Tuesday, August 31, 2010

ဒီနှစ် ကံဇာတာကောင်းအောင် ယတြာချေမယ်

ကျွန်တော် ဒီနေရာလေးမှာ ဒီနှစ်သင်၏ကံကြမ္မာ ဆိုတဲ့ အမည်နဲ့ ပို့လေးတစ်ခု တင်ထားပါတယ်။ အဲဒီ ပို့လေးမှာ သုံးတန်ပေါ်နိစ် ပညာနဲ့ မိမိရောက်ဆဲ အသက်အပိုင်း အခြားကို ကံဇာတာ ကောင်းမကောင်း တွက်ကြည့်တာပါ။ သက်ရောက် တွက်နည်းလို့လည်း ခေါ်ပါတယ်။ ကိုယ်လက်ရှိ ရောက်နေတဲ့ အသက်အပိုင်း အခြားမှာ ကံဇာတာ ကောင်း မကောင်းကို သိချင်တယ်ဆိုရင် အဲဒီနေရာလေးက နည်းအတိုင်း တွက်ကြည့်လိုက်ပါ။

အခု တင်မဲ့ ပို့လေးကတော့ သက်ရာက်ယတြာလို့ ခေါ်ပါတယ်။ ဘယ်သက်ရောက်မှာ ဘာယတြာ ချေရမယ်ဆိုတာကို ရေးမှာပါ။ အဲဒီတော့ သက်ရောက် တွက်နည်းအတိုင်း တွက်ကြည့်ပြီးလို့ မိမိ ဘာသက်ရောက်လဲ ဆိုတာကို သိပြီဆိုရင် ကိုယ်ရောက်နေတဲ့ သက်ရောက်အတိုင်း ယတြာချေပေါ့။ အဲဒီလို သက်ရောက်ယတြာ ချေလိုက်မယ် ဆိုရင် မိမိရောက်ရှိနေသော အသက်အပိုင်းအခြားမှာ မကောင်းသော ကံဇာတာများ ပြေပြောက်ပြီး ကောင်းကျိုး ချမ်းသာများ ရရှိနိုင်မည် ဖြစ်ပါကြောင်း........

တနင်္ဂနွေသက်ရောက်လျှင်.....
  • မုန့်လုံးရေပေါ် လှူပါ။
  • အုန်းနို့နှင့် ချက်ထားသော ဘဲသားဟင်းကို ဘုန်းကြီးကျောင်း လှူပါ။
  • ဆီမီးသက်စေ့လှူပါ။
  • တံခွန် ၊ ကုက္ကား ၊ မုလေးပွား ဂြိုဟ်တိုင်စေ့လှူပါ။
တနင်္လာသက်ရောက်လျှင်.....
  • ထီးဖြူ အကြီးတစ်လက်နှင့် ထီဖြူ အသေးသက်စေ့ မွေးနေ့နံက်တွင် လှူပါ။
  • အမွှေးနံသာနှင့် ဘုရား ဆင်းတုတော်အား ရေသပ္ပါယ်ပါ။
အင်္ဂါသက်ရောက်လျှင်........
  • နေ့စဉ် ခန္ဓကိုယ် သန့်ရှင်းရေး ၊ အိမ် သန့်ရှင်းရေး လုပ်ပါ။ သောက်ရေအိုး ရေလဲပါ။
  • တစ်ပတ်တစ်ကြိမ် အဓိဋ္ဌာန် ပုတီးစိပ်ပါ။
  • လပြည့် လကွယ် နေ့များတွင် သတ်သတ်လွတ်စားပါ။
ဗုဒ္ဓဟူးသက်ရောက်လျှင်......
  • အလုပ်တွင် သန့်ရှင်းရေးလုပ်ပါ။
  • အိမ်သာဆေးပါ။
  • ရေလှူပါ။
  • အင်္ဂါသက်ရောက် ယတြာများကိုလည်း ချေပါ။
စနေသက်ရောက်လျှင်........
  • ငါးသက်စေ့ လွှတ်ပါ။
  • ထီးနီ သက်စေ့လှူပါ။
  • ငှက်လွှတ်ပါ။
  • လူမမာကို ဆေးဝါးဓာတ်စာ လှူပါ။
ကြာသပတေးသက်ရောက်လျှင်.........
  • အုန်းသီးတစ်လုံး အ၀လှပ် အရေသွန် ဆားသိပ် ညောင်ပင်မှ ရုက္ခဇိုး လှူပါ။
  • စနေသက်ရောက် ယတြာများကိုလည်း ချေပါ။
ရာဟု သက်ရောက်လျှင်........
  • ယပ်ဖြူသက်စေ့လှူပါ။
  • ဘုရား ရင်ဘတ်တော် ရွှေချပါ။
  • ရေသက်စ့လှူပါ။
  • ဘုရား ဆင်းတော်တု ရေသပ္ပါယ်ပါ။
  • အဓိဋ္ဌာန် ပုတီးစိပ်ပါ။
သောကြာသက်ရောက်လျှင်.......
  • ဘုရားဖူးသွားပါ။
  • ခရီးစရိပ် ပြတ်နေသူကိုငွေလှူပါ။
  • မွေးနေ့တိုင်း အိပ်ယာပြောင်းရွေ့အိပ်ပါ။
ကဲ.... ဘယ်အသက်အပိုင်းအခြားကိုပဲ ရောက်ရောက် ကိုယ်တိုင် ယတြာချေရင်း ကြုံတွေ့ဆဲ ကြုံတွေ့ လတံ့သော ဆိုးကြိုးများမှ လွတ်မြောက်၍ ကောင်းကျိုးများ ရရှိနိုင်ကြပါစေ.....

