Tuesday, October 19, 2010

အခန်းနံပါတ်-အိမ်နံပါတ်တွေ မခိုက်အောင်

ထိုင်းနိုင်ငံမှာ ကျွန်တော်နေတဲ့ တိုက်က လေးထပ်တိုက်ပါ။ ကျွန်တော်က နှစ်ထပ်မှာနေတယ်။ တစ်ထပ် တစ်ထပ်မှာ အခန်းရှစ်ခန်းရှိတယ်။ ကျွန်တော်နေနေတဲ့ အခန်းက နံပါတ်(၅)အခန်း။ တားရော့မှာဆိုရင် နံပါတ်(၅)က ဘုန်းကြီးကဒ်ဆိုတော့ လုပ်တဲ့ အလုပ်ကလည်း ဗေဒင် ပညာ ဆရာအလုပ် ဆိုတော့ ကွက်တိပဲ။ ဒါကြောင့် ကျွန်တော်က ကြိုက်တယ်။ နှစ်သက်တယ်။

ပြီးတော့ ကျွန်တော် ဒီအခန်းမှာ နေနေတာ အခုဆို တစ်နှစ်ကျော်နေပြီ။ ဘာဆို ဘာပြဿနာမှ မရှိဘူး။ အလုပ်အကိုင်လည်း အဆင်ပြေတယ်။ ဧည်သည်တွေလည်း ကိုယ်ဆီကို ပုံမှန်လာကြတယ်။ ငွေကြေး ဆိုတာကလည်း ချမ်းသာလောက်အောင် မဟုတ်ပေမယ့် ပြေပြေလည်ပါပဲ။ အဲဒီတော့ ပူပန်စရာ မရှိဘူးပေါ့။ လစဉ်ပုံမှန်လည်း မြန်မာပြည်က သက်ကြီးရွယ်အို မိဘတွေကို တစ်လ နှစ်သိန်းလောက်တော့ ထောက်ပံ့နိုင် ပါတယ်။

ကျွန်တော်နေတဲ့ တိုက်မှာ သတိထားမိတာက အခန်းနံပါတ် (၄)။ ကျွန်တော်တိုက်က လေးထပ်တိုက်ဆိုတော့ နံပါတ်လေးကျတဲ့ အခန်းက (၄)ခန်းတောင် ရှိတာကိုး။ နံပါတ်လေးကျတဲ့ အခန်းလေးခန်းမှာ တစ်ခန်းကတော့ ပုံမှန်ပဲ။ ဘာမှ ထူးထူးထွေထွေ ပြောစရာ မရှိဘူး။ ကျန်တဲ့ အခန်း (၃)ခန်း ကတော့ ပြဿနာတွေချဉ်းပဲ။

အဲဒီတော့ ကျွန်တော်တို့ ဂဏန်းဗေဒင် ပညာမှာ သင်ယူခဲ့ဘူးတာက (၄)ဂဏန်း (၈) ဂဏန်းတွေက ခိုက်တယ် တဲ့။ နောက်ကျွန်တော်ဆီကို ဗေဒင်လာမေးတဲ့ လူတွေကလည်း မေးလေ့မေးထရှိတဲ့ မေးခွန်းကတော့ အခန်းကို တစ်ချက်လောက် ကြည့်ပေးပါတဲ့။ ကောင်း မကောင်းတဲ့။ အဲဒီလိုမေးရင် ကျွန်တော်ကလည်း အခန်းနံပါတ် ဘယ်လောက်လဲလို့ ပြန်မေးလိုက်တယ်။ သူတို့ ပြောတဲ့ အခန်းနံပါတ်က (၄ သို့ ၈) ဒါမှမဟုတ် ပေါင်းခြင်း ( ၄ သို့ ၈)ရတဲ့ အခန်းဆိုရင် ကျွန်တော်ကတော့ သေချာတယ်။ အဆင်မပြေဘူးလို့။

ဒါပေမယ့် အဲဒီ (၄)(၈) အခန်းတွေမှာ လုံးဝ မခိုက်တဲ့ လူတွေလည်း ရှိပါတယ်။ မခိုက်တဲ့အပြင် စီးပွားတက်ပြီး ချမ်းသာသွားတဲ့ လူတွေတောင် ရှိတယ်။ ဘယ်လို လူမျိုးတွေလည်းဆိုတော့ မွေးဂဏန်း (၄) သို့ (၈) ဂဏန်း ရတဲ့ လူတွေပဲ။ သူတို့ကတော့ နေလို့ရတယ်။ သူတို့နဲ့ အကျိုးပေးတယ်။

ကျွန်တော်တို့က (၄)ဂဏန်း (၈)ဂဏန်း ကျတဲ့ အိမ်တွေ အခန်းတွေက ခိုက်တယ်လို့ ပြောလိုက်တော့ အဲဒီ (၄) ဂဏန်း (၈)ဂဏန်းကျတဲ့ အိမ်တွေ အခန်းတွေမှာ နေသားကျနေတဲ့ သူတွေက ဘယ်လို လုပ်မလဲ။ အိမ်တွေ အခန်းတွေ ရောင်းပြီး ပြောင်းပြေးရတော့မလား။ အဲဒီလိုတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ကျေးဇူးရှင် အဘဆရာကြီး မင်းသိင်္ခက ဒီလိုပြောခဲ့ပါတယ်။

အိမ်နံပါတ်တို့ အခန်းနံပါတ်တို့ဟာ (၄)ဂဏန်း (၈)ဂဏန်းတွေ ဖြစ်နေရင် ဆိုးကျိုး ပေးတတ်တယ်ကွ။ ခိုက်တတ်တယ်ကွ။ ဘယ်လိုမှ ရှောင်မရဘူး ဆိုရင်တော့ အဲဒီဂဏန်းတွေကို အားပျက်သွားအောင် ဖျက်ပြစ် လိုက်ရတယ်။ အဲဒီတော့ နံပါတ်တွေကို ပေါင်းလိုက်လို့ (၄)တွေ (၈)တွေ ဖြစ်နေတဲ့ (၁၃) တို့ ၊(၂၆)တို့ ၊ (၁၁၆) တို့ စတဲ နံပါတ်တွေကို ပီပီသသ မရေးရဘူး။ နောက်တစ်ခုက ရွှေဟာ မကောင်းတဲ့ ဓာတ်တွေကို တော်တော်လေး ချေဖျက်နိုင်တယ်။ အဲဒီတော့ (၄)ဂဏန်း (၈)ဂဏန်း နံပါတ်တွေကို ရေတဲ့အခါ အနီရောင် အောက်ခံပေါ်မှာ ရွှေရောင်နဲ့ ဂဏန်းကို မပီမသ ရေရတယ်ဟေ့။ ဒါဆိုရင် အဲဒီ (၄)တွေ (၈)တွေရဲ့ ဆိုးကျိုး အာနိသင်ကို ချေဖျက်ပစ်နိုင်တယ်ကွဟု ပြောခဲ့လေတော့သတည်။



သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်

No comments:

Post a Comment