Thursday, December 30, 2010

နှစ်သစ်ကူးမှာ တရော်ကင်ပွန်းနဲ့ ခေါင်းဆေးမင်္ဂလာဆောင်ရွက်ပါ။


ခင်မင်လေးစားရသော မိတ်ဆွေများခင်ဗျား....

ဒါကတော့ ပို့အဟောင်းလေးပါ။ ဒါပေမယ့် နှစ်သစ်ကူးမှာ ခေါင်းဆေးမင်္ဂလာဆောင်ရွက်ချင်သူများအတွက် ပြန်လည် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။

လူတစ်ယောက်ရဲ့ ဇာတာကို ကြည်လိုက်တဲ့အခါမှာ ကောင်းတဲ့ အချက်အလက် တွေလည်းတွေ့တယ်။ ညံ့တဲ့အ ချက်အလက်တွေလည်း တွေ့တဲ့အခါမှာ ဇာတာမသန့်ဘူးလို့ ပြောဆိုတတ်တယ်။ အရပ်စကားနဲ့ ပြောမယ်ဆိုရင် လွတ်လွတ်ကျွတ်ကျွတ် မကောင်းသေးဘူးပေါ့ဗျာ။ ရာဇ၀င်မှာဆိုရင် ရာဇဓိရာဇ်ဟာ မင်းခေါင် စစ်ချီလာတဲ့အခါ မှာ သူ့ရဲ့ ပညာရှိတွေက ဇာတာ မသန့်သေးဘူး လို့ လျှေက်တင်ကြတာနဲ့ စစ်ကို ရှောင်ဖူးတယ်။

အဲဒီလို ဇာတာမသန့်တဲ့ အခြေအနေမှာဆိုရင် ခေါင်းဆေးယတြာ လုပ်ရတယ်။ အဲဒီလို ခေါင်းဆေးယတြာ လုပ် လိုက်တာနဲ့ ဇာတာမသန့်လို့ ကြုံတွေ့နေရတဲ့ ဒုက္ခအခက်အခဲတွေကနေ လွတ်မြောက်တယ်လို့ ရှေးဆရာတွေက ယုံကြည်ကြပါတယ်။ ဒါကြောင့် အဘမင်းသိင်္ခရဲ့ (၇)-ရက်သားသမီး ခေါင်းဆေးမင်္ဂလာ အောင်ကြောင်းဖြာ ယတြာ ကို စေတနာရှေးထား၍ ဖော်ပြပေးလိုက်ပါသည်။

ဥပမာ....တနင်္ဂနွေ သားသမီး ခေါင်းဆေးမင်္ဂလာ ပြုလုပ်မည် ဆိုကြပါစို့...

လုပ်ရမည့် နေ့က တနင်္ဂနွေနေ့။ လုပ်ရမည့် အချိန်က နံက် ၉-နာရီ ၄၅-မိနစ်။ မျက်နှာမူရမည့် အရပ်က အနောက်စူးစူး ညာဘက် ခြေထောက်အောက်မှာ ရွက်လှ(၄) ညွန့်ကို နင်းထားရမယ်။ ဇီးညွန်(၃) ညွန့်ကို ဘယ်ဘက် ခြေထောက်အောက်မှာ နင်းထားရမယ်။ ပြီးတော့ ပန်းကန်ပြား သန့်သန့်ထဲမှာ ဒါမှမဟုတ် ကလပ် တစ်ခုပေါ်မှာ မေမြို့ပန်း(၅)ပွင့်၊ ကံ့ကော်(၂) ညွန့်၊ သပြေ(၆) ညွန့် ထည့်ထားရမယ်။

ခေါင်းကို တရော် ကင်ပွန်းနဲ့ လျော်ရမယ် ။ ပြီးတော့ ခေါင်းကို ရေစင်စင် ဆေးပေးရမယ်။ ပြီးတော့ ဆံပင်ရေတွေကို စောစောတုန်းက ပန်းကန်ပြားနဲ့ ထည့်ထားတဲ့ မေမြို့ပန်းတို့၊ ကံ့ကော်ညွန်တို့ သပြေပန်းတို့ အပေါ်ကို ညစ်ချရမယ်။ ပြီးတော့ အဲဒီ ပန်းကန်ကို ကိုယ်တိုင် ကိုင်ပြီး ခေါင်းလျှော်တဲ့နေရာရဲ့ အနောက်စူးစူး အပြင်မှာ သွားပြီး စွန်ပစ်ရမယ်။ နင်းထားတဲ့ ပန်းတွေကိုတော့ အခြားတစ်ယောက်ကို ကောက်ခိုင်းပြီး တောင်ဘက်မှာ စွန့်ပစ်ခိုင်းရမယ်။ ပြီးရင် ရေမိုးချိုးပြီး အ၀တ်အစားသစ်တွေ ၀တ်ရမယ်။ ပြီးတော့ ဘုရားမှာ ဖယောင်းတိုင် (၆)တိုင် ၊ အမွှေးတိုင်(၆)တိုင် ထွန်းညှိပြီး ဘုရားရှစ်ခိုးရမယ်။ ဒါဟာ ခေါင်းဆေးမင်္ဂလာ ဆောင်ရွက်ပုံ အပြည့်အစုံပါပဲ မိတ်ဆွေများ ....ခင်ဗျား



တနင်္ဂနွေသားသမီးများအတွက်

မျက်နှာမူရမည့်အရပ်အနောက်စူးစူး
ခြေဖြင့်နင်းရမည့်ပန်းညာဘက်- ရွက်လှ(၄)ညွန့်ဘယ်ဘက်- ဇီးညွန်(၃)ညွန့်
ကလပ်တွင်ထည့်ရမည့်ပန်းမေမြို့ပန်း (၅)ပွင့် ၊ ကံ့ကော် (၂)ညွန့် ၊ သပြေ (၆)ညွန့်
၎င်းပန်းကိုစွန့်ပစ်ရမည့်အရပ်အနောက်စူးစူး
နင်းသောပန်းများစွန့်ရမည့်အရပ်တောင်စူးစူး
ဘုရားလှူရမည့်မီးတိုင်ဖယောင်းတိုင်(၆)တိုင် ၊ အမွှေးတိုင်(၆)တိုင်
ပြုလုပ်ရမည့်နေ့တနင်္ဂနွေနေ့
ပြုလုပ်ရမည့်အချိန်နံနက်(၉း၄၅)

တနင်္လာသားသမီးများအတွက်

မျက်နှာမူရမည့်အရပ်မြောက်စူးစူး
ခြေဖြင့်နင်းရမည့်ပန်းညာဘက်- ပိတောက်(၅)ဘယ်ဘက်- ရွက်လှ(၄)ညွန့်
ကလပ်တွင်ထည့်ရမည့်ပန်းနှင်းဆီပန်း (၇)ပွင့် ၊ စံပယ် (၃)ညွန့် ၊ သပြေ (၆)ညွန့်
၎င်းပန်းကိုစွန့်ပစ်ရမည့်အရပ်မြောက်စူးစူး
နင်းသောပန်းများစွန့်ရမည့်အရပ်အနောက်စူးစူး
ဘုရားလှူရမည့်မီးတိုင်ဖယောင်းတိုင်(၁၅)တိုင် ၊ အမွှေးတိုင်(၁၅)တိုင်
ပြုလုပ်ရမည့်နေ့တနင်္လာနေ့
ပြုလုပ်ရမည့်အချိန်နံနက်(၉း၄၅)

အင်္ဂါသားသမီးများအတွက်

မျက်နှာမူရမည့်အရပ်အနေက်တောင်စူးစူး
ခြေဖြင့်နင်းရမည့်ပန်းညာဘက်- သစ်ခွ(၆)ဘယ်ဘက်- ပိတောက်(၅)
ကလပ်တွင်ထည့်ရမည့်ပန်းနှင်းဆီပန်း (၇)ပွင့် ၊ ရွက်လှ(၄)ညွန့် ၊ အုန်း (၁)ညွန့်
၎င်းပန်းကိုစွန့်ပစ်ရမည့်အရပ်အနောက်တောင်
နင်းသောပန်းများစွန့်ရမည့်အရပ်အနောက်မြောက်
ဘုရားလှူရမည့်မီးတိုင်ဖယောင်းတိုင်(၈)တိုင် ၊ အမွှေးတိုင်(၈)တိုင်
ပြုလုပ်ရမည့်နေ့အင်္ဂါနေ့
ပြုလုပ်ရမည့်အချိန်နံနက်(၉း၄၅)

ဗုဒ္ဓဟူးသားသမီးများအတွက်

မျက်နှာမူရမည့်အရပ်အရှေ့မြောက်စူးစူး
ခြေဖြင့်နင်းရမည့်ပန်းညာဘက်- နှင်းဆီ(၇)ဘယ်ဘက်- သစ်ခွ(၆)
ကလပ်တွင်ထည့်ရမည့်ပန်းအုန်း (၁)ညွန့် ၊ ကံ့ကော် (၂)ညွန့် ၊ မေမြို့(၅)
၎င်းပန်းကိုစွန့်ပစ်ရမည့်အရပ်အရှေ့မြောက်
နင်းသောပန်းများစွန့်ရမည့်အရပ်အနောက်မြောက်
ဘုရားလှူရမည့်မီးတိုင်ဖယောင်းတိုင်(၁၇)တိုင် ၊ အမွှေးတိုင်(၁၇)တိုင်
ပြုလုပ်ရမည့်နေ့ဗုဒ္ဓဟူးနေ့
ပြုလုပ်ရမည့်အချိန်နံနက်(၉း၄၅)

ကြာသပတေးသားသမီးများအတွက်

မျက်နှာမူရမည့်အရပ်အရှေ့စူးစူး
ခြေဖြင့်နင်းရမည့်ပန်းညာဘက်- အုန်း(၁)ညွန့်ဘယ်ဘက်- နှင်းဆီ(၇)ပွင့်
ကလပ်တွင်ထည့်ရမည့်ပန်းကံကော်(၂)၊သပြေ(၆)၊စံပယ်(၃)
၎င်းပန်းကိုစွန့်ပစ်ရမည့်အရပ်အရှေ့စူးစူး
နင်းသောပန်းများစွန့်ရမည့်အရပ်အရှေ့မြောက်
ဘုရားလှူရမည့်မီးတိုင်ဖယောင်းတိုင်(၁၉)တိုင် ၊ အမွှေးတိုင်(၁၉)တိုင်
ပြုလုပ်ရမည့်နေ့ကြာသပတေးနေ့
ပြုလုပ်ရမည့်အချိန်နံနက်(၉း၄၅)

သောကြာသားသမီးများအတွက်

မျက်နှာမူရမည့်အရပ်အရှေတောင်
ခြေဖြင့်နင်းရမည့်ပန်းညာဘက်- ကံကော်(၂)ဘယ်ဘက်- အုန်းညွန်(၁)
ကလပ်တွင်ထည့်ရမည့်ပန်းစံပယ်(၃)၊နှင်းဆီ(၇)၊ရွက်လှ(၄)
၎င်းပန်းကိုစွန့်ပစ်ရမည့်အရပ်တောင်စူးစူး
နင်းသောပန်းများစွန့်ရမည့်အရပ်အရှေ့တောင်စူးစူး
ဘုရားလှူရမည့်မီးတိုင်ဖယောင်းတိုင်(၂၁)တိုင် ၊ အမွှေးတိုင်(၂၁)တိုင်
ပြုလုပ်ရမည့်နေ့သောကြာနေ့
ပြုလုပ်ရမည့်အချိန်နံနက်(၉း၄၅)

စနေသားသမီးများအတွက်

မျက်နှာမူရမည့်အရပ်တောင်စူးစူး
ခြေဖြင့်နင်းရမည့်ပန်းညာဘက်- စံပယ်(၃)ဘယ်ဘက်- ကံကော်(၂)
ကလပ်တွင်ထည့်ရမည့်ပန်းရွက်လှ(၄)၊အုန်း(၁)၊ပိတောက်(၅)
၎င်းပန်းကိုစွန့်ပစ်ရမည့်အရပ်တောင်စူးစူး
နင်းသောပန်းများစွန့်ရမည့်အရပ်မြောက်စူးစူး
ဘုရားလှူရမည့်မီးတိုင်ဖယောင်းတိုင်(၁၀)တိုင် ၊ အမွှေးတိုင်(၁၀)တိုင်
ပြုလုပ်ရမည့်နေ့စနေနေ့
ပြုလုပ်ရမည့်အချိန်နံနက်(၉း၄၅)

ဗုဒ္ဓဟူးနံပစ္စည်းများ အရောင်းသွက် အငှားသွက်စေသောအဆောင်


ဗုဒ္ဓဟူးနံ၏ အင်္ဂ၀ိဇ္ဇာတိုင်

အောင်

ပဉ္စပွတ်(တနင်္ဂနွေနံ)
ပွဲ


ကြီး

ဆပွတ်(တနင်္လာနံ)
လံ

ဗုဒ္ဓဟူးနံအတွက်
ထူ


စစ်


သူ



လေးစားရပါသော မိတ်ဆွေများခင်ဗျာ......

ကျွန်ုပ်တို့အား အဘမင်းသိင်္ခ အင်္ဂ၀ိဇ္ဇာ သင်ပြခဲ့စဉ်က မှတ်သားထားခဲ့သော နည်းလေးတစ်ခု ဖြစ်ပါတယ်။ ပစ္စည်းများ အရောင်းသွက် အငှားသွက်လိုသောအခါ ၎င်း ပဉ္စပွတ်ဆပွတ်နှစ်နံပေါင်းပြီး ရိုက်ရကြောင်း ရောင်းလိုသော နံ၏ နံတူနေ့ (ဥပမာ - ဗုဒ္ဓဟူးနံ ရောင်းလိုပါက ဗုဒ္ဓဟူးနေ့နံနက်( ၉း၄၅)တွင် ရိုက်ပါက ပို၍ စွမ်းကြောင်း သင်ပြခဲ့ဘူးပါသည်။ ဥပမာ ဗုဒ္ဓဟူးနံ - ရွှေ၊ ရေ၊ အလှကုန်၊ ၀ါး၊ လယ်၊ အစရှိသော ဗုဒ္ဓဟူးနံ ပစ္စည်းများ ရောင်းထွက်လိုသော အခါ ဗုဒ္ဓဟူးနေ့ နံနက် (၉း၄၅)တွင် အဂ်ါနံ၏ ပဉ္စပွတ်ဆပွတ် နှစ်နံတွဲဖြစ်သော အုန်း(၁) ညွန့် ၊ကံ့ကော် (၂)ညွန့် ဖြင့် ရိုက်ရန်ဖြစ်ပါသည်။

ထိုအင်္ဂ၀ိဇ္ဇာနည်းကို ဆက်စပ်စဉ်းစားပြီးနောက် မိမိတို့ ရောင်းလိုသောငှားလိုသော ကုန်ပစ္စည်းများ။ အရောင်းသွက် အငှားသွက်စေရန် ဆောင်ရွက်ပေးထားခြင်းဖြစ်ပါသည်။

ဗုဒ္ဓဟူးနံ - ရွှေ၊ ရေ၊ အလှကုန်၊ ၀ါး၊ လယ်၊ အစရှိသော ဗုဒ္ဓဟူးနံ ပစ္စည်းများ အရောင်းသွက် အငှားသွက်လိုသူတို့သည် အုန်းမှုတ်ခွက်ထဲ၌ အုန်း(၁) ကံ့ကော် (၂)ညွန့်ထိုးစိုက်ထားသော ဓာတ်ပန်းချီကားကို မိမိတို့၏ဆိုင် (သို့) အလုပ်ခန်းတွင် ချိပ်ဆွဲထားနိုင်ပါတယ်။ ရောင်းလိုသော ဗုဒ္ဓဟူးနံပစ္စည်းများကို ဗုဒ္ဓဟူးနေ့ နေ့နံက် (၉း၄၅) ရောက်တိုင်း ထိုပန်းချီကားဖြင့် ယပ်ခတ်ခြင်း၊ ရိုက်ပေးခြင်း ပြုလုပ်နိုင်ပါသည်။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်
+66874150022

Wednesday, December 29, 2010

အင်္ဂါနံပစ္စည်းများ အရောင်းသွက် အငှားသွက်စေသောအဆောင်


အင်္ဂါနံ၏ အင်္ဂ၀ိဇ္ဇာတိုင်

ပဉ္စပွတ်(သောကြာနံ)

ဆပွတ်(စနေနံ)
အင်္ဂါနံအတွက်




လေးစားရပါသော မိတ်ဆွေများခင်ဗျာ......

ကျွန်ုပ်တို့အား အဘမင်းသိင်္ခ အင်္ဂ၀ိဇ္ဇာ သင်ပြခဲ့စဉ်က မှတ်သားထားခဲ့သော နည်းလေးတစ်ခု ဖြစ်ပါတယ်။ ပစ္စည်းများ အရောင်းသွက် အငှားသွက်လိုသောအခါ ၎င်း ပဉ္စပွတ်ဆပွတ်နှစ်နံပေါင်းပြီး ရိုက်ရကြောင်း ရောင်းလိုသော နံ၏ နံတူနေ့ (ဥပမာ - အင်္ဂါနံ ရောင်းလိုပါက အင်္ဂါနေ့နံနက်( ၉း၄၅)တွင် ရိုက်ပါက ပို၍ စွမ်းကြောင်း သင်ပြခဲ့ဘူးပါသည်။ ဥပမာ အင်္ဂါနံ - ဆန် ၊ ဆီ၊ ဆေး၊ ဆား၊ စက် ၊ စာအုပ်၊ စက္ကူ၊ စားသောက်ကုန်၊ စားသောက်ဆိုင် အစရှိသော အင်္ဂါနံနံ ပစ္စည်းများ ရောင်းထွက်လိုသော အခါ အင်္ဂါနေ့ နံနက် (၉း၄၅)တွင် အဂ်ါနံ၏ ပဉ္စပွတ်ဆပွတ် နှစ်နံတွဲဖြစ်သော ဒန်း(၇)ညွန့်နှင့် အုန်းညွန့် ၆- ညွန့်ဖြင့် ရိုက်ရန်ဖြစ်ပါသည်။

ထိုအင်္ဂ၀ိဇ္ဇာနည်းကို ဆက်စပ်စဉ်းစားပြီးနောက် မိမိတို့ ရောင်းလိုသောငှားလိုသော ကုန်ပစ္စည်းများ။ အရောင်းသွက် အငှားသွက်စေရန် ဆောင်ရွက်ပေးထားခြင်းဖြစ်ပါသည်။

အင်္ဂါနံ - ဆန် ၊ ဆီ၊ ဆေး၊ ဆား၊ စက် ၊ စာအုပ်၊ စက္ကူ၊ စားသောက်ကုန်၊ စားသောက်ဆိုင် အစရှိသော အင်္ဂါနံနံ ပစ္စည်းများ အရောင်းသွက် အငှားသွက်လိုသူတို့သည် ဒန်အိုးလေးတစ်လုံးတွင် ဒန်း(၇)ညွန့် အုန်း(၁)ညွန့် ထိုးစိုက်ထားသော ဓာတ်ပန်းချီကားကို မိမိတို့၏ဆိုင် (သို့) အလုပ်ခန်းတွင် ချိပ်ဆွဲထားနိုင်ပါတယ်။ ရောင်းလိုသော အင်္ဂါနံနံပစ္စည်းများကို အင်္ဂါနေ့နေ့နံက် (၉း၄၅) ရောက်တိုင်း ထိုပန်းချီကားဖြင့် ယပ်ခတ်ခြင်း၊ ရိုက်ပေးခြင်း ပြုလုပ်နိုင်ပါသည်။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်
+66874150022

Tuesday, December 28, 2010

နှစ်သစ်ကူးအတွက်မြန်မာလူမျိုးအားလုံးအတွက်သီချင်းလက်ဆောင်


အောက်မှာရှိသေးတယ်နော်........





