Wednesday, December 8, 2010

အဘမင်းသိင်္ခ၏တားရော့ဟောနည်း (အပိုင်း-၁)

ကျွန်တော်ဆီကို အွန်လိုင်းကနေမေးလိပို့ပြီး အကူအညီတောင်းတဲ့ လူတွေထဲမှာ ဗေဒင်မေးတဲ့ လူတွေလဲပါတယ်။ ဟောစာတမ်း မှာတဲ့ လူတွေလဲရှိတယ်။ နောက်ပြီး ယတြာ လှမ်းတောင်းတဲ့ လူတွေရှိသလို သူတို့ရဲ့ ဓာတ်ပုံတွေကိုပို့ပြီး အဆင်ပြေအောင် ယတြာလုပ်ခိုင်းတာတွေလဲ ရှိပါတယ်။

နောက်တစ်မျိုးကတော့ ဗေဒင်ဝါသနာရှင်တွေပါ။ ဗေဒင်ပညာကို သူတို့ လက်လှမ်းမီသလောက် လေ့လာနေကြတဲ့ သူတွေပါ။ များသောအားဖြင့် တားရော့ပညာကို တော်တော်များများ ၀ါသနာပါကြတာကို တွေ့ရတယ်။ တားရော့ တစ်ထုပ် လက်ထဲကိုရောက်လာပြီ။ ဘာဆက်လုပ်ရမလဲ။ ဘယ်လို ဟောရမလဲ။ ဘယ်လိုထားရမလဲ။ ဘယ်လို လေ့လာရမလဲဆိုတာတွေက သူတို့အတွက် အခက်အခဲ ဖြစ်နေပုံရတယ်။

အရေးကြီးနေတာက ဘာလဲဆိုတော့ ကိုယ့်ရဲ့ ပညာရပ်အပေါ်မှာ ယုံကြည်မှု့တွေ အားနည်းနေတာပါပဲ။ ဒါကလည်း ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောသဘာဝတစ်ခုပါ။ ဘာကြောင့်လည်းဆိုတော့ ယုံကြည်မှု့ဆိုတာက လက်တွေ့ကြုံလာတဲ့ အဖြစ်အပျက် အတွေ့အကြုံထဲကမှ ရလာတာမို့ပါ။ များများ ဟောလေလေ များများအတွေ့အကြုံရလေလေ များများ ပညရလေလေပါ။ ဒါကြောင့် ဗေဒင်ပညာကို စတင်လေ့လာပြီ ဆိုကတည်းက ဗေဒင်ကို ဟောဖို့ဝန်မလေးပါနဲ့လို့ အကြံညာဏ်ပေးချင်ပါတယ်။

ကျွန်တော်က အဘမင်းသိင်္ခဆီမှာ ဗေဒင်ပညာစသင်ပြီ ဆိုကတည်းက တားရောပညာကို အားသန်ခဲ့တာပါ။ ဘာကိစ္စပဲ မေးမေး တာရော့ကို လက်ကိုင်ထားပြီး အဖြေပေးခဲ့တာပါ။ ဗေဒင်စသင်တဲ့အချိန်မှာကတည်းက တားရောကို ရံှံ့ကြီုးအိပ်လေးထဲကိုထည့်။ သွားလေရာ အဲဒီအိပ်လေးကို လွယ်ပြီး သွားခဲ့တာပါ။ တစ်ယောက်နဲ့ တစ်ယောက်ကတော့ ၀ါသနာခြင်းမတူကြဘူး။ တစ်ချို့က သုံးတန်ပေါ်နိစ်မှ သုံးတန်ပေါ်နိစ်၊ တစ်ချို့ကြတော့ အင်္ဂ၀ိဇ္ဇာ၊ တစ်ချို့ကြတော့ ဇာတာ၊ တစ်ချို့ကြပြန်တော့ မဟာဘုတ်၊ တစ်ချို့ကြတော့ ဧကံသ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်းမတူကြဘူး။ ဆရာတစ်ဦးတည်းမှာ ဗေဒင်ပညာသင်ပေးခဲ့တာ တောင်မှ တစ်ယောက်နဲ့ တစ်ယောက် အလေးထားတဲ့ ပညာရပ်ခြင်းမတူညီကြပါဘူး။

