Sunday, August 29, 2010

မင်းသမီး၊မင်းသား အနုပညာသမားများအတွက် အဆောင်

ငါ့မှာ ယန္တြ တစ်ခု ရှိတယ်ကွ။ ဖြစ်နိုင်ရင် ရွှေပြား အစစ်ပေါ်မှာ ပေါ်မှာ ရေးရမယ်။ ဒါမှမဟုတ် ရွှေပြားမှာ ရေးရမယ်။ အဲဒါမှ မဟုတ်ဘူး ဆိုရင်လည်း ရွှေရောင် စက္ကူပြား ရွှေရောင် ပလပ်စတစ်ပြား စတဲ့အပေါ်မှာ ရေးရမယ်။ ပြီးတော့ ပျားရည်ဖြစ်စေ၊ နွာနို့ ဖြစ်စေ ၊ အဲဒီ ယန္တြပေါ်မှာ ခွက်နဲ့ တင်ပြီး ဒေ၀ီကို ပူဇော်ပြီး ဆုတောင်းရမယ်။

ပရိသတ် ထောက်ခံတဲ့ ယန္တြပဲကွာ။ မင်းသမီးရော ၊ မင်းသားရော ။ လူကြမ်းရော၊ ဒါရိုက်တာရော ၊ အဖေခန်း အမေခန်းက ပါတဲ့ သူတွေရော ဇာတ်ညွန်းရေး ဆရာရော၊ ဗွီဒီယို ပြတဲ့ ရုံရော သုံးပေရော့  ပေါ့ကွာ။ ဟိုတုန်းက ဇာတ်တွေ လူမ၀င်လို့ အကူအညီ တောင်းရင် ငါတို့ ဒါပဲ လုပ်ပေးတာပေါ့ကွာ။ (မူရင်း- အဘမင်းသိင်္ခ)

No comments:

Post a Comment