ဒီနောက်ဆုံး သီချင်းလေးကတော့ ကျွန်တော်က ကျွန်တော်ကို ပြန်ပြီးလက်ဆောင်ပေးတဲ့ သီချင်းလေးတစ်ပုဒ် ပါ။ ဒီသီချင်းလေးကို နားထောင်မိတိုင်း ကျွန်တော့်ရင်ထဲကို အမျိုးအမည်မသိတဲ့ ဝေဒနာတစ်ခုက တိုးတိုးလေး တကယ့် တိုးတိုးလေးပါပဲ....။

Monday, December 27, 2010

တနင်္လာနံပစ္စည်းများ အရောင်းသွက် အငှားသွက်စေသောအဆောင်



တနင်္လာ၏ အင်္ဂ၀ိဇ္ဇာတိုင်


ပဉ္စပွတ်(သောကြာနံ)



ဆပွတ်(စနေနံ)

တနင်္လာနံအတွက်







လေးစားရပါသော မိတ်ဆွေများခင်ဗျာ......

ကျွန်ုပ်တို့အား အဘမင်းသိင်္ခ အင်္ဂ၀ိဇ္ဇာ သင်ပြခဲ့စဉ်က မှတ်သားထားခဲ့သော နည်းလေးတစ်ခု ဖြစ်ပါတယ်။ ပစ္စည်းများ အရောင်းသွက် အငှားသွက်လိုသောအခါ ၎င်း ပဉ္စပွတ်ဆပွတ်နှစ်နံပေါင်းပြီး ရိုက်ရကြောင်း ရောင်းလိုသော နံ၏ နံတူနေ့ (ဥပမာ - တနင်္လာနံ ရောင်းလိုပါက တနင်္လာနေ့နံနက်( ၉း၄၅) တွင် ရိုက်ပါက ပို၍ စွမ်းကြောင်း သင်ပြခဲ့ဘူးပါသည်။ ဥပမာ ကား၊ ကျောက်၊ ခြံ ၊ကွမ်း၊ ငါး၊ စသော တနင်္လာနံပစ္စည်းများ ရောင်းထွက်လိုသော အခါ တနင်္လာနေ့နေ့ နံနက် (၉း၄၅)တွင် တနင်္လာနံ၏ ပဉ္စပွတ်ဆပွတ် နှစ်နံတွဲဖြစ်သော သနပ် ညွန့်ဖြင့် ၃၆- ညွန့်ဖြင့် ရိုက်ရန်ဖြစ်ပါသည်။

ထိုအင်္ဂ၀ိဇ္ဇာနည်းကို ဆက်စပ်စဉ်းစားပြီးနောက် မိမိတို့ ရောင်းလိုသောငှားလိုသော ကုန်ပစ္စည်းများ။ အရောင်းသွက် အငှားသွက်စေရန် ဆောင်ရွက်ပေးထားခြင်းဖြစ်ပါသည်။

တနင်္လာနံ - ကား၊ ကျောက်၊ ခြံ၊ ကြက်၊ ငါး ကွမ်း အစရှိသော တနင်္ဂနွေနံ ပစ္စည်းများ အရောင်းသွက် အငှားသွက်လိုသူတို့သည် သေတ္တာလေးတစ်လုံးတွင် ဟင်းနုနွယ် ၁၃-ညွန့် ထိုးစိုက်ထားသော ဓာတ်ပန်းချီကားကို မိမိတို့၏ဆိုင် (သို့) အလုပ်ခန်းတွင် ချိပ်ဆွဲထားနိုင်ပါတယ်။ ရောင်းလိုသော တနင်္လာနံပစ္စည်းများကို တနင်္လာနေ့နေ့နံက် (၉း၄၅) ရောက်တိုင်း ထိုပန်းချီကားဖြင့် ယပ်ခတ်ခြင်း၊ ရိုက်ပေးခြင်း ပြုလုပ်နိုင်ပါသည်။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်
+66874150022

တနင်္ဂနွေနံပစ္စည်းများ အရောင်းသွက် အငှားသွက်စေသောအဆောင်



တနင်္ဂနွေ၏ အင်္ဂ၀ိဇ္ဇာတိုင်


ပဉ္စပွတ်(ကြာသပတေးနံ)



ဆပွတ်(သောကြာနံ)

တနင်္ဂနွေနံအတွက်







လေးစားရပါသော မိတ်ဆွေများခင်ဗျာ......

ကျွန်ုပ်တို့အား အဘမင်းသိင်္ခ အင်္ဂ၀ိဇ္ဇာ သင်ပြခဲ့စဉ်က မှတ်သားထားခဲ့သော နည်းလေးတစ်ခု ဖြစ်ပါတယ်။ ပစ္စည်း များ အရောင်းသွက် အငှားသွက်လိုသောအခါ ၎င်း ပဉ္စပွတ်ဆပွတ်နှစ်နံပေါင်းပြီး ရိုက်ရကြောင်း ရောင်းလိုသော နံ၏ နံတူနေ့ (ဥပမာ - တနင်္ဂနွေနံ ရောင်းလိုပါက တနင်္ဂနွေနေ့နံနက်( ၉း၄၅) တွင် ရိုက်ပါက ပို၍ စွမ်းကြောင်း သင်ပြခဲ့ဘူးပါသည်။ ဥပမာ အိမ်၊ အိုး၊ ဥ စသော တနင်္ဂနွေနံပစ္စည်းများ ရောင်းထွက်လိုသော အခါ တနင်္ဂနွေနေ့ နံနက် (၉း၄၅)တွင် တနင်္ဂနွေနံ၏ ပဉ္စပွတ်ဆပွတ်နှစ်နံတွဲဖြစ်သော ဖက်သန်း (သို့) ပျဉ်းတော်သိမ် ၁၁- ညွန့်ဖြင့် ရိုက်ရန်ဖြစ်ပါသည်။

ထိုအင်္ဂ၀ိဇ္ဇာနည်းကို ဆက်စပ်စဉ်းစားပြီးနောက် မိမိတို့ ရောင်းလိုသောငှားလိုသော ကုန်ပစ္စည်းများ။ အရောင်းသွက် အငှားသွက်စေရန် ဆောင်ရွက်ပေးထားခြင်းဖြစ်ပါသည်။

တနင်္ဂနွေနံ - အိမ်၊အိုး၊ အုပ်၊ အိမ်ဆောက်ပစ္စည်း၊ အုန်း၊ အုန်းဆီ ၊ အုန်းသီး အစရှိသော တနင်္ဂနွေနံ ပစ္စည်းများ အရောင်းသွက် အငှားသွက်လိုသူတို့သည် ပန်းသီးတွင် ပျဉ်းတော်သိမ်ညွန့် ၁၁-ညွန့် ထိုးစိုက်ထားသော ဓာတ်ပန်းချီကားကို မိမိတို့၏ ဆိုင် (သို့) အလုပ်ခန်းတွင် ချိပ်ဆွဲထားနိုင်ပါတယ်။ ရောင်းလိုသော တနင်္ဂနွေနံပစ္စည်းများကို တနင်္ဂနွေနေ့နံက် (၉း၄၅) ရောက်တိုင်း ထိုပန်းချီကားဖြင့် ယပ်ခတ်ခြင်း၊ ရိုက်ပေးခြင်း ပြုလုပ်နိုင်ပါသည်။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်
+66874150022

Sunday, December 26, 2010

နှစ်သစ်ကူးလက်ဆောင် ဓာတ်ပန်းချီအဆောင်များ

နှစ်သစ်ကူးလက်ဆောင်အဖြစ် အဘဒေါက်တာမင်းသိင်္ခ၏ ဓာတ်ပန်ချီအဆောင်ပုံများကို လက်ဆောင်ပေး လိုက်ပါတယ်။ ဥုမ်သဟာစာဖတ်ခန်း ကိုကြိုးစားနေရတဲ့ ပို့တင်ကျဲနေသူကို ခွင့်လွှတ်ပေးနိုင်ဖို့ အတွက် ကျွန်တော်ရဲ့ နှစ်သစ်ကူးလက်ဆောင်ပါ။ အားလုံး အဘမင်းသိင်္ခပုံ အပါအ၀င် (၁၉) ပုံပါ။ ကော်နရှင်မကောင်းလို့ ကြည့်ရအဆင်မပြေသူများ အတွက်ကတော့ တစ်ခါတည်း ဒေါင်းလိုက်ပါ။
ပုံအားလုံးဒေါင်းလော့လုပ်၍ယူရန်























ပုံအားလုံးဒေါင်းလော့လုပ်၍ယူရန်

Thursday, December 23, 2010

အစကောင်းပြီး-အနှောင်းမသေချာသူ....

ကျွန်ုပ်သည် ထိုင်းနိုင်ငံသို့ ရောက်ပြီး၍ တစ်နှစ်ကြာသောအချိန်တွင် ကျွန်ုပ်၏ ဗေဒင်လက္ခဏာဟောခန်း ကလေးသည် တစထက်တစပို၍ အောင်မြင်လာလေ၏။ နေ့စဉ်နေ့တိုင်း ဗေဒင်လက္ခဏာမေးရန် လာရောက်ကြသော သူများဖြင့် ပုံမှန် စည်ကားနေလေ၏။ ကျွန်ုပ်၏ အခန်းလေးသည် လွန်စွာ ကျဉ်းလွန်းလေရာ အခန်းကျယ်တစ်ခုသို့ ပြောင်းရွေ့ရလျှင် ကောင်းမည်လားဟုပင် တွေးမိလေ၏။ ကျွန်ုပ်၏ ဘုရားစင်တွင် ထိုးထားသော အောင်တော်မူပွဲတွင်လည်း ပညာပူဇော်ခရသော ငွေကြေးများဖြင့် ပြည့်နှက်နေလေ၏။ တစ်ချို့ကဆိုလျှင် ဗေဒင်ဆရာ ပိုက်ဆံတွေ ဘယ်သွားထားလည်းဟုပင် အတည်ပေါက်နှင့် မေးကြလေရာ ကျွန်ုပ်သည် ဤကဲ့သို့ ဘ၀တစ်ခုကို တည်ဆောက်ပျိုးထောင်ပေးခဲ့သော ဆရာသခင် အဘမင်းသိင်္ခအား လွန်စွာကျေးဇူးတင်သောစိတ် ဖြစ်မိလေသောကြောင့် စိတ်ထဲမှ အကြိမ်ကြိမ်အခါခါ မှန်းဆလျှက် ကန်တော့မိလေတော့၏။

ကျွန်ုပ်၏ ဗေဒင်ဟောခန်းကလေး အောင်မြင်မှု့ရစေရန်အတွက်လည်း ကျွန်ုပ်သည် နေ့မအားညမနား ကြိုးစားရ လေသည်။ ထိုကဲသို့ ကြိုးစားရာ၌ မှော်ဘီမြို့ ၊ မရမ်းတလင်း ၊ အယူတော်မင်္ဂလာခြံတွင် သန္ဓေတပည့် အဖြစ်ဖြင့် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရသောကြောင့် ရရှိခဲ့ရသော အတွေ့အကြုံများမှာ ကျွန်ုပ်အတွက် များစွာ အထောက်အပံ့ ဖြစ်လေ၏။ အဘသည် သူ၏ မရမ်းတလင်းခြံကြီးကို အောင်မြင်စေရန် နေ့မအားညမနား ကြိုးစာပြခဲ့၏။ နေ့စဉ်နေ့တိုင်း နေရာစုံမှ ရောက်ရှိလာကြသော (၇)-ရက်သားသမီး အပေါင်းတို့အား မနောမယထမင်း၊ မနောမယလဘက်ရည်များနှင့် ဧည့်ခံကျွေးမွေး၍ အဘထံ ရောက်လာကြကုန်သော လူအပေါင်းတို့အား ယတြာကြေး အခကြေးငွေ တစ်ပြားတစ်ချပ်မှမတောင်းခံပဲ ယတြာချေပေးခဲ့၏။ ထိုသည်မှာ အဘမင်းသိင်္ခ၏ လူအများအပေါ်တွင် ထားရှိခဲ့သော စေတနာမေတ္တာကြောင့်ပင် မဟုတ်ပါလား။

ကျွန်ုပ်သည်လည်း ထိုင်းနိုင်ငံတွင် ဗေဒင်လက္ခဏာဟောခန်းဖွင့်ရာတွင် များစွာသော အခက်အခဲများကို ကြုံတွေ့ခဲ့ရသည်သာ။ ထိုအခက်အခဲတိုင်း အခက်အခဲတိုင်းကို ကျော်လွှားဖြေရှင်းခဲ့၏။ အဘမင်းသိင်္ခ၏ “ပြီးတော့လည်းပြီးသွားမှာပါ”ဟူသောစကားနှင့် “ဘာပဲလုပ်လုပ်အဖြစ်ရှိအောင်လုပ်” ဟူသော စကားနှစ်ခွန်းသည် ကျွန်ုပ်အတွက် လမ်းပြဖြစ်ခဲ့၏။ ထိုကဲ့သို့ နေ့မအားညမနား ကြိုးစားအားထုပ်လာခဲ့ရာ တစ်နှစ်ခွဲခန့်အကြာတွင် ကျွန်ုပ်၏ ဆရာသခင်ဖြစ်သော အဘမင်းသိင်္ခသည် ဤမြေကမ္ဘာမှ ပြန်လည်ထွက်ခွါသွားပြီဟူသော သတင်းကို ကြားရလေသောကြောင့် ကျွန်ုပ်သည် လွန်စွာ ၀မ်းနည်းပူဆွေး သောကရောက်ရ၏။ ကျွန်ုပ်သည် မြန်မာပြည် အဘ၏ဈာပနသို့ ပြန်မည်ဟုကြိုးစားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မပြန်နိုင်ခဲ့ပါ။

တစ်နေ့တွင် ကျွန်ုပ်ထံသို့ ဗေဒင်လက္ခဏာသင်ယူလိုသော လူတစ်ယောက် ရောက်ရှိလာခဲ့လေ၏။ ထိုသူ၏ အမည်မှာ မောင်ဝင်းဟူ၍ဖြစ်လေ၏။ လူနာမည်ကသာ မောင်ဝင်းဖြစ်၍ ၎င်း၏ အသားအရည်မှာ လူနာမည်နှင့် မလိုက်အောင် လွန်စွာပြာနှမ်းနှမ်း ဖြစ်နေလေ၏။ အသားအရည်ပင် ပြာနှမ်းနှမ်း ဖြစ်သည်မဟုတ်။ ထိုသူ၏ အသံမှာလည်း ချောက်ကပ်ကပ်ဖြစ်နေ၏။ ထိုင်သောအခါ အုပ်နံရံကို မှီထိုင်တတ်၏။သူ၏ အမူအရာများသည် ပြင်းရိသော ၀ိရိယမရှိသော ဇွဲမကောင်းသော သူ၏ စရိုက်လက္ခဏာကို ပြသလေ၏။

သူသည် ကျွန်ုပ်ထံတွင် ဗေဒင်လက္ခဏာပညာရပ်များကို သင်ယူလိုသူဖြစ်၏။ သူသည် ကျွန်ုပ်ကို ဆရာတင်လို၏။ ကျွန်ုပ်ကသူ့ကို တပည့်အဖြစ် လက်မခံလိုပေ။ သူ၏ ဥပဓိရုပ်နှင့် သူ၏ အမူအရာ အမူအကျင့် နေပုံထိုင်ပုံများကို အကဲခတ်ကြည့်လေရာ သူသည်မုချ အောင်မြင်ထွန်းပေါက်မည့် လူသားတစ်ဦး အဖြစ်မမြင်။

နောက်ဆုံးတွင် ကျွန်ုပ်သည် သူ၏ ညာဘက်လက်ဖ၀ါးကို အမှတ်မထင် ကြည့်မိလေ၏။ သူ၏ ညာဘက်လက်ဖ၀ါးကို ကြည့်မိမှ ကျွန်ုပ်သည် ထိုသူအား တပည့်တစ်ဦးအဖြစ် လက်မခံလိုသော ကျွန်ုပ်၏ ဆုံးဖြတ်ချက်များသည် ပို၍မှန်ကန်ကြောင်း သိရလေတော့၏။ ထိုသူ၏ ညာဘက်လက်ဖ၀ါးတွင် ညာဏ်လမ်းကြောင်းသည် အင်္ဂါဂြိုဟ်ခုံမှစ၍ အသက်လမ်းကြောင်းကို ဖြတ်၍ဆင်းသွား၏။ ထိုလက္ခဏာပိုင်ရှင် အများစုသည် အစကောင်းသော်လည်း အနှောင်းမသေချာသော လူစားမျိုး ဖြစ်လေ၏။ မည်သည့် ပညာရပ်ကိုပဲသင်သင် အစပိုင်းတွင် ဟုတ်သလိုလို ရှိသော်လည်း နောက်ပိုင်းတွင် အဖျားရူးသွား သော လူးစာမျိုးဖြစ်လေသောကြောင့် ထိုသူကဲ့သို့လူစားမျိုးသည် မည်သည့်ပညာရပ်တွင်မျှ ထွန်းပေါက်အောင်မြင်မှု့ မရှိ။ အောက်ပါ လက္ခဏာပုံကို ကြည့်ကြည့်ပါ။

အစကောင်းပြီးအနှောင်းမသေချာသောလက္ခဏာပုံစံ



ထိုကဲ့သို့သော လက္ခဏာပိုင်ရှင်များသည် ဗေဒင်ပညာတစ်ခုတည်းတွင် မဟုတ် ၊ မည်သည် ပညာရပ်ကိုပဲ သင်သင် ၊ မည်သည် အသက်မွေးဝမ်းကြောင်း အလုပ်ကိုပဲ လုပ်လုပ်၊ အစပိုင်းတွင် ဟုတ်သလိုလို ရှိသော်လည်း နောက်ဆုံးတွင် အဖျားရှုးသွားတတ်လေသောကြောင့် ကျွန်ုပ်သည် အောက်ပါအတိုင်း ၎င်းအား ပြောပြလိုက်လေတော့သတည်း။

ကိုဝင်းရေ...။ အကြောင်းကြောင်းကြောင့် ခင်ဗျားကို ကျွန်တော်တပည့်အဖြစ်လက်မခံနိုင်တာ စိတ်တော့ မကောင်းပါဘူးဗျာ။ ဒါပေမယ့် ဗေဒင်ပညာဂမ္ဘီရပညာရပ်တွေနဲ့ ပါတ်သက်ပြီး ခင်ဗျားသိချင်တာရှိရင် အချိန်မရွေး လာမေးပါဗျာ။ ကျွန်တော်သိသလောက် ပြန်ပြောပြပေးပါ့မယ်ဟု ပြောလိုက်လေတော့သတည်။


စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ

မတည့်သောအစားအစာ

ကျွန်ုပ်၏ ဇာတိဖြစ်သော ဧရာဝတီတိုင်း မြန်အောင်မြို့နယ်ကလေးတွင် ဆေးဆရာတစ်ဦး ရှိလေသည်။ ထိုဆေး ဆရာသည် မြန်မာဗိန္ဒောဆေးဆရာတစ်ဦး ဖြစ်၏။ သူ၏အမည်သည် ဦးသိန်းထွန်းဟူ၍ ခေါ်၏။ ဆရာဝန်ဆရာမပေါများသော ယနေ့မျက်မှောက်ခေတ်ကြီးထဲတွင်ပင် ကျွန်ုပ်တို့ ကျေးရွာသူကျေးရွာသား များသည် နေထိုင်မကောင်း တစ်ခုခု ဖစ်လာလျှင် ဆရာဝန်ဆီမသွား၊ ဦးသိန်းထွန်းဆီသာ သွားလေ့ရှိ၏။ ပင့်လေ့ရှိ၏။

ဆရာဝန်များထံသို့ မသွားခြင်းမှာ ဆရာဝန်ဆရာမများကို အထင်မကြီးသောကြောင့် မဟုတ်ပေ။ ဦးသိန်းထွန်းကို ပို၍ အထင်ကြီးလေးစားသောကြောင့်လည်း မဟုတ်။ ဒါဆို ဘာဖြစ်လို့ မသွားကြတာလဲဆိုတော့ ကျွန်ုပ်တို့ ကျေးရွာများသို့ ရောက်ရှိလာသော ဆရာဝန်ဆရာမများသည် မျက်နှာကြောတင်း၏။ အေးစက်စက်နိုင်၏။ အဆင့်အတန်း ခွဲကြားဆက်ဆံတတ်၏။ ရွာသူရွာသားများနှင့် ရောရောနှောနှော မနေတတ်။ ထို့ကြောင့် များသောအားဖြင့် နေထိုင်မကောင်း ဖြစ်သောအခါ ဆရာဝန်များထံ မသွားရဲကြပေ။

နောက်တစ်ခုမှာ ငွေကြေးချို့တဲ့သောကြောင့်လဲပါလေ၏။ ဦးသိန်းထွန်းဆိုသော ဗိန္ဒောဆေးဆရာကြီးသည် လွန်စွာလည်း စိတ်ကောင်းရှိလေ၏။ အသပြာကို အဓိကမထား။ စေတနာကိုသာ ရှေ့တန်းတင်၍ ကုသလေ၏။ မည်သည့်အခါမျှ ငွေကြေးစကားကို မပြောဘူးပေ။ ထို့ကြောင့်ပင် ဖြစ်လိမ့်မည်ထင်၏။ ဦးသိန်းထွန်းကြီးသည် သေသည့်နေ့အထိ ချမ်ချမ်းသာသာနေထိုင် သွားရသည်ကို မတွေ့ခဲ့ရပေ။

ထိုဆေးဆရာကြီး၏ ဆေးဝါးကုသပုံကား ဆန်း၏။ သူ၏ ဆေးဝါးကုသပုံမှာ ဓာတ်စာပေး၍ကုသခြင်း ဖြစ်လေ၏။ ဘာဟင်းကို ဘယ်လိုချက်စား၊ ဘာ အစားအသောက်တွေကို ရှောင်၊ ဘယ်အချိန်မှာ ရေချိုး၊ ဘယ်အချိန်ရောက်ရင် ချွေးထုပ်အစရှိသည်ဖြင့် ကုသပေးလေ၏။ များသောအားဖြင့် သူကုသသည့်အတိုင်း ရောဂါသည်များ ရောဂါပျောက်ကြသည်က များလေ၏။

ကျွန်ုပ်တို့ ဗေဒင်ပညာရပ်တွင်လည်း ထို့ကဲ့သို့ အလားတူသော တွက်နည်းရှိလေ၏။ ကျွန်ုပ်သည် ဒီနေရာလေး၌ ဓာတ်စာစား၍ရောဂါပျောက်စေခြင်း ဆိုသည်ကို ရေးသားထားခဲ့ဘူး၏။ ယခု ကျွန်ုပ် ပြောလိုသည်မှာ နေထိုင်မကောင်း ဖြစ်နေစဉ်ကာလ၌ ရှောင်ရမည့် အစားအသောက်တို့ကို ဖော်ပြပေးလိုက်ပါသည်။ မတည့်သော အစားအသောက်များဖြစ်၏။ မိမိ ဖြစ်ပွားနေသော ရောဂါဝေဒနာများကို ပို၍ တိုးပွားလာစေ၏။ ထို့ကြောင့် ကျန်းမာရေး မကောင်းသော ရောဂါ ဝေဒနာသည်များအတွက် မတည့်သော အစားအစာများကို ဖော်ပြပေးလိုက်ပါသည်။

တွက်နည်း.....
လူနာ၏ အသက်ကိုတည်။ (၆)နှင့် မြှေက်။ ရတာကို (၇)နှင့်စားပါ။
  • (၁)ကြွင်းရင် --- ကြက်သားနဲ့ မတည့်ဘူး။
  • (၂)ကြွင်းရင် --- မုန့်ပဲသရေစာနဲ့ မတည့်ဘူး။
  • (၃)ကြွင်းရင် --- နို့နဲ့ မတည့်ဘူး။
  • (၄)ကြွင်းရင် --- ဥနဲ့ မတည့်ဘူး။
  • (၅)ကြွင်းရင် --- ၀က်သားနဲ့ မတည့်ဘူး။
  • (၆)ကြွင်းရင် --- ကြံရည်နဲ့ မတည့်ဘူး။
  • (၇)ကြွင်းရင် --- လက်သုပ်နဲ့ မတည့်ဘူး။
အားလုံးအတွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ နှစ်သစ်ကူးကာနီးမှာ အားလုံး ပျော်ရွှင်နိုင်ကြပါစေလို့ ကြိုတင် ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်

Tuesday, December 21, 2010

အိမ်ငှားကိစ္စအဆင်ပြေစေရန်.....

သူ့ရဲ့နာမည်က ဦးအောင်သောင်းတဲ့.... အသက်ကတော့ ၅၆-နှစ်လောက် ရှိပြီ။ ပြောရရင်တော့ အသက်ကြီးပြီ လို့ ထင်ရပေမယ့် သူ့ကိုကြည့်လိုက်ရင် မြဲတမ်း နုပျိုလန်းဆန်းတက်ကြွနေတာ။ သူကသာ အသက်ကြီးတာ သူယူထားတဲ့ မိန်းမက အသက်က (၂၈)နှစ်ပဲရှိသေးတယ်။ သူ့မိန်းမနာမည်က မသောင်းအေးတဲ့။ ဗေဒင်စကားနဲ့ ပြောရရင်တော့ ကက်ကင်းပေါ့။ မနှစ်က သူတို့ မိသားစုလေးထဲကို သားလေးတစ်ယောက် ၀င်ရောက်လာခဲ့တယ်။ အသက်ကြီးမှ ကလေးရလို့လား မသိဘူး။ ဦးအောင်းသောင်းကြီးက ချစ်လိုက်တာ တုန်လို့။ သွားလေရာ ပုခုံးပေါ်ကကို မချဘူး။

ဦးအောင်သောင်းကြီးက အသက်ကြီးပြီဆိုတော့ သူ့ကိုအလုပ်ရုံတွေက လက်သင့်မခံဘူး။ အဲဒီတော့ သူက အိမ်စောင့်ရတယ်။ သူ့မိန်းမ မသောင်းအေးကတော့ မိုးလင်းကနေ အလုပ်သွားလိုက်တာ ညမိုးချုပ်တဲ့မှ ပြန်လာရတယ်။ တစ်ခါတလေ အိုဗာတိုင်တွေ ဘာတွေရှိလို့ကတော့ မအေးသောင်းခမျာ ည၁၁-နာရီလောက်မှ ပြန်လာရတယ်။

ကျွန်တော်တို့က ဦးလေးလို့ တလေးတစားခေါ်တဲ့ ဦးအေးသောင်းကြီးကလည်း မိသားစုအပေါ်မှာ မဆိုးရှာပါဘူး။ မိုးလင်းကနေ၀င် အိမ်အလုပ်တစ်ဖက်၊ ကလေးတစ်ဖက်နဲ့ ချက်ရပြုတ်ရ၊ လျှော်ရဖွတ်ရနဲ့ သူလည်း တနေကုန်တာပဲ။

တစ်နေ့မှာတော့ ဦးအေးသောင်းကြီး ကျွန်တော်ရဲ့ ဗေဒင်ဟောခန်းထဲကို ရောက်လာတယ်။ သူက ပြောတယ်။ တိုင်ပင်စရာလေးရှိလို့တဲ။ ကျွန်တော်က ပြောပါဗျာဦးလေးရလို့ဆိုတော့ ဒီလိုပါဆရာရယ်။ ကျွန်တော်တို့ မိသားစုအကြောင်းလဲ ဆရာလေးသိတဲ့အတိုင်းပဲ။ မသောင်းအေး လုပ်စာတစ်ခုတည်းနဲ့ ရပ်တည်နေရတာ အဆင်မပြေဘူး။ ခမျာလဲ အရမ်းပင်ပန်းရှာတယ်။ အားချိန်နားချိန်တောင် မရှိရှာဘူး။

အဲဒီတော့ ဆရာရယ်။ ကျွန်တော်က ဒီလိုစဉ်းစားမိတယ်။ အခု ကျွန်တော်တို့ငှားနေတဲ့ အိမ်ခန်းက ကျွန်တော်တို့ လင်မယား နှစ်ယောက်ထဲဆိုတော့ အခန်းက အကျယ်ကြီးလေဆရာ။ အဲဒီတော့ အိမ်မှာ ကောင်လေးတွေ (၅)ယောက်လောက် တင်ထားရင် ကောင်းမလားလို့။ သူတို့ကို ကျွန်တော်က ထမင်းလခ ချက်ကြွေးမယ် ဆရာရယ်။ အဲဒါဆိုရင် အနည်းဆုံးတော့ ကျွန်တော်တို့ လင်မယာနှစ်ယောက် အခန်းခနဲ့ စားစရိပ်တော့ ကာမိတာပေါ့။ အဲဒါလေး လုပ်ချင်တယ်ဆရာရယ်ဟု ဦးအေးသောင်းကြီးက ပြောလေ၏။

ထိုအခါ ကျွန်ုပ်က ဦးအေးသောင်းကို ဟာ ... ကောင်းတာပေါ့ ဦးလေးရာ။ အလုပ်ဆိုတာကတော့ အသက်ကြီး တယ် ငယ်တယ်ရယ်လို့ မရှိပါဘူး။ ကိုယ်နိုင်တာလုပ်တာ အကောင်းဆုံးပေါ့ဟု ပြန်ပြောလိုက်လေရာ ဦးအေးသောင်းက ဟုတ်ပါတယ်ဆရာရယ်။ ကျွန်တောဘက်ကတော့ အားလုံး အစီအစဉ်စွဲထားတာ အားလုံးကအဆင့်ပါပဲ။ အဲဒါ ကျွန်တော်အခန်းမှာ လာနေမဲ့လူ လေးငါးယောက်လောက် ရအောင် ဆရာလေးပညာနဲ့ ကူညီပေးစမ်းပါဟု ပြောလေသောကြောင့် ကျွန်ုပ်က ဦးအေးသောင်းအား အောက်ဖော်ပြပါ ယတြာကို ပြောပြလိုက်လေတော့၏။

အိမ်ငှားကိစ္စအဆင်ပြေစေသောယတြာ


အိုးတစ်လုံးထဲတွင် ရွက်လှပန်းထည့်၍ ယပ်တောင်ဖြင့် လက်ပြန်ခတ်ရင် အိမ်ငှားကိစ္စ အဆင်ပြေစေရန် ဆုတောင်းပါ။

(၅)ရက်လောက် အကြာမှာတော့ ဦးအေးသောင်းကြီး တစ်ယောက် ကျွန်တော့်ကို ၀က်သားဟင်းတစ်ခွက် လာပို့ခဲ့တယ်။ ကျွန်တော် သိလိုက်ပါတယ်။ ကျွန်တော်တို့က ဦးလေးလို့ တလေးတစားခေါ်တဲ့ ဦးအေးသောင်း ကြီးတစ်ယောက် အိမ်မှာ အိမ်ငှားကိစ္စ အဆင်ပြေသွားပြီဆိုတာ.........

စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ


Monday, December 20, 2010

အတိတ်နိမိတ်ကောင်းများနှင့် နေထိုင်ခြင်း

တစ်နေ့မှာ ကျွန်တော့်ရဲ့ အီးမေးလ်ထဲကို မယဉ်ကျေးမေဆိုသည့် မိန်းကလေးတစ်ဦးက အီးမေးလ်တစ် စောင် ပို့လာခဲ့ပါတယ်။ သူ့ရဲ့ စာအတိုင်း ပြန်လည် ဖော်ပြပေးရရင်

လေးစားရပါသောဆရာရှင့်...........

ကျွန်မနာမည် ယဉ်ကျေးမေလို့ ခေါ်ပါတယ်။ ကျွန်မဟာ ဆရာ့ဘလော့ရဲ့ စာဖတ်ပရိသတ် တစ်ယောက်ပါ။ အခုလို ဂမ္ဘီရနဲ့ ပတ်သက်တဲ့ ပညာရပ်တွေကို ဆရာစားမချန် ပြန်လည် ဝေမျှပေးတဲ့အတွက်လည်း စာဖတ်ပရိသတ်အားလုံးရဲ့ ကိုယ်စား ကျေးဇူးတင်စကား ပြောပါရစေ။

ကျွန်မဟာ ငယ်စဉ်တောင်ကျေး ကလေးဘ၀အရွယ်ကတည်းက ဗေဒင်တွေဘာတွေကိုဆိုရင် အရမ်းဝါသနာ ပါပါတယ်။ တတ်နိုင်သလောက်လည်း လေ့လာပါတယ်ဆရာ။ ကျွန်မက အိမ်မှာဆိုရင် အမြဲတမ်း အတိတ်နဲ့ နိမိတ်နဲ့ ပြည့်စုံအောင် နေထိုင်ပါတယ်။ နောက်ပြီး ကျွန်မက နည်းနည်းတော့ အယူသီးတယ်ဆရာရဲ့။ ဒါကြောင့် မို့လား မသိဘူး။ အိမ်ကလူတွေနဲ့ ကျမနဲ့က နည်းနည်းတော့ ဆန့်ကျင်ဖက် ဖြစ်နေတယ်။

ကျွန်မတို့ မိသားစုတွေက အားလုံးပေါင်း (၅)ယောက်ရှိပါတယ်ဆရာ။ ကျွန်မကတော့ နို့ညှာပေါ့။ နို့ညှာဆိုတာ ကျွန်မအောက်မှာ တစ်ယောက်ပဲ ရှိတော့တာကို ပြောတာပါ။ ဒါကြောင့် ကျွန်မက လေးယောက်မြောက်ပေါ့ ဆရာရယ်။ ကျွန်မတျု့ မိသားစု ဖေဖေရယ်၊မေမေရယ်၊ အမနှစ်ယောက်ရယ် အကိုတစ်ယောက်ရယ်၊ မောင်လေး တစ်ယောက်ရယ်။ ကျွန်မရယ် အားလုံးပေါင်းလိုက်ရင် စုစုပေါင်း (၅)ယောက်ပါ။ ကျွန်မရဲ့ မိခင်ဖြစ်သူက အရမ်း ငြီးတတ်တယ်ဆရာ။ ခိုက အရှုံးပေးရလောက်အောင် ငြီးတာ။ တစ်ခုခု အဆင်မပြေဘူးဆို၇င် တစ်နေ့ကုန်ကို ထိုင်ငြီးနေတော့တာပါပဲ ဆရာရယ်။

ငါတော့ သေချင်တော့တာပါပဲ။ ငါ့ကို ကူကယ်မယ့်လူလည်း ရှိတော့မှာ မဟုတ်ဘူး။ ဒီလိုဖြစ်မယ်မှန်း သိရင် မလုပ်ခဲ့ပါဘူး။ ငါတော့ စိတ်ညစ်လို့ သေသာသေလိုက်ချင်တော့တာပဲ။ ဒုက္ခပါပဲ။ ဒီတစ်သက်ကတော့ ငါနေချင်တဲ့ အဆင့်အတန်းတွေ နေရမှာလဲ မဟုတ်တော့ပါဘူး။ ဒီဘ၀ကြီးကတော့ ၀ဋ်ခံနေရတာ သက်သက်ပါပဲ။ နောင်ဘ၀များ လူမဖြစ်ပါရစေနဲ့ စသည်ဖြင့် အစုံပေါ့ဆရာရယ်။ အရမ်း ငြီးတတ်တယ်။ ကျွန်မကလည်း အဲဒီလို ငြီးတာကို မကြိုက်ဘူးဆရာ။

ဇမ္ဗူဒိတ်တောင်ကျွန်း လက်ယာနိမ်ထွန်းတယ်လို့ ဆိုတယ် မဟုတ်လားဆရာ။ ကောင်းတဲ့နိမိတ်၊ ကောင်းတဲ့ အသံ၊ ကောင်းတဲ့ အတွေးတွေနဲ့ ကိုယ်အိမ်တစ်ခုလုံး ပြန့်နှံနေမှ ကိုယ်အိမ်က မင်္ဂလာရှိမယ်။ စီးပွားတက်မယ်လို့ ကျွန်မကတော့ ယုံကြည်တယ်။ အဲဒါကို ပြောပြတော့ အမေက ကျွန်မကို မျက်စောင်းထိုးပြီး ငါမွေးလို့ လူဖြစ်လာရတဲ့ သူကများ ငါ့ကို ဆရာပြန်လုပ်နေသေးတယ်လို့တောင် အပြောခံရပါသေးတယ် ဆရာ။

နောက် အမတစ်ယောက်ကတော့ အရမ်းကျိန်တတ်တယ်ဆရာ။ ဘယ်ကနေ ဘယ်လို တတ်လာလဲတော့ မသိပါဘူးဆရာရယ်။ အဲဒိအမတစ်ယောက်ကြပြန်တော့ တစ်ခုခု စိတ်တိုင်းမကျ ဖြစ်တာနဲ့ ကျိန်တော့တာပဲ။ ပါးစပ်က မကြားတကြားရော ကြားရအောင်ရော ကျိန်တယ်။ ကိုယ်ကိုကိုလည်း ကျိန်တယ်ဆရာ။ နောက်သူများတွေကိုလည်း ကျိန်တာပဲ။ အဲဒါကို ကျွန်မ မကျိန်ကောင်းဘူး။ မင်္ဂလာမရှိဘူးလို့ ပြေရင် အမကလဲ မကြိုက်ဘူးဆရာ။ အငယ်က အငယ်လို မနေဘူးတဲ့။ အဲဒီတော့ ဆရာရယ် အိမ်မှာက ကျွန်မနဲ့ အိမ်က လူတွေနဲ့က နည်းနည်းတော့ ကသိကအောက် ဖြစ်ရပါတယ်။

အခု ကျွန်မ ဆရာ့ဆီ စာရေးပြီးမေးချင်တာက ကျွန်မတို့ လူ့လောကကြီးမှာ အမြဲတမ်း ပြောဆိုနေတဲ့ စကားလုံး လေးတွေထဲက အဲဒီ အတိတ်တို့ ၊နိမိတ်တို့နဲ့ ပတ်သက်ပြီး ဆရာသိသလောက် နည်းနည်းလေး ရှင်းပြပေးစေ ချင်ပါတယ်ဆရာ။