အဲဒီတော့ ဗေဒင်ပညာကို သင်ကာစတုန်းကဆိုရင် ကိုယ့်စိတ်ကို မယုံမကြည်ဖြစ်ခဲ့တာပဲ။ ငါဒီလိုဟောလိုက်လို့ မှန်မှ မှန်ပါ့မလားဆိုတဲ့ စိတ်တွေ ၀င်လာခဲ့တာပဲ။ နောက်ပိုင်းကြာလာမှ ကိုယ်ဗေဒင်ဟောပေးလိုက်တဲ့ လူတွေက လာလာပြောကြတာ။ ဆရာလေးရယ် ဆရာလေးပြောလိုက်တာ ကွက်တိပဲ။ ပိုက်ဆံဆုံးမယ်ဆိုတာ လေ။ အမှန်ပဲ ဆရာလေးရေပေါ့။ သူတို့က တစ်ခါလာပြောရင် ကိုယ်က တားရော့ထုပ်လေးကို တစ်ခါနမ်းလိုက်။ နောက်တစ်ယောက်က တစ်ခါလာပြောရင် တစ်ခါနမ်းလိုက်နဲ့ တဖြည်းဖြည်းခြင်းနဲ့ ကိုယ့်ရဲ့ တားရောပညာရပ် အပေါ် မှာရော၊ တားရော့ကဒ်ပြား လေးတွေအပေါ်မှာရော ယုံကြည်မှု့က တိုးတိုးလာခဲ့တာပါ။ အဲဒီတော့ များများဟောလေလေ များများပညာရလေလေပေါ့။

ဗေဒင်ပညာကိုတော့ သင်ပေးလို့ ရပါတယ်တဲ့။ ဒါပေမယ့် ဗေဒင်ဟောနည်းရယ်လို့တော့ သင်ပေးလို့ မရပါဘူး။ ဗေဒင်ဟောတာ ကျွမ်းကျင်ချင်ရင် ဗေဒင်များများဟောရမယ်လို့ အဘပြောဖူးပါတယ်။ ဒါကြောင့် ဗေဒင်ပညာကို စတင်လေ့လာ လိုက်စားနေကြတဲ့ အသက်ကြီးကြီးတွေရော အသက်ငယ်ငယ်တွေရော ယောင်္ကျားတွေရော မိန်းမတွေရော ဘုန်းကြီးတွေရော သီလရှင်တွေရော အားလုံးကို အကြံညာဏ်ပေးချင်တာက ဗေဒင်ပညာတွေကို ကျွမ်းကျင်ချင်ရင် များများသာဟောပေးပါ။

နောက်တစ်ခုက ဘယ်ဗေဒင်ပညာကို စတင်လေ့လာလိုက်စားရမလဲလို့ မေးတဲ့လူတွေလည်း ရှိပါတယ်။ ဗေဒင်ပညာကို ၀ါသနာပါတဲ လူတွေအတွက်ကတော့ ဗေဒင်ပညရပ်က နှစ်မျိုးရှိပါတယ်။ တစ်မျိုးက ကိုယ့်ဘာသာ စာအုပ်တွေကို ဖတ်လိုက် စာစောင်လေးတွေ လေ့လာလိုက်နဲ့ ဖြစ်ပါတယ်။ နောက်တစ်မျိုးကြတော့ ဆရာရှိမှ ဖြစ်မှာ။ ဥပမာ ဇာတာတို့ နက္ခတ်တို့ လေ့လာမယ်ဆိုရင် ဆရာမရှိလို့ မဖြစ်ဘူး။ ကိုယ့်ကို လက်ပူးလက်ကြပ် သင်ပေးမယ့် ဆရာ မရှိလို့ကတော့ ရွာလည်နေပြီလို့သာ မှတ်ပေတော့။

နောက်တစ်ခုကတော့ ဗေဒင်ပညာရပ်တွေ အများကြီးရှိပါတယ်။ အကုန်လုံးကလည်း သူဟာနဲ့ သူ အကုန်လုံး ကောင်းတာချဉ်းပါပဲ။ ကိုယ်က ၀ါသနာပါတဲ့ ပညာရပ်ကို ကိုယ်ကိုတိုင် လေ့လာကြည့်ပါ။ ဒါပေမယ့် ထဲထဲဝင်ဝင် လေ့လာဖို့တော့ လိုတယ်။ အပေါ်ယံလေ့လာတာ မဟုတ်ဘူးနော်။ တကယ့်ကို နှိက်နှိက်ချွတ်ချွတ် လေ့လာကြည့် ပါ။ လေ့လာရုံတင်မကပဲ တကယ့်ကို လက်တွေ့ကြကြ အသုံးချကြည့်စေချင်တယ်။ ဒါမှသာ မိမိရဲ့ လက်ထဲမှာရှိတဲ့ လက်နျက်က ဘယ်လောက်ကောင်းမယ်ဆိုတာ ကိုယ်ကိုတင် ပစ်ကြည့်မှ သိမယ် မဟုတ်လား။