Monday, August 30, 2010

လက်ဖ၀ါးပေါ်က မှဲသင်္ကေတများ

(၁၅)နေရာ- စီးပွားပျက်- နာမည်ပျက်တတ်တယ်။
(၁၆)နေရာ- သူတစ်ပါး နှောက်ယှက် ဖျက်ဆီး ခံရတယ်။
(၁၇)နေရာ- စီပွားပျက်-ဂုဏ်ပျက်တတ်တယ်။
(၁၈)နေရာ- အပေါင်းအသင်း မရှိ။
(၁၉)နေရာ- ထိခိုက် ဒဏ်ရာရတတ်တယ်။
(၂၁)နေရာ- ဘာပဲ ပြိုင်ပြိုင် ရှုံးတတ်တယ်။
(၂၂)နေရာ- အချစ်ဝေဒနာ ကာလသား ရောဂါ ဖြစ်မယ်။
(၂၃)နေရာ- စုန်းပူးသလိုလို နတ်ပူးသလိုလို ရူးကြောင်ကြောင် ဖြစ်မယ်။

၁၂-ရာသီပုံစံ တားရောဟောနည်း

ကျွန်တော့်ကို မေးကြတယ်။ တားရော့ကို ဘယ်လို ဟောမလဲတဲ့။ သူတို့က တားရောကတော့ တော်တော်လေး သိနေပြီတဲ့။ ဒါပေမယ့် ဘယ်လို ဟောရမလဲတဲ့။ မဟောတတ်ဘူးတဲ့။ ကိုဟိန်းတင့်ဇော်ကော တားရော့ကို ဘယ်လို ဟောပါသလဲတဲ့။ မေးကြတဲ့ သူတွေအတွက် ကျွန်တော် ဒီပို့လေးကို တင်လိုက်တာပါ။ ဒါပေမယ့် ပြောချင်တာက တားရော့ကို ဒီလို ပုံသေ ဟောရမယ်လို့ မဆိုလိုပါဘူး။ ကြိုက်သလို ဟောလို့ ရပါတယ်။

တားရော့ ဟောနည်းတွေ အများကြီး ရှိပါတယ်။ ကြိုက်တဲ့နည်းကို ကိုယ်က အသုံးပြုလို့ ရပါတယ်။ ဆရာမျိုးစုံက နည်းစနစ်မျိုးစုံ ထားပေးခဲ့တာပဲ။ ကိုယ်ကြိုက်တာကို ကိုယ်လေးလေးနက်နက် အသုံးပြုဖို့ပါပဲ။ ဒီနည်းနဲ့ ဟောမှ မှန်မယ် အဲဒီလို မရှိပါဘူး။ လောကီပညာကို လေ့လာလိုက်စားသူများကို အကောင်းမွန်ဆုံး အကြံပြုချင်တာက လောကီပညာကို လွတ်လွတ်လတ်လတ် လိုက်စားပါ။ လွယ်လွယ်ကူကူ လိုက်စားပါ။

ကဲ... ၁၂-ရာသီခွင်နဲ့ တားရော့ကို ဟောချင်တယ် ဆိုရင်တော့ အရင်ဆုံ ကျွန်တော် လင်္ကာလေးတစ်ခု ပြောမယ်။ အဲဒါလေးကိုတော့ အလွတ်ရအောင် ကျက်ရမယ်။

လဂ် ၊ ဥုစ် ၊ မိတ် ၊ အိမ် ၊ သား ၊ ရန် ၊ ဇိမ် ။ ရော ၊ ငြိမ် ၊ ကံ ၊ လာဘ် ၊ ပူ

လွယ်ပါတယ်ဗျ။ ၁၀-ခေါက်လောက် ဆိုလိုက်ရင် ရပါပြီ။ အဲဒီ လင်္ကာလေးကို ရွတ်ဆိုပြီး တားရော့ကို မျှားပြထားတဲ့ အတိုင်း ၁၂-ချပ် ချလိုက်ပါ။ အောက်မှာ ကြည့်နော်။



ကဲ... တားရော့ ၁၂-ချပ် ချပြီးရင် ဘယ်တားရော့ ကဒ်ပြားကို ဘာအတွက် ဟောတယ်ဆိုတာကို ပြောပြမယ်နော်။
  1. လဂ်= ဗေဒင်လာမေးသူ ကာယကံရှင်အတွက်။
  2. ဥုစ်= ဥစ္စာ ပစ္စည်း။
  3. မိတ်= မိတ်ဆွေ အပေါင်းအသင်း ညီအကို မောင်နှမ။
  4. အိမ်= အိုးအိမ် အဆောက်အဦး နေရာထိုင်ခင်း။
  5. သား= သားသမီး လက်အောက် ငယ်သား။
  6. ရန်= ဘေးအန္တရယ် အနှောက်အယှက် ရန်သူ။
  7. ဇိမ်= အိမ်ထောင်ရေး-အချစ်ရေး။
  8. ရော= ရောဂါ ကျန်းမာရေး။
  9. ငြိမ်း= ငြိမ်းအေးမှု့ ၊ တရားဓမ္မ ၊ ပညာရေး ၊ ဘာသာရေး။
  10. ကံ= ဖခင်- အလုပ်အကိုင်။
  11. လာဘ်= လာဘ်လာဘ ထီပေါက် ချဲပေါက်။
  12. ပူ= ပူပင် သောကနှင့် ဖုံးကွယ်ထားသော အရာ။
ရပြီနော်။ လွယ်ပါတယ်။ အဲဒီတော့ ကိုယ် ဗေဒင်ဟောတဲ့ ခုံလေးပေါ်မှာ တားရော့ ၁၂-ချပ် ချလိုက်ပေါ့။ ပြီးရင် ကောင်းတဲ့ကဒ်ကျရင် ကောင်းတယ်ဟောလိုက်။ မကောင်းတဲ့ကဒ်ကျရင် မကောင်းဘူး ရဲရဲကြီး ဟောလိုက် ပေါ့ဗျာ။ သင်စဦး များအတွက် စေတနာကောင်းဖြင့် ဖော်ပြပေးလိုက်ပါသည်။ အထက်ပါ အကြောင်းအရာနှင့် ပါတ်သက်၍ တစ်စုံတစ်ရာ လိုအပ်မှု့ ရှိပါက ကျွန်တော်ထံ အီးမေးလ် ပို့၍ မေးနိုင်ပါကြောင်း.....

အချစ်ဆိုတာ


ကံတရား


နောင်တ


ကျေးဇူးတရား


Sunday, August 29, 2010

မင်းသမီး၊မင်းသား အနုပညာသမားများအတွက် အဆောင်

ငါ့မှာ ယန္တြ တစ်ခု ရှိတယ်ကွ။ ဖြစ်နိုင်ရင် ရွှေပြား အစစ်ပေါ်မှာ ပေါ်မှာ ရေးရမယ်။ ဒါမှမဟုတ် ရွှေပြားမှာ ရေးရမယ်။ အဲဒါမှ မဟုတ်ဘူး ဆိုရင်လည်း ရွှေရောင် စက္ကူပြား ရွှေရောင် ပလပ်စတစ်ပြား စတဲ့အပေါ်မှာ ရေးရမယ်။ ပြီးတော့ ပျားရည်ဖြစ်စေ၊ နွာနို့ ဖြစ်စေ ၊ အဲဒီ ယန္တြပေါ်မှာ ခွက်နဲ့ တင်ပြီး ဒေ၀ီကို ပူဇော်ပြီး ဆုတောင်းရမယ်။