ကြိုတင်ကျေးဇူးတင်စွာဖြင့်
ယဉ်ကျေးမေ

အဲဒီစာကလေး ကျွန်တော်ဆီကို ရောက်လာခဲ့တာ။ ကျွန်တော်ကလည်း အီးမေးလ်ကနေ ပြန်ရေးပေးရင် ရပါတယ်။ ဒါပေမယ့် ဘလော့မှာလဲ တင်ချင်တာနဲ့ ဘလော့ပို့အဖြစ်နဲ့ပဲ ပြန်ရေးပေးလိုက်တာပါ။

ကျွန်တော်နဲ့ ယဉ်ကျေးမေနဲ့က တော်တော်လေး စရိုက်တူတယ်လို့ ပြေရမယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်လည်း အဲဒိ အတိတ်ကောင်း နိမိတ်ကောင်းတွေကို အယူသည်းတယ်။ ကိုယ်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက အတိတ်ကောင်းတွေ နိမိတ်ကောင်းတွေ ဖြစ်အောင် အမြဲတမ်းကြိုးစားတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ချမ်းသာချင်တာကိုး။ ချမ်းသာတာမှ တော်တော်ကြီးကို ချမ်းသာချင်တာ။ ဒါကြောင့် ကျွန်တော်က ကိုယ်ကိုကို အမြဲတမ်း ဂရုစိုက်တယ်။ အကုန်လုံး ဂရုစိုက်တယ်။

နံပါတ် (၁) ကောင်းကောင်းဝတ်တယ်ဗျာ။ (အဖိုးတန်ကြီးတွေ ဖြစ်ဖို့ မလိုပါဘူး) သန့်ရှင်း သပ်ရပ်နေအောင် ကြိုးစားတယ်။ တစ်စုံတစ်ယောက်က ကျွန်တော်ကို ခပ်လှမ်းလှမ်းကနေ မြင်လိုက်တာနဲ့ ကျွန်တော်ကို အဆင်ပြေနေတဲ့ လူသားတစ်ယောက်အဖြစ် မြင်ရအောင် ကျွန်တော် ကြိုးစားတယ်။ ကျွန်တော့်ကို ကြည့်လိုက်ရင် အရောင်မှိန်မနေဘူး။ အိုကေ..။ သူ ကျွန်တော့်ကို မြင်သွားပြီ။ သူနှုတ်ဆက်တယ်။ ဟကောင်ကြီး မတွေ့တာကြာလို့ လှ-လို့ ပ-လို့ပါလားကွ။ မင်းကြည့်ရတာ အဆင်တော်တော် ပြေနေတယ် ထင်တယ်။ အဲဒီလို သူ ကျွန်တော်ကို နှုတ်ဆက်တယ်။

အိုကေ...။ ဒါ ကျွန်တော် လိုချင်တဲ့ နိမိတ်။ ကျွန်တော် ကြားလိုက်တယ်။ ကျွန်တော် ပျော်သွားတယ်။ သူ့ပြောတဲ့ စကားသံလေးဟာ ကျွန်တော်ရဲ့ ရင်ထဲကို အေးမြစွာ စီးဆင်းသွားတယ်။ တဆက်တည်း ကျွန်တော်ရင်ထဲမှာ ဆက်လက်ဖြစ်တည်သွားတဲ့ ကျွန်တော်ရဲ့ စိတ်လေးက ဘယ်လိုဆက်ဖြစ်သွားလဲဆိုတော့ အင်း သေချာပါတယ်။ ငါဟာ သူတို့ပြောသလို သေချာပေါက် ကြီးပွားချမ်းသာမဲ့ ကောင်ပဲ။ အဲဒီလို စိတ်ထဲ ဖြစ်သွားတယ်။ ခိုင်မာသွားတယ်။

နောက်ပြီး ကျွန်တော်က တွေးရင်လဲ ကျွန်တော့်အတွေးထဲမှာ ကျွန်တော်က သူဋ္ဌေးကြီးနော်။ အင်မတန် ကြွယ်ဝ ချမ်းသာနေတဲ့ သူဋ္ဌေးကြီးနော်။ ကားကြီးအကောင်းစားကြီးကို စီးလို့ ၊ ပိုက်ဆံအိပ်ကြီး အကြီးကြီးကိုလည်း ကျွန်တော် ချိုင်းကြားမှာ ညှပ်ထားတာ။ ကျွန်တော် တစ်ကိုယ်လုံးမှာလဲ တန်ဖိုးကြီးတဲ့ အဆင်တန်စာတွေက အပြည့်။ နောက်ပြီး ကျွန်တော်ဆီကို မရှိဆင်းရဲတဲ့ ဆွေမျိုးသားချင်းတွေ ၊ အသိမိတ်ဆွေတွေကလည်း ကျွန်တော်ဆီမှာ လာပြီး အကူအညီတောင်းကြတယ်။ ကျွန်တော်ကလည်း သူတို့ တောင်းတဲ့ အကူအညီတွေကို ရက်ရက်ရောရော ပေးနေတာဗျ။ ဒါက အတွေးနိမိတ်ပါ။

နောက်တစ်ခု ကျွန်တော်က စကားပြောရင်လဲ ကောင်းတာတွေပဲ ပြောဖြစ်ပါတယ်။ မကောင်းတဲ့ စိတ်ညစ်တယ် ဆိုတဲ့စကားမျိုးတွေ စိတ်ဓာတ်ကျတယ်ဆိုတဲ့ စကားတွေ ၊ စိတ်မကောင်းတဲ့စကားတွေ သိမ်ငယ်တဲ့ စကားတွေ မပြောဖြစ်အောင် ကြိုးစားပါတယ်။ ကြာလာတော့လည်း တကူးတက သီးသန့်ကြိုးစားစရာရယ်လို့ မလိုတော့ပါဘူး။ အလိုလို အကျင့်ပါသွားပါတယ်။ အဲဒါတွေ အမြင်၊ အကြား၊ အတွေးဆိုတဲ့ အတိတ်နိမိတ်တွေနဲ့ ပြည့်စုံမယ်ဆိုရင် ပိုပြီးတော့ ကောင်းပါတယ်။

ဒါကြောင့် ဘ၀အောင်မြင်ရေး ခရီးကို လျှောက်လှမ်းနေကြသော အမျိုးကောင်းသားအမျိုးကောင်း သမီးများအတွက် ကျွန်တော် သိသလောက် ပြန်လည် တင်ပြပေးလိုက်ပါတယ်ခင်ဗျာ.....


စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ

Sunday, December 19, 2010

လွဲချော်မှု့တွေကင်းဝေးကြပါစေ....

“လွဲချော်မှု့” ဆိုသောစကားလုံးကလေး သုံးလုံးသည် သုံးလုံးဆိုသလောက် တော်တော်လေး ပြင်းထန်လေ၏။ သင်သည် အစအစအရာရာ လွဲချော်မှု့တွေနျင့် ကြုံဖူးပါသလား။ ကျွန်ုပ်အထင် လူတစ်ရာလျှင် အယောက်တစ်ရာ လုံးလုံး ကြုံဖူးကြလိမ့်မည်။ အင်မတန် ဒေါသထွက်စရာကောင်းသည်။ အင်မတန်မှလည်း ကြိတ်မနိုင်ခဲမရ ဖြစ်ရသည်။ လုံးဝ မဖြစ်တာလည်း မဟုတ်။ နောက်ဆုံးတော့လည်း အောင်မြင်သွားကြတာပါပဲ။ သို့သော် အောင်မြင်တစ်ခု ကို မရခင်စပ်ကြား တေ့လွဲကလေး လွဲလွဲနေကြတာသည် အင်မတန်မှပင် စိတ်ထဲတွင် နေမထိ ထိုင်မရ ဖြစ်ရတတ်သည်။

လွဲချော်မှု့ ဆိုသော စကားလေးသည် လူတိုင်းနျင့် သက်ဆိုင်နေသည်။ နေရာတိုင်းတွင် ရှိနေသည်။ အလုပ်တိုင်း တါင်လည်း ရှိနေတတ်သည်။ အိမ်ထောင်ရေး ကျန်းမာရေး အချစ်ရေး စီးပွားရေး အရာအားလုံးတွင် ရှိသည်။ တစ်ခုခုကို ကိုယ်က သေချာပြီဆိုပြီး အကောင်အထည် ဖော်လိုက်တယ်။ လွဲသွားတယ်။ အိုကေ။ ရပါတယ်။ တစ်ကြိမ်တစ်ခါလောက်တော့ ပြဿနာ မရှိပါဘူး။ ခံနိုင်ရည်ရှိတယ်။ ရတယ်။

ဒါပေမယ့် အကြိမ်ကြိမ်အခါခါဆိုရင် ဒီလူသား ခံနိုင်ရည်တွေ ကျလာပြီ။ ပထမဦးဆုံး ဘာတွေ ဖြစ်လာမလဲ။ စိတ်ဓာတ်တွေ ကျလာမယ်။ အလုပ်ကို ကြောက်လာမယ်။ အလုပ်လုပ်ရမှာကို မ၀ံ့မရဲ ဖြစ်လာမယ်။ နောက်ဆုံးကျတော့ ဘ၀မှာ ကျရှုံးလာမယ်။ ဘာလုပ်လုပ် မအောင်မမြင် ဖြစ်လာမယ်။ လူတောသူတော မတိုးဖြစ်လာမယ်။ ဒါကြောင့် ပြောတာပေါ့။ လွဲချော်မှု့ဆိုတဲ့ စကားလုံးလေးတစ်ခွန်းဟာ ဘ၀မှာ ဘယ်လောက်အထိ တာသွားလဲဆိုတာ။ ဒါကြောင့် ကျွန်တော် ဒီနေရာလေးကနေပြီး လွဲချော်မှု့တွေ ကင်းဝေးကြပါစေဆိုတဲ့ ယတြာကို တင်ပေးလိုက်ပါတယ်။ လူတိုင်းလူတိုင်း ဘ၀အသီးသီး နေရာအသီးမှာ လွဲချော်မှု့တွေ ကြုံတွေ့နေရပါက အောက်တွင် ဖော်ပြပေးလိုက်သော ယတြာများကို မကြာမကြာ ဆောင်ရွက်ပေးခြင်းအားဖြင့် လွဲချော်မှု့များ မကြုံဆုံနိုင်တော့ပါကြောင်း စေတနာကောင်းဖြင့် ဖော်ပြပေးလိုက် ပါတယ်။

  • တနင်္ဂနွေသားသမီးများဖြစ်ပါက.....
  • စနေနေ့နံက် စောစောတွင် စနေသားဘုန်းတော်ကြီးတစ်ပါးအား အုန်းရည်နှင့်သကြားဖျော်စပ်ထားသော အချိုရည်ကို လှူဒါန်းဆက်ကပ်၍ ဆုတောင်းပါ။

  • တနင်္ဂနွေသားသမီးများဖြစ်ပါက.....
  • စနေနေ့နံက် စောစောတွင် စနေသားဘုန်းတော်ကြီးတစ်ပါးအား အုန်းရည်နှင့်သကြားဖျော်စပ်ထားသော အချိုရည်ကို လှူဒါန်းဆက်ကပ်၍ ဆုတောင်းပါ။
  • တနင်္လာသားသမီးများဖြစ်ပါက.....
  • တနင်္ဂနွေနေ့နံက် စောစောတွင် တနင်္ဂနွေသား ဘုန်းတော်ကြီးတစ်ပါးအား ကြံရည်အေးအေးလေး တစ်ခွက်ကို လှူဒါန်းဆက်ကပ်၍ ဆုတောင်းပါ။
  • အင်္ဂါသားသမီးများဖြစ်ပါက.....
  • တနင်္လာနေ့နံက် စောစောတွင် တနင်္လာသား ဘုန်းတော်ကြီးတစ်ပါးအား ဇီးဖျော်ရည်ကို လှူဒါန်း ဆက်ကပ်၍ ဆုတောင်းပါ။
  • ဗုဒ္ဓဟူးသားသမီးများဖြစ်ပါက.....
  • အင်္ဂါနေ့နံက် စောစောတွင် အင်္ဂါသားဘုန်းတော်ကြီးတစ်ပါးအား လိမ္မော်ရည်ကို လှူဒါန်းဆက်ကပ်၍ ဆုတောင်းပါ။
  • ကြာသပတေးသားသမီးများဖြစ်ပါက.....
  • ဗုဒ္ဓဟူးနေ့နံက် စောစောတွင် ဗုဒ္ဓဟူးသားဘုန်းတော်ကြီးတစ်ပါးအား ပေါက်ပေါက်ဆုပ် (၁၉)ဆုပ်နှင့် ပျားရည်ကို လှူဒါန်းဆက်ကပ်၍ ဆုတောင်းပါ။
  • သောကြာသားသမီးများဖြစ်ပါက.....
  • ကြာသပတေးနေ့နံက် စောစောတွင် ကြာသပတေးသား ဘုန်းတော်ကြီးတစ်ပါးအား သံပုရာရည်ကို လှူဒါန်း ဆက်ကပ်၍ ဆုတောင်းပါ။
  • စနေသားသမီးများဖြစ်ပါက.....
  • သောကြာနေ့နံက် စောစောတွင် သောကြာသားဘုန်းတော်ကြီးတစ်ပါးအား နွားနို့တစ်ခွက်ကို လှူဒါန်းဆက်ကပ်၍ ဆုတောင်းပါ။
ကဲဗျာ.... အားလုံးသောသူများ ဘ၀အမောများ ပြေပြောက်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

  • သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
  • ဟိန်းတင့်ဇော်
  • ထိုင်းနိုင်ငံ-မဟာချိုင်မြို့
  • Sayaheintintzaw@gmail.com
  • Ph.+66874150022
  • (အီးမေးလ်အသစ်ကို ပြောင်းလဲ၍ စတင်အသုံးပြုနေပါပြီ)

Friday, December 17, 2010

အားလုံးအတွက်သက်ရောက်ယတြာ

ကျွန်တော် ဒီနေရာလေးမှာ သက်ရောက်တွက်နည်း ဆိုပြီး တင်ပြပေးထားခဲ့ပါတယ်။ အဲဒီပို့လေးကို ဖတ်ကြည့်ပြီး မိမိ ဒီနှစ်မှာ အသက်ကဘယ်လောက်၊ ဘာသက်ရောက်ကို ရောက်နေသလဲဆိုတာကို အရင် တွက်ကြည့်လိုက်ပါ။ အဲဒီ သက်ရောက်ကို တွက်ကြည့်လို့ရပြီဆိုရင် အခု အောက်မှာကျွန်တော်ပြောပြတဲ့ သက်ရောက်ယတြာတွေကို စိတ်ချလက်ချချေပါ။ သင်ဖြတ်သန်းနေရသော ယခုနှစ်အတွင်း သင်၏စီးပွားရေး လူမှု့ရေးအိမ်ထောင်ရေး အစရှိသောကိစ္စရပ်များအားလုံးတွင် အညံ့အခိုက်များပြေပြောက်၍ ကောင်းကျိုး ချမ်းသာများ ရရှိခံစားနိုင်မည် ဖြစ်ပါတယ်။

တနင်္ဂနွေသက်ရောက်

တန်ခိုးကြီးဘုရားတစ်ဆူဆူသို့ သွား၍ သောကြာဒေါင့်တွင် ရေ ၊ ယပ် ၊ ရွှေသင်္ကန်း ၊ အစရှိသည်တို့ကို (၆)ခု (၆) ချပ် လှူဒါန်းပါ။

တနင်္လာသက်ရောက်

တန်ခိုးကြီးဘုရားတစ်ဆူဆူသို့ သွား၍ တနင်္လာဒေါင့်ဖြစ်သော အရှေ့အရပ်တွင် ကံ့ကော်ပန်း၊ ငွေပန်း၊ တံခွန်၊ ထီးဖြူ အစရှိသည်တို့ကို (၉)ခု (၉) မျိုး လှူဒါန်းပါ။

အင်္ဂါသက်ရောက်

တန်ခိုးကြီးဘုရား တစ်ဆူဆူသို့သွား၍ စနေဒေါင့်ဖြစ်သော အနောက်တောင်အရပ်တွင် မီးသက်စေ့၊ ထီးဖြူသက်စေ့၊ ပိတ်ဖြူတစ်စ လှူဒါန်းပါ။

ဗုဒ္ဓဟူးသက်ရောက်

တန်ခိုးကြီးဘုရားတစ်ဆူဆူသို့ သွား၍ စနေဒေါင့်ဖြစ်သော အနောက်တောင်အရပ်တွင် မီးသက်စေ့၊ ထီးဖြူသက်စေ့၊ ပိတ်ဖြူတစ်စ လှူဒါန်းပါ။

ကြာသပတေးသက်ရောက်

တန်ခိုးကြီးဘုရားတစ်ဆူဆူသို့ သွား၍ အင်္ဂါဒေါင့်ဖြစ်သော အရှေ့တောင်အရပ်တွင် ဆွမ်းသုံးပွဲ၊ အုန်းဆွမ်းသက်စေ့၊ ရေချမ်းသက်စေ့ လှူဒါန်းပါ။

သောကြာသက်ရောက်

တန်ခိုးကြီးဘုရားတစ်ဆူဆူသို့ သွား၍ ကြာသပတေးဒေါင့်ဖြစ်သော အနောက်မြောက်အရပ်တွင် မီးသက်စေ့၊ စံပယ်ပန်း ၊ စိန်ပန်း လှူဒါန်းပါ။

စနေသက်ရောက်

တန်ခိုးကြီးဘုရားတစ်ဆူဆူသို့ သွား၍ တနင်္ဂနွေဒေါင့်ဖြစ်သော အရှေ့မြောက်အရပ်တွင် သီးသီး (သို့) အုန်းသီး၊ ထီးနီဆယ်လက် လှူဒါန်းပါ။ ဘုန်းကြီးကို ဆေးဝါးဓာတ်စာ လှူပေးပါ။

ရာဟုသက်ရောက်

တန်ခိုးကြီးဘုရားတစ်ဆူဆူသို့ သွား၍ ရာဟုဒေါင့်ဖြစ်သော အနောက်မြောက်အရပ်တွင် ရေလှူပေးပါ။ ယပ်လှူပေးပါ။ ဘုရားရင်ဘတ်တော်ကို ရွှေသင်္ကန်း ကပ်လှူဒါန်းပါ။


  • သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
  • ဟိန်းတင့်ဇော်
  • ထိုင်းနိုင်ငံ-မဟာချိုင်မြို့
  • Sayaheintintzaw@gmail.com
  • Ph.+66874150022
  • (အီးမေးလ်အသစ်ကို ပြောင်းလဲ၍ စတင်အသုံးပြုနေပါပြီ)

Thursday, December 16, 2010

နိုင်ငံခြားနှင့်ပါတ်သက်သောယတြာများ

ကဲ... အရင်ဆုံး ဘယ်က စရင်ကောင်းမလဲ။ အိုခေ နိုင်ငံခြားနဲ့ ပါတ်သက်တဲ့ ယတြာများဆိုတော့ ပထမဆုံး နိုင်ငံခြားကို စတင်ပြီး သွားချင်ပြီ။ ကြံစည်ပြီ ဆိုပါတော့။ဒါဆိုရင် နိုင်ငံခြားကို အမြန်သွားရအောင် ဘယ်လို ယတြာလုပ်မလဲပေါ့။ မသွားခင်ကတည်းက ထစ်ငေါ့နေပြီ။ ကြန့်ကြာနေပြီဆိုရင် မကောင်းပေဘူး။ မဟုတ်ဘူးလား ဗျာ။ ကဲ... စလိုက်ကြရအောင်။