အခု ကျွန်တော်က တားရော့ပညာအကြောင်း ပြောချင်တာ။ တားရော့ကို ၀ါသနာပါလို့ မိမိလက်ထဲကို တားရော့တစ်ထုပ် ရောက်လာပြီ။ ဘာဆက်လုပ်ရမလဲ။ ဘယ်လိုဆက်ပြီး လေ့လာရမလဲဆိုရင် အကောင်းဆုံးက ကိုယ့်တာရောနဲ့ ကိုယ်နဲ့ တစ်သားတည်းကျအောင် အရင် လုပ်ရမယ်။ တားရော့ကဒ်လေးတွေနဲ့ ကိုယ်နဲ့ တစ်သားတည်း ကျဖို့အတွက် ဆိုရင် တားရော့နဲ့ ကိုယ်နဲ့ အတူအိပ်ရမယ်။ အတူစားရမယ်။ အတူ သွားရမယ်။ နေ့တိုင်းတားရောထုပ်ကလေးကိုရော ၊ တားရောကဒ်ပြားလေးတွေကိုရော ထုတ်ထုပ်ပြီး စေ့စေ့စပ်စပ် ကြည့်ပါ။



ကြည့်တယ်ဆိုတဲ့ နေရာမှာ ကြည့်ရုံပဲ ကြည့်ရမှာနော်။ မစဉ်းစားရဘူး။ မတွေးခေါ်ရဘူး။ အေးဆေးတိပ်ဆိပ်တဲ့ နေရာလေးမှာ စိတ်အေးလက်အေး ထိုင်ပြီး ကြည့်နေရမယ်။ ကိုယ်မျက်လုံးထဲတင်မကဘူး ၊ ကိုယ်နှလုံးသားထဲ အထိပါ စွဲနေအောင် ကြည့်ရမှာနော်။ ဘာမှ မထူးခြားလာဘူးထင်ပြီး ကိုယ်ကြည့်နေတာကို မရပ်ပြစ်ပါနဲ့။ တစ်ခါတလေ ကိုယ်က ဘာမှ မထူးဘူးထင်နေတာ။ အလိုလို ထူးနေတတ်ပါတယ်။ ဒါကြောင့် ကိုယ်လုပ်နေတဲ့ အလုပ်ကို ပုံမှန် ဆက်လုပ်နေရုံပါပဲ။

ဟုတ်ပြီဗျာ။ ကိုယ့်လက်ထဲမှာလည်း တားရောတစ်ထုပ်လည်း ရောက်နေပြီ။ နောက်ပြီး တားရောတစ်ထုပ်လုံးကို ရော၊ တားရောတစ်ကဒ်ခြင်းကိုရော ကြည့်လည်း ကြည်နေတယ်။ အတူနေ အတူသွား အတူစားလဲ လုပ်တယ်။ ဒီကြားထဲ ကိုယ်ဆီကို အကြောင်းအမျိုးမျိုးနဲ့ ဗေဒင်လာမေးတဲ့ လူတွေကိုလည်း ကိုယ်က ဟောပေးချင်တယ်။ အဲဒီတော့ ဘယ်လိုဟောရမှန်း မသိသေးဘူးဆိုရင် အခု အဘမင်းသိင်္ခ၏ တားရောဟောနည်းကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။ အဲဒီအတိုင်းသာ ဟောပေတော့။ နောက်ပိုင်းကြတော့လည်း တားရောက ကိုယ့်ကို ပြန်သင်ပေးသွားပါလိမ့်မယ်။
.............................................................................