ပရိသတ် ထောက်ခံတဲ့ ယန္တြပဲကွာ။ မင်းသမီးရော ၊ မင်းသားရော ။ လူကြမ်းရော၊ ဒါရိုက်တာရော ၊ အဖေခန်း အမေခန်းက ပါတဲ့ သူတွေရော ဇာတ်ညွန်းရေး ဆရာရော၊ ဗွီဒီယို ပြတဲ့ ရုံရော သုံးပေရော့  ပေါ့ကွာ။ ဟိုတုန်းက ဇာတ်တွေ လူမ၀င်လို့ အကူအညီ တောင်းရင် ငါတို့ ဒါပဲ လုပ်ပေးတာပေါ့ကွာ။ (မူရင်း- အဘမင်းသိင်္ခ)

လာဘ်လာဘအတွက် ခရီးသွားမှာလား

အကယ်၍ သင်သည် လာဘ်ရရန် ခရီးသွားသည် ဆိုပါစို့။ တစ်ဖက်တွင် ဖော်ပြထားသော အင်းကို ကူးယူ၍ အလယ် လွတ်နေသော အကွက်တွင် သင်၏ မွေးနံကို ထည့်၍ ဖယောင်းတိုင်တွင် ပတ်၍ မီးထွန်းပါ။ မုချ မလွဲမသွေ လာဘ်ရအံ့။

ဥပမာ သင်သည် တစ်စုံ တစ်ယောက်၏ အထံမှ ငွေကြေးကိစ္စများ အကူအညီ သွားတောင်းသည် ဆိုပါကလည်း မီးထွန်း ဆုတောင်း သွားနိုင်ပါသည်။ (မူရင်း- အဘမင်းသိင်္ခ)

တစ်ပိုင်းတစ်စ ဖြစ်နေသော အလုပ်များ ပြီးပြတ်စေရန်

အကယ်၍ သင်သည် အလုပ်တစ်ခုကို လုပ်၏။ သို့ရာတွင် အကြောင်း အမျိုးမျိုးကြောင့် မပြီးပြတ်ပဲ ဖြစ်နေ၏။ ထိုသို့ ဖြစ်သော အခါ၌ တစ်ဖက်တွင် ဖော်ပြထားသော အင်းကို ကူးယူ၍ ဖယောင်းတိုင်တွင် ပတ်ကာ ကြွေပုဂံတွင် မီးထွန်းလိုက်ပါ။ (၅)-ရက် ဆက်တိုက် ထွန်းလိုက်ပါ။ အခက်အခဲ ဖြစ်နေသော သင်၏ အလုပ်သည် ပြီးပြတ် သွားပေလိမ့်မည်။ (မူရင်း- အဘမင်းသိင်္ခ)

ကကြီးအလယ်သေ-အိမ်အေးစေ...

အချို့သော အိမ်များတွင် ဖခင်နှင့် သားလည်းကောင်း ၊ မိခင်နှင့် သမီးလည်း ကောင်း ၊ ညီအမ အချင်းချင်းလည်းကောင်း၊ ညီအကို အချင်းချင်း လည်းကောင်း ၊ အကြောင်းအရာ ကြီးကြီးမားမား မရှိပဲ ငြင်းခုန်ခြင်း ၊ စကားများခြင်း ၊ ပြုတတ်ကြ၏။

ထိုအိမ်မျိုးကို အိမ်ပူသည် အိမ်ဆူသည်ဟု ခေါ်ဝေါ်ကြ၏။ အိမ်ပူခြင်း ဒုက္ခမှ ကင်းဝေး စေရန်အတွက် ဗားမဲ့ဆရာတော် ၏ ကျမ်းမှ ကကြီး အလယ်သေ အင်းကို ဖော်ပြလိုက်ပါသည်။

ထိုအင်းကို ကူးယူ၍ ကြွေပန်းကန်တွင် ကပ်ကာ "က" ကြီးရှိသော နေရာတွင် ရိုးရိုး ဖယောင်းတိုင် တစ်တိုင် ထွန်းပါ။ ငါးရက်ပြည့်အောင် ထွန်းပါ။ အိမ်ပူသော ဒုက္ခ ကင်းဝေး သွားပါ လိမ့်မည်။

လာဘ်တိတ်နေပါက ထိုအင်းတွင် ပန်းကန်ပြားတွင် ကပ်၍ ရေအနည်းငယ် လောင်းထည့်ပြီး ရေစိမ်ထားပါ။ လာဘ်လာဘများ ပွင့်လန်းလာသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ရလိမ့်မည်။ လောင်းထည့်သော ရေသည် ရိုးရိုးရေ မဟုတ်ပဲ နံ့သာရေကို လောင်းထည့်ပြီး ဈေးဆိုင် ရှိပါက ဆိုင်မဖွင့်မီ ဆိုင်ရှေ့တွင် ပက်ဖြန်းလိုက်ပါ။ ဈေးခေါ် အလွန်ကောင်းပါသည်။ (မူရင်း-အဘမင်းသိင်္ခ)

Saturday, August 28, 2010

နေ့သားအလိုက် ဓါတ်ပန်းချီအဆောင်များ



မနောမယ-မငွေလှိုင်

ဆီမီးခွက် မငွေလှိုင်ဆိုတဲ့ မင်းသမီးတစ်လက် ရှိခဲ့ဘူးတာတော့ ကြားဖူး ပါတယ်။ ပြီးတော့ ဆီမီးခွက် အကကောင်းတဲ့ ကျွန်တော့် သူငယ်ချင်း မငွေလှိုင်လည်း ရှိပါတယ်။ အခုတော့ ဘယ်ရောက်နေမှန်းတောင် မသိပါဘူး။ သူတို့ကို ကျွန်တော်က ဘယ်လို အားကိုးရမှာ တုန်းဟု ကျွန်ုပ်က ပြန်၍ မေးလိုက်ရာ ထိုလူကြီးက....

