်)
  12. တားရော့ ဟောခါနီးတဲ့အခါ တားရော့အထုပ်ကို နမ်းပြီး ကုလားဖန်ထိုးရမယ်။ ကုလားဖန်ထိုးတဲ့အခါမှာလဲ တတ်နိုင်သမျှ တည်တည်ငြိမ်ငြိမ် အိနြေ္ဒရရနဲ့ ထိုးဖို့ အရေးကြီးပါတယ်။
  13. အရေးကြီးတာက ကိုယ်ဟာ အင်မတန်ရှေးကြပြီး လျှို့ဝှက်နက်နဲလှတဲ့ ပညာရပ်ကြီးတစ်ခုကို အသုံးချနေ သူဖြစ်တဲ့အတွက် ကိုယ်ရဲ့ စိတ်ကိုပါ ပေါ့ပေါ့တန်တန် သဘောမထားပဲ ပြောင်းပြစ်လိုက်ဖို့ အရေးကြီးပါ တယ်။ ကိုယ်ဟာ ရိုးရိုး လူသားတစ်ယောက် မဟုတ်ဘူး။ ဂမ္ဘီရ ပညာရှင်ကြီး တစ်ယောက်ဖြစ်တယ် အဲဒီလို နှလုံးသွင်းပြီးမှ တားရော့ကိုဟောရမယ်။
  14. တားရော့ဟောခါနီးတိုင်းမှာ တားရော့ထုပ်ကို ရင်မှာအပ်ပြီး တားရော့နှိုး မန္တာန်ကိုလည်း အလေးအနက် အာရုံပြုပြီး ရွတ်ဆိုရပါမယ်။
  15. တားရော့အပေါ် ကိုယ်က သစ္စာရှိဖို့ လည်း အရေးကြီးပါတယ်။ တားရော့က အဆိုးကြီး ကျနေတာကို ကိုယ် က အကောင်းမဟောရဘူး။ အကောင်းကျနေတာကိုလည်း အဆိုးမဟောရဘူး။
ဒါတွေဟာ...ကိုယ်ရဲ့ တားရော့လေးကို ကိုယ်နဲ့ တစ်ထပ်တည်း တစ်သားတည်း ဖြစ်သွားအောင် ၊ သူနဲ့ ကိုယ်နဲ့ ဓာတ်ခြင်းဆက်သွားအောင် မွေးမြူတဲ့နည်းလေးတွေပါပဲခင်ဗျာ....။

Saturday, January 30, 2010

စိတ်တန်ခိုးကျင့်စဉ်အပိုင်း(၁၂)

ကိုယ်အင်္ဂါ ပုံပန်းကို ပြုပြင်ခြင်း

သံလိုက်ဓာတ်ရှိသောသူ၏ ကိုယ်အင်္ဂါ ပုံပန်းမှာလည်း ထူးခြားသဖြင့် ၎င်းပုံပန်းကို ဖြစ်စေရန် အောက်ပါအတိုင်း နေ့စဉ် လေံကျင်ရမည်။ လေကောင်းလေသန့်ရှိသော နေရာတွင် မတ်တတ်ရပ်လျှက် ဘေးတွင် တွဲလောင်းချထား သောလက်များကို ဆန့်လျှက်ပင် အထက်ခေါင်းပေါ်သို့ ဘေးမှ မြှောက်တင်နေစဉ် ၀င်သက်ရှူသွင်းရမည်။

လက်များကို ပြန်ချသောအခါ ၀င်သက်ရှူထုပ်ရမည်။ ဖြာ်းဖြည်း ပြုလုပ်ရမည်။ ဤကဲ့သို့ ထွက်သက် ၀င်သက်နှင့် ကိုယ်အင်္ဂါ လှုပ်ရှားမှု့ကို လေ့လာစဉ် မိမိရှေ့၌ ကိုယ်လုံးပေါ်မှန်ကြီး ထား၍ မှန်ထဲသို့ ကြည့်လျှက် ပြုလုပ်လျှင်လည်း ကောင်းသည်။ ဤကဲ့သို့ နေ့စဉ် နံက်ဖြစ်စေ ညဖြစ်စေ လေ့ကျင့်ပါက မကြာမီ ကိုယ်ဟန်အမူအရာ ပြောင်လဲလာသည်ကို တွေ့ရလိမ့်မည်။


စိတ်တန်ခိုးကျင့်စဉ်အပိုင်း(၁၁)

သံလိုက်ဓာတ်ရှိသောသူ၏ကိုယ်ဟန်အမူအရာ

ညှို့မျက်လုံးကျင့်စဉ်

သံလိုက်ဓာတ်ရှိသောသူ၏ ထူးခြားသော ကိုယ်ဟန်အမူအရာတို့တွင် မျက်စိသည် အရေးအကြီးဆုံး ဖြစ်၏။ သံလိုက်ဓာတ် ရှိသောသူ၏ မျက်လုံးများမှာ ကြည်လင်၍ မျက်နှာ၏ ကျက်သရေကို ဖြစ်စေ၏။ ဤကဲ့သို့ မျက်စိ ရှိအောင် အောက်ပါအတိုင်း လေ့လာရမည်။

မိမိရှေ့တွင် မှန်တစ်ချပ်ကို ထောင်၍ မျက်နှာကို ရွှင်ပြစွာ ထားပြီးလျှင် မှန်ထဲရှိ မျက်နှာအပေါ် မှန်ထဲရှိ မျက်နျာအပေါ် နှခေါင်းရင်း မျက်စိနှစ်လုံးကြားသို့ စိုက်ကြည့်နေရမည်။ ၎င်းနှခေါင်းရင်း မျက်စိနှစ်လုံးကြားတွင် အမှတ်ကလေး တစ်ခုခု ပြုလုပ်ထားလျှင် ကောင်းသည်။

ဤကဲ့သို့ ကြာကြာ ကြည့်နိုင်သလောက် ကြည့်ရမည်။ တစ်နေ့လျှင် ၁၅-မိနစ်ထက်မနည်း နေ့စဉ်လေ့လာသွားပါက တနင်္ဂနွေတစ်ပတ်လောက် ကြာလျှင်ပင် သင်၏ မျက်စိအရှိန်သည် ကြည်လင်တောက်ပ၍ လာကြောင်းကို တွေ့ရလိမ့်မည်။


စိတ်တန်ခိုးကျင့်စဉ်အပိုင်း(၁၀)

သံလိုက်ဒာတ် မြဲမြံစေခြင်း
သံလိုက်ဓာတ်သည် ကိုယ်ကာယ၏ အရှိန်ဓာတ်ဖြစ်၏။ ၎င်းအရှိန်သည် လူတိုင်း၌ နည်းများမဟူ ရှိသော်လည်း အချို့မှာ လူအနည်းငယ်၏ အပေါ်မှာသာ လွမ်းမိုးနိုင်၍ အချို့မှာ တွေ့ဆုံ ကြုံကြိုက်သော သူတိုင်း၏ အပေါ်၌ လွမ်းမိုးနိုင်လေသည်။ ၎င်းကာယ၏ အရှိန်ဓာတ်သည် ကျန်းမာသောအခါ သာ၍ထက်မြက်၏။ ထို့ကြောင့် ကျန်းမာခြင်းကို အထူးဂရုစိုက်ရမည်။ ကိုယ်လက် အစဉ်ကျန်မာအောင် ကျန်းမာရေးလမ်းညွန်အတိုင်း လိုက်နာ ဆောင်ရွက်ရမည်။ ကိုယ်လက် အစဉ်ကျန်းမာမှသာ သံလိုက်ဓာတ်ပွားများ၍ အမြဲတည်၏။ အစားအသောက် အအိပ်အနေတို့ကို ဆင်ခြင်တိုင်းထွာ၍ စားသောက်နေထိုင်ရမည်။

စိတ်တန်ခိုးကျင့်စဉ်အပိုင်း(၉)

သံလိုက်ဓာတ်၏အရသာ

သင်သည် ယခုအခါ သံလိုက်ဓာတ်၏ သဘောတရားများနှင့်၎င်း၏ဆန့်ကျင်ဖက်များကို သိရသဖြင့် သင်၏စိတ်၌ ပျော်ရွှင်လာပြီးလျှင် ထိုအခါမှစ၍ မိမိကိုယ်ကို မိမိ ယုံကြည်အားကိုးသောစိတ် ရိုသေလေးစားသောစိတ်တို့ ပေါ်ပေါက်လာသည်ကို တွေ့ရလိမ့်မည်။

ထိုအခါ သင်၏ ကိုယ်အမူအရာတို့သည် ပြောင်းလဲမှန်းမသိ ပြောင်လဲလာ လိမ့်မည်။ သင်၏ ကိုယ်တွင်း၌ မွေးမြူ စုဆောင်းထားသော တန်ခိုး(အား) အရှိန်များကို သင်သည် သိသာစွာ အသုံးချနိုင်လာလိမ့်မည်။

သင်၏ စိတ်၌ “ငါ့ကို သူများ ရိုသေ ကိုင်းညွတ်ရမည်” ဟူသောစိတ် ဖြစ်ပေါ် လာလိမ့်မည်။ မိတ်ဆွေ သင်္ဂဟများနှင့် တွေ့ဆုံသောအခါ၌လည်း ရှေးကထက်ပို၍ သင့်အား ယုံကြည်အားကိုး ချစ်ခင်ကြောင်းကို တွေ့ရလိမ့်မည်။