၁။မှော်ဆရာ

၁။ မကြာခင် ခရီးတစ်ခုသွားရလိမ့်မည်။ ထိုခရီးသည် ကောင်းသောခရီးဖြစ်လိမ့်မည်။
၂။ မိတ်ဆွေတစ်ဦး၏ လိမ်လည်လှည့်ဖျားမှုကို ခံရမည်။
၃။ ရပ်ဝေးမှ ဆွေမျိုးရောက်လာမည်။
၎။ မိမိကို ကောင်းကျိုးမပးသောဆရာ မိမိထံရောက်လာမည်။
၅။ ငွေအတွက် သောကဖြစ်တတ်သည်။
၆။ အလုပ်နေရာ ပြောင်းရွှေ့ရလိမ့်မည်။
၇။ မမျှော်လင့်ဘဲ အမှုကိစ္စတစ်ခုနှင့် ရင်ဆိုင်ရလိမ့်မည်။
၈။ ရွှေထည် ပစ္စည်းတစ်ခုဝင်မည်။
၉။ လက်တစ်ဘက်နာရန်ရှိသည်။
၁၀။ ငယ်ရွယ်သူဖြစ်ပါက လိမ်ထောင်ကျလိမ့်မည်။
၁၁။ လုပ်ငန်းအသစ်ပေါ်လိမ့်မည်။
၁၂။ အိမ်နေရာလည်း ပြောင်းရတတ်သည်။ (သို့မဟုတ်) အိမ်ပြင်ရလိမ့်မည်။
လတ်တလောကိစ္စအတွက် မေးမြန်ပါမူ . . ထိုကိစ္စမအောင်မြင်နိုင်ပါ။ တစ်စုံတစ်ယောက်၏ လိမ်လည်လှည့်ဖျားမှု ကို ခံရမည်။

၂။ မယ်တော်ကြီး

၁။ အိမ်ထောင်ရေး အဆင်မပြေဖြစ်မည်။
၂။ သားသမီးတစ်ဦး၏ အောင်မြင်သောသတင်းကိုကြားရ မည်။ ထို့အတူ မကျန်းမာသောသတင်းပါ ပါလာမည်။ ၃။ အိမ်သို့ ဧည့်သည်များရောက်လာမည်။ ၎င်းတို့အတွက် စိတ်ညစ်ရမည်။
၎။ မကြာခဏဆိုသလို ခရီးထွက်ရမည်။ ၅။ အလုပ်အကိုင်တိုးတက်မည်။
၆။ အလုပ် ရွှေ့ပြောင်းရမည်။
၇။ နေအိမ်ပြင်ခြင်း၊ ဆေးသုတ်ခြင်း ပြုလုပ်ရလိမ့်မည်။
၈။ ထူးခြားသောပုဂ္ဂိုလ်တစ်ဦး၏ ဓာတ်ပုံ ရောက်လာမည်။
၉။ ငွေအလုံးအရင်းနှင့်ဝင်မည်။
၁၀။ အိမ်နားတွင် ပွဲလမ်းသဘင်ဖြစ်မည်။ ထို့သို့ဖြစ်ပါက သင့်အနေနှင့် စီးပွားတက်လိမ့်မည်။
၁၁။ ယောက်ျားလျာ၊ မိန်းမလျာ အိမ်နားမှာရှိသည်။ မိမိအိမ် သို့အလာမခံပါနှင့်။ လာဘ်တိတ်လိမ့်မည်။
၁၂။ မျက်နှာချင်းဆိုင်အိမ် (သို့မဟုတ်) ခေါင်းရင်ဘက် အိမ်၌ အလှူ (သို့မဟုတ်) မင်္ဂလာဆောင်ဖြစ်လိမ့်မည်။ ဤသို့ဖြစ်လျှင် သင့်အိမ် စီးပွားတက်လိမ့်မည်။
လတ်တလောကိစ္စအတွက် မေးမြန်ပါမူ . . ထိုကိစ္စသည် မုချအောင်မြင်မည်။ အမျိုးသမီးကြီးတစ်ဦး ကူညီမည်။

၃။ ဧကရီ

၁။ မျက်စိကို ဥပါဒ်ပေးလိမ့်မည်။
၂။ မမျှော်လင့်ဘဲ ကြွေးတင်ခံရမည်။ ငွေအတွက် ကြီးစွာ သောဒုက္ခ တွေ့မည်။
၃။ အလုပ်တွင် အခက်အခဲတွေ့မည်။ အလုပ်မှ ထွက်ရ တတ်သည်။
၎။ မမျှော်လင့်ဘဲ လူတစ်ယောက်၏အကူအညီကို ရရှိလိမ့်မည်။
၅။ ပညာတစ်ခုရတတ်သည်။
၆။ သူခိုးခိုးခံရတတ်သည်။ လမ်းခရီး၌ ဖြစ်လိမ့်မည်။
၇။ တန်ခိုးသြဇာ မြင့်မားလာလိမ့်မည်။
၈။ စက်ရှိက ထွက်လိမ့်မည်။
၉။ ကြီးကဲသူငြိုငြင်မှုကို ခံရတတ်သည်။
၁၀။ အမှုမဖြစ်ရအောင် နေပါ။ ဖြစ်က ကြာမည်။ ငွေဖြင့် မလိုက်နှင့် ။ လိုက်လျှင် အမှုပါရှုံးသွားလိမ့်မည်။
၁၁။ အစာအိမ်ရောဂါဖြစ်လိမ့်မည်။ ဂရုစိုက်ပါ။
၁၂။ အလွန်ခင်မင်သူတစ်ဦးနှင့် အဆင်မပြေဖြစ်က လမ်း ခွဲရတော့မည်။