လူကို ပြောတာ မဟုတ်ဘူးကွ။ ဓါတ်ကို ပြောတာ။ ဆီမီးခွက်ဆိုတာက ထွန်းတောက်တဲ့ ဓါတ် ၊ မ-ဆိုတာက မ-စတဲ့ဓါတ်။ ငွေလှိုင် ဆိုတာက ငွေပေါတဲ့ ဓါတ်။ ဆီမီးခွက်ချဉ်း သက်သက်က အန္တော" ရတယ်ကွ။ အန္တောဆိုတာ မင်းနားလည်မှာ မဟုတ်ဘူး။ " ၁၀ " ရတာကို ပြောတာ။ ဒီမှာ ကြည့်ကွာဟု ဆိုကာ ၎င်း၏ လွယ်အိတ်မှ ဗလာစာအုပ် တစ်အုပ်ကို ထုပ်၍ သူ၏ ဖောင်တိန်နှင့်ပင် ဖော်ပြပါပုံကို ရေးပြလေတော့၏။

ကျွန်ုပ်လည်းပုံကို သေချာစွာ ကြည့်၏။ ဆီမီးခွက်တစ်ခု မီးတောက်နေသောပုံဖြစ်၏။ ထို ဆီမီးခွက်ပေါ်တွင် မငွေလှိုင် ဆိုသော စာသားရေးထား၏။ ထိုပုံလေးကို ကျွန်ုပ်အား ပေးလေ၏။ အိမ်ရှိရင် အိမ်မှာ ချိပ်။ အိမ်မရှိရင် အိပ်ထဲမှာ ထည့်။ မီးခွက် မီးတောက်ချိန် နီးပြီ။ မီးတောက်ရင် မငွေလှိုင် ကလိမ့်မယ်။ မငွေလှိုင်ကရင် မင်းအိမ်မှာ ပွဲဖြစ်ပြီ။ ပွဲဖြစ်ရင် ပွဲကြည့်မယ့်လူ လာလိမ့်မယ်။ လူစည်ကား လိမ့်မယ်။

စိတ်ဝင်စားသူများ ၊ ယုံကြည်သူများ အတွက် ဖော်ပြလိုက်ပါသည်။ (မူရင်း-အဘ မင်းသိင်္ခ)

ဖြုန်းတီးမှု့များ ရပ်စေသတည်း

မာဒါလိုင်းမွန် တဲပင် ဆိုသော အနောက်တိုင်း လောကီပညာရှင် တစ်ဦးက (၁၉၆၂) ခုနှစ် လောက်တွင် မဂ္ဂဇင်းတစ်ဆောင်၌ တဲရော့ခေါ် လောကီပညာသုံး ကဒ်ပြား (သို့) ဗေဒင်သုံး သော ကတ်ပြားတွင် အမှတ် (၁၄) ကတ်ပြားသည် ဖြုန်းတီးမှု့များ ၊ ငွေကြေး ကုန်ကျမှု့များ၌ ကာကွယ်နိုင်သည်ဟု သူ၏ ဆောင်းပါး၌ ဖော်ပြထား၏။

ထိုဆောင်းပါးကို ကျွန်ုပ်သည် အမှတ်ရသဖြင့် တဲရော့နံပါတ်(၁၄) ကဒ်ပြားကို အိပ်ထဲရှာ၍ ထည့်ထားဦးမှဟု ဆိုကာ ကဒ်ပြားကို ရှာနေခြင်းဖြစ်၏။ ထိုကဒ်ပြားတွင် ပုံ တစ်ပုံပါ၏။ ထိုပုံတွင် မိန်းမတစ်ဦး ရေအိုးနှစ်လုံး ကိုင်လျှက် ရေများကို တစ်အိုးမှ တစ်အိုး ပြောင်းလဲ သွန်လောင်းနေသောပုံ ဖြစ်၏။ ထိုကဒ်ပြား၏ အမည်မှာ " တင်းပရင့်" ဟု ဖြစ်၏။ ၎င်း၏ အနက်မှာ ခြိုးခြံချွေတာခြင်းဟု အဓိပ္ပါယ်ရ၏။ ကျွန်ုပ်သည် ထိုကဒ်ပြားကို ထုပ်၍ ကျွန်ုပ်၏ အိပ်အတွင်း၌ ဆောင်ထားလေတော့၏။ (မူရင်း- အဘမင်းသိင်္ခ)

အပြောအဆို လွတ်ကင်း ၀ိမုတ္တိအင်း

သင်၏ ဘ၀တွင် တစ်ခါတစ်ရံ ကိုယ့်ဖာသာ အေးအေးဆေးဆေး နေနေပါလျှက်နှင့် တစ်စုံ တစ်ယောက်က ပြဿနာ လာရှာခြင်း ၊ ရန်စခြင်းများ ခံရတတ်သည်။ ထိုအခါမျိုးတွင် သင်သည် ဘေးတွင် ဖော်ပြထားသော " ၀ိမုတ္တိ " အင်းကို ကူးယူပြီးလျှင် ဖယောင်းတိုင်ကို ပတ်၍ မီးထွန်းပါ။ မီးထွန်းသောအခါတွင် ကြွေပုဂံပေါ်တွင် ထွန်းရပါမည်။ သံပန်းကန် ၊ မယ်လမင်း ပန်းကန်များနှင့် မရပါ။

ဤသို့ သင်ပြုလုပ်လိုက်လျှင် ထိုသူသည် သင့်အား ရန်မပြုနိုင်ပဲ သူတို့ ဒုက္ခနှင့် သူတို့ အလုပ် ရှုပ်နေလိမ့်မည်။ ထိုအင်းကို ၀ိမုတ္တိ အင်းဟု ခေါ်သည်။ ၀ိမုတ္တိ အင်းဆိုသည်မှာ လွတ်မြောက်ခြင်းဟု အဓိပ္ပါယ် ရပါသည်။

Wednesday, August 25, 2010

ပြုတ်သွားတဲ့အလုပ် ပြန်ရအောင်လုပ်မယ်

(နို့)-(No) ဖြင့် အလုပ်ပြန်ရခြင်း

ကျွန်ုပ်ထောင်မှ လွတ်လာသော အခါ၌ ကျွန်ုပ် နေထိုင်သော အခန်းမှာ နေ၍မရအောင် ပျက်စီး နေသောကြောင့် တပည့်ဖြစ်သူ သိဒ္ဓိဆန်းဆိုသော ဗေဒင် ဆရာလေး၏ အိမ်၌ သွားရောက်၍ နေထိုင်ရလေ၏ သိဒ္ဓိဆန်းမှာ ဗေဒင်ဆရာ ဖြစ်သကဲ့သို့ ၎င်း၏ ဇနီး အေးချမ်းမြင့်မှာလည်း ဗေဒင်ဆရာမ ဖြစ်သောကြောင် နံနက် မိုးလင်းသည်နှင့် တပြိုင်နက် ၎င်းတို့၏ ဗေဒင်ဆိုင်ခန်း အသီးသီးသို့ ထွက်သွားလေတော့၏။

ကျွန်ုပ်သာလျှင် ၎င်းတို့အိမ်၌ ကျန်ခဲ့ပြီး ၎င်းတို့၏ သားသမီးများကို ဈေးဝယ်ခိုင်းသူကို ၀ယ်ခိုင်းရ၏ ။ ထမင်းချက် မည့်သူကို ချက်ခိုင်းရ၏ ။ အ၀တ် လျှော်ခိုင်းသူကိုလည်း လျှော်ခိုင်းထားရ၏ ။ ထိုအလုပ်များ ပြီးသော အခါ၌လည်း… ဟိုအိမ်… ဒီအိမ်သို့ မသွားရန် ကြပ်မတ်ရလေ၏။