နိုင်ငံခြားအမြန်သွားချင်ရင် ...ယတြာအမှတ်စဉ်(၁)

ကိုယ်အိပ်ခါနီးဆိုရင် ဘာမှ မလုပ်နဲ့တော့။ အုန်းမှုတ်ခွက် နှစ်ခွက်ကို တီးပြီး ကိုယ်သွားချင်တဲ့ နိုင်ငံကို အာရုံပြု ဆုတောင်းရတယ်။ ဒီလောက်ပါပဲ။

နိုင်ငံခြားအမြန်သွားချင်ရင် ...ယတြာအမှတ်စဉ်(၂)

အပြာရောင်မိုးပျံဘောလုံး တစ်လုံးမှာ နာမည်၊ မွေးနေ့၊ အသက်၊ ပတ်စပို့နံပါတ်၊ သွားမယ့်နိုင်ငံ၊ လျှောက်ထားတဲ့ အလုပ်၊ ကျောင်း၊ အဲဒါတွေရေး။ အားလုံးကို အင်္ဂလိပ်လို ရေးရမယ်နော်။ သောကြာနေ့ည (၁၂)နာရီ တိတိမှာ အိမ်ရှေ့မှာ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတွေကို လေးလေးနက်နက် ဆုတောင်းပြီး လွှတ်တင်လိုက်ရမယ်။ အဲဒီ မိုးပျံဗူဘောင်းမှာတော့ တားရော့နံပါတ် (၂၁) ကဒ်ပြားကို ချဉ်ပြီး လွှတ်တင်လိုက်ပါ။ ဒါလည်း အောင်မြင်စေသောယတြာ တစ်ခု ဖြစ်ပါကြောင်း။

နိုင်ငံခြားအမြန်သွားချင်ရင် ...ယတြာအမှတ်စဉ်(၃)

နောက်တစ်ခုက ကမ္ဘာမြေပုံ ကားချပ်ကြီး တစ်ခုဝယ်။ ပြီးရင် ကိုယ်အခန်း အိပ်ယာဘေးမှာကပ်။ ပြီးရင် ကိုယ်သွားမယ့် နိုင်ငံရဲ့ အမည်ပေါ်မှာ ကိုယ့်ရဲ့ ပတ်စပို့ ဓာတ်ပုံလေးကပ်ပြီး နေ့စဉ်ရက်ဆက် ဆိုသလို ကိုယ်သွားမယ့် နိုင်ငံကို ရောက်ပြီလို့ အာရုံပြု ဆုတောင်းပေးနိုင်ပါတယ်။

နိုင်ငံခြားအမြန်သွားချင်ရင် ...ယတြာအမှတ်စဉ်(၄)

ခုံဖိနပ်တစ်ရံ ကို ၀ယ်စီးထားလိုက်ပါ။ နှစ်ရက် သုံးရက်လောက် စီးထားရင် ရပါပြီ။ သုံးရက်လောက်ကြာတဲ့အခါ အဲဒီ ခုံဖိနပ်နဲ့ ယတြာချေမယ်။ ဘယ်လို လုပ်ရမလဲဆိုတော့ မြေကြီးမှာ စည်းတစ်ခု ဆွဲထားပါ။ ကိုယ်က စည်းရဲ့ အတွင်းဘက်ကနေ ခုံဖိနပ် စီးထားပြီး ရပ်နေပါ။ ပြီးရင် ခုံဖိနပ်ကို ချွတ်ပြီး ခုံဖိနပ်ပေါ်မှာ တက်ရပ်နေပါ။ စည်းရဲ့ အပြင်ဘက်မှာကတော့ ဖိနပ်အသစ် တစ်ရံ ချထားပါ။ ပြီးရင် ကိုယ်သွားချင်တဲ့ နိုင်ငံကို အာရုံပြုပြီး ဘေးတိုက် ခုန်ကျော်လိုက်ပါ။ ကျန်ခဲ့တဲ့ ခုံဖိနပ် အဟောင်းကြီးကို တစ်စုံတစ်ယောက်က ဓားတဲ့ ခုတ်ထစ်ပြီး မီးရှို့ ပစ်လိုက်ပါ။ ဒါလည်း အကောင်းဆုံး ယတြာပါပဲ။

နိုင်ငံခြားအမြန်သွားချင်ရင် ...ယတြာအမှတ်စဉ်(၅)

နောက်တစ်နည်း ကိုယ့်ရဲ့ မွေးနေ့ နံက် (၉း၄၅)မှာ အောင်သပြေပန်း သက်စေ့နဲ့ ရွှေတိဂုံဘုရား မြောက်ဘက်မုခ် (ခြေတော်ရာ)ဘုရားမှာ လှူဒါန်းပြီး ဆုတောင်းလိုက်ပါ။ ဖြစ်နိုင်၇င် မကြာခဏ သွားလှူပြီး ဆုတောင်းပါ။ လမ်းစရိတ်ပြတ်နေသူတွေက်ု ဒါနပြုပါ။ လမ်းပြင် တံတားဆောက်တဲ့ နေရာတွေမှာ အလှူပေးပါ။

နိုင်ငံခြားအမြန်သွားချင်ရင် ...ယတြာအမှတ်စဉ်(၆)

မတ်တော်ရပ် ဘုရားတစ်ဆူဆူကိုသွားပြီး ခြေဖမိုးကို ရွှေချပြီး နိုင်ငံခြား အမြန်သွားရပါစေကြောင်း ဆုတောင်းပါ။

နိုင်ငံခြားအမြန်သွားချင်ရင် ...ယတြာအမှတ်စဉ်(၇)

စက္ကူပေါ်မှာ မိမိနာမည်၊ မွေးသက္ကရာဇ် အပြည့်အစုံရေးပါ။ သင်္ဘောသီးတစ်လုံးရဲ့ ဘေးမှာကပ်ပါ။ နောက်ပြီး အနီရောင် တံခွန်လုံး (၇)လုံးကို သင်္ဘောသီး ထိပ်တည့်တည့်ကနေ ၀ိုင်းဝိုင်းလေး စိုက်ဗျာ။ ပြီးတော့ မွေးနေ့ နံက် (၉း၄၅)မှာ တစ်ကြိမ်။ ည( ၉း၄၅) မှာ တစ်ကြိမ် သင်္ဘော အညှာပေါ်မှာ ဖယောင်းတိုင် ထွန်းပြီး လေးလေးနက်နက် ဆုတောင်းပါဗျ။

ဗီဇာကိစ္စ အဆင်ပြေချောမွေ့စေရန်။

သံရုံသွားကာနည်း စံပယ်ပန်ရှစ်ကုံးကို ဆက်ပြီး မြတ်ဘုရားအား စလွယ်သိုင်း ကပ်လှူပြီး အဆင်ပြေဖို့ ဆုတောင်းသွားပါ။ နောက် ကိုင်းပါတဲ့ ရေခွက်တစ်ခွက် ဘုန်းတော်ကြီး တစ်ပါးကို ကပ်လှူဆုတောင်းသွားပါ။

နိုင်ငံခြားက ငွေအမြန်ပို့ပေးစေရန်...

စပယ်ယာပြန်အမ်းသော ပိုက်ဆံဖြင့် ငွေပို့ပေးစေလိုသောသူ၏ ဓာတ်ပုံကို အိပ်ခါနီးတိုင်း ယပ်ခပ်ပြီး ငွေအမြန် ပို့ပေးစေလို့ ပြောပါ။ နေ့တိုင်း လုပ်ပါက တစ်ပါတ် ဆယ်ရက်အတွင်း အောင်မြင်နိုင်ပါသည်။

ကဲဗျာ..။ ဒီလောက်ဆိုတော်တော်လေးလည်း စုံနေပါပြီ။ ညလည်း (၂း၀၀) ထိုးပြီ။ မနက်လည်း စောစောလေး ထရဦးမယ်ဆိုတော့ .... ဂွတ်နိုက်လို့ အားလုံးကို နှုတ်ဆက်လိုက်ပါတယ်။ အခုရက်ထဲ ဥုမ်သဟာ စာဖတ်ခန်းလေးကို ဆောင်ရွက်နေရတာရယ် ဗေဒင်ဟောခန်းမှာ ဧည့်သည်တွေကို ဗေဒင်ဟောပေးရတာရယ်။ အွန်လိုင်းက မိတ်ဆွေတွေကို ဟောစာတမ်းတွေ ပို့ပေးနေရတာရယ်တွေကြောင့် ပို့တင်တာ နောက်ကျခဲံရင် နားလည်ပေးကြပါလို့..........

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့

အဘမင်းသိင်္ခ စာရေးနည်းအတတ်ပညာ

အရင်တခါတင်ထားတုန်းက ပုံတွေနဲ့ တင်ထားတာပါ။ ကူးရတဲ့ လူတွေ အဆင်မပြေဘူးဆိုလို့ စာပြန်ရိုက်ပြီး ပြန်တင်ပေးလိုက်ပါတယ်။

ကျွန်တော်တို့မရမ်းတလင်းခြံ အယူတော်မင်္ဂလာခြံမှာ ပညာသင်ခဲ့တုန်းက အရမ်း ပျော်ရွှင်ခဲ့ရပါတယ်။ ဘာမှ ပူပင် သောကမရှိခဲ့ဘူး။ အဘကျွေးတဲ့ ထမင်းကိုစားတယ်။ အဘ ၀တ်ခိုင်းတဲ့ အ၀တ်အစားကို ၀တ်တယ်။ မိုလင်း မနက်(၄)နာရီ လောက်ကတည်းကနေ ညနေ မုန်းစုန်းစုန်း ချုပ်တဲ့အထိ အဘရဲ့ ဗေဒင်ပညာနဲ့ ပတ်သက်တဲ့ အလုပ်တွေကို လုပ်တရတယ်။ အမှန်အတိုင်းပြောရရင် အားချိန်နားချိန်ရယ်လို့တောင် မရှိခဲ့ပါဘူး။ တစ်နေ့မှာ (၃)နာရီလောက်ပဲ အိပ်ခဲ့ရတယ်။ ဒါပေမယ့် အိပ်ရေးမ၀လို့ မူးနောက်နောက် ဖြစ်ခဲ့တယ်ဆိုတာ မရှိသလောက်ပါပဲ။ နောက် ကျွန်တော်တို့ နေထိုင်လာခဲ့တဲ့ နှစ်တွေမှာ နေထိုင်မကောင်းလို့ အိပ်ယာထဲ လှဲနေရတယ်ဆိုတာလဲ မရှိခဲ့ ပါဘူး။

ဒါကြောင့် ကျန်းမာရေးကောင်းခြင်းရယ်၊ အိပ်ပျော်ခြင်းရယ် ၊ ပျော်ရွှင်ခြင်းရယ် ဆိုတာကို ကျွန်တော် သဘောပေါက်နေခဲ့တယ်။ အဘမင်းသိင်္ခရဲ့ ခြံမှာ နေတုန်းက ပညာတွေ မျိုးစုံသင်ယူခဲ့ရတယ်။ အဘကလည်း ကျွန်တော်တို့ကို ထမင်းကျွေး လဘက်ရည်တိုက် ပြီး ပညာမျိုးစုံကို သင်ပေးခဲ့တယ်။ ဒါကြောင့် မရမ်းတလင်းခြံ ကြီးဟာ ကျွန်တော်တို့တွေအတွက် တက္ကသိုလိကျောင်းတော်ကြီး တစ်ခုဖြစ်ခဲ့ပြီး အဘမင်းသိင်္ခကတော့ ကျွန်တော်တို့တွေအတွက် ဒိသာပါမေက္ခဆရာကြီးပေါ့။ ဒါက ကျွန်တော်တို့တပည့်တွေရဲ့ အယူအဆပါ။

အဓိကကတော့ ကျွန်တော်တို့ရဲ့ နိမ့်ကျနေတဲ့ စိတ်ဓာတ်တွေကို မြင့်တင်ပေးခဲ့တယ်။ ကျွန်တော်တို့တွေဟာ အဘမင်းသိင်္ခဆီကို မရောက်ခင်တုန်းက တကယ့် ဂျလေဘီတွေပါ။ လူရာမ၀င်ဘူး။ နိမ့်ကျတယ်။ အနှိမ်ခံရတယ်။ အားငယ်တတ်တယ်။ သိမ်ငယ်နေတယ်။ လူတောမတိုးဘူး။ ကိုယ့်ကိုကို ယုံကြည်ချက်လုံးဝ မရှိဘူး။ နောက်ဆုံး ကုန်ကုန်ပြောရရင် ကိုယ်ကြိုက်နေတဲ့ မိန်းကလေးတစ်ယောက်ကိုတောင် ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်း ဖွင့်မပြောရဲခဲ့ဘူး။ နောက်ပြီး ဘာမှတောင် မလုပ်ရသေးဘူး ဖြစ်မှ ဖြစ်ပါ့မလားလို့ ကြိုတွေးနေတဲ့ လူဖျဉ်းတွေပါ။

သုညအောက် ယူဇနာတစ်ရလောက်အထိ နိမ့်ကျနေတဲ့ ကျွန်တော်တို့တတွေရဲ့ စိတ်ဓာတ်တွေကို မိုးကောင်း ကင်လောက်အထိ မြင့်အောင် ဆွဲတင်ပေးခဲ့တာပါ။ စကားတွေ ထိုင်ပြောနေရုံတင်မကပဲ စိတ်ကို တွန်းအားပေး စေတဲ့ စိတ်တန်ခိုးကျင့်စဉ်တွေကို မရမ်းတလင်းခြံထဲမှာ နေထိုင်ဖူးသူတိုင်း ကျင့်ကြံဖူးတယ်။ နောက်ပိုင်းကတော့ ၀ါသနာပါတယ် လူတွေက ဆက်ကျင့်ကြပေါ့။ တစ်ချို့တွေကတော့ ရပ်သွားကြတယ်။ အဲဒီလို ကျွန်တော်တို့တွေ ဟာ အဘမင်းသိင်္ခဆီမှာ ပညာသင်ကြားခဲ့ရတာပါ။

မရမ်းတလင်းခြံမှာ နေတုန်းက ဘာပညာတွေ သင်ကြရလဲလို့ တစ်စုံတစ်ယောက်က မေးလာမယ်ဆိုရင် အစုံပေါ့လို့ ပြန်ပြောမိမှာပဲ။ ဒီနေရာမှာ အဘမင်းသိင်္ခ ပြောဖူးတဲ့ စကားလေးတစ်ခွန်းကို ပြန်ပြောချင်ပါတယ်။ မင်းတို့တွေ ဗေဒင်က မခက်ဘူတဲ့။ အရမ်း လွယ်ပါတယ်။ ခနလောက် သေသေချာချာ သင်လိုက်ရင် တတ်ပါတယ်။ ခက်တာက အောင်မြင်အောင် လုပ်တဲ့ပညာက အရေးကြီးတာတဲ့။ ဒါကြောင့် ကိုယ်လုပ်တဲ့ အလုပ်တစ်ခုကို အောင်မြင်အာင် လုပ်တတ်ဖို့ အရေးကြီးတယ်တဲ့။


  • ကျွန်တော်တို့ မရမ်းတလင်းခြံမှာတုန်းက ဗေဒင်ပညာ သင်ရတယ်။ မြန်မာ့ရိုးရာ လက်ဝေ့ သင်ရတယ်။ ဆိုဗီယက်ပြန် လက်ဝှက်အဖွဲ့ချုပ် နာယကကြီး ဦးဗိုလ်စိန်ဆီမှာ (စာလုံးပေါင်းမှားရင် ခွင့်လွှတ်ပါ) အဘကိုယ်တိုင် အပ်ပြီး သင်တန်းဖွင့်ခဲ့တာ။ စကားပြောဖြင်း အတတ်ပညာတို့ ဟာသအတတ်။ ဂဏန်းအတတ် တို့ သင်ခဲ့ရတာ။ ဗေဒင်ကတော့ အဓိကပေါ့။ နောက်ထပ် ပညာရပ်တစ်ခုကတော စာရေးဖြင်း အတတ်ပညာပါပဲ။

ကျွန်တော်တို့တွေဟာ စာမတတ်ဘူ။ ပညာအရည်အချင်း မရှိဘူး။ အဲဒီတော့ စာရေးဆရာနဲ့ ကိုယ်နဲ့ ဘာဆိုင်လဲပေါ့။ အရင်တုန်းက တွေးမိတာက စာရေးဆရာဆိုတာက ဘွဲ့ရပညာတတ်တွေပဲ လုပ်လို့ရတဲ့ အလုပ် တစ်ခုလို့ ထင်ခဲ့တာ။ နောက်တော့ အဘဆီရောက်မှ စာမတတ်လဲ စာရေးလို့ ရပါလားဆိုတာကို သိခဲ့ရတာ။ အဘပြောတာက ငါလဲ စာမတတ်ပါဘူးကွာတဲ့။ စာမတတ်ပေမယ့် လူတိုင်းက စကာပြောတတ်တယ်ကွတဲ့။ စကားပြောသလိုရေးပေါ့ ဆိုတော့ ကျွန်တော်တို့တတွေကို အဘမင်းသိင်္ခက အဲလိုစသင်ပေးခဲ့တာ။

အဲဒီမှာ အဘမင်းသိင်္ခ စာရေးတဲ့အခါမှာ ပုံသေလုပ်ထားတဲ့ စာလေးတွေ ရှိတယ်။ အဲဒါတွေကို ကျွန်တော်က ပြန်လည် မျှဝေချင်တာပါ။ ဒါကြောင့် စာရေးတာကို ၀ါသနာပါကြတဲ့ မျတ်ဆွေများလည်း အားမငယ်ပဲ စိတ်ဓာတ်မကျပဲ ဆက်လက်ကြိုးစားဖို့ တွန်းအားပေးချင်ပါတယ်။

ကျွန်တော်တို့ စာရးတဲ့အခါမှာ ဥပမာ ၀တ္ထုရေးတယ် ဆိုပါစို့။ ကျွန်တော်တို့ ၀တ္ထုထဲက ဇာတ်လိုက်တွေရဲ့ အမူအရာ တွေကို အဘက ပုံသေလုပ်ပြီး ပေးထားခဲ့တာပါ။ အနည်းဆုံးတော့ အဲဒါတွေပါအောင် ထည့်ရေး၇မယ်ပေါ့။ ဒါမှ စာဖတ်သူက ကျွန်တော်တို့ရဲ့ ဇာတ်ကောင်ကြီး ဘာဖြစ်နေတယ်ဆိုတာ မျက်လုံးထဲမှာ မြင်ယောင်လာမှာလေ။ ဥပမာ ဆိုကြပါစို့ ။ကျွန်တော်က ကောင်မလေးတစ်ယောက်ကို ချစ်ရေးဆိုတယ် ဆိုပါစို့။ ဒါဆို ကျွန်တော် ချစ်ရေးဆိုတဲ့ ကောင်မလေးက ရှက်သွားမယ်။ သူရှက်သွားရင် သူ့ရဲ့ ပုံစံက ဘယ်လို ဖြစ်သွားမလဲ။ အဘရဲ့ စာထဲမှာ ရေးထားတာက....