စိတ်တန်ခိုးကျင့်စဉ်အပိုင်း(၈)


သံလိုက်ဓာတ်အရှိန်အား ယုတ်လျော့စေခြင်း


ဆန္ဒ၏ အလိုသို့ မလိုက်ပဲ ဆန္ဒကို ဖိနှိပ်ခြင်းဖြင့် သံလိုက်ဓာတ်(အား)အရှိန် တိုးပွားများပြား စေကြောင်းကို ဖော်ပြခဲ့ လေပြီ။ ထိုဆန္ဒ၏ အလိုသို့ လိုက်၍ ဆန္ဒခိုင်းရာသို့ လိုက်လုပ်လျှင် မိမိ၌ ရှိပြီး (အား)အရှိန်ပင် ယုတ်လျော့စေ၏။

သင်၏ စိတ်ထဲ၌ တစ်စုံတစ်ရာကို ကြံစည် စိတ်ကူးနေသည်ဖြစ်စေ ဒေါသဖြစ်နေသည်ဖြစ်စေ ၎င်းတို့အရှိန်သည် မည်မျှလောက် ပြင်းထန်သည်ဆိုလျှင် သင်သည် မော၍ပင်လာ၏။ တစ်ကိုယ်လုံး နေထိုင်မကောင်း ဖြစ်လာ၏။ သိ သိသာသာ အားယုတ်လာသည်ကို တွေ့ရ၏။

ထို့ကြောင့် ၎င်းအရှိန် (အား) ယုတ်လျော့ခြင်းကို မဖြစ်စေရန် သတိ ထားရမည်။ အမျက်ထွက်ခြင်း စိတ်လေလွင့်ခြင်း ကြောက်လန့်ခြင်း စိုးရိမ်ပူပန်ခြင်း ကိုယ်လက်အင်္ဂါများကို အလဟဿလှုပ်ရှားနေခြင်း စသည်တို့သည် သံလိုက်ဓာတ်(အား)ကို ယုတ်လျော့စေသည်။


Friday, January 29, 2010

ဧကံသ၏ဓမ္မ


ဘယ်တော့မှ အရှုံးမပေးနဲ့


ဗေဒင်မှန်ဖို့ဆိုတာ



တကယ်တော့လည်း ဘ၀ဆိုတာ.....


တကယ်တော့လည်း....ဘ၀ဆိုတာ

ဗေဒင်မေးမယ်...

အကြင် ဗေဒင်ဆရာ တစ်ဦးသည် မိမိ၏ ဟောချက် အားလုံးကို အကြွင်းမဲ့ မှန်ကန်ခြင်းကို အလိုရှိ၏။ ကျွန်ုပ်မူကား ထိုသို့ မဟုတ်။ သင့်အတွက် စိတ်ချမ်းသာ ၀မ်းမြောက်ရမည့် ဣဋ္ဌဟောချက် တို့ကိုသာ အတိုင်းထက် အလွန် မှန်စေလိုသော်လည်း စိတ်ဆင်းရဲရမည့် အနိဋ္ဌ ဟောချက်တို့ကိုမူ တက်တက်စင်အောင် လွဲမှား စေချင်လွန်းလှတော့၏။
ဤကား သစ္စာ စကားပင်ဖြစ်၏....



တစ်နှစ်စာကံကြမ္မာဟောစာတမ်း

ဤတစ်နှစ်စာ ကံကြမ္မာ ဟောစာတမ်းသည် သင်၏ ယခု ရောက်ဆဲ အသက်အပိုင်းအခြားနှင့် ဘ၀ကံကြမ္မာကို စနစ်တကျ တွက်ချက်၍ ဟောပေးထားခြင်း ဖြစ်၏။ ထိုဟောစာတမ်းကို မြန်မာ့ရိုးရာ မဟာဘုတ်ဗေဒင်ပညာ ၊ နာမက္ခရတိုင် ၊ သုံးတန်ပေါ်နိစ် (ခေါ်) သာဝတ္ထိဆန်းဗေဒင်ပညာ ၊ ဂဏန်းဗေဒင်ပညာနှင့် လတ်တလော အရေးတကြီး မေးခွန်းများအတွက် တားရော့ပညာရပ်များနှင့် ပြည့်ပြည့်စုံစုံ ဟောပေးထားခြင်း ဖြစ်သည်။

ဒီကဏ္ဍလေးမှာတော့လတ်တလောကြုံတွေ့နေရသောအဓိကအကြောင်းအရာများကိုဦးစားပေး ဟောပေးမှာ ဖြစ်
ပါတယ်။ ဥပမာ ချစ်သူနှင့် အဆင်ပြေမပြေတို့ ၊ အလုပ် ရမရတို့ ၊ ရာထူးတက်ကိန်း ရှိမရှိတို့ ၊ နိုင်ငံခြားသွားရ မသွားရ၊အစရှိသောလတ်တလောကိစ္စများ၏မေးခွန်းများကိုသက်ရောက်ကံကြမ္မာနှင့်တားရော့ ဟောကိန်းများကို
အသုံးချ၍ ကောင်းမွန်မှန်ကန်အောင် ဟောပေးမှာ ဖြစ်ပါတယ်။ နောက်ပြီး လတ်တလော ကြုံတွေ့နေရသော ကိစ္စများ အောင်မြင်စေရေးအတွက်လည်း အဆောင်များ ယတြာများနှင့် အင်းစမများကိုလည်း စာတိုက်မှတဆင့် အမြန်ချောပို့ဖြင့် အရောက်ပိုပေးမှာပါ။( လိုအပ်မှသာ) (ယတြာကြေးကိုတော့ အဘမင်းသိင်္ခ၏ တပည့်ဖြစ်သော ကြောင့်လုံးဝမယူပါ)

ထို့နောက် အလုပ်လျှောက်ထားသည် ဘယ်နေ့ ဘယ်ရက်ကောင်းသည် ၊ မင်္ဂလာဆောင် ဘယ်နေ့ကောင်းသည် ၊ ဆိုင်ဖွင့်ရက် အစရှိသည်တို့ကိုလည်း ဒီကဏ္ဍလေးမှာပဲ လိုအပ်ပါက တိုက်ရိုက် ရွေးချယ်ပေးသွားမှာပါ။ ထိုဟောစာတမ်းတွင် ယခုနှစ် ကံဇာတာကောင်း၏ မကောင်း၏၊ စီးပွားရေး တိုးတက်မည် ကျဆင်းမည်။ တိုးချဲ့သင့် အိမ်ထောင်ရေး ကံဇာတာ ကောင်း၏၊ မကောင်း၏ အစရှိသော ယခုနှစ်တွင် သင်ကြုံတွေ့ရမည့် သက်ရောက် ကံကြမ္မာများသာမကဘ၀တစ်သက်စာ ဆောင်ရန် ရှောင်ရန်များကိုပါ စေတနာရှေ့ထား၍ ပြည့်စုံစွာ ဖော်ပြပေးထားပါသည်။

ထို့နောက် ယခုနှစ်တွင် သင်၏ကံဇာတာ တိုးတက်ကောင်းမွန်စေရေးနှင့် မကောင်းသော အညံ့အခိုက်များ ကို ပြေပျောက်စေရန်အတွက် ချေရမည့်ယတြာမျာ၊ အဆောင်များကိုပါ တပါတည်း ဖော်ပြပေးလိုက်ပါ၏။ ထို့ကြောင့် ကျွန်ုပ်၏ အထံတွင် တစ်နှစ်စာ ဗေဒင်ဟောစာတမ်းမှာယူလိုပါက အောက်ပါ အချက်အလက် များကို ပြည်စုံစွာ ဖော်ပြ၍ မေးမြန်းနိုင်ပါသည်။

သင်၏အမည်..........................................
သင်၏မွေးနေ့.........................................
သင်၏မွေးသက္ကရာဇ်..................................
သင် လက်ရှိနေထိုင်ရာနိုင်ငံ၊ မြို့...................
အိမ်ထောင် ရှိ ၊မရှိ....................................(ရှိပါက အိမ်ထောင်ဖက်၏ မွေးသက္ကရာဇ်)
သင် အဓိကသိလိုသော မေးခွန်း..................
သင် လက်ရှိကြုံတွေ့နေရသော အခက်အခဲ...............

များကို ပြည့်စုံစွာ ရေးသား၍ အောက်ပါ အီးမေးလ်သို့ ပေးပို့ပါ။
Sayaheintintzaw@gmail.come

ပညာပူဇော်ခ-အနေနှင့် တစ်နှစ်စာကံကြမ္မာဟောစာတမ်းအတွက် ( $-30 )

(ကျွန်ုပ်သည် ဗေဒင်ပညာတစ်ခုတည်းနှင့်သာ အသက်မွေး ၀မ်းကြောင်းပြုနေရသော သာမန်ဗေဒင် ဆရာတစ်ဦး ဖြစ်ပါသောကြောင့် သင်တို့အထံမှကြည်ဖြူစွာ ပေးပို့လာသော ပညာပူဇော်ခကို ရိုးသားစွာ မျှော်လင့်မိပါ ကြောင်း...)


.....ကလေးအမည်ပေးဟောစာတမ်း.....

မိတ်ဆွေများခင်ဗျား.......