တစ်နေ့တွင် သိဒ္ဓိဆန်းသည် ဗေဒင်ဆိုင်မှ ပြန်လာပြီးလျှင် ကျွန်ုပ်အား “ဆရာကြီးရေ. . .ကျွန်တော်တော့် မြွေဖမ်းမိပြီ.... လုပ်ပါဦး”ဟု ပြောလေတော့၏ ။ ထို့ကြောင့် ကျွန်ုပ်က “အဲဒီ မြွေဖမ်းမိတယ် ဆိုတာကို ရှင်းပြပါဦး” ဟု မေးရလေတော့၏ ။ ထိုအခါ သိဒ္ဓိဆန်းက “ဒီလို ဆရာကြီးရဲ့ ပြီးခဲ့တဲ့ (၃) ရက်လောက်က ကျွန်တော့်ဆီကို အမျိုးသမီး တစ်ယောက် ဗေဒင်လာမေးတယ်. . . ။ သူက မန္တလေးက အလုပ်ကတော့ စက်မှုမှာပါဘဲ ။


သူ့ တိုင်ကိုကြည့်ရင်း နဲ့ ဘာ သွားတွေ့သလဲ ဆိုတော့ တနင်္ဂနွေ ဂြိုလ်မှာ ဆန့်ကျင်ဂြိုလ် ကပ်နေတယ်။ ဂြိုလ်ကလည်း ကိစ္စဂြိုလ် ဖြစ်နေတယ်။ အဲ့ဒီတော့ ခင်ဗျားရဲ့ အထက်လူကြီး ဆရာသမားလို ပုဂ္ဂိုလ်မျိုး အလုပ်ပြုတ် လိမ့်မယ်လို့ ထည့်ပြီး ဟောမိ လိုက်လေရော။ အဲဒီမိန်းမရဲ့  ဆရာက အရာရှိကြီးပါပဲ။ မကြာခင် ရက်ပိုင်းကပဲ အထက်ကမေးတာကို ပြောတဲ့နေရာမှာ ကျေနပ်ဖွယ်ရာ မတွေ့ရလို့ သူ့ကို အလုပ်ဖြုတ် ပစ်လိုက်တယ်။ အလုပ်ပြုတ်ပြီးသား ဖြစ်နေတာကိုတွေ့ရတယ် ။

အဲဒီတော့ ဒီမိန်းမက သူ့ဆရာဆီကို ၀င်ပြီး ဗေဒင် ကြည့်ခဲ့ကြောင်း ဗေဒင်က အလွန်မှန်ကြောင်း သူ့ဆရာ အလုပ်ပြုတ်မဲ့ ကိစ္စကိုတောင် သူ့ကိုကြည့်ပြီး ဟောနိုင်ကြောင်း ပြောပြ လိုက်ပါရော.... အဲဒီမှာ အဲ့ဒီလူကြီး ကျွန်တော့်ကို အတော် စိတ်ဝင်စားသွားပုံ ရတယ်။ အဲဒိတော့ သူ့ဆီကို ခေါ်ခဲ့ဖို့ ပြောပါလေရော. . . ။


အဲ့ဒီမိန်းမ ကလည်း ကျွန်တော့်ကို သူ့ဆီကို ခေါ်သွားပေးတယ်. . . အဲဒီတော့ အဲဒီလူကြီးက ကျွန်တော်နဲ့ တွေ့ လျှင် တွေ့ ချင်းပဲ ဆရာဟောတာ အတော်တော် တာပဲတဲ့. . . တပည့်ရဲ့ ဗေဒင်ကိန်းကို ကြည့်ပြီး သူ့ဆရာ အလုပ်ပြုတ်မယ်လို့ အတတ်ဟောနိုင်တယ် လို့ ချီးကျူးပါလေရော. . .အဒီလိုလည်း ချီးကျူးရော. . . ကျွန်တော်လည်း မြောက်သွားတာပေါ့ မြောက်သွားတဲ့ အချိန်မှာပဲ အဲဒီလူကြီးက ဒီလောက်တော်တဲ့ ဆရာ အလုပ်ပြန်အောင်လည်း ဓါတ်ရိုက် ပေးနိုင်မှာပေါ့ ပြောသေးတယ်။

အဲဒါကို ကျွန်တော်က ရိုက်ပေးပါမယ်လို့ ပြောလိုက်မိတယ်။ ဒါပေမယ့် ဘယ်လို ရိုက်ရမယ် ဆိုတာလည်း ကျွန်တော် မသိဘူး ဆရာကြီးနဲ့ တွေ့ မှ မေးရမယ်ဆိုပြီး ပြဿနာကို ကျွန်တော် ယူခဲ့တာပဲ”ဟုပြော၏ ။ ထိုအခါ ကျွန်ုပ်က “မင်းနှယ့်ကွာ. . . မင်းလည်း ရုံးမှာ လုပ်ဖူးတာပဲ. . . အစိုးရ အလုပ်မှာက ညစောင့်တောင် ပြုတ်ပြီးရင်ပြန်ခန့်လို့မရဘူးကွ. . . ဒီလောက် ရာထူးအကြီးကြီး ဘယ်လိုလုပ် ပြန်ခန့်မလဲကွာ မဖြစ်နိုင်တာကို မင်း က ပြောခဲ့ကိုး”. . .ဟု ကျွန်ုပ်က အပြစ်တင် မိလေ၏ ။

ထိုအခါ သိဒ္ဓိဆန်းက “မတတ်နိုင်ဘူး ဆရာကြီးရေ. . . ရိုးရိုးယတြာနည်း နဲ့ မရလည်း ဆရာ လုပ်နေကျ ကောင်းကင်က ယတြာနည်းနဲ့ လုပ်ရမှာပဲ. . . လုပ်ပေးပါ ဆရာကြီးရယ်” ဟုပြောလေတော့၏ ။ စိတ်ငြိမ်စေရန် အတွက် လက်ဖက်ရည် အချိုတစ်ခွက် သောက်ပြီးလျှင် စိတ်ကို တည်တည်ငြိမ်ငြိမ် ထား၍ ကောင်းကင်ဆီသို့ မျက်နှာကို မော့ပြီး မျက်စိကို မှိတ်ကာ အတွက် ယတြာကို တောင်းလေ၏ ။