ရှက်သော်....
ရှက်ကြောက် ရိုသေမှု့ဖြင့် ဟန်လုပ်ခြင်း ဖြစ်၏. ထိုသို့ ပြုခြင်း၌ ဖြစ်ပေါ်လာသော အမူအရာတို့သည်...

  • (၁)...ပြုံးခြင်း၊
  • (၂)...မျက်ခြေမပြတ်ကြည့်ခြင်း။
  • (၃)...ယဉ်ကျေးစွာ လှီးလွဲပြောဆိုခြင်း။
  • (၄)...နူးညံ့သော အပြုအမူတို့ကို ပြခြင်း စသည်တို့ ဖြစ်၏။ ၎င်းကို အဗဟိတ္တာဟု ခေါ်သည်။ အဲဒီလို ရေးထားတယ်။

အဲဒီတော့ ကျွန်တော် စကားပြောတဲ့ ကောင်မလေးက ရှက်နေတာကို အပေါ်မှာ အဘပြောပြတဲ့ အချက်လေးချက် ပါအောင် ထည့်ရေးရမယ်တဲ့။ သူရှက်သွားတယ်ဆိုတဲ့ စကားထက် အပေါ်က အချက်လေး ချက်ပါအောင် ထည့်ရေးရင် ပိုပြီး ပြည့်စုံတာပေါ့။

နောက်တစ်ခု အံ့အားသင့်တယ် ဆိုပါစို့။ ဒါဆိုရင် ဘာတွေထည့်ရေးရမလဲ။ အဘကတော့ ဒီလို ရေးပေး ထားတယ်။

အံ့အားသင့်သော်.....
မလိုလားအပ်သည်ကို မြင်သဖြင့် အံ့အားသင့်ခြင်း ဖြစ်၏။ အံ့အားသင့်ခြင်းကြောင့် ဖြစ်ပေါ်လာသော အမူအရာ တို့သည်..

  • (၁)...မျက်လုံးအကြောင်းသားဖြင့်ကြည့်ခြင်း။
  • (၂)...ရင်၌ဒိတ်ကနဲဖြစ်ခြင်း။
  • (၃)...ချွေးစို့ခြင်း။
  • (၄)...ပါးစပ်ပွင့်ခြင်းတို့ဖြစ်၏။ အံ့အားသင့်ခြင်းကို ဇဠတာဟု ခေါ်၏။

နောက်တစ်ခု စုန်းပူးတယ်ဆိုပါတော့။ ဘယ်လိုရေးမလဲ။
စုန်းနတ် ဘီလူးဖမ်းသည်ဟု တွေးကြောက်တုန်လှုပ်လျှက် လဲကျခြင်း ၊ တလှုပ်လှုပ် ရှိခြင်း၊ စသော ဖောက်ပြန်မှု့များ ဖြစ်၏။ ထိုသို့ ဖြစ်ပေါ်လာသောအမူအရာတို့သည်

  • (၁)..မျက်လုံးမှိတ်ခြင်း။
  • (၂)...မျက်ဖြူလန်ခြင်း။
  • (၃)...ချွေးထွက်ခြင်း။
  • (၄)...အမြှုပ်ထွက်ခြင်း။
  • (၅)...မတည်ငြိမ်ခြင်း စသည်တို့ ဖြစ်၏။ ၎င်းကို အပမာရဟု ခေါ်၏။

ဒါတွေက ကျွန်တော်တို့ရဲ့ အဘမင်းသိင်္ခဆီမှာ သင်ယူခဲ့ဘူးတဲ့ စာရေးခြင်းအတတ်ပညာပါ။ အဲဒိတော့ မေးစရာရှိတယ်။ မင်းကော ဘာတွေ ရေးထားပြီးပြီလဲလို့...။ အဲဒီလို မေးလာခဲ့ရင် ကျွန်တော်က ပြန်ပြောချင်တာက ကျွန်တော်လဲ ကြိုးစားနေတုန်းပါပဲ။ တစ်နေ့နေ့တော့ တစ်ခုခုတော့ ဖြစ်လာမယ် ထင်တာပဲလို့ ပြန်ပြောမိမှာပါ။ ဘာကြောင့် ဒီလို ပြောရတာလဲ ဆိုတော့ ကျွန်တော် သိထားတာက တစ်ခုခု လုပ်နေတဲ့ လူဟာ တစ်နေ့နေ့မှာ တစ်ခုခုတော့ ဖြစ်လာမယ် ဆိုတာပါပဲ။

ကဲ... ကျွန်တော်၏ ချစ်လှစွာသော မိတ်ဆွေများ ခင်ဗျာ။ နာမည်ကျော်စာရေးဆရာကြီး မင်းသိင်္ခ၏ စာရေးခြင်း အတတ်ပညာကို အလိုရှိပါက အသုံးပြု၍ရရန်အတွက် ပြန်လည် ဝေမျှ ဖောက်သည် ချလိုက်ပါသည်။ အကယ်၍ ကျေးဇူးတင်ချင်သူများသည် အဘမင်းသိင်္ခအား ကျေးဇူးတင်ကြပါကုန်။

ဖျားနာသော်...
သွေးလေဖော်ပြန်သောကြောင့် ဖျားနာခြင်း ဖြစ်၏။ ထိုအခါ၌ ဖြစ်ပေါ်လာသော အမူအရာတို့သည်..

  • (၁) အိပ်လိုခြင်း။
  • (၂) ညည်းညူခြင်း။
  • (၃) ကိုယ်လက်တုန်လှုပ်ကိုက်ခဲခြင်း စသည်တို့ ဖြစ်၏။
၎င်းကို “ဗျာဓိ” ဟုခေါ်၏။

လိမ်သော်....
မုန်းခြင်း၊ချစ်ခြင်း၊ ၀န်တိုခြင်းတို့ကြောင့် လိမ်လည် လျှပ်ပေါ်ခြင်း ဖြစ်၏။ ထိုအခါ ဖြစ်ပေါ်လာသော အမူအရာတို့သည် ...

  • (၁) မဟုတ်မမှန်ပြောခြင်း၊ပြုခြင်း။
  • (၂) ကဲ့ရဲ့ခြင်း။
  • (၃) ချီမွမ်းခြင်း စသည်တို့ ဖြစ်၏။
၎င်းကို “စလ” ဟု ခေါ်၏။

သေသော်....
သေခြင်းမှန်သမျှ ဖြစ်၏။ ထိုအခြင်းအရာတို့သည်....

  • (၁) ကိုယ်လက်အင်္ဂါ လျှောကျခြင်း။
  • (၂) ပါးစပ်ပွင့်ဟခြင်း။
  • (၃) နှလုံးသွေးရပ်၍ အသက်ရှု ပြတ်ခြင်းတို့ ဖြစ်၏။
၎င်းကို “မရဏ” ဟုခေါ်၏။

မကောင်းမှုကို ပြုရန်ကြောက်သော်....
မကောင်းဟု ထင်မှတ်ထားသော အရာတို့ကိုပြုရန်ရှက်ခြင်းဖြစ်၏။ ထိုအခါ၌ ဖြစ်ပေါ်လာသော အမူအယာ တို့သည် ။
  • ၁။ ရှောင်ရှားလိုခြင်း။
  • ၂။ မျက်လွှာချခြင်း။
  • ၃။ မတုန့်ပြန်ခြင်း။
  • ၄။ ကိုယ်ကိုဖုံးလွှမ်းခြင်း စသည်တို့ဖြစ်၏။ ၎င်းကို “ ဗိဠာ” ဟုခေါ်၏။

ဆုတ်နစ်သော်....
ဆုတ်နစ်သော စိတ်ဖြင့် ပျင်းရိစွာ တွေးကြံလဲလျောင်းလိုခြင်း၊ အမြဲအိပ်လိုနေခြင်း ဖြစ်၏ ။ ထိုအခါ၌ ဖြစ်ပေါ်လာသော အမူအယာတို့သည်။
  • ၁။ ထိုင်းမှိုင်းသော ကိုယ်လက်မျက်နှာရှိခြင်း။
  • ၂။ ကိုယ်ကိုတွေးခြင်း။
  • ၃။ မျက်စေ့မှိတ်ထားခြင်းတို့ ဖြစ်၏။ ၎င်းကို “ နိဒ္ဒါ ” ဟု ခေါ်၏ ။
စိတ်ကြည်လင်သော် ....
စိတ်၏ တည်ငြိမ်မှုတို့ကို ဆောက်တည်လျှက် အစဉ်သတိရှိ၏။ ငိုက်မြည်းခြင်းမှ ကင်း၏ ။ ထိုအခါ၌ ဖြစ်ပေါ်လာသော အမူအယာတို့သည် ။
  • ၁။ ကြည်လင်သောမျက်နှာ၊ မျက်လုံးရှိခြင်း
  • ၂။ မထိုင်းမှိုင်း၊ မလေးလံသော ကိုယ်လက်လှုရှားမှုရှိခြင်း တို့ဖြစ်၏။ ၎င်းကို “ ၀ိဗောဓ ” ဟု ခေါ်၏ ။
စိတ်ဓာတ်ကျသော် ....
ကြံတိုင်း၊ ကြိုးပမ်းတိုင်း မအောင်ဘဲ ပျက်စီးခြင်းကြောင့် စိတ်ဓာတ်ကျဆင်းခြင်း ဖြစ်၏။ ထိုသို့ ဖြစ်လာသည့် အမူအယာသည်
  • ၁။ မကြာခဏ မင့်သက်ရှိုက်ရှုခြင်း။
  • ၂။ နှလုံးပူပန်ခြင်း။
  • ၃။ အဖော်ရှာခြင်း။
  • ၄။ မတည်ငြိမ်နိုင်ခြင်းတို့ဖြစ်၏။ ၎င်းကို “ ၀ိသာဒ ” ဟုခေါ်၏ ။

မနာလိုသော်.....
သူတပါးထက် သာလိုသောကြောင့် သူတပါးအား ကြံဖန် အပြစ်ရှာခြင်း၊ အတင်းဝင်၍ မကောင်းပြောခြင်း၊ ပြုခြင်း၊ ငြူစူဝန်တိုခြင်း၊ တို့သည် မနာလိုခြင်းဖြစ်၏။ ထိုသို့ဖြစ်လာသောအခြင်းအရာ သည် သူယုတ်တို့၌ တွေ့နိုင်သော အမူအယာမျိုးကဲ့သို့
  • ၁။ မျက်မှောက်ကြုတ်ခြင်း။
  • ၂။ နှုတ်ခမ်းမဲ့ ခြင်း။
  • ၃။ အမျက်ဖြင့်ပြုခြင်း၊ ပြောခင်း။
  • ၄။ ရန်စောင်ခြင်း တို့ဖြစ်၏။ ၎င်းကို “ ဣဿာ ” ဟု ခေါ်၏ ။

တူတာကိုတွေ့သော်.....
တူသောဝတ္တုကိုမြင်သဖြင့် အမှတ်ရခြင်း၊ အောင့်မေ့ခြင်းဖြစ်၏။ ထိုအခါ၌ ဖြသ်ပေါ် လာသော အမူအယာတို့သည်
  • ၁။ မျက်ခုံးမြင့်ခြင်း။
  • ၂။ မျက်တောင်အမြန်ခတ်ခြင်း။
  • ၃။ မျက်တောင်ခတ်ခြင်းကိုရပ်ခြင်း။
  • ၄။ စိတ်လှုပ်ရှားမှုကို ကိုယ်လက်တို့၌ ထင်ဟပ်ခြင်း၊ မျက်နှာ၌ ထင်ဟပ် ခြင်း။
  • ၅။ နှုတ်မှ အသံထွက်ခြင်း စသည်တို့ဖြစ်၏။ ၎င်းကို “ သတိ ” ဟု ခေါ်၏ ။

မစောင့်နိုင်မအောင့်နိုင်ဖြစ်ခဲ့သော်....
လိုအပ်သည်ကို မရခြင်းကြောင့် ပြင်းစွာတောင့်တခြင်း၊ မစောင့်နိုင် မအောင့်နိုင်ခြင်းဖြစ်၏။ ထိုအခါ၌ ဖြစ်ပေါ်လာသော အမှုအယာတို့သည် ....
  • ၁။ စိတ်ပူခြင်း။
  • ၂။ ဂဏှာမငြိမ်ခြင်း။
  • ၃။ စောစောလျင်လျင်ပြုခြင်း။
  • ၄။ မျက်နှာအဆီပြန်ခြင်း။
  • ၅။ ချွေးစို့ခြင်း။
  • ၆။ မကြာမကြာရှည်လျားသော ပင့်သက်ရှိုက်ခြင်း၊ ချခြင်း တို့ဖြစ်၏။ ၎င်းကို “ ဥဿုက ” ဟု ခေါ်၏။

အားကုန်သော် ....
အထာရောဂါနှိပ်စက်၍ အားကုန်ခြင်း၊ မွေ့လျော်ပျော်ပါး၍ အားကုန်ခြင်း ဆာလောင်မွတ်သိပ်သောကြောင့် အားကုန်ခြင်း ထိုသို့ဖြစ်ပေါ်လာသောအမူအယာတို့သည်
  • ၁။ ကိုယ်လက်မလှုပ်မသယ်ချင်ခြင်း။
  • ၂။ အသားတုန်ခြင်း။
  • ၃။ ခြေလက်တုန်ခြင်း။
  • ၄။ မျက်နှာညိုး နွမ်းခြင်း
  • ၅။ မောဟိုက်ခြင်း စသည်တို့ ဖြစ်၏။ “ ၀ိလာနိ ” ဟု ခေါ်၏ ။

စိတ်ချောက်ချားသော်......
မိုးချုန်းခြင်းစသည်တို့ကြောင့် စိတ်ချောက်ချား၍ ထိတ်လန့်ခြင်းတို့ဖြစ် ၏။ ထိုသို့ဖြစ်လာသေည့် အမူအယာကား
  • ၁။ တကိုယ်လုံးတုန်လှုပ်ခြင်း။
  • ၂။ မျက်လုံးပြူးကျယ်လှုပ် ရှားလားခြင်း။
  • ၃။ ပါးစပ်ပွင့်ဟာလာခြင်း။
  • ၄။ ယောက်ယမ်းရှိုက်ငင်အသံထွက်ခြင်း စသည်တို့ဖြစ်၏။ “ တာသ ” ဟု ခေါ်၏။

ငိုက်လျှင်.....
ငိုက်မျည်းခြင်းဖြင့် အိပ်ချင်ခြင်းကြောင့် ဖြစ်လာသည့် အမူအယာတို့သည်။
  • ၁။ မျက်လုံးစင်းခြင်း။
  • ၂။ မျက်လုံးတ၀က်ပိတ်ခြင်း။
  • ၃။ ကိုယ်နှင့်ခေါင်းကို မထိန်းနိုင်ဘဲ ယိမ်းယိုင် ခြင်း။ စသည်တို့ဖြစ်၏။ ၎င်းကို “ သတ္တ ” ဟု ခေါ်၏။

ကိုယ်လက်လေးလံသော်.....
ကိုယ်လက်လေးလံခြင်း အစားကြီးခြင်း မူးယစ်ခြင်။ ငြိမ်းငြိမ်းနေလို ခြင်း အလုပ်ကိုရှောင်ခြင်း။ ထိုသို့ပျင်းသောကြောင့် ဖြစ်ပေါ်လာသည့်အမူအယာကား
  • ၁။ နေရာတိုင်း၌ အမြဲမှီခြင်း။
  • ၂။ လဲလျောင်းနေလိုခြင်း။
  • ၃။ ကိုယ်လက်မလှုပ်လိုခြင်းတို့ဖြစ်၏။ “ အာလသျှ ” ဟုခေါ်၏။

သူတပါး၏ အပြစ်ကိုသိရလျှင်....
သူတပါးတိုအပြစ် ကျူးလွန်ထားသည်ဟု ထင်ခြင်းကြောင့် ရဲရင့် စွာ ကြမ်းတမ်းခက်ထန်လာမှုဖြစ်၏။ ထိုအခါ၌ ဖြစ်ပေါ်လာသော အမူအယာတို့သည်။
  • ၁။ အသားတုန်ခြင်း
  • ၂။ မျက်နှာနီခြင်း။
  • ၃။ မျက်လုံးအရောင်တောက်ခြင်း။
  • ၄။ ခြေလက်ကျွတ်ဆတ် လှုပ်ရမ်းခြင်း။
  • ၅။ နှုတ်ခမ်းတင်းတင်းစေ့ခြင်း။
  • ၆။ ချွေးစို့ခြင်း။
  • ၇။ ထိုးခုတ်ရိုက်နှက်ပစ်ခတ်ခြင်း စသည်တို့ဖြစ်၏။ ဤသို့ သူတပါး၏အပြစ်ကိုသိ၍ ဖြစ်ပေါ်လာမှုကို “ ဥဂ္ဂတာ ” ဟု ခေါ်၏။

ဆင်းရဲသော်.....
ဆင်းရဲခြင်း၊ မွဲခြင်းစသည်တို့ကြောင့် အားငယ်ခြင်း၊ စိတ်ဆင်းရဲခြင်းတို့ဖြစ်၏။ ထိုသို့ ဆင်းရဲရသောကြောင့် ဖြစ်ပေါ်လာသော အမူအယာတို့သည်။
  • ၁။ ကိုယ်လက်ညစ်နွမ်းခြင်း။
  • ၂။ ဆံပင် မသပ်ရပ်ခြင်း။
  • ၃။ မျက်နှာညိုးငယ်ခြင်း တို့ဖြစ်၏။ ဤသို့ ဆင်းရဲခြင်း၊ မွဲခြင်းကို “ ဒီနတာ ” ဟု ခေါ်၏။

အံ့အားသင့်သော်....
မလိုအားအပ်သည်ကို မြင်သဖြင့် အံ့အားသင့်ခြင်းဖြစ်၏။ အံ့အားသင့်ခြင်း ကြောင့် ဖြစ်ပေါ်လာသော အမူအယာတို့သည်
  • ၁။ မျက်လုံးအကြောင်သားဖြင့်ကြည့်ခြင်း။
  • ၂။ ရင်၌ဒိတ်က နဲ့ဖြစ်ခြင်း။
  • ၃။ ခွေးစို့ခြင်း။
  • ၄။ ပါးစပ်ပွင့်ခြင်းတို့ဖြစ်၏ ။ အံ့အာသင့်ခြင်းကို “ ဇဠတာ ” ဟု ခေါ်၏ ။

ကြေနပ်သော်.....
အလိုပြည့်ခြင်းကြောင့် ကြေနပ်ခြင်းဖြစ်၏။ ကြေနပ်မှုကြောင့် ဖြစ်ပေါ်လာသော အမူအယာတို့သည်
  • ၁။ စကားပြောလာခြင်း။
  • ၂။ ပြုံးခြင်း။
  • ၃။ မျက်နှာကြည်လင်ခြင်းတို့ဖြစ်၏။ ကြေနပ်ခြင်းကို “ စိတိ ” ဟုခေါ်၏ ။

ကိုယ်ပန်းစိတ်ပန်းဖြစ်သော်.....
အလွန်အားထုတ်ခြင်းကြောင့် ကိုယ်ပန်းစိတ်ပန်းဖြစ်၏။ ဤသို့ ပင်ပန်းမှုမျိုးကြောင့် ဖြစ်လာရသော အမူအယာတို့သည်။
  • ၁။ ချွေးထွက်ခြင်း။
  • ၂။ အသက်ရှုပြင်းခြင်း။
  • ၃။ မျက်စေ့ပြားခြင်း။
  • ၄။ ကိုယ်လက်ညောင်းညာခြင်းတို့ ဖြစ်၏။ ဤသို့ ကိုယ်ပန်းစိတ်ပန်းဖြစ်ခြင်းကို “ သမ ” ဟု ခေါ်၏။