လတ်တလောကိစ္စအတွက် မေးမြန်ပါမူ . . ထိုကိစ္စမှာ မုချအောင်မြင်မည်။ မကြာမီအချိန်အတွင်း၌ သိသာထင်ရှားစွာအကျိုပေးလိမ့်မည် ။

၎။ ဧကရာဇ်

၁။ သတင်းကောင်းကြားရမည်။
၂။ စာချုပ်စာတမ်း၌ လက်မှတ်ရေးထိုးရမည်။
၃။ အစိုးရ၏ ချီးမြှင့်မ စမှု ရမည်။
၎။ မသွားတော့ဘူး လိုလိုနှင့် ခရီးသွားဖြစ်လိမ့်မည်။
၅။ ပညာရပ်တစ်ခု ရရှိမည်။ ဖြေဆိုထားသောစာမေးပွဲ အောင်မည်။
၆။ အလုပ်တစ်ခုမှတစ်ခုသို့ အပြောင်းအလဲဖြစ်မည်။
၇။ ငွေအလွန်ကုန်မည်။
၈။ အိမ်တွင်းရေးအဆင်မပြေဖြစ်မည်။
၉။ ဓာတ်ပုံများရောက်ရှိလာမည်။
၁၀။ လမ်းထဲမှာလူတစ်ဦး၏ အကူအညီကို ရရှိလိမ့်မည်။
၁၁။ သင်သည် အထက်ဂိုဏ်းတစ်ခုခုကို ၀င်ပြီးမှ ဂိုဏ်းပျက် လိမ့်မည်။

လတ်တလောကိစ္စအတွက် မေးမြန်ပါမူ . . ထိုကိစ္စမှ မအောင်မြင်နိုင်ပါ။ လူကြီးတစ်ဦး ၀င်ရောက်နှောင့်ယှက်လိမ့်မည်။

၅။ ဘုန်းကြီး

၁။ ဘုန်းကြီးတစ်ပါး အိမ်သို့ ကြွလာမည်။
၂။ မိဘ ကျန်းမာရေး ညံ့မည်။
၃။ ခေါင်းကိုက်မည်။
၎။ စိန်အပါအ၀င် အဖိုးတန်ပစ္စည်းဝင်မည်။
၅။ လာဘ် အလွန်ရွှင်မည်။
၆။ အလုပ်၌ နာမည်ကောင်းရမည်။
၇။ အောက်လက်ငယ်သား၏ အကူအညီကို ရမည်။
၈။ အိမ်ထောင်သည်အမျိုးသမီးဖြစ်ပါက ကိုယ်ဝန်ရမည်။
၉။ ရုတ်တရက် ခရီးထွက်ရလိမ့်မည်။
၁၀။ ငွေလိမ်ခံရတတ်သည်။
၁၁။ မိန်းမတစ်ဦး မိမိ၏ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် လုပ် လိမ့်မည်။
၁၂။ နေအိမ်မသန့်ပါ။ အခိုက်အညံ့ရှိနေသည်။ နေရာအနှံ အပြား ပရိတ်ရေနှင့် ဖြန်းလိုက်ပါ။

လတ်တလောကိစ္စအတွက် မေးမြန်ပါမူ . . ထိုကိစ္စမှာ မုချအောင်မြင်မည့် ကိစ္စဖြစ်သည်။ ရဲရဲတင်းတင်း ဆောင်ရွက်ပါ။

ဆက်လက်ဖော်ပြပေးပါမည်။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့
Sayaheintintzaw@gmail.com
(အီးမေးလ်အသစ်ကို ပြောင်းလဲ၍ စတင်အသုံးပြုနေပါပြီ)

No comments:

Post a Comment