ထိုအချိန်၌ ကျွန်ုပ်၏ အာရုံတွင် ခြောက်လက္ခ ဖန်ခွက်ကြီးတွင် ဘေးရှိ ‘နိုး’ ဆိုသော စာတမ်း တစ်လုံးနှင့် အခြားတစ်ဘက်ရှိ (No) စာလုံး တစ်လုံးကို တွေ့ရလေ၏ ထိုဖန်ခွက်ထဲသို့ နွားနို့ပူပူများ လောင်းထည့် နေသည်ကို တွေ့ ရပြန်၏ ။ ပြီးလျှင်ထို ဖန်ခွက်ကို အိမ်ရှိ ဘုရားစင်၌ ကပ်လှူ ပုဇော်နေသည်များကို သိဒ္ဓိဆန်းအား ပြောပြမိတယ်။

သိဒ္ဓိဆန်းလည်း ချက်ချင်းပင် ထိုလူကြီး အိမ်ကို ထသွားပြီး နောက်တစ်နေ့ နံနက်တွင် ယတြာ ပြုလုပ်ရန် အတွက် ဖန်ခွက်တွင် ဆေးအဖြူဖြင့် ‘နို့’ နှင့် (No) ကို ရေးပေးခဲ့ပြန်၏ ။ ထိုလူကြီးလည်း နောက်တစ်နေ့တွင် ဖန်ခွက်ထဲသို့နွားနို့ လောင်းထည့်ကာ ဘုရား၌ လှူဒါန်းလိုက်လေ၏ ။ ထိုသို့ လှူဒါန်းပြီး ၃ ရက်ခန့် အကြာတွင် အထက် လူကြီးများက ပြန်လည် သုံးသပ်ကာ ထိုလူကြီးအား အလုပ်ပြန်၍ ခန့်လိုက်လေတော့၏ ။

ထိုလူကြီးသည် သိဒ္ဓိဆန်း ထံသို့လာရောက်ပြီး ကျေးဇူးတင်ကြောင်း ပြောပြလေ၏ ။သိဒ္ဓိဆန်းလည်း လွန်စွာ ၀မ်းမြောက် ၀မ်းသာ ဖြစ်သွားပြီးလျှင် ကျွန်ုပ်အပါအ၀င် လူ(၅)ဦးကို ကြက်ဂိတ်ရှိ မန်းမြို့ တော် စားသောက်ဆိုင် တစ်ဝိုင်း ကျွေးလေတော့သတည်း. . . .

မှတ်ချက် ။ ယခု ကျွန်ုပ်တင်ပြသော အကြောင်းအရာကို မယုံကြည် သူများက အလကားပါကွာ မဟုတ်က ဟုတ်ကတွေ ဖြီးပြီး ရေးနေတယ်လို့ အထင် ရောက်ကောင်း ရောက်လိမ့်မည်။ ထိုသို့ အထင်ရောက်ပါက ကျွန်ုပ် ထံသို့ လာခဲ့ပါ။ ထိုအဖြစ်အပျက်တွင် အဓိကကျသော သူများနှင့် တွေ့ ပေးပါမည်။

ရတနာကုန်သည်များအတွက်-ယတြာ

ပြောင်ပြောင်လက်လက် အမွှေးတိုင်ထုတ်သော စက္ကူ ကြက်ဥပြုတ်တို့ဖြင့် ပြုလုပ်ရသော ယတြာ

တစ်နေ့တွင် ကျွန်ုပ်ထံသို့ မိုးကုတ်မြို့ မှ မသွယ်ဆိုသော မိန်းကလေးတစ်ဦး ရောက်ရှိ လာလေ၏ ။ သူသည် ပလောင်မလေး တစ်ဦးဖြစ်၏ ။ ရတနာ လုပ်ငန်းနှင့် အကျိုးပေး၍ ချမ်းသာ နေပြီဖြစ်၏ ကျွန်ုပ်ကို တွေ့ လျှင်တွေ့ ချင်း ၎င်းက
“ဆရာရယ်… မသွယ် ရန်ကုန်ကို ရောက်တာ တစ်ပါတ်ကျော်ပြီ အနီတွေရော အပြာတွေရော ပါလာတယ် တစ်ခုမှကို ရောင်းမထွက် သေးပဲ ပိတ်နေတယ် အဲဒါ လုပ်ပေးပါဦး” ဟု ပြောလေတော့၏ ကျွန်ုပ်လည်း မျက်နှာကို ကောင်းကင်ပေါ်သို့ မော့၍ မျက်စိမှိတ်ကာ အာရုံ တောင်းလိုက်လေ၏

ကျွန်ုပ်၏ အာရုံထဲတွင် ၎င်းမသွယ်သည် အမွှေးတိုင် ထည့်သော ပြောင်ပြောင် လက်လက် စက္ကူအိတ်များကိုဖြန့်၍ သူ၏ ကျောက်မျက် ရတနာများကို ထုတ်နေသည်ကို တွေ့ ရ၏။ ထိုသို့ ထုတ်ပြီးနောက် ထိုရတနာများကို ကြက်ဥပြုတ် တစ်လုံးနှင့် လိုက်၍ ခေါက်နေသည် ကိုလည်း တွေ့ ရပြန်၏ ။ မသွယ်အား ပြောပြ လိုက်လေ၏ ။

မသွယ်သည် ကျွန်ုပ်အိမ်မှ ထွက်သွားပြီးလျှင် ပြောင်ပြောင် လက်လက် စက္ကူဖြင့် ထည့်ထားသော အမွှေး တိုင်များကို ၀ယ်လာလေ၏ ။ သူသည် သူ၏ ရတနာများကို အမွှေးတိုင် စက္ကူဖြင့် ထုတ်နေလေ၏ ။ ထိုသို့ ထုတ်ပြီးနောက် လက်ဖက်ရည် ဆိုင်မှ ၀ယ်လာသော ကြက်ဥပြုတ်ဖြင့် ထွက် ထွက်ဟုဆိုကာ ခေါက်နေလေ၏ ။

ထိုသို့ပြုလုပ်ပြီးသည် ကျွန်ုပ်အား နှုတ်ဆက်၍ ၎င်းတည်းခိုသော အိမ်သို့ ထွက်ခွာ သွားလေတော၏ ။ နောက်တနေ့ နေ့လည်တွင် မသွယ် ပြန်ရောက်လာပြန်၏ ။ ထိုအခါ ကျွန်ုပ်က ‘ဘယ်လိုလဲ မသွယ်’ ဟုမေးလိုက်ရာ ၎င်းက ‘အဆင်ပြေ ပါတယ်ဆရာ ဒီမနက်ပဲ အားလုံး ထွက်ကုန်ပြီ အဲဒါကြောင့် ကျွန်မ ဒီညနေ ပြန်တော့မယ်။ ဆရာကို လာပြီး နှုတ်ဆက်တာပါ’ ဟု ပြောပြီးလျှင် ကျွန်ုပ်အား ငွေများ ထိုက်ထိုက်တန်တန် ကန်တော့၍ သွားလေတော့၏ ။