သင်္ကာမကင်းဖြစ်သော်.....
မိမိ၏ အရာအမူသည် ဤသို့များ ပျက်စီးလေမည်လား၊ သူတပါး တို့ ကဲ့ရဲ့ကြလေမည်လား၊ အကျိုးမဲ့များဖြစ်လေ မည်လား။ ဤသို့သော ယုံမှားမှုကြောင့် ဖြစ်ပေါ်လာသော အမူ အရာတို့သည်
  • ၁။ တုန်လှုပ်ခြောက်ခြားခြင်း။
  • ၂။ ငေးစိုက်ခြင်း။
  • ၃။ ရုပ်ပျက်ခြင်း။
  • ၄။ အသံ ပျက်ခြင်း တို့ဖြစ်၏။ “ သင်္ကာ ” ဟု ခေါ်၏။

သံသယဖြစ်သော်....
ဤဟာလုပ်ရသည်နှင့် ထိုဟာလုပ်ရသည်တို့တွင် မည်သည့် အရာက ကောင်းသနည်းဟု ဆုံးဖြတ်ရခက်သောအခါ သံသယဖြစ်လာ၏။ စိတ်၌ ဒွိဟဖြစ်လာ၏။ ထိုအခါ၌ ဖြစ်ပေါ်လာ သော အမူအယာတို့ကား
  • ၁။ မျက်မှောက်ချီ၏။
  • ၂။ ဦးခေါင်းအနည်းငယ် လှုပ်ရမ်းသွား၏။
  • ၃။ မျက်ခုံးတွန်သွား၏။
  • ၄။ လက်လှုပ်သွား၏။ ဝေခွဲမရခြင်းကို ဆိုလိုသည်။ “ တက္က ” ဟု ခေါ်၏။

ငြီးငွေ့သော်...
မိမိကိုယ်ကို မိမိငြီးငွေ့ခြင်း အလုပ်ကို ငြီးငွေ့ခြင်း ဇနီးကို ငြီးငွေ့ခြင်း စည်းစိမ် ကို ငြီးငွေ့ခြင်းစသည့် ငြီးငွေ့ခြင်းကြောင့် ဖြစ်ပေါ်လာသောအမူအယာတို့ကား
  • ၁။ မျက်ရည်စို့၏။
  • ၂။ ပင့်သက်ရှိုက်၏။
  • ၃။ ရုပ်ပျက်ဆင်းပျက်ဖြစ်၏။
  • ၄။ စွန့်လွှတ်ရန်အကြောင်းရှာ၏။ စွန့်လွှတ်ခြင်းကို “ နိဗွေဒ ” ဟု ခေါ်၏။

တွေဝေသော်.....
ထိတ်လန့်တုန်လှုပ်ခြင်း ပြင်းစွာ ထိခိုက်နာကျင်ရခြင်း၊ ထို့ကြောင့် ရုတ်တရက် တွေဝေသတိကင်းမဲ့၏။ ထိုသိုဖြစ်သောအခါ၌ ဖြစ်ပေါ်လာသော အမူအယာတို့သည်။
  • ၁။ လဲကျသတိကင်း ခြင်း။
  • ၂။ မေ့မြောခြင်း။
  • ၃။ အစဉ်ထုံထိုင်းလျှက် အလိုရမက်ကြောင့်၎င်း၊ တွေဝေသတိကင်းမဲ့ခြင်း။
  • ၄။ မိုက်မဲစွာပြုခြင်း။
  • ၅။ ရက်စက်ရိုင်းပြခြင်း။
  • ၆။ အသိကင်းမဲ့ခြင်းတို့ ဖြစ်၏။ ၎င်းကို “ မောဟ ” ဟု ခေါ်၏။

သံယောဇဉ်ကြောင့် စိတ်ဖောက်ပြန်ခြင်းနှင့်တူသော်....
တွယ်တာမှုသံယောဇဉ်တို့နှင့် ယှဉ်၍ ပြင်းစွာတုန်လှုပ်ခြင်း၊ သည်းခြေ၊ နှလုံး ထိခိုက်ခြင်း၊ အသဲနာခြင်။ စသည်တို့ကြောင့် ဖောက်ပြန်ရှုးသွပ်ခြင်းဖြစ် ၏။ ထိုသို့ဖြစ်သောအခါ၌ ဖြစ်ပေါ်လာသော အမူအယာတို့သည်
  • ၁။ ရယ်ခြင်း။
  • ၂။ ငိုခြင်း။
  • ၃။ သီချင်းဆိုခြင်း။
  • ၄။ မြည်တမ်းခြင်း။
  • ၅။ မိမိစိတ်ကို မထိန်းနိုင်ခြင်း စသည်တို့ဖြစ်၏ ။ ၎င်းကို “ ဥမ္မာဒ ” ဟု ခေါ်၏။

ဆုံးဖြတ်သော်....
သုံးသပ်လျှက် ယုံမှားကင်းစွာ ဆုံးဖြတ်ရဲခြင်း။ ထိုသို့ဖြစ်လာသည့် အမူအယာ တို့သည် အမူအယာတို့သည်
  • ၁။ ပိုင်နိုင်သောအပြော။
  • ၂။ ပိုင်နိုင်သောအပြုံး။
  • ၃။ ပိုင်နိုင်သော မျက်နှာထား။
  • ၄။ ခံ့တည်သောလှုပ်ရှားမှု တို့ဖြစ်ကြ၏။ ၎င်းကို “ ပတိ ” ဟု ခေါ်၏။

အရက်မူးသော်.....
အရက်သောက်ခြင်းကြောင့် ရွှင်ပျော်မူးယစ်ခြင်းဖြစ်၏။ ထိုသို့ ဖြစ်သောအခါ၌ ဖြစ်ပေါ်လာသော အမူအယတို့သည်
  • ၁။ အပြောအဆို အပြုအမူတို့ ချွတ်ချော်ခြင်း။
  • ၂။ အသံလေး ခြင်း။
  • ၃။ ခြေလှမ်းမမှန်ခြင်း။
  • ၄။ မျက်လုံးအကြည့်မမှန်ခြင်းတို့ဖြစ်၏။ ၎င်းကို “ မဒ ” ဟု ခေါ်၏။

စော်ကားခံရသော်....
ကဲ့ရဲ့စော်ကားခြင်းကြောင့် သီးမခံခြင်း၊ ပြင်းစွာ အမျက်ထွက်ခြင်း ဖြစ်၏။ ထိုသို့ဖြစ်သောအခါ၌ ဖြစ်ပေါ်လာသော အမူအယာတို့သည်
  • ၁။ အသံကျယ်လောက်ကြမ်းတမ်းခြင်း။
  • ၂။ ကိုယ်လက်ဦးခေါင်း လှုပ်ရမ်းခြင်း။
  • ၃။ ခြိမ်းခြောက်ရိုက်နှက် ထိုးခုတ်ပစ်ခြင်း စသည်တို့ဖြစ်၏ ။ ၎င်းကို “ အမရိသ ” ဟု ခေါ်၏။

စုန်းပူးသော်....
စုန်း၊ နတ်၊ ဘီလူး ဖမ်းသည်ဟု တွေးကြောက်တုန်လှုလျှက် လဲကျခြင်း၊ တလှုပ် လှုပ်ရှိခြင်း စသော ဖောက်ပြန်မှုများ ဖြစ်၏။ ထိုသို့ဖြစ်သောအခါ၌ဖြစ်ပေါ်လာသောအမူအယာတို့သည်
  • ၁။ မျက်လုံးမှိတ်ခြင်း။
  • ၂။ မျက်ဖြူလန်ခြင်း။
  • ၃။ ချွေးထွက်ခြင်း။
  • ၄။ အမြှုပ်ထွက်ခြင်း။
  • ၅။ အတည်ငြိမ်ခြင်း စသည်တို့ဖြစ်၏။ ၎င်းကို “ အပမာရ ” ဟု ခေါ်၏။

နောင်တရသော် .....
လိုအပ်သည်ကို မရခြင်း၊ အပြုမှားကို ပြုမိသောကြောင့် နောင်တဖန်ပူပန် လျှက် ကြံစည်တွေးတောခြင်းဖြစ်၏။ ထိုသို့ဖြစ်လာသည့် အမူအယာတို့သည်
  • ၁။ ဆိတ်ဆိတ်နေခြင်း။
  • ၂။ ကြံမှိုင်ခြင်း။
  • ၃။ ပင့်သက်ရှုရှိုက်ခြင်း စသည်တို့ဖြစ်၏။ ၎င်းကို “ စိန္တာ” ဟု ခေါ်၏။

ရှက်သော် ......
ရှက်ကြောက်ရိုသေမှုဖြင့် ဟန်လုပ်ခြင်းဖြစ်၏။ ထိုသို့ ပြုခြင်း၌ ဖြစ်ပေါ်လာသော အမူအယာတို့သည်
  • ၁။ ပြုံးခြင်း။
  • ၂။ မျက်ချေမပြတ်ကြည့်ခြင်း။
  • ၃။ ယဉ်ကျေးစွာ လှီးလွှဲပြောဆိုခြင်း။
  • ၄။ နူးညံ့သောအပြုအမူတို့ကို ပြခြင်း စသည်တို့ဖြစ်၏။ ၎င်းကို “ အဗဟိတ္တာ ” ဟု ခေါ်၏။

Tuesday, December 14, 2010

အဘမင်းသိင်္ခ၏ နာမည်ကို ဂဏန်းဗေဒင်နှင့် ဆန်းစစ်ခြင်း

တစ်နေ့တွင် သူသည် ကျွန်ုပ်အား တဲအတွင်း၌ ထိုင်စေပြီး A.B.C.D (၂၆) လုံး၏ တန်ဖိုး အဓိပ္ပာယ်တို့ကို ပြောလေ၏။ “ ဒီလို လူကလေးရဲ့ မင်းကို နျူမရော်လော်ဂျီလို့ ခေါ်တဲ့ ဂဏန်းဗေဒင်ကို ဆက်ပြီး အခြေခံရအောင် သင်ပေးရမယ်၊ အဲဒီမှာ A,B,C,D, နဲ့ ဂဏန်းဗေဒင် ဆက်သွယ်ပုံအကြောင်းကိုလည်း သိအောင် ပြောရဦးမယ်” ဟု ဖခင်က ဆိုလေ၏။

ထို့ကြောင့် ကျွန်ုပ်က . . . . . “ပြောပါအဖေ၊ ကျွန်တော် ကောင်းကောင်းကြီး မှတ်ထားပါမယ် ကျွန်တော် အဲဒီပညာကိုလည်း ၀ါသနာ ပါ,ပါတယ်” ဟု ပြောလိုက်လျှင် . . . . “ ဒီလိုကွ၊ မင်းလည်း သိပြီးသားပဲ၊ A,B,C,D, (၂၆) လုံးထဲမှာ ဗာဝက်လို့ခေါ်တဲ့ သရ (၅) လုံး ပါနေတယ် မဟုတ်လား ” ဟု အဖေက ပြောလေ၏။

“ ဟုတ်ပါတယ် အဖေ ၊ A,E,I,O,U (၅) လုံးဟာ သရတွေပါပဲ” ဟု ကျွန်ုပ်က ပြန်၍ ဖြေလျှင်

ကျွန်ုပ်၏ ဖခင်က . . . “ ဂဏန်းဗေဒင်မှာတော့ Y ကိုပါ သရထဲ ထည့်ယူရတယ်၊ A,E,I,O,U,Y, ပေါ့ကွာ၊ အဲဒီ သရ (၆) လုံးရဲ့ အဓိပ္ပါယ်ကို လူလေးကို ပြောပြမယ်” ဟု ဆိုကာ အောက်ပါအတိုင်း ပြောပြလေ၏။

  • A ဆိုတာက တီထွင်တဲ့သဘော၊ ပင်ကိုယ်ဉာဏ်ကောင်းတဲ့သဘော၊ ကြိုးစားတတ်တဲ့သဘော၊ အဆုတ်မှာ ရောဂါဖြစ်စေတတ်တဲ့ သဘောတွေကို ဖော်ပြတယ်။
  • E ဆိုတာက စိတ်မခိုင်တဲ့သဘော၊ အတတ်ပညာသင်တဲ့အခါမှာ သင်လွယ် တတ်လွယ်တဲ့သဘော၊ အပြောင်းလဲမြန်တဲ့ သဘောကိုဖော်ပြတယ် ပြီးတော့ ဆီးရောဂါ ဖြစ်တတ်တဲ့သဘော၊ ငွေကြေးလာဘ်ရွှင်တဲ့ သဘောကိုလည်း ဖော်ပြတယ်။
  • I ဆိုတာ က တစ်ကိုယ်ရေ တစ်ကာယ နေရမှုကို ဖော်ပြတယ်။ စိတ်လွတ် လက်လွတ် နေတတ်မှုကို ဖော်ပြတယ်၊ နှလုံးသား ခံစားမှုကို ဦးစားပေးတတ်တယ်၊ ၀မ်းဗိုက်နဲ့ ရင်ဘက်မှာ ဥပါဒ်ပေးတတ်တယ်။
  • O ဆိုတာက ဝေ့လည်ကြောင်ပတ် လုပ်တတ်တဲ့သဘောကို ဖော်ပြတယ်။ စကားပြော ကောင်းတတ်တယ်။ ဘာကိုပဲလုပ်လုပ် စေ့စေ့စပ်စပ်လုပ်တတ်တယ်၊ အိမ်ထောင်ရေးမှာ တစ်နည်းမဟုတ် တစ်နည်း စိတ်ညစ်စရာတွေ ကြုံတတ်တယ်။ နှလုံးနဲ့ ပတ်သက်တဲ့ဝေဒနာတွေ ခံစားရတတ်တယ်။
  • U ဆိုတာ အစဉ်သဖြင့်စိတ်ဟာ ဒွိဟဖြစ်တတ်တယ်။ အတွေ့အကြုံများတဲ့ သဘောကိုဖော်ပြတယ်။ မတော်တဆ ထိခိုက်မှုကိုလည်း ဖော်ပြတယ်။ လည်ချောင်းမှာ ရောဂါရတတ်တယ်။
  • Y ဆိုတာက ထူးထူးဆန်းဆန်းတွေကို စိတ်ဝင်စားတတ်တယ်။ ဥပမာ ဂန္ဓရီပညာတွေ လောကီပညာတွေ စတာတွေ ကို စိတ်ဝင်စားတတ်တယ်။ အစဉ်သဖြင့် လုပ်ငန်းနှစ်မျိုး ၀င်ငွေနှစ်မျိုး ဖြစ်နေတတ်တယ်။ စိတ်ဝေဒနာ ခံစားရတတ်တယ်။

အဲဒါတွေဟာ အက္ခရာ (၂၆)လုံးထဲက သရ(၆)လုံး သီးခြားအဓိပ္ပာယ်ပဲ။ အဲဒီတော့ နာမည်မှာသာ ဒီသရမျိုးတွေပါရင် အဲဒီသဘာဝတွေ ထည့်သွင်းစဉ်းစားရတယ်။ ရောဂါဝေဒနာကတော့ ဖြစ်မယ်ဆိုရင် ဖြစ်နိုင်တဲ့အတွက် ပြောရတာကျိန်းသေကြီး ဖြစ်မယ်လို့တော့မဟုတ်ပါဘူး၊ အဲဒီတော့ လူကလေးရဲ့ နာမည်ကိုတွက် ကြည့်ရအောင်” ဟု ဆိုကာ အောက်ပါအတိုင်း ကျွန်ုပ်နာမည်ကို မြေပြင်ပေါ်၌ တုတ်ချောင်းနှင့်ပင် ရေးလိုက်လေ၏ ။

THET PYIN “ အဲဒီတော့ မင်းရဲ့နာမည်မှာ သရ(၃) မျိုးပါတယ်၊ သရ(၃)မျိုးစလုံးကို စုပေါင်းပြီး စဉ်းစားရမယ်။ E သရအတွက် ပြောရမယ်ဆိုရင် စိတ်မဆိုးဘူးလို့ ဆိုထားတယ်၊ အပြောင်းအလဲမြန်တဲ့ သဘောကိုလည်း ဖော်ပြထားတယ်။ ပြီးတော့ ကျန်းမာရေးနဲ့ပတ်သက်ရင်လည်း ဆီးရောဂါကို ဂရုစိုက်ရမယ်။

Y သရအတွက် မင်းဟာ ထူးထူး ဆန်းဆန်းတွေကို စိတ်ဝင်စားမယ်၊ ဂမ္ဘီရပညာ၊ လောကီပညာ ဆိုရင်တော့ မင်းအခုသင်တဲ့ ပညာတွေပေါ့ကွာ၊ ပြီးတော့ လုပ်ငန်းနှစ်မျိုးတစ်ပြိုက်နက်တည်း လုပ်ရလိမ့်မယ်၊ ၀င်ငွေနှစ်မျိုး ၀င်လိမ်မယ်ကွ ဒီသရရဲ့ ဆိုးကျိုးကတော့ စိတ်ရောဂါ ဖြစ်တတ်တယ်ဆိုပဲ။ ဒါလည်းမဖြစ်ဘူးလို့ မပြောနိုင်ဘူးကွ၊ မင်းရဲ့စိတ်မှာ နာကျည်းစရာကိစ္စတွေက ရှိခဲ့ဖူးတာကိုး၊

I သရအတွက် မင်းဟာ တစ်ကိုယ်ရေတစ်ကာယ နေရတတ်တယ်။ တစ်ကောင်ကြွက် ဖြစ်တတ်တယ်ပေါ့ကွာ၊ ပြီးတော့ စိတ်လွတ်ကိုယ်လွတ် နေတတ်တယ်ပေါ့ကွာ၊ နှလုံးသား ခံစားမှုတွေကို အလေးအနက် ထားတတ်တယ်။ ပြီးတော့ ဒဟီသရဟာ မင်းဝမ်းဗိုက်နဲ့ရင်ဘတ်ကို ဂရုစိုက်ပါလို့ သတိပေးထားတယ်ကွ၊ နောက်တစ်ခု လူလေး နားလည်ရမှာက သရဂဏန်းတွေဟာ ပင်ကိုစိတ်သဘာဝကို အတော်လေး နီးနီးစပ်စပ် အကဲခတ် နိုင်အောင် ဖော်ပြလေ့ရှိတယ်၊

ကဲ . . . . လူလေး မောင်သက်ပြင်း မင်းနာမည်ကို ဖော်ပြနေတဲ့ သရ၃ လုံးရဲ့ သဘာဝတွေနဲ့ မင်းနဲ့မကိုက်ညီတာ ဘယ်နှစ်ချက် ပါသလဲ ” မေးလိုက်ရာ ကျွန်ုပ်သည် ဖခင်၏ မေးခွန်းကို နားထောင်ပြီးနောက် “ ကျွန်တော်မှာ ရောဂါတွေ မဖြစ်သေးလေတော့ ရောဂါနဲ့ပတ်သက်ရင်တော့ မှန်တယ် မှားတယ် အဖြေမပေးနိုင်ပါဘူး၊ ဒါပေမဲ့ ကျန်တဲ့ အချက်တွေကတော့ လွဲတဲ့ အချက်တော့ မပါပါဘူး အဖေ ” ပြေလိုက်၏။

ထိုအခါ၌ ကျွန်ုပ်၏ ဖခင်သည် ကျွန်ုပ်အား …….. “ အဲဒီတော့ နာမည်ကို ကြားလိုက်တာနဲ့ အင်္ဂလိပ်စာလုံးပေါင်းပြီး သရ (၆) လုံးကို ထုတ်ရမယ်။ အဲဒီလို ထုတ်ပြီးတဲ့အခါမှာ သရ (၆) လုံးရဲ့ အဲဒီလူရဲ့ စရိုက်လဏ္ခဏာကို အကဲခတ်ရမယ် လူကလေး ” ကျွန်ုပ်အား ပြောပြလေ၏ ။

ကျွန်ုပ်သည် ကျွန်ုပ်၏ ဖခင် အာနန်ဒါအောက်ပါအတိုင်း တွက်ကြည့်လိုက်လေ၏။ A N A N D A R ကျွန်ုပ်၏ အမည်တွင် သရ (၃)လုံး ပါ၏။ ထိုသရ (၃) လုံးမှာ A ဖြစ်၏ ။ ထို့ကြောင့် ကျွန်ုပ်က ဖခင်အား …….. “ အဖေရယ်၊ အဖေ့နာမည်မှာက သရ (၃) လုံးပါတယ်၊ အဲဒါတွေကလည်း A ချည်းပဲ ဖြစ်နေတယ်။ A တစ်လုံးဆိုရင်တော့ ကျွန်တော်ယူဆတတ်ပါတယ်။ A သုံးလုံး ဆိုတော့ ဘယ်လို ယူဆရမလဲ မသိဘူး အဖေ ” ကျွန်ုပ်က ပြောလိုက်ရာ ကျွန်ုပ်ဖခင်က . . . . .

