Thursday, February 24, 2011

နိုင်ငံခြားတိုင်းပြည်တွေမှာ အလုပ်အဆင်ပြေစေဖို့....

ကျွန်တော်တို့ မြန်မာနိုင်ငံကနေ နိုင်ငံတကာမှာ အကြောင်းအမျိုးမျိုးနဲ့ ပြန့်နှံ့ရောက်ရှိနေတဲ့ ညီအကိုမောင် ဘွား သွေးချင်းသားတွေ အများကြီးရှိပါတယ်။ တော်တော်လေးကို များပါတယ်။ ကျွန်တော်အပါအ၀င်ပေါ့။ သေချာတာတစ်ခုက ကျွန်တော်တို့မှာ အားကိုးစရာမရှိပါဘူး။ ကျွန်တော်တို့တတွေဟာ အထီးကျန်နေပါတယ်။ မျက်နှာငယ်နေရပါတယ်။ နောက်ပြီး ကျွန်တော်တို့တတွေဟာ သိမ်ငယ်နေရပါတယ်။ တစ်စုံတစ်ခုကို ကြောက်ရွံ့စိုးထိပ်မှု့တွေနဲ့ ဖြတ်သန်းနေရပါတယ်။ ကိုယ်ချစ်ခင်စွဲလန်းတဲ့ မိသားစုတွေနဲ့ ဝေးကွာနေရပါတယ်။ ကျွန်တော်တို့အားလုံးဟာ တစ်ရက်မှ မပျော်ရွှင်ခဲ့ရပါဘူး။

ကျွန်တော်တို့ကို အမြဲတမ်းဖေးမမဲ့၊ အားပေးမဲ့သူတွေ၊ ကူညီမယ့်၊ အကြံညာဏ်ပေးမယ့် သူတွေ ကျွန်တော်တို့ အားလုံးမှာ ကင်းဆိတ်နေပါတယ်။ မျက်နှာငယ်ရမှု့တွေ၊ အနှိမ်ခံရမှု့တွေ၊ သေးသိမ်တဲ့ အကြည့်တွေအောက်မှာ နေ့စဉ် စိတ်အားငယ်စွာ ဖြတ်သန်းနေရပါတယ်။ ကျွန်တော်တို့ကို ဖေးမပေးမယ့် လက်တွေနဲ့ အလှမ်းကွာဝေးနေကြပါတယ်။ လက်လှမ်းမမီတဲ့ အရပ်ဒေသတစ်ခုမှာ ကျွန်တော်တို့ အားလုံး ရှင်သန်နေရပါတယ်။

ဘယ်လို အခြေအနေတွေနဲ့ ဘယ်လိုပင် ဖြတ်သန်းနေရပေမယ့် ကျွန်တော်တို့အားလုံး တစ်ရက်တစ်နာရီလောက် လောက်တောင် အေးဆေးဆေး မနားနေရပါဘူး။ ပျော်ရွှင်စရာကောင်းတဲ့ ခရီးတွေကို သွားမလည်ခဲ့ရပါဘူး။ စိတ်အေးလက်အေးလေးနဲ့ အနားမယူခဲ့ရပါဘူး။ ကျွန်တော်တို့ကို နေ့စဉ်နှင့် အမျှ အလုပ်တွေကို မအားမလပ်နိုင်အောင် ဇယ်ဆက်သလို လုပ်နေခဲ့ရတယ်။ စိတ်ပါသည်ဖြစ်စေ စိတ်မပါသည်ဖြစ်စေ ရှင်သန်မှု့တစ်ခုအတွက်နဲ့ အလုပ်တွေလုပ်နေရပါတယ်။ ကျွန်တော်တို့ လူတန်းစားတွေမှာ တူညီတာတစ်ခု ချမ်းသာဖို့- သူဋ္ဌေးဖြစ်ဖို့ အလုပ်လုပ်နေရတာ မဟုတ်ပဲ၊ စားဝတ်နေရေးဆိုတာကြီး အစဉ်ပြေစေဖို့အတွက် ကျွန်တော်တို့တွေ အလုပ်လုပ်နေကြရတာ ဖြစ်တယ်။