ထိုအချိန်မှ စ၍ ကျွန်ုပ်သည် ကျွန်ုပ်ထံသို့ ရောက်သော ရတနာ ကုန်သည် ကျောက်ပွဲစား တို့အား ဤယတြာကိုပင် ပြုလုပ် ဆောင်ရွက် ပေးခဲ့လေ၏ ။ထိုသို့ ပြုလုပ်ပေးရာတွင် မအောင်မမြင် ဖြစ်သည်ဟု ကျွန်ုပ် မမှတ်မိပါ။ ထို့ကြောင့် အရေးရှိက သုံးနိုင်ရန် အတွက် ကောင်းကင်မှ ယတြာနည်းကို ဖော်ပြလိုက်ရလေ တော့သတည်း…။ (မူရင်း- အဘမင်းသိင်္ခ)

လုံးဝရောင်းမထွက်တဲ့ ကားအတွက်ယတြာ

မော်တော်ကားနောက်မြီးတွင် အဖျားဖြတ်ဆေးကပ်ရသော ယတြာတစ်မျိုး

တစ်နေ့တွင် ကျွန်ုပ်ထံသို့ ကျွန်ုပ်နှင့် ရင်းနှီးသော ကားပွဲစား ကိုသာထူးဆိုသူ ရောက်လာလေ၏ ထိုသူသည် ကျွန်ုပ်ကို တွေ့ လျှင်တွေ့ ချင်း

“ယတြာလေး လုပ်ပါဦး ဆရာ သမားရယ် ကားလေးတစ်စီး အနိမ့်ဈေးနဲ့ ရလို့ ၀ယ်ထားလိုက်တယ်။ ကားကတော့ လိုင်းအောက်နေတဲ့ ကားပါ။ အဲဒီ့ကားက ပြန်ရောင်းတာ ဘယ်လိုမှ မထွက်ဘူး။ နွေက အဲဒီ့အထဲ ရောက်နေတယ် ဆရာသမားရဲ့  ကျွန်ုပ်နဲ့ အတူတူ ၀ယ်တဲ့ မိတ်ဆွေတွေ ပြန်ရောင်းတာ ကားလေးစီး လောက်ရှိပြီ ကျုပ်ကတော့ အဲဒီ့ကားနဲ့ တစ်နေတာ အခုထက်ထိပဲ။

ဆရာသမားရဲ့ တပည့် ဗေဒင်ဆရာတွေဆီ ၀င်ပြီးဓါတ် ရိုက် ခိုင်းတာ များပါပြီ။ ထွက်ကို မထွက်ဘူး ဖြစ်နေတယ်။ ဒါကြောင့် မို့လို့ ဆရာသမားဆီ လာခဲ့တာပဲ” ဟုပြောလေ၏။ ကျွန်ုပ်လည်း ကောင်းကင်ဆီသို့ မျက်နှာကို မော့ပြီး မျက်လုံး မှိတ်ကာ ကောင်းကင်မှ အာရုံကို တောင်းလိုက်လေ၏။

ထိုအခါ မော်တော်ကား နောက်ဖက်တွင် အအေးမိသော အခါ သောက်ရသည့် (ကိုးတက်ပလက်) ကလေး တစ်လုံး တိတ်နဲ့ ကပ်ထားသည်ကို တွေ့ရလေ၏။ ဒီမှာ ကိုသာထူး ခင်ဗျားကားရဲ့ နောက်ဘက်မှာ အအေး မိရင်သောက်တဲ့ (ကိုးတက်ပလက်) ဆေးပြားကလေး တိတ်နဲ့ ကပ်ထားလိုက်ဗျာ။

ခင်ဗျား ကားရောင်း ထွက်သွားလိမ့်မယ်” ဟု ကျွန်ုပ်က ပြောလိုက်ရာ ကိုသာထူး ချက်ချင်း ဆိုသလိုပင် ပြုလုပ်လိုက်လေ၏ ။ ညခုနှစ်နာရီ လောက်တွင် ကိုသာထူး ကျွန်ုပ်ထံသို့ ခေါက်ဆွဲထုတ်များ စီးကရက်ဘူးများ ဖြင့် ရောက်လာပြီး ‘ထွက်သွားပြီ ဆရာရေ…’အားရ ၀မ်းသာ ပြောလေတော့၏ ။

သူသည် ဤနည်းကို မှတ်ထားပြီး တခြား ကားများ ရောင်ချင်သော အခါ၌လည်း (ကိုးတက်ပလက်) ကို တိတ်ဖြင့် ကပ်ပေးလိုက်လေ၏ ထိုကြောင့် ကားပွဲစားတန်းတွင် ကိုသာထူးအား( ကားအမြန်ဆုံး ရောင်းရရန် ဓါတ်ရိုက်တတ်သောဆရာကြီး) ဟု အမည်တွင် သွားလေတော့သတည်း…။

တေ့လွဲလွဲနေသောစီးပွားရေးလုပ်ငန်းရှင်များအတွက်

ဖယောင်းတိုင်ပေါ်တွင် ဖယောင်းတိုင်ဆင့်၍ ထွန်းရသော ယတြာဆန်းတစ်မျိုး

တစ်နေ့တွင် ရွှေဘုံသာ လမ်း၌ ကျင်လည် ကျက်စားနေသော ရတနာပွဲစား မညိုဆိုသူ ရောက်လာလေ၏ ၎င်းမညိုသည် ကျွန်ုပ်နှင့်တွေ့ လျှင် တွေ့ ချင်း “ဆရာရယ်… ဒီတစ်လလုံး မညို အလုပ် မဖြစ်ပါဘူး… အရင်ကဆို ညိုက ၀ယ်လက်ကို ရှောင်ပြီး ပြေးနေရတယ်…

အခုတော့ ညိုက သူတို့ကို လိုက်ရှာနေရတယ်… အလုပ်တွေ အားလုံး ကတော့ တေ့လွဲကလေး လွဲသွားတယ်။ အဲဒီလို ဖြစ်တာတွေ များနေပြီး…ညိုကို လုပ်ပေးပါဦး” ဟု ပြောလေတော့၏။ ကျွန်ုပ်လည်း မိုးကောင်းကင် ဆီသို့ မော့၍ မျက်စိမှိတ် ထားပြီးလျှင် အာရုံ တောင်းလိုက်လေ၏။