“ ဒီလိုလုပ်ကွာ၊ အဓိပ္ပာယ်ကို၊ ၃ နဲ့ မြှောက်လိုက်ပေါ့၊ A ရဲ့ပထမအဓိပ္ပာယ်က တီထွင်တတ်တယ်ပေါ့ကွာ၊ ၃ ဆတိုးရင် အရမ်း အရမ်းကို တီထွင်တတ်တယ်ပေါ့ကွာ ” ဟုပြောလျှင် ကျွန်ုပ်က . . . . “ ကျွန်တော် သဘောပေါက်ပြီး အဖေ၊ ကျွန်တော် သဘောက်ပေါက်ပြီး ကျွန်တော် ပြောကြည့်မယ်၊ ဟုတ် မဟုတ် အဖေ နားထောင်၊

ဒီလိုလေ အဖေရဲ့၊ အဖေဟာ အလွန့်အလွန် တီထွင်တတ်တဲ့ ဉာဏ်ရှိတဲ့လူပဲ၊ ပြီးတော့ အဖေဟာ ပင်ကိုယ်ဉာဏ်လည်း အလွန့်အလွန်ကောင်းတဲ့ ပုဂ္ဂိုလ်ပဲ၊ နောက်အဖေဟာ အတော့်ကိုဝီရိယ ထုတ်ပြီးကြိုးစားတတ်တဲ့ သူပဲ၊ တစ်ခုတော့ ရှိတယ်။ အဖေ့ဆီ အဆုတ် ရောဂါလာရင်တော့ ပြင်းပြင်းထန်ထန် ကြီးလာလိမ့်မယ် ” ဟု ပြောလိုက်ရာ ကျွန်ုပ်၏ ဖခင် သို့မဟုတ် ဆရာသခင် ကျေးဇူးရှင်သည် ကျွန်ုပ်အား ပြုံးပြုံးကြီး ကြည့်ပြီးလျှင် . . . . “ လူကလေး၊ မင်း ကောင်းကောင်းကြီး တတ်သွားပြီး ” ဟု ပြောဆိုကာ ကျွန်ုပ်၏ ခေါင်းကို လက်ဖြင့် ပွတ်လိုက်လေတော့သတည်း။

အဘမင်းသိင်္ခ

Monday, December 13, 2010

အဘမင်းသိင်္ခ၏တားရောဟောနည်း (အပိုင်း-၄)

၁၆။ မျှော်စင်


၁။ သွားမည့်ခရီးသည် တစ်ခါတည်းနှင့် အထမမြောက်နိုင်ပါ။
၂။ အကြံအစည်ပျက်ပြားမှု၊ လုပ်ငန်းဆုံးရှုံးမှုများ ပေါ်မည်။
၃။ သွပ်၊ သံ၊ သစ်ကိစ္စကြောင့် စိတ်ညစ်ရတတ်သည်။
၎။ အပျက်အစီး အဆုံးအရှုံးများမည်။
၅။ ဆေရာတု ဆရာယောင်နှင့် တွေ့တတ်သည်။ ထိုသူ၏ မည်မှာ တနင်္လာစာလုံးပါ မည်။
၆။ အိမ်တွင်းရေး မာမယာဖြစ်မည်။
၇။ အိမ်သို့ ဆွေမျိုးဧည့်သည် ညအိပ်ရောက်လာမည်။ ၎င်း ရောက်လာခြင်းကို လက်ခံရမည်။
၈။ ငွေသည် ကြံဖန်၍ ကုန်စရာများပေါ်ပြီး ကန်မည်။
၉။ ရုတ်ရက် ခါးမျက်၊ ခါးနာပေါ်မည်။ ၁၀။ မိတ်ဆွေတစ်ဦး မိမိအပါ်၌ အထင်လွဲလိမ့်မည်။
၁၁။ မုဆိုးဖို၊ မုဆိုးမ တစ်ဦးဦး အိမ်သို့ လာရောက်တည်းခိုမည်၊ ထို့နောက် အမှုဖြစ်တတ်သည်။
၁၂။ အလုပ်၌ ရန်ပေါ်မည်။
၁၃။ ဘုရားဖူးခရီးထွက်လိုက်လျှင် အကောင်းဆုံးဖြစ်သည်။
၁၄။ အိမ်တွင် မီးလန့်တတ်သည်။ သတိမထားပါက အဖိုးတန်ပစ္စည်းများ ဆုံးရှုံးမည်။
၁၅။ ယခင်နှင်ကကျန်ခဲ့သောပစ္စည်းများ ယခုနှစ်ဆက်၍ ထွက်မည်။

လတ်တလောကိစ္စအတွက် မေးမြန်ပါမူ . . . ထိုကိစ္စ လုံးဝအဖြစ်နိုင်ပါ။ သင်၏အကြံအစည်များ တစ်စစီပျက်စီးသွားပါလိမ့်မည်။



၁၇။ ဓူဝံကြယ်


၁။ နာမည်ကြီးထမင်းငတ်ဆိုသကဲ့သို့ဖြစ်မည်။
၂။ အိမ်၌ လျှပ်စစ်ရှော့ဖြစ်လိမ့်မည်။
၃။ ကြွေးကိစ္စ စကားအချေအတင်ပြောရတတ်သည်။
၎။ ကျား-သွားရောဂါဒုက္ခပေးမည်။ မ-သွေးရောဂါ ဒုက္ခပေးမည်။
၅။ လူပွေလူရှုပ်များ အိမ်သို့ ရောက်လာမည်။ ရောက်လျှင်နှစ်ကြိမ်ရောက်မည်။
၆။ မိတ်ဆွေကောင်းနှစ်ဦး တစ်ပြိုင်တည်းရမည်။
၇။ ထူးဆန်းသော အသိပညာထူးတစ်ခုရမည်။
၈။ စိတ်ညစ်စရာ နှစ်ကြိမ်ပေါ်မည်။
၉။ ခရီးမထွင်ချင်ဘဲ နှစ်ကြိမ်ထွက်ရမည်။
၁၀။ ငွေများဝင်လျက် ကြွေးတင်နေမည်။ ကြီးကြီးမားမား ပေးဆပ်ရန် ကြွေးနှစ်ခုရှိမည်။
၁၁။ နာမည်အလွန်ကြီးသွားမည်။ ကောင်သောကြီးခြင်းဖြစ်မည်။
၁၂။ မိမိ လုပ်သောအလုပ်တွင် နှစ်ကြိမ်ဆုံးရှုံးဖြစ်မည်။
၁၃။ တစ်အိမ်သားလုံးကျန်းမာရေး ညံ့မည်။
၁၄။ ဆေးရုံ၊ ဆေးခန်းတက်ရောက်ကုသရခြင်းအထိ ကျန်းမာရေးညံ့မည်။

လတ်တလောကိစ္စအတွက် မေးမြန်ပါမူ . . . ထိုကိစ္စ အောင်မြင်နိုင်ပါသည်။ ထင်ထင်ရှားရှား အောင်မြင်ပါလိမ့်မည်။

၁၈။ လမင်းစန္ဒာ


၁။ အိမ်ကိစ္စ ပြဿနာပေါ်မည်။
၂။ သားသမီးတစ်ဦးဦးအတွက် စိတ်ညစ်ရမည်။
၃။ လောင်းကစားလုပ် သူဆိုပါက ဒုက္ခရောက်တော့မည်။ ရပ်ထားပါ။
၎။ ခရီးဝေးသွားရလိမ့်မည်။ သွားရမည့်ခရီးမှာ တောင်စူးစူးဖြစ်မည်။ နိုင်ငံရပ်ခြားခရီးလည်းဖြစ်မည်။
၅။ မိမိနေသောအရပ်တွင် တွေ့နေကြဆိုင်းဘုတ်တစ်ခု ဖြုတ်ချလိုက်၍ မတွေ့တော့ဘဲရှိမည်။ ဤသို့ဖြစ်လျှင် မုဆိုးမတစ်ဦးကို မိမိထိုးလိုသော ဂဏန်းပြော၍ ထီးထိုးခိုင်းပါ။ ထီပေါက်မည်။
၆။ ဘုရားရုပ်တုတော်၊ ဆင်းတုတော်ကြွလာမည်။
၇။ ဘာသာရေးသမား များ အ၀င်အထွက်လုပ်လာမည်။ လက်ခံပါ။
၈။ ငွေများဝင်သောလည်း ထွက်စရာဆက်တိုက်ပေါ်မည်။ ခြေထောက်နာမည်။
၉။ အိုးသစ်အိမ်သစ်ပြောင်းရကိန်းပေါ်မည်။ (သို့) အိမ်ပြင်ရမည်။
၁၀။ မီးဖိုဘက်တွင် မီးလန့်ခြင်း၊ တစ်စုံတစ်ယောက်ကို အပူလောင်ခြင်းဖြစ်မည်။ ဤသို့ဖြစ်သော် မိမိ၏ အ၀တ်ဟောင်းတစ်ထည်ကိုစွန့်ပစ်ပြီး ထီထိုးပါ။
၁၀ ပုံ ၁ပုံလှူပါမည်ဟု အဓိဋ္ဌာန်ပြုပါ။

လတ်တလောကိစ္စအတွက် မေးမြန်ပါမူ . . ထိုကိစ္စ မအောင်မြင်နိုင်ပါ။ ဆက်လုပ်လျှင် မျက်ရည်ကျဖို့ရှိပါသည်။

၁၉။ နေသူရိန်



၁။ ပညာထူးချွန်မည်။
၂။ စပ်တူလုပ်ငန်းလုပ်ရမည်။ အောင်မြင်မည်။
၃။ အချစ်ရေးကံကောင်းသည်။ အိမ်ထောင်ရေး ပို၍ ကံကောင်းပါသည်။
၎။ ဆွေးမျိုးကို အကြောင်းပြုပြီး လင်မယားစိတ်ကောက်ရခြင်းရှိသည်
၅။ အောင်မြင်မည့်ကာလဖြစ်သည်။ ဘာကိုပဲလုပ်လုပ်ရဲရဲလုပ်ပါ။
၆။ ရပ်ဝေးခရီးရှိသည်။
၇။ မုချ တိုးတက်ခြင်းဖြစ်သည်။
၈။ မမျှော်လင့်သောသူထံမှ အကူအညီရမည်။
၉။ ယခုအခါ အောင်မြင်ခြင်းသည် ကြီးမားသော အကောင်မြင်ခြင်းဖြစ်သည်။
၁၀။ ငွေ (၇) ဂဏန်းဆုံးရှုံးတတ်သည်။
၁၁။ စွန့်စားရသော လုပ်ငန်းများကို လုပ်နိုင်ပါသည်။
၁၂။ ပြည်တွင်းပြည်ပခရီးများသွားရလိမ့်မည်။
၁၃။ လုပ်ချင်သောလုပ်ငန်းကို ရဲရဲသာလုပ်ပါ။ မုချအောင်မြင်မည်။

လတ်တလောကိစ္စအတွက် မေးမြန်ပါမူ . . ထိုကိစ္စ မုချအောင်မြင်ပါလိမ့်မည်။ ပျော်ရွှင်မှုနှင့် အဆုံးသတ်ပါလိမ့်မည်။

၂၀။ ရှင်ပြန်ထမြောက်



၁။ ရပ်ဝေးရောက်နေသော အိမ်သားတစ်ဦး ပြန်ရောက်လာလိမ့်မည်။
၂။ မိမိအထက်အရာရှိတစ်ဦး ပြောင်းရတော့မည်။ ရက်ပိုင်း သာလိုတော့သည်။
၃။ ယခုမှ နှစ်လကျော်လျှင် စီးပွားအလွန်တက်မည်။ တစ်စုံ တစ်ဦး ကလေးမွေးဖွားသောသတင်းကြားရလျှင်လည်း စီးပွားတက်တတ်ပါသည်။
၎။ ဆွေမျိုးထဲမှ အမျိုး သမီးကြီးတစ်ဦး၏ အကူအညီကိုရမည်။
၅။ ရွှေဝင်မည်။
၆။ လက်တွဲရန် အဖော်ကောင်းရမည်။
၇။ဘုရားဖူးခရီးသွားရတတ်သည်။ (သို့မဟုတ်) မွန်မြတ်သောခရိးကို ဆိုလိုပါသည်။
၈။ ရပ်ဆိုင်းထားသောလုပ်ငန်းများကို ပြန်လည်ရှင်သန်လာမည်။
၉။ နာမည်ဂုဏ်သတင်းများ နေ့ချင်းညချင်း တိုးတက်လာမည်။
၁၀။ မျှော်လင့်ထားသော အကြောင်းအရာအားလုံး လက်ဝယ် ပိုင်ပိုင်ရရှိမည်။
၁၁။ ထူးခြားသော စာအုပ်တစ်အုပ် ဖတ်ရမည်။ ထိုစာအုပ်မှ အကြံသစ်ဥာဏ်သစ်ရရှိမည်။
၁၂။ ဥာဏ်မကွန့်ပါနှင့် ရိုးရိုးသားသားလုပ်ပါ။ မုချအောင်မြင်မည်။

လတ်တလောကိစ္စအတွက် မေးမြန်ပါမူ . . . ထိုကိစ္စ မုချအောင်မြင်ပါလိမ့်မည်။ အစပထမတွင် မအောင်မြင်သကဲ့သို့ ဖြစ်နေပြီး နောက်ဆုံး၌ အောင်မြင်ပါလိမ့်မည်။

၂၁။ ကမ္ဘာလောက


၁။ နိုင်ငံရပ်ခြားနှင့်ဆိုင်သောကိစ္စများပေါ်မည်။ အောင်မြင်မည်။
၂။ ကိုးကွယ်သောနတ်များ မ တော်မူမည်။
၃။ သိုလှောင်ပစ္စည်းမြတ်မည်။
၎။ အစွပ်စွဲခံရကိန်းရှိသည်။ သတိပြုပါ။
၅။ မင်းစိုးရာဇာဂုဏ်ပြုလိမ့်မည်။
၆။ သိကြား မ သကဲ့သို့ ရုတ်တရက် ကြီးပွားချမ်းသာသွားမည်။
၇။ ရှေ့ရေးအတွက် ဘာမှမပူပါနှင့် အားလုံးကောင်းပြီဟု နားလည်ပါ။
၈။ ယခုနေသောနေရာမှလည်း ပြောင်းရွှေ့ ရကိန်းရှိသည်။ ပို၍ ကောင်း သောနေရာသို့ ရောက်မည်။
၉။ ပူပင်သောက အားလုံးကို မေ့ပစ်လိုက်ပါတော့။
၁၀။ စိတ်ချမ်းသာမှုများ တိုးတက်မှုများ တစ်ခုပြီးတစ်ခုရှိမည်။
၁၁။ ကြံစည်ထားသော အကြံအစည်များ ဆုတ်ဆိုင်းခြင်းမရှိ အားလုံး အဆင်ပြေသွားမည်။
၁၂။ ထီပေါက်ကိန်းရှိသည်။ ပေါက်သော် သတိထားပါ။ အိမ်သူအိမ်သားတစ်ဦးဦး ရုတ်တရက် နာမကျန်းကြီးစွာ ဖြစ်တတ်သည်။

လက်တလောကိစ္စအတွက် မေးမြန်ပါမူ . . ထိုကိစ္စ မုချအောင်မြင်မည်။ ရဲရဲသာလုပ်ပါး ထိုကိစ္စအောင်မြင်ပြီး ရက်အနည်းငယ်အတွင်း၌ သင်ခရီးထွက် ရလိမ့်မည်။


၂၂။ အရူး

၁။ လုပ်ငန်းများရှေ့ သို့မတိုးဘဲနှောင့်နှေးနေမည်။
၂။ အရောင်းအ၀ယ်သမားဖြစ်ပါက အရောင်းအ၀ယ်မ ကောင်းပါ။
၃။ အိမ်သို့ အရက်ပုလင်းများ ရောက်လာတတ်သည်။ အမြန်ဆုံး ပြန်၍ထုတ်ပစ်ပါ။
၎။ နားအူ၍ နေမည်။ အမြန်းဆုံးကုသပါ။ ပျောက်ကင်းမည်။
၅။ခရီးတိုများ ဆက်တိုက်သွားနေရမည်။
၆။ အမှုအခင်း ဖြစ်ပွားတတ်သည်။
၇။ ကိုယ်ခန္ဓာ၏ ဘယ်ဘက်ခြမ်း မကြာခဏအောင့်မည်။
၈။ သက်ကြီးရွယ်အိုများ အိမ် ၌ လာရောက်မတည်းခိုမိရန် သတိပြုပါ။ တည်းခိုမိပါက ထိုသက်ကြီးရွယ်အို အိမ်၌ ဆုံးပါသွားတတ်သည်။
၉။ လောကဓံတရား၏ မတရားညဉ်းပန်းနှိပ်စက်မှုကို ခံရတော့မည်။ အံကြိတ်ပြီးသာခံပေတော့။
၁၀။ ဘာတစ်ခု မှ ကောင်းကွက်မရှိပါ။

လတ်တလောကိစ္စအတွက် မေးမြန်ပါမူ . . ထိုကိစ္စ မေ့လျော့ပစ်လိုက်ပါ။ အောင်မြင်ရန် လမ်းလုံးမရှိပါ။


  • သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
  • ဟိန်းတင့်ဇော်
  • ထိုင်းနိုင်ငံ-မဟာချိုင်မြို့
  • Sayaheintintzaw@gmail.com
  • Ph.+66874150022
  • (အီးမေးလ်အသစ်ကို ပြောင်းလဲ၍ စတင်အသုံးပြုနေပါပြီ)