သင်တို့၏ ရင်နှစ့်သီးချာ သားသမီး ရတနာ များအတွက် အဘဒေါက်တာ မင်းသိင်္ခ၏ မူအရ အမည်ပေး ဟောစာတမ်း များကို ကောင်းမွန် ပြည်စုံအောင် ဆောင်ရွက်ပေး သွားပါမည်။ ထိုကလေး အမည်ပေး ဟောစာ တမ်းများကို အောက်ပါအချက် အလက်များဖြင့် အပြည့်အစုံဆုံး ဖြစ်အောင် လိုအပ်ချက် လုံးဝ မရှိအောင် ဆောင် ရွက်ပေးသွားမည် ဖြစ်ပါသည်။

သင့်ရင်သွေး၏ မွေဖွားမှတ်တမ်း။
သင့်ရင်သွေး၏ စရိုက်လက္ခဏာ။
သင့်ရင်သွေးအတွက် ဘ၀တစ်သက်စာ အဆောင်။
သင့်ရင်သွေး အတွက် ကံကောင်းစေသော အရောင်။
သင့်ရင်သွေး အတွက် ပညာရေး ယကြာ။
သင့်ရင်သွေးအတွက် ဓါတ်စာ။
သင့်ရင်သွေးအတွက် ဆုံးမ နာယူယတြာ။
သင့်ရင်သွေး အတွက် ပန်းမြတ်မာလာ။
သင့်ရင်သွေး အတွက် ကံကောင်းစေသော နေ့ရက်များ။
သင့်ရင်သွေး အတွက် ကံကောင်းစေသော ဂဏန်းနံပါတ်များ။
သင့်ရင်သွေးအတွက် အမည်ပေး မင်္ဂလာ ပြုလုပ်ရမည့် နေ့ရက်။
ထိုမင်္ဂလာ အခမ်းအနားတွင် ကျွေးမွေးရမည့် အစားအစာ။
မုချ ကြီးပွား တိုးတက် အောင်မြင်စေမည့် အမည်(၅)မျိုး။
အစရှိသည်ဖြင့် အကောင်းမွန်ဆုံး ၊ အပြည့်စုံဆုံး ရေးသားကာ သင်တို့၏ Email လိပ်စာဖြင့် ပေးပို့သွားမည် ဖြစ်ပါသည်။

သင်၏ ရင်သွေးကို အမည်ပေးရာ၌ ဆရာကြီးမင်းသိင်္ခ၏ နည်းစနစ်အတိုင်း ဗေဒင်ပညာ နည်းကျကျ။ အမည်လည်း လှပ ၊ ခေတ်ကာလနှင့်လည်း လိုက်လျော ညီထွေဖြစ်အောင် မှည့်ခေါ်ပေးပါမည်။ ထို့ကြောင့် ကလေးအမည်ပေးဟောစာတမ်း မှာယူလိုပါက အောက်ဖော်ပြပါ အချက်အလက်များကို ပြည်စုံစွာ ရေးသား၍ ကျွန်ုပ်၏ အီးမေးလ်သို့ ပေးပို့နိုင်ပါကြောင်း....

ဖခင်နှင့်မိခင်အမည်....
ဖခင်နှင့်မိခင်၏ နေ့နံ....
ကလေး၏ နေ့နံ......(ယောက်ျား-မိန်းမ)
ကလေး၏ မွေးသက္ကရာဇ် အတိအကျ....
ကလေးမွေးဖွားရာဒေသ...
(မှတ်ချက် = ကလေးအမည်ပေးရာ၌ မြန်မာအမည်များကိုသာ ပေးပါမည်။ အင်္ဂလိပ်အမည်များကို မပေးပါ။)
Sayaheintintzaw@gmail.come
ပညာပူဇော်ခ-အနေနှင့်
ကလေးအမည်ပေးဟောစာတမ်းအတွက် ($-30)
(ကျွန်ုပ်သည် ဗေဒင်ပညာတစ်ခုတည်းနှင့်သာ အသက်မွေး ၀မ်းကြောင်းပြုနေရသော သာမန်ဗေဒင်ဆရာတစ်ဦး ဖြစ်ပါသောကြောင့် သင်တို့အထံမှ ကြည်ဖြူစွာ ပေးပို့လာသော ပညာပူဇော်ခကို ရိုးသားစွာ မျှော်လင့်မိပါ ကြောင်း...)

.....လုပ်ငန်းအမည်ပေးဟောစာတမ်း.....

သင်၏ စီးပွားရေး လုပ်ငန်းများ ၊ ဈေးဆိုင်များ ၊ ယာဉ်များ ၊ အစရှိသော စီပွားရေး လုပ်ငန်များအတွက် ကောင်းမွန်သော အမည်များကို ရွေးချယ်ပေးပါသည်။ ထို့ကြောင့် ကျွန်ုပ်၏ ထံတွင် လုပ်ငန်းအမည်ပေးလိုပါက အောက်ဖော်ပြပါတို့ကို ပြည့်စွုံစွာ ရေးသား၍ ပေးပို့နိုင်ပါသည်။

အမည်ရင်း.............
နေ့သား...................
မွေးသက္ကရာဇ်..............
မိမိလုပ်မည့် လုပ်ငန်းအမျိုးအစား.........................
လုပ်ငန်းလုပ်မည့် မြို့နယ်-နေရာဒေသ......................
စပ်တူဆိုပါက ပူးတွဲအမည်နှင့် နေ့နံ...........................
Sayaheintintzaw@gmail.come
ပညာပူဇော်ခ-အနေနှင့်
လုပ်ငန်းအမည်ပေးဟောစာတမ်းအတွက် ($-30)
(ကျွန်ုပ်သည် ဗေဒင်ပညာတစ်ခုတည်းနှင့်သာ အသက်မွေး ၀မ်းကြောင်းပြုနေရသော သာမန်ဗေဒင်ဆရာတစ်ဦး ဖြစ်ပါသောကြောင့် သင်တို့အထံမှ ကြည်ဖြူစွာ ပေးပို့လာသော ပညာပူဇော်ခကို ရိုးသားစွာ မျှော်လင့်မိပါ ကြောင်း...)

ပညာပူဇော်ခပေးပို့ရန်အတွက် လိပ်စာများ

ဆရာဟိန်းတင့်ဇော်၏ အိမ်လိပ်စာအပြည့်အစုံ

Mr. A Chai
No- 60/65
Ekachai Road, Soi Watkok (5),
Moo (4), Kokkham Mueng,
Samutsakhon,74000, Thailand

Mobile : +66874150022


စင်္ကာပူဘဏ်အကောင့်သို့လည်း ငွေလွဲနိုင်ပါသည်။

068-76670-2 POSB Saving Account

စင်္ကာပူလိပ်စာအပြည့်အစုံ

Bank address: DBS Bank, 6 Shenton way DBS Building Singapore 068809.
Swift address:DBSSSGSG.
Chips UID No:034675.
Telex No: rs24455.
Name: Miss Win Nwe Oo.
Account mailing address: Blk 22,Sin Ming Road, #10-246.
postal code:570022.
Account No: 068-76670-2


လွမ်းတယ်...ဧရာဝတီရယ်


လွမ်းတယ်...ဧရာဝတီရယ်

ဆီကိုရေချိုးဆေးရိုးမီးလှုံစပါးတောင်လိုပုံ


တစ်နေ့သ၌ ကျွန်ုပ်၏ သားသမီးကဲ့သို့ ရင်းနှီးခင်မင်သော လင်မယားနှစ်ယောက် ရောက်ရှိလာကြ၏။ ယောကျားလုပ်သူ၏အမည်မှာ မောင်ဋ္ဌေးမော်ဟူ၍ ဖြစ်၏။ မိန်းမလုပ်သူ၏ အမည်မှာ မကြူကြူ ဟူ၍ဖြစ်၏။ ၎င်း မကြူကြူသည် ငါးဟင်းကို အလွန်ကြိုက်၏။ သို့ရာတွင် ၎င်း၏ခင်ပွန်း မောင်ဌေးမော်နှင့် သားသမီးများမှာ မကြိုက်ကြ။ ထို့ကြောင့် မကြူကြူ ငါးဟင်းစားလိုသောအခါ၌ တစ်ယောက်တည်း စားရမည်ကို ပျင်းစရာ ကောင်းသဖြင့် ကျွန်ုပ်အား အဖော်စပ်လေ့ရှိ၏။
ဆရာ....ငါးဟင်းပို့လိုက်ရမလား ဟု မေးလျှင် ကျွန်ုပ်ကလည်း ကောင်းသားပဲ ကြူကြူရာ...ငါးကျဉ်း ငါးခူ အရည်စပ်စပ်လေးနဲ့ ချက်တာ မစားရတာ ကြာပြီဟ.... ဟုပြောလိုက်လျှင် မကြူကြူသည် ထိုနေ့ ညနေစာအမီ ကျွန်ုပ်အား ပို့ပေးလေ့ရှိ၏။ ထို့ောကာင့် ကျွန်ုပ်လည်း ငါးဟင်း ကောင်းကောင်း စားရလေ၏။ ငါးဟင်း ပို့ရာ၌ ငါးဟင်းချဉ်း ပို့တာမဟုတ်။ ငါးပိဖျော်ရည် တို့စရာ စသည်တို့ကိုပါ ထည့်သွင်းပို့သည်ဖြစ်ရာ လွန်စွာ ထမင်းမျိုကျလေ၏။ တစ်လုပ်စားဖူး သူ့ကျေးဇူးဟူသော စကားရှိသည်ဖြစ်၍ မကြူကြူ၏ ထမင်းသည် ကျွန်ုပ်၌ အလုပ်ပေါင်းများစွာ ရှိသည်ဖြစ်ရာ ကျွန်ုပ်အဖို့ ကြူကြူကျေးဇူး မသေးဘူး ဟုသာ အမှတ်အသားပြုရတော့၏။
ထိုနေ့က ၎င်းတို့ ဇနီးမောင်နှံ ကျွန်ုပ်ထံသို့ ရေက်ရှိလာ၏။ ထိုအချိန်၌ ကျွန်ုပ်သည် အပြင်သို့ ထွက်သွားနေစဉ်ဖြစ်၍ ၎င်းတို့သည် ကျွန်ုပ်အခန်ဒ၌ စောင့်နေရလေ၏။ ထိုသို့ စောင့်နေစဉ်အတွင်း မကြူကြူသည် ကျွန်ုပ်၏ အခန်းတွင် ချိပ်ဆွဲထားသော ပုံကားများကို စေ့စေ့စပ်စပ် လိုက်လံ ကြည့်ရှု့နေလေ၏။ ကျွန်ုပ် ပြန်ရောက်လာသည်အထိ ၎င်းသည် ကြည့်၍ မပြီးသေးပေ။ ကျွန်ုပ်ကို မြင်လျှင် ၎င်းက......ဆရာ့အခန်းမှာလည်း ချိပ်ထားတဲ့ပုံတွေက စုံနေတာပဲ...... ဟုပြောလေ၏။ အောင်မလေး မကြူကြူရေ...။ အဲဒါတွေအားလုံး အလှချိပ်ထားတာ မဟုတ်ဘူးနော်။ ၀ိဇ္ဇာဝပြော ဓာတ်တွေ ဆင်ထားတာ..... ဟု ပြောလိုက်ရာ။
ကြူဖြင့် မကြားဖူးပါဘူး ဆရာ။ အဲဒီ ၀ိဇ္ဇာဝပြော ဓာတ်ဆိုတာ ဘာလဲ..ဟု ကြူကြူက မေးလေ၏။
ထိုအခါ ကျွန်ုပ်က.....
ဒီလိုရှိတယ်ယွယ့်။ ဒီလိုရှိတယ်။ဝိဇ္ဇာတွေဟာ ခုနှစ်ရက် သားသမီးတွေအတွက် ၀ပြောစည်ပင်အောင် ဓာတ်ဆင်လေ့ ရှိတယ်။ သူတို့ဆင်ပေးတဲ့ ဓာတ်ဟာလည်း များသောအားဖြင့် အင်္ဂါနံဖြစ်တဲ့ ဆန် ၊ ဆီ ၊ဆေးဆွေကိုပဲ ဆင်ပေးလေ့ရှိတယ်။ ဆီရေချိုး ဆေးရိုးမီးလှုံ စပါးတောင်လိုပုံ ဆိုတဲ့ ဓာတ်ကို ဆင်လေ့ရှိတယ်ကွယ်။ အဲဒီ ပန်ချီကားရေးထားတာက ဘယ်လိုရေးရသလဲဆိုတော့ လူတစ်ယောက်က ဆီလို့ရေးထားတဲ့ ရာဝင်အိုးထဲက ဆီကို ရေချိုးသလို ခပ်ချိုးနေတဲ့ပုံ ။ ဆေးရိုးကို မီးလှုံနေတဲ့ပုံ ။ အဲဒီလူရဲ့ အိမ်ရှေ့မှာ စပါးတွေ တောင်ပုံ ရာပုံ ပုံနေတဲ့ပုံကို ဆွဲရတယ်။ အဲဒီပုံရဲ့ ဘေးမှာ ဆေးအပြာနဲ့ စာသတ်သတ် ရေးရသေးတယ်။ ရေးရတဲ့စာက ဥပမာ တနင်္လားသမီး မကြူကြူ ဆီကိုရေချိုးနေပုံ။ တနင်္လာသမီး မကြူကြူ ဆေးရိုး မီးလှုံနေပုံ။ တနင်္လာသမီး မကြူကြူရဲ့ အိမ်ရှေ့မှာ စပါး တောင်ပုံ ရာပုံရှိနေပုံ ဆိုတဲ့ စာတွေကို ရေးရမယ်။ အဲဒီလိုေ၇းပြီးတော့ ဘယ်လပြည့် ဖြစ်ဖြစ် လပြည့်နေ့မနက် ဆယ်နာရီ တောအခေါ် ဆွမ်းခံပြန်ချိန်ပေါ့။ အဲဒီအချိန်လောက်မှာ ဒီပုံကို ချိပ်ဆွဲရတယ်။ ချိတ်ဆွဲတဲ့အခါမှာလည်း ချိတ်ဆွဲတဲ့လူဟာ တနင်္လာသမီးနှင့် ဆပွတ်ကျတဲ့ နေ့နံသားသမီးက ချိပ်ပေးရမယ်။ ဆပါတ်ကျတဲ့ နေ့နံသားသမီး ဆိုတာက ခြောက်ခုမြောက်ကျတဲ့ နေ့နံသားသမီးကိုပြောတာပေါ့။ အဲဒီတော့ ကြူကြူရဲ့ ဆပွတ်နေ့သားသမီးဟာ တနင်္လာကစရင် ခြောက်ခုမြောက်ကျတဲ့သူပေါ့။ အဲဒီတော့ ဘယ်သူဖြစ်မလဲ။ တနင်္လာ အင်္ဂါ ဗုဒ္ဓဟူး ကြာသပတေး သောကြာ စနေဆိုတော့ စနေသားသမီးပေါ့။ စနေသားသမီးဆိုတော့ တခြားရှာမနေနဲ့။ မောင်ဌေးမော်ကပဲ ချိပ်ပေးလိုက်ပါ...ဟု ပြောလိုက်လေ၏။
ဒီလို ရိုးရိုးချိပ်ရမှာလား ။ဝိဇ္ဇာတွေအတွက် ပွဲတွေ ဘာတွေ ပေးရဦးမှာလားဟု မကြူကြူက မေးပြန်ရာ
ပွဲထိုးဖို့ မလိုပါဘူး ကြူကြူရယ်... ၀ိဇ္ဇာတွေကို လှူဒါန်းတဲ့အနေနဲ့ မီးက သုံးတိုင် ကောက်ညှင်းပေါင်းအဖြူက သုံးပန်းကန် ယပ်က သုံးချောင်း ရေက သုံးခွက် လှူဒါန်းပြီး အဲဒီပုံကို ချိပ်ဆွဲရုံပါပဲ...ဟု ကျွန်ုက်က ပြောလိုက်လေ၏။ ထိုအခါ ကြူကြူသည် ကျွန်ုပ်ပြောသည်ကို စိတ်ဝင်စားစွာ နားထောင်နေသော်လည်း သူ၏စိတ်၌ တစ်စုံတစ်ခု မေးချင်စိတ်ပေါ်နေသည်ကို တွေ့ရလေ၏။
အဲဒီလို ချိပ်ဆွဲလိုက်ရုံနဲ့ အဲဒီ တနင်္လာသမီးမကြူကြူဟာ ၀ပြောသွားရောတဲ့လား ဆရာရယ်...ဟု မေးပြန် လေ ၏။
ဒါက ဒီလိုရှိပါတယ်။ မယုံကြည်ရင်တော့ မလုပ်တာ အကောင်းဆုံးပဲ။ ယုံမှလုပ်ပါ။ ယုံကြည်ရင်တော့ စိတ်က လေးကလည်း ကြည်လာတယ်။ အဲဒီကြည်လာတဲ့ စိတ်ကလေးနဲ့ ဆောင်ရွက် လုပ်ကိုင်လိုက်ရင် အမှန်တကယ် လည်း ဖြစ်ထွန်ပါတယ်။ အဲဒီတော့ ကြူကြူရယ်။ အခု လုပ်ရမဲ့ အလုပ်က ဘာများခက်လို့လဲ။ ကျုပ်ဆီမှာရှိတဲ့ ဆီကိုရေချိုး ဆေးရိုးမီးလှုံ စပါးတောင်လိုပုံ ဆိုတဲ့ စာရွက်လေးကို ယူသွားလိုက်။ အဲဒီစာရွက်လေးမှာ ကျုပ်ပြောတဲ့အတိုင်း တနင်္လာသမီး မကြူကြူ ဆီကိုရေချိုးနေပုံ တနင်္လာသမီး မကြူကြူ ဆေးရိုး မီးလှုံနေပုံ တနင်္လာသမီး မကြူကြူအိမ်ရှေတွင် စပါးတောင်ပုံ ရာပုံ ရှိနေပုံ ဆိုတဲ့ စာတမ်းကလေးရေးပြီး အဲဒီစာရွက်ကလေး မစုတ်မပြဲအောင် ပလတ်စတစ်အုပ်လိုက် ။ ပြီးတော့ လပြည့်နေ့ ဆွမ်းစားပြန်ချိန်မှာ မောင်ဌေးမော်ကို ချိပ်ခိုင်းလိုက်။ မချိပ်ခင်မှာ စောစောက ကျုပ်ပြောတဲ့ မီးရယ် ရေရယ် ကောက်ညှင်းပေါင်းရယ် ယပ်ရယ်ကို ၀ိဇ္ဇာတွေကို ရည်မှန်းပြီး လှူဒါန်းလိုက်ပေါ့ဟု ပြောလိုက်လေတော့သတည်း။

Thursday, January 28, 2010

တားရော့(၂၂)ချပ်













တားရော့ဘယ်နှစ်ချပ်ရှိသလဲ

မိတ်ဆွေ.....
အခုဆိုရင် တားရော့ရဲ့ သဘောတရားကို နည်းနည်းလောက်တော့ သဘောပေါက်လောက်ပြီ ထင်ပါတယ်။ တားရော့တွေကတော့ ကမ္ဘာပေါ်မှာမူအမျိုးမျိုး ကွဲနေတယ်။ ပုံဏ္ဌန်အမျိုးမျိုး ကွဲနေတယ်။ အီဂျစ်ဘက်က တားရော့က အီဂျစ်ဟန်ပေါက်နေတယ်။ ဥရောပဘက်က တားရော့က ဥရောပ ဟန်ပေါက်နေတယ်။ ဂျပန်တို့ ထိုင်းတို့ ဣနြ္ဒိယတို့ အရှေတိုင်းဘက်ကြတော့လည်း အရှေတိုင်းဟန်တွေ ပေါက်နေတာပေါ့။ တကယ်တော့ ဘယ်လိုပဲ ဟန်ပန် အငွေ့အသက်တွေ ကွဲပြားနေသည်ဖြစ်စေ အခြေခံ အနှစ်သာရ ချင်းကတော့ အတူတူတွေချဉ်းပါပဲ။
  • နံပါတ်(၁)...တားရော့ဘယ်နှစ်ချပ်ရှိသလဲဆိုရင် စုစုပေါင်းအားလုံး တားရော့(၇၈)ချယရှိတယ်။
  • အဲဒီ တားရော့ (၇၈)ချပ်ကို နှစ်မျိုးထပ်ခွဲမယ်။
  1. အဓိကတားရော့ကဒ် (၂၂)ချပ်။
  2. သာမညတားရော့ကဒ် (၅၆)ချပ်...ဆိုပြီး (၂)မျိုး ထပ်ခွဲလိုက်ပါတယ်။
ရှင်းတယ်နော် ...အိုကေ။ အခု ကျွန်တော် အဓိကတားရော့ကဒ်တွေကို အရင်ပြောပြမယ်။ အဲဒီလို ပြောပြတဲ့အခါ ကျတော့ ကျွန်တော်က အဘမင်းသိင်္ခရဲ့ တပည့်တစ်ဦးဖြစ်တဲ့အတွက် အဘမင်းသိင်္ခ ဘာသာပြန်ဆိုထားတဲ့ အမည်တွေနဲ့ပဲ ပြောပြမယ်။

MAJOR ARCANA=ခေါ်=အဓိကတားရော့ကဒ်များ
  1. THE MAGICIAN.မှော်ဝိဇ္ဇာ
  2. THE HIGH PRIESTESS.မယ်တော်ကြီး။
  3. THE EMPRESS.ဧကရီ။
  4. THE EMPEROR.ဧကရာဇ်။
  5. THE HIEROPHANT.ဘုန်းကြီး။
  6. THE LOVERS.ချစ်သူနှစ်ဦး။
  7. THE CHARIOT.စစ်ရထား။
  8. THE STRENGTH.စွမ်းအားရှင်။
  9. THE HERMIT.ပုဏ္ဏားဘကွန်း။
  10. THE WHEEL OF FORTUNE.ကံကြမ္မာလှည်းဘီး။
  11. JUSTIC.မနုစာရီ၊၊
  12. THE HANGED MAN.တွဲလောင်းဆွဲခံရသူ။
  13. DEATH.သေမင်း။
  14. TEMPERANCE.ရေခွက်နှစ်ခွက်။
  15. THE DEVIL.တေစ ၦ။
  16. THE TOWER.မျှော်စင်။
  17. THE STAR.ဓူဝံကြယ်။
  18. THE MOON.လမင်းစန္ဒာဒ
  19. THE SUN.နေသူရိန်။
  20. JUDGEMENT.ရှင်ပြန်ထမြောက်။
  21. THE WORLD.ကမ္ဘာလောက။
  22. THE FOOL.အရူး (အရူးကဒ်ကို ကျွန်တော်တို့ရဲ့ ဆရာသခင် အဘကတော့ (၀)အဖြစ်ယူပါတယ်။
ကဲမိတ်ဆွေ.....တားရော့ပညာကို အမှန်တကယ် ၀ါသနာပါတယ်ဆိုရင်တော့ အပေါ်မှာ ဖော်ပြထားတဲ့ အဓိကတားရော့ကဒ်(၂၂)ချပ်ကို မှတ်မိအောင် ကြည်လိုက်ပါတော့ မိတ်ဆွေ။ နောက်နေ့ တွေမှာတော့ တားရော့ တစ်ကဒ်ခြင်း အဓိပ္ပါယ်တွေကို မိနစ်ပိုင်းအတွင်း အဓိပ္ပါယ် ကောက်တတ်အောင် ဟောတတ်အောင် ကျွန်တော်တင်ပေးပါမယ်ခင်ဗျာ။

တားရော့ကို နှလုံးသားဖြင့်လိုက်စားပါ

တားရော့ကို ဦးခေါင်းဖြင့် မလိုက်စားပဲ နှလုံးသားဖြင့် လိုက်စားစေချင်ပါသည်။
အဘယ့်ကြောင့်ဆိုသော် တားရော့သည် ဦးခေါင်းမှလာသော ပညာမဟုတ်။ နှလုံးသားမှလာသော ပညာသာ ဖြစ်၏။ ကျွန်ုပ်သည် အစပထမ၌ ဦးခေါင်းဖြင့် လိုက်စား၏။ ထိရောက်ခြင်း မရှိသောအခါ၌ နှလုံးသားဖြင့် လိုက်စားခဲ့၏။ ထိုအခါကျမှ ထိထိရောက်ရောက် ဖြစ်လာလေတော့၏။

အစပထမတွင် ကျွန်ုပ်သည် တားရော့ကို “ငါပိုင်ပြီ”ဟု ကြွေးကျော်ခဲ့၏။ သို့မဟုတ် တားရော့သည် ငါ၏ ပစ္စည်း ဖြစ်ပြီဟု ကြွေးကျော်ခဲ့၏။ နှလုံးသားနှင့် လိုက်စားသော အခါ၌ ထိုကြွေးကျော်သံသည် လွန်စွာနိမ့်ကြောင်း သဘောပေါက်ခဲ့ရ၏။

ထိုကြွေးကျော်သံကို ကြည့်လျှင် တားရော့သည် ကျွန်ုပ်၏ ပစ္စည်းဖြစ်ရုံမျှ ဖြစ်၏။ တားရော့နှင့် ကျွန်ုပ်သည် တပေါင်းတစည်းတည်း မဖြစ်။ ပစ္စည်းဆိုလျှင် ပျောက်ဆုံးသွားနိုင်၏။ အမှန်ဖြစ်ရမည်မှာ တားရော့နှင့် ကျွန်ုပ်သည် တစ်သားတည်း ၊ တစ်ပေါင်းတည်း ၊ တစ်ထပ်တည်း ဖြစ်နေရမည်ဖြစ်၏။

ဤသို့ ဖြစ်မနေသေးလျှင် တားရော့သည် ကျွန်ုပ်၏ ပစ္စည်းမျှသာ ဖြစ်နေသေး၏။ ကျွန်ုပ် မဟုတ်သေးပေ။ နောင်အခါတွင် ကျွန်ုပ်သည် အောက်ပါအတိုင်း ကြွေးကျော်ခဲ့၏။

ငါဟာ တားရော့ ဖြစ်တယ်။
တားရော့ဟာ ငါဖြစ်တယ်။

တားရော့တွင်ပါသော မှော်ဆရာသည် ကျွန်ုပ်ပင်ဖြစ်၏။ တားရော့တွင်ပါသော ဘုရင်သည်လည်း ကျွန်ုပ်ဖြစ်၏။ တားရော့တွင်ပါသော ဘုန်းကြီးသည်လည်း ကျွန်ုပ်ပင်ဖြစ်၏။ တားရော့တွင်ပါသော ရသေ့သည်လည်း ကျွန်ုပ်ပင်ဖြစ်၏။ထို့အတူ တားရော့တွင်ပါသော အရူးသည်လည်း ကျွန်ုပ်ပင် မဟုတ်ပါလော.....

တားရော့ဆိုတာ

တားရော့အကြောင်း မစတင်မှီ တားရော့နှင့် ပတ်သက်တဲ့ ကာယကံရှင်ရဲ့ စိတ်ခံစားချက်ကို ခံစားတတ်အောင် ဆရာသခင် အဘမင်းသိင်္ခရဲ့ အမှာစာ ကို အေးအေးဆေးဆေး ဖတ်စေချင်ပါတယ်။

မနေမနား ရှည်လျားထွေပြားအမှာစာ
ကျွန်ုပ်နှင့်တားရော့

တစ်နေ့သ၌ ကျွန်ုပ်သည် မြေနီကုန်းဘက်တွင်ရှိသော စာအုပ်အဟောင်းများ ရောင်းသည့်ဆိုင်မှ စာအုပ် အဟောင်းက လေးတစ်အုပ်ကို ဈေးဈေးပေါပေါနှင့် ၀ယ်ယူရရှိခဲ့လေ၏။ ထိုစာအုပ်မှာ အင်္ဂလိပ်လိုရေးထားသော “ပြီဒေးရှင်း” (Prediction) ဆိုသည့် “အဂ်လိပ် ဝေဒ” မဂ္ဂဇင်းပင်ဖြစ်၏။
ကျွန်ုပ်သည် ညပိုင်းသို့ ရောက်သောအခါ၌ ထိုစာအုပ်ကို ဖတ်ရှု့လေ့လာရာ “မယ်ဒယ်လိုင်း-မွန်တယ်ဗန် (Madeline Montalban) ဆိုသည့် ဂမ္ဘီရ ဆောင်းပါးရှင် တစ်ဦး ရေးထားသော “တားရော့” အကြာင်း ဆောင်းပါးကို ဖတ်ရှုခဲ့ရလေ၏။

ထိုဆောင်းပါးတွင် တားရော့၏ အရှိန် အစော်ကြီးပုံကို တခမ်းတနားရေးထား၏။ တားရော့ပုံ ကလေး တစ်ပုံကိုလည်း ဖော်ပြထား၏။ ထို့ကြောင့် ကျွန်ုပ်သည် နောက်တစ်နေ့တွင် မြေနီကုန်းရှိ စာအုပ်အဟောင်း ရောင်းသော ဆိုင်ကလေးသို့ သွားရောက်ကာ အင်္ဂလိပ်-ဝေဒ မဂ္ဂဇင်း ပြီဒေးရှင်း” စာအုပ်များကို ရတတ်သမျှ ၀ယ်ယူခဲ့လေ၏။ ထို့နောက် အထက်ကဆိုခဲ့သော မယ်ဒယ်လိုင်းမွန်တယ်ဗန်၏ ဆောင်းပါးများကို လက်ရေးဖြင့် ကူးယူခဲ့လေ၏။

ထိုဆောင်းပါးရှင်သည် ဆောင်းပါးတစ်ပုဒ်တိုင်းတွင် တားရော့ ပုံကလေး တစ်ပုံကို ဖော်ပြ ရေးသားလေ့ရှိ၏။ ထို့ကြောင့် ဆောင်းပါးနှစ်ပုဒ် ရသောအခါ၌ တားရော့(၂၂) ချပ်ရလေတော့၏။ ထိုအချိန်က ဖိုတိုစတက်ခေါ် မိတ္တူကူးစက် မပေါ်သေးသောကြောင့် ထိုစာအုပ်တွင်ပါသော ပုံများကို ဘလိပ်ဓားဖြင့် လှီးယူပြီးလျှင် ရိုးရိုးဖဲထုပ် တစ်ထုပ်ကိုဝယ်၍ ထိုပုံများကို ကပ်ရလေ၏။

ကျွန်ုပ်သည် ထိုမယ်ဒယ်လိုင်း-မွန်တယ်ဗန်၏ ကောင်းမှု့ကြောင့် တားရော့(၂၂)ချပ်ကို စတင် ပိုင်ဆိုင်ခဲ့လေ၏။ ထို(၂၂)ချပ်မှာ တားရော့ပညာ၌ “မေဂျာ အာကင်နာ (Major Arcana) ဟုခေါ်သည့် အဓိကပုံကားများဖြစ်၏။
ကျွန်ုပ်သည် မဂ္ဂဇင်းမှပုံများကို ဖြတ်ယူ၍ ရိုးရိုးဖဲထပ်၏ မျက်နှာပြင်၌ ဖဲပွင့်များကို အုပ်ကာကပ်ကာ အသုံးပြုခဲ့ခြင်းဖြစ်၏။ ကျွန်ုပ်၏ တားရော့ ဖဲထုပ်ကလေးမျာ သပ်ယပ်ခြင်းမရှိလှပါ။ ခနော် ခနဲ့ ကျိုးတိုး ကျဲတဲ နိုင်လှ၏။ သို့ရာတွင် ကျွန်ုပ်သည် ထိုခနော်ခနဲ့ ကျိုးတိုး ကျဲတဲနိုင်လှသော တားရော့ ကပ်ပြားကလေးများကို လွန်စွာချစ်၏။ လွန်စွာမှလည်း မြတ်နိုး၏။ မည်မျှ ချစ်ခင် မည်မျှ မြတ်နိုးသနည်းဆိုမူ ကျွန်ုပ်ယူထားသော မိနးမထက်ပင် ပို၍ ချစ်၏။ ပို၍ မြတ်နိုး၏ဟု ဆိုလျှင် ဖြစ်နိုင်၏။

အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် ယူထားသောမိန်းမနှင့် အတူအိပ်ရသော ရက်များသည် လွန်စွာနည်း၏။ စကားရိုင်းကို ဆိုရပါမူ ထိုမိန်းမကို ၃၆၅-ရက်တွင် နှစ်ကြိမ်ထက်ပို၍ မနမ်းဘူးပေ။ သို့ရာတွင် ကျွန်ုပ်၏ ကျိုးတိုး ကျဲတဲနိုင်လှသော တားရောထုပ်ကလေးကိုမူ ည တစ်ခါ ၊ နံက်တစ်ခါ နေ့တိုင်းနမ်း၏။

ကျွန်ုပ်သည် တားရော့ကို ချစ်၏။ ထို့ ကြောင့် တားရော့ကလည်း ကျွန်ုပ်ကို ပြန်၍ ချစ်လာ၏။ ကျွန်ုပ်သည် တားရော့ကို မြတ်နိုး၏။ ထိုပကြောင့် တားရော့ကလည်း ကျွန်ုပ်ကို ပြန်၍ မြတ်နိုးလာလေတော့၏။
တားရော့အစစ်တစ်ထုပ်ရောက်လာခြင်း
တစ်နေ့သ၌ ကျွန်ုပ်ထံသို့ လန်ဒန်မြို့မှ တားရော့ အထုပ်ကလေး တစ်ထုပ် ရောက်လာ၏။ ပေးပို့သူမှာ ရုပ်ရှင်မင်းသမီး ၀ါဝါ၀င်းရွှေဖြစ်၏။ ၀ါဝါ၀င်းရွှေသည် လန်ဒန်မြို့သို့ အလည်အပတ် ရောက်ရှိနေစဉ် ကျွန်ုပ်ကို အမှတ်တရ ၀ယ်၍ ပို့ပေးလိုက်ခြင်းဖြစ်၏။ ၎င်းပို့လိုက်သော တားရော့မှာ “မစ်သစ်” (Mythic) အမျိုးအစားဖြစ်၏။ ရေးထားသော ပုံများမှာ လွန်စွာ ဒဏ္ဍာရီ ဆန်လှ၏။ ထိုတားရော့ အစစ်ကလေးတစ်ထုပ်ကို ရရှိသဖြင့် ကျွန်ုပ်သည် လွန်စွာ ၀မ်းသာသွား၏။ ၀မ်းသာသော အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့တစ်ပတ် ဆိုက်ကား လျှောက်၍ စီး၏။ တွေ့သော လဘက်ရည် ဆိုင်များတွင် ၀င်၍ ဆိုက်ကားဆရာရော ကျွန်ုပ်ပါ လဘက်ရည်သောက်၏။

ညနေ အိမ်သို့ ပြန်ရောက်သော အခါ၌ ဆိုက်ကားဖိုးရော လဘက်ရည်ဖိုးပါ ၄၀၀ ကျော်ခန့်ကုန်၏။ ဆိုက်ကားဆရာသည် ဖျားသွား၏။ ထို့ကြောင့် သုံးရက်ခန့် ဆိုက်ကား မနင်းရဘဲရှိ၏။ ကျွန်ုပ်မှာမူ နေပူထဲလျှောက်၍ ဆိုက်ကား စီးရ သောကြောင့် သုံးရက်ခန့် နှာမွန်၏။ ထို့ကြောင့် ဗေဒင်မဟောနိုင်ပဲ သုံးရက်ခန့် နားထားရ၏။

ကျွန်ုပ်သည် ၀ါဝါ၀င်းရွှေ ပေးလိုက်သော ဖဲထုပ် ကလေးကို လေ့ကျင့်ရပြန်၏။ မွေးမြူရပြန်၏။ ထိုတားရော့ ထုပ်မှာ အပြည့်အစုံ ပါသောကြောင့် မေဂျာ အာကင်နာ ၂၂-ချပ်နှင့် မိုင်နာ အာကင်နာ ၅၆-ချပ်တွင် အုပ်စုလေးစု ခွဲထား၏။

တုတ်အုပ်စု ၊ ခွက်အုပ်စု ၊ ဓားအုပ်စု ၊ ကြယ်အုပ်စု ဖြစ်၏။ ထိုအုပ်စုများမှာလည်း သူ့အစီအစဉ်နှင့်သူ အလုပ် လုပ်ရသောကြောင့် သူ့အစီအစဉ်များကို မှတ်ထားရ၏။ မကြာခဏ ခွက်ကို အရင်ဆိုမိတတ်၏။ ခွက် တုတ် ကြယ် ဓား ဟူ၍ ဖြစ်သွားတတ်၏။ အမှန်မှာ တုတ်ခွက်ဓားကြယ် ဟူ၍ ဖြစ်ရမည် ဖြစ်၏။ ထို့ကြောင့် မှားယွင်းခြင်း မရှိစေရန် စာလုံးလေးလုံးဖြင့် မှတ်ထားရ၏။ ထိုစာလုံးလေးလုံးမှာ ဟုတ်ရဲ့လားကွယ် ၊ တုတ်ခွက်ဓားကြယ် ဟူ၍ ဖြစ်၏။ ထို့ကြောင့် မည်သည့်အခါမှ မမှားတော့ပေ။

ကျွန်ုပ်သည် မိုင်နာကားချပ်များကို သူ့အဓိပ္ပါယ်နှင့်သူ အလွတ်ရအောင် ကြိုးစားရပြန်၏။ ထို့ကြောင့် အလုပ် ပြီးသည်နှင့် တားရော့ဖဲချပ် ကလေးများကို ယူ၍ ကန်တော်ကြီးစောင်း ပန်ကန်လုံးကျွန်း သစ်ပင်အောက်တွင် တစ်ယောက်တည်း လေ့ကျင့်ရပြန်လေ၏။ ထို့ကြောင့် မိုင်နာကဒ်ပြား ၅၆-ချပ်ကိုလည်း ကျွမ်းကျင်သွားလေတော့၏။

ထိုသို့ ကျွမ်းကျင်သွားသောအခါ၌ ကျွန်ုပ်သည် တားရော့ကဒ်ပြားများကို ကိုင်၍ မိုးပေါ်သို့ မြှောက်ကာ အောက်ပါ အတိုင်း ရေရွတ်လေတော့သတည်း။

တားရော့တွေကို ငါပိုင်သွားပြီ
တားရော့တွေဟာ ငါ့ပစ္စည်းဖြစ်တယ်

Tuesday, January 26, 2010

လာဘ်ပိတ်နေရင်ဒီဂါထာလေးရွတ်လိုက်ပါ



တစ်ခါက မြစ်ကြီးနားမြို့မှ သက်တော်(၂၃)နှစ်ရှိ ဦးဇင်းတစ်ပါးသည် ရွှေတဂုံဘုရား မဖူးဘူးသောကြာင့် ဘုရားဖူးရန် အလို့ငှာ အဓိဋ္ဌာန်ဖြင့် ခြေလျှင်လျောက်လာလေ၏။ ဇေယျဝတီမြို့သို့ ရောက်သောအခါ၌ ဦးဇင်းလေး၏ သတင်းသည် ကျယ်ပြန့်၍ သွားလေတော့၏။



ကျွန်ုပ်၏ မိတ်ဆွေ စာရေးဆရာ တက္ကသိုလ် တင်ထွန်းအောင်သည် ထိုဦးဇင်းလေး၏ ဘေးမှကပ်၍ လိုက်လာလေ၏။ လမ်းတွင် လှူဒါန်းကြသော လူများ များပြားသောကြောင့် သပိတ်နှင့် မဆန့်ရကား ၎င်းတင်ထွန်းအောင်နှင့် မိတ်ဆွေ များက လှူဒါန်းသော လှူဒါန်းသော လှူဒါန်းသော ဆွမ်း ဆွမ်းဟင်းများကို တောင်းများဖြင့် ထည့်ကာ နီးရာ ဘုန်းကြီး ကျောင်းများသို့ ၀င်ရောက် လှူဒါန်းပေးရ၏။
ထိုဦးဇင်းလေး ရွှေတိဂုံဘုရား ရင်ပြင်တော်ပေါ်သို့ ရောက်သောအခါ၌ ဦးဇင်းလေးကို မြင်တွေ့သူတိုင်းက ၀တ္ထုငွေများ ပြေးလာ၍ လှူဒါန်းကြလေ၏။ ဦးဇင်းလေး အားသောအချိန်၌ ကျွန်ုပ်၏မိတ်ဆွေ စာရေးဆရာ တက္ကသိုလ် တင်ထွန်းအောင်က.......ဦးဇင်း သိပ်ပြီး လာဘ်ရွှင်တာပဲ....။ အဆောင်ကောင်း ရှိပါသလား....။ ရှိရင်လည်း တပည့်တော်တို့ကို ချီးမြှင့်ပါ...ဟု တောင်ဆိုလေတော့၏။
ထိုအခါ ဦးဇင်းလေးက ....အဆောင်ရယ်လို့တော့ မရှိပါဘူး... ဒကာကြီးရယ်။ ရဟန်းဝတ်တဲ့နေ့ ကစပြီး ဦးဇင်း အမြဲ ရွတ်တဲ့ ဂါထာတော့ ရှိပါတယ်။ မနက်အခေါက်(၂၀) ညအခေါက်(၂၀) ရွတ်တယ်။ သုံးလ ပြည့်တဲ့အခါမှာ အခု ဒကာကြီးတွေ့တဲ့အတိုင်းပဲ လာဘ်တွေ ပွင့်ကုန်တော့တာပဲ။ ဒကာကြီး ရွတ်ချင်ရင် ဦးဇင်းပေးပါမယ်... ဟုဆိုကာ အထက်ပါဂါထာကို ပေးလေတော့၏။
၎င်းစာရေးဆရာ တက္ကသိုလ် တင်ထွန်းအောင်သည် ကျွန်ုပ်အား တစ်ဆင့် ပြန်၍ ပေးလေ၏။ ကျွန်ုပ်လည်း လာဘ်လာဘ ချို့ငဲ့သော ကျွန်ုပ်၏ သူငယ်ချင်းများကို ခေါ်ကာ ရေးပေးလေ၏။ ၎င်းသူငယ်ချင်များသည် သုံးလတိတိ ရွတ်ဆိုပြီးသောအခါ ကျွန်ုပ်ထံသို့ ရောက်လာကြ၏။ ထိုသို့ ရောက်လာပြီးလျှင်
ဖိုးအောင်ထွန်းရေ....မင်းပေးလိုက်တဲ့ ဂါထာကို သုံးလတိတိ ရွတ်ပါတယ်ကွာ။ မင်းပြောတဲ့ ဦးဇင်းလေးလောက်တော့ ထူးထူးခြားခြား လာဘ်မရွင်ပါဘူး။ ဒါပေမဲ့လို့ ဒို့နည်း ဒို့ဟန်နဲ့တော့ အတော်ကို အဆင်ပြေပါတယ်...ဟု ၀န်ခံစကား ပြောကြကုန်၏။ ထို့ကြောင့် ကျွန်ုပ်၏ စာဖတ်ပရိသတ် ရွတ်နိုင်ရန်အတွက် စေတနာရှေထား၍ ဖော်ပြလိုက်ပါသည်။ နံနက်အိပ်ယာထ အခေါက်(၂၀)။ ညအိပ်ရာဝင် အခေါက်(၂၀) ။ ယုံယုံကြည်ကြည် ရက်ပေါင်း(၉၀) မပျက်တန်း ရွတ်ပါလေ။ အကျိုးထူး ရလိမ့်မည်ဖြစ်သတည်း။

လုပ်ငန်းတွေပျက်နေသလား မုန်လုံးရေပေါ်လှူပါလား...

သင်သည် အလုပ်ကို ကြိုးစား၍ လုပ်ကိုင်၏။ သို့ရာတွင် သင်၏ အလုပ်သည် အောင်မြင်မှု့မရှိပဲ ဆုံးရှုံးမှု့ များနှင့် ကြုံတွေ့နေရ၏။
သင်၏ စီးပွားရေး လုပ်ငန်းသည် ဦးမော့မလာပဲ နစ်မြုတ်နေ၏။ အလွယ်ပြောရပါမူ သင်သည် လှော်ရင်း နစ်နေ၏။ ထိုအခါ မျိုးတွင် သင်၏ အသက်ကို (၄)နှင့်မြှောက်ပါ။ ရသော အရေအတွက်ကို မုန့်လုံးရေပေါ် လုပ်ပါ။ ထိုအထဲမှ မုန့်လုံးရေပေါ် (၁၀)လုံးကို နံနက်(၁၀)နာရီ တိတိတွင် အိမ်ဘုရားတွင် လှူပါ။
သင်၏အသက်ကို (၇) ဖြင့်စားပါ...
(၁)-ကြွင်းလျှင်.............တနင်္ဂနွေနေ့တွင်ပြုလုပ်ပါ။
(၂)-ကြွင်းလျှင်............တနင်္လာနေ့တွင် ပြုလုပ်ပါ။
(၃)-ကြွင်းလျှင်............အင်္ဂါနေ့တွင်ပြုလုပ်ပါ။
(၄)-ကြွင်းလျှင်............ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ပါ။
(၅)-ကြွင်းလျှင်............ကြာသပတေးနေ့တွင် ပြုလုပ်ပါ။
(၆)-ကြွင်းလျှင်............သောကြာနေ့တွင် ပြုလုပ်ပါ။
အကြွင်းမရှိပဲ ပြတ်သွားလျှင် စနေနေ့တွင် ပြုလုပ်ပါ။
(၁၀)-လုံးတိတိကို မြတ်စွာဘုရားအား ကပ်လှူပြီးလျှင် ပိုသောမုန့်လုံးများကို အိမ်နီးနားချင်းများအား ဝေလိုက်ပါ။
ဤယတြာသည် ကုန်းဘောင်ခေတ်တွင် အသုံးပြုခဲ့သော ရှေးယတြာဖြစ်ပါသည်။ ထိုယတြာ လုပ်ပြီးသည်နှင့် နစ်မြုတ်နေသော သင်၏ စီးပွားရေးလုပ်ငန်းသည် ဦးမော့လာပေလိမ့်မည်။ အလွန် ထူးခြားသော ယတြာဖြစ်သည်။ စီးပွားရေး လှော်ရင်း နစ်တေသူများ ပြုလုပ်သင့်ပါသည်။

တားရော့ခရီးအစ(၁)

ကျွန်တော်ရဲ့ မိတ်ဆွေတွေက အလည် လာရင်းနဲ့ တားရော့ ပညာကို စိတ်ဝင်စားတယ်။ သင်ပေး စေချင်တယ်တဲ့။ တစ်ယောက် ချင်းဆီကို ပြောပြနေရင် ခရီး မတွင်ကျယ်မှာ စိုးတယ်။ ဒါကြောင့် ကျွန်တော် ဒီနေရာလေးက နေပြီး တားရော့ ပညာနှင့် ပတ်သက်ပြီး အခြေခံက စပြီး အများ နားလည်အောင် လေ့လာလို့ ရအောင် ကြိုးစား တင်ပြပေးပါ့မယ်။

တကယ်လို့ မည်သူမဆို တားရော့ ပညာနှင့် ပတ်သက်ပြီး အမှန်တကယ် ရိုးသားစွာ သိချင်တာများ ရှိခဲ့ရင် ကျွန်တော်ရဲ့ အီးမေးလ် ( heintinzaw8@gmail.com ) သို့ ဆက်သွယ်နိုင်ပါတယ် ခင်ဗျာ။
ကျွန်တော့်ရဲ့ ဘလော့နဲ့ ပတ်သက်လို့ကတော့ ဘလော့နည်းပညာ ကွန်ပြူတာနည်းပညာ မကျွမ်းကျင်ပါသောကြောင့် ဒီဆိုက်ကလေးထဲမှာ လိုအပ်ချက်များ ပြင်ဆင်စရာများ ရှိခဲ့ရင်လည်း ကျွန်တော်ကို နားလည် ခွင့်လွှတ်ပေး ပါရန်နှင့် အကြံညာဏ်များပေးပါရန် သင်ပြပေးပါရန် တောင်းပန်ရပါသည်။

စိတ်တန်ခိုးကျင့်စဉ်အပိုင်း(၇)


ကျွန်တော်တို့တတွေ စိတ်တန်ခိုးရဲ့ အခြေခံ အချက်အလက်တွေကို အခုဆိုရင် တော်တော်လေး တီးမိ ခေါက်မိ ရှိလောက်ပြီပေါ့။အခုထိ ရေးထားသမျှတွေဟာ လူတိုင်းမှာ စိတ်တန်ခိုး ရှိတယ်ဆိုတာရယ် အဲဒီ စိတ်တန်ခိုးကို တဖြည်းဖြည်း လေ့ကျင့် ပျိုးထောင်ယူလို့ ရတယ်ဆိုတာရယ် သံလိုက်ဓာတ် ရှိတဲ့သူနဲ့ သံလိုက်ဓာတ် မရှိတဲ့ လူတွေရဲ့ ကွာခြားချက် အမူအရာ တော်တော်များများကို ရေးသားတင်ပြခဲ့ပြီ ဖြစ်တယ်။

ကျွန်တော် ပြောချင်တာက ဒီပညာရပ်တွေကို လေ့လာစေချင်တယ်။ လေ့ကျင့်စေချင်ပါတယ်။ ဒါတွေဟာ လက်တွေ့အသုံးချ ပညာရပ်တွေ ဖြစ်နေလို့ပါပဲ။ ဒါတွေကို လေ့ကျင့်အသုံးချတော့ရော ဘာတွေ ထူးခြားလာမှာလဲ ဆိုတော့ ရရှိလာမဲ့ အကျိုး ကျေးဇူးတွေက အများကြီးပါ။ နေ့စဉ်နှင့်အမျှ အမြဲတမ်းလိုလို တစ်ယောက်နှင့်တစ်ယောက် အားပြိုင်နေရတဲ့ လောကကြီးပါ။

စိတ်ဓာတ်အင်အား ကြီးမားတဲ့ ပုဂ္ဂိုလ်တွေဟာ လောကဓံ အခက်အခဲတွေနဲ့ ရင်ဆိုင်လာရပြီဆိုရင် တော်ရုံတန်ရုံနဲ့ မတုန်လှုပ်တော့ပါဘူး။ စိတ်ဓာတ်တွေလည်း တစ်နေ့တစ်ခြား ရင့်ကျက်လာစေပါတယ်။ အခက် အခဲတိုင်းကို သဘာဝကျကျ ဖြေရှင်းနိုင်ပြီး အောင်မြင်တဲ့ လူသားတစ်ဦး အဖြစ် ရှင်သန်လာမယ်ဆိုတာပါပဲ။ ဒီနေ့ တော့ မိမိဆီမှာ ရှိတဲ့ တန်ခိုး(အား)အရှိန်ကို တိုးပွားအောင် ဘယ်လို လေ့ကျင့်ရမယ် ဆိုတာကို ပြောပြချင်ပါတယ်။

တန်ခိုး(အား)အရှိန်ကို ဆန္ဒဓာတ်မှ ဖမ်းယူနည်းကို ဖော်ပြခဲ့လေပြီ။ ထိုဆန္ဒကဲ့သို့ အခြား စိတ်များမှလည်း ဖမ်းယူ နိုင်လေသည်။ ဥပမာ သင့်၌ ဒေါသစိတ်သည် ပေါ်ပေါက်၍လာ၏။ သင်သည် ၎င်း၏ အလိုသို့ လျှောပေးလိုက်ကာ ၎င်းဒေါသ၏ အရှိန်သည် မည်မျှ ပြင်းထန်လာသည်ကို တွေ့ရလိမ့်မည်။

သင်၏ ခန္ဓာကိုယ်ကြီးကိုပင် ခိုင်းစေနေ သည်ကို သိသိသာသာ တွေ့ရလိမ့်မည်။ ထိုအခါ ၎င်းဒေါသ၏ အရှိန်ကို ဖိနှိပ်ဖမ်းယူရမည်။ ယခု ဤအရှိန်သည် သိသိသာသာ ငါ၏အရှိန်(အား) ဖြစ်ပြီ... ဟုဆိုပြီးလျှင် စိတ်ကို ချုပ်တည်း၍ အသက်မှန်မှန် ရှုလိုက်လျှင် ထိုအရှိန်သည် သင်၏ ကိုယ်ပိုင်ဥစ္စာ ဖြစ်လာ၏။ ထို့အတူ အခြားမည်သည့် စိတ်ဓာတ်မဆို ထုပ်ယူနိုင်လေသည်။


စာဖတ်ခန်း


ဟိန်းတင့်ဇော်



ဟိန်းတင့်ဇော်




ဟိန်းတင့်ဇော်





ဟိန်းတင့်ဇော်







ဟိန်းတင့်ဇော်










ဟိန်းတင့်ဇော်ဒီနေရာလေးမှာ တိုက်ရိုက်သွားဖတ်လို့ရပါတယ် ...












ဟိန်းတင့်ဇော်ဒီနေရာလေးမှာ တိုက်ရိုက်သွားဖတ်လို့ရပါတယ် ...








ဟိန်းတင့်ဇော်ဒီနေရာလေးမှာ တိုက်ရိုက်သွားဖတ်လို့ရပါတယ် ...












ဟိန်းတင့်ဇော်ဒီနေရာလေးမှာ တိုက်ရိုက်သွားဖတ်လို့ရပါတယ် ...








ဟိန်းတင့်ဇော်ဒီနေရာလေးမှာ တိုက်ရိုက်သွားဖတ်လို့ရပါတယ် ...












ဟိန်းတင့်ဇော်ဒီနေရာလေးမှာ တိုက်ရိုက်သွားဖတ်လို့ရပါတယ် ...











ဟိန်းတင့်ဇော်ဒီနေရာလေးမှာ တိုက်ရိုက်သွားဖတ်လို့ရပါတယ် ...












ဟိန်းတင့်ဇော်ဒီနေရာလေးမှာ တိုက်ရိုက်သွားဖတ်လို့ရပါတယ် ...













ဟိန်းတင့်ဇော်ဒီနေရာလေးမှာ တိုက်ရိုက်သွားဖတ်လို့ရပါတယ် ...









ဟိန်းတင့်ဇော်ဒီနေရာလေးမှာ တိုက်ရိုက်သွားဖတ်လို့ရပါတယ် ...













ဟိန်းတင့်ဇော်ဒီနေရာလေးမှာ တိုက်ရိုက်သွားဖတ်လို့ရပါတယ် ...












ဟိန်းတင့်ဇော်ဒီနေရာလေးမှာ တိုက်ရိုက်သွားဖတ်လို့ရပါတယ် ...










ဟိန်းတင့်ဇော်ဒီနေရာလေးမှာ တိုက်ရိုက်သွားဖတ်လို့ရပါတယ် ...










ဟိန်းတင့်ဇော်ဒီနေရာလေးမှာ တိုက်ရိုက်သွားဖတ်လို့ရပါတယ် ...












ဟိန်းတင့်ဇော်ဒီနေရာလေးမှာ တိုက်ရိုက်သွားဖတ်လို့ရပါတယ် ...













ဟိန်းတင့်ဇော်ဒီနေရာလေးမှာ တိုက်ရိုက်သွားဖတ်လို့ရပါတယ် ...












ဟိန်းတင့်ဇော်ဒီနေရာလေးမှာ တိုက်ရိုက်သွားဖတ်လို့ရပါတယ် ...












ဟိန်းတင့်ဇော်ဒီနေရာလေးမှာ တိုက်ရိုက်သွားဖတ်လို့ရပါတယ် ...















ဟိန်းတင့်ဇော်ဒီနေရာလေးမှာ တိုက်ရိုက်သွားဖတ်လို့ရပါတယ် ...










ဟိန်းတင့်ဇော်ဒီနေရာလေးမှာ တိုက်ရိုက်သွားဖတ်လို့ရပါတယ် ...