အားလုံးက ကျနေတဲ့ ကိုယ့်စိတ်ဓာတ်ကို ကိုယ်ပြန်တင်းရင်း နောက်လှမ်းမယ့် ခြေလှမ်းပေါင်း များစွာအတွက် ပင်သက်ကို ရှိုက်၊ နွမ်းနေတဲ့ ကိုယ်နှလုံးသားကို ကိုယ်ပြန် အသက်သွင်းခဲ့ရတာလည်း အကြိမ်ကြိမ်အခါခါ ရှိခဲ့ပါပြီ။ အဆင်ပြေရင်တော့ မဆိုးဘူး။ အဆင်မပြေရင်တော့ ဒီလောင်းကစားပွဲမှာ ကိုယ်ပေးလိုက်ရမယ့် အရင်းအနှီးက များပါတယ်။ ဘ၀ပေါင်းများစွာပေါ့။ ပြန်ပြီး လုံးဝ မတက်နိုင်လောက်အောင် နက်တဲ့ အသူရာ ချောက်ကြီးက တော့ ကျွန်တော်တို့ရဲ့ ရှေ့မှာနော်။

ဒီနေရာလေးမှာ ကျွန်တော်ပေးလိုက်ချင်တဲ့ ယတြာကတော့ ကိုယ်တိုင်လည်း လုပ်လို့ရတယ်။ ဒါမှမဟုတ် မြန်မာပြည်က ကိုယ့်မိသားစုကလည်း လုပ်ပေးလို့ရတယ်။ လုပ်ခိုင်းလို့ ရတယ်။ လွယ်လည်း လွယ်ကူတယ်။ အလုပ်မှာ အဆင်မပြေဘူး။ မပျော်ရွှင်ရဘူး။ အထက်လူကြီးနဲ့ သဟဇာတ မဖြစ်ဘူး။ အလုပ်က ပြောင်းရတော့မလိုလို ဖြစ်နေတယ်။ အလုပ်က အရမ်းပင်းပန်းတဲ့နေရာမှာ နွားတစ်ကောင်လို ကုန်းရုန်းလုပ်နေရတယ်။ အလုပ်မှာ လုပ်ဖော်ကိုင်ဘက်တွေက မနာလို ခြေထိုးတာ ကြုံနေရတယ်။ အလုပ်သွားမယ့် လမ်းခရီးမှာ အန္တရယ်တွေနဲ့ နီးစပ်နေတယ်။ အစရှိသည်ဖြင့်ပေါ့ဗျာ။ အလုပ်နဲ့ ပါတ်သက်လာရင် ဆောင်ရွက်လို့ရပါတယ်။ နိုင်ငံခြားတိုင်းပြည်သို့ ရောက်ရှိနေကြသော ၊ အမိမြန်မာပြည်ကို လွမ်းဆွတ်တသ နေကြသော၊ သူများ၏၎င်း စိတ်ပူနေကြသော နောက်က မိသားစုများ၏ ပူပန်သောကကို၎င်း ဒီယတြာနဲ့ ဖေးမလိုက်ရင်းဖြင့်............

ဟိန်းတင့်ဇော်- ထိုင်းနိုင်ငံ- မဟာချိုင်မြို့


3 comments:

  1. ဖားပုံမပေါ်အောင် photobucket ဆိုတဲ့ဆိုက်မှာ ပြောင်းတင်ထားလိုက်ပါ ကိုဟိန်းတင့်ဇော်။

    မောင်မိုး

    ReplyDelete
  2. ဆရာရှင့် .. ယတယာကို ဆက်ဖတ်လို့မရတော့ပါ ..ဖားပုံက ကွယ်သွားတာလားမသိပါ.. post အသစ်အနေနဲ့ ပြန်တင်ပေးပါနော် .. ကျေးဇူးတင်ပါသည်.

    ReplyDelete
  3. ဆရာ


    ဒီကိစ္စကို သိသလောက် မေးကြည်.တော. Origin Website က မှားနေလို. ဖြစ်တာ။ ပြင်ကြည်.လို.ရမလား စမ်းသပ်ကြည်.ပေမယ်. မရဘူး ဖြစ်နေတယ်။ အဆင်ပြေပါစေ။

    ReplyDelete