အာရုံထဲတွင် ဖယောင်းတိုင် အကြီးပေါ်၌ ဖယောင်းတိုင် အသေးဆင့်ကာ ဘုရားစင်တွင် မီးပူဇော် ထားသည်ကို တွေ့ ရလေ၏ ။မညိုသည် အိမ်သို့ ပြန်သွားပြီးလျှင် ထိုအတိုင်း ပြုလုပ်လေ၏။ ထိုအခါ၌ တေ့လွဲ လွဲသွားသော ကိစ္စများသည် ပြန်၍ တေ့တေ့ဆိုင်ဆိုင် ဖြစ်လာလေတော၏။

ထို့ကြောင့် ကျွန်ုပ်အား ကျေးဇူးတင်သည် ဟု ဆိုကာ အချိန်မမှန်သော နံရံကပ် နာရီ တစ်လုံး တိုက်ဆွေး ဖြစ်နေသော မန္တလေး ပိုးလုံးချည် တစ်ထည်။ မှိုတက်နေသော ငါးသုံးလုံး ဆေးလိပ် တစ်တောင့်တို့ကို လာရောက်၍ ကန်တော့လေသတည်း…။ (မူရင်း-အဘမင်းသိင်္ခ)

Tuesday, August 24, 2010

အကြားအမြင် ပါရမီရှင် ကရာဇက်

အတိုင်းတိုင်း၊ အပြည်ပြည်တွင် အကြားအမြင် စိတ်တန်ခိုးရှင် ဟူသည်မှာ ရှိမြဲပင်။ ထိုပါရမီရှင် များထဲက အစမ်းသပ် ခံရဆုံး (ကမ္ဘာ့သိပ္ပံပညာရှင်များ ကိုယ်တိုင်က ထောက်ခံချက် အပေးဆုံး) ပါရမီရှင်မှာ နို့ဆီကောင်းကောင်း ထွက်သည်ဟု နာမည်ကျော်ကြားသော ဟော်လန်ပြည်မှ အကြားအမြင် စိတ်တန်ခိုးရှင် “ကရာဇက်” ပင်ဖြစ်သည်။

ကရာဇက်၏ ဂုဏ်သတင်းကား ဟော်လန်ပြည် နယ်နိမိတ်ကိုပင် ကျော်လွန်၍ ဥရောပကို မျက်စိ ပြူးသွားစေသူ “ရာဒါဦးနှာက်ပိုင်ရှင်” ‘ဟော်လန်ကဝေကြီး’ “ဟော်လန်စိတ်တန်ခိုးရှင်” ဟု ဟိုးလေး တစ်ကျော် ကျော်သူပင်ဖြစ်သည်။ ဥရောပကို ကျော်နေသူ ကရာဇက်ကား စူးရှသော မျက်လုံးပြာ တစ်စုံ ခပ်နွဲ့နွဲ့ကိုယ်ဟန်နှင့် ဟော်လန် ပန်းချီဆရာကြီး ဗင်ဂိုးလို အနုပညာရှင် ဟန်မျိုး ရှိသူဖြစ်သည်။ ယခုအခါတွင် သူသည် အသက် (၆၀) ရှိပြီး လျှင်ပါမောက္ခ ဒေါက်တာ တင်ဟက်နှင့်တွဲ၍ မနော မယိဒ္ဓိ ဗေဒကို သူတေသန ပြုလျက်ရှိသည်။

များသောအားဖြင့် ပါရမီရှင်တို့ တွေ့ကြုံရသော ကြမ္မာ အတိုင်းပင် ကရာဇက်သည် ငယ်ငယ်က ခပ်ကြောင်ကြောင် မှုန်ကုပ်ကုပ် နေတတ်သည်။ သူ၏ဖခင်မှာ ဂျူးလူမျိုးဖြစ်ပြီး ဇာတ်တစ်ခုမှ ဇာတ်ဆောင် တစ်ဦးဖြစ်သည်။ ကရာက်ဇက်ကို ၁၉၀၉ ခုနှစ် ဟော်လန်တွင် မွေးသည်။ သူ (၈)နှစ်သားတွင် မွေးစားမိဘတို့ အိမ်တွင် နေရလေရာ ကလေးဘ၀မှာ ညှိုးငယ်လှပေသည်။ မွေးစားဖခင်သည် ရက်စက်သူ ဖြစ်သဖြင့် ကရာဇက်မှာ မကြာခဏ ကြိမ်ဒဏ်ခံရသည်။

ပါရမီရှင်တို့ဖြစ်နေကျအတိုင်းပင် ကရာဇက်၏ စိတ်တန်ခိုး ပါရမီမှာလည်း ကရာဇက် ငယ်ငယ်ကပင် အစွမ်းပြခဲ့သည်။ နှစ်၊ လ ကို အတိအကျ မမှတ်မိတော့ သော်လည်း ကရာဇက် (၆) နှစ်သား အရွယ် လောက်ကပင် ပတ်ဝန်းကျင်က “ဒီကောင်းလေး တစ်မျိုးဘဲ ထူးတော့ထူးတဲ့ကောင်ဘဲ” ဟု ပြောကြသည်။ ထူးသည်ဆိုသည့်အတိုင်း ကရာဇက်သည် ကလေးဘ၀တွင်ပင် အခြားသူများ မမြင်သည်ကို မြင်ရသည်။ သူများမမြင်ရသည်ကို မြင်ရကြောင်း ပြောသည့်အခါ အများက၀ိုင်းနှိမ်ကြသည်။ မွေးစားဖခင်က ဒီကောင်တောက်တီး တောက်တဲ့တွေ ပြောနေတယ်။ နောက်တွေ့ကရာ တွေလျှောက်မပြောနဲ့ဟု ပိတ်ပင်သည်။ ဤလို အညိုအညင် ကြားမှ ကြီးပြင်းလာရသည်။ ထို့ကြောင့် သိမ်ငယ်လာသည်။ အားငယ်သော စိတ် ၀င်လာသည်။

ကရာဇက်သည် ၁၈ နှစ်သား အရွယ် ကျောင်းနေစဉ်က သူ့ဆရာကို “ကျနော်ဟာ ဟိုအဝေးကြီးမှာ ရှိနေတာကို မြင်ရတယ်” ဟု ပြောသောအခါ ဆရာက ဒီကောင် အရူးပဲဟု မှတ်ချက်ချသည်။ ထိုအခါ ကရာဇက်က “ဆရာမနေ့က ကျနော်တို့ကို စာမသင်နိုင်တော့ဘဲ ခွင့်တစ်ရက် ယူတာဟာ အပျိုချောချော တစ်ယောက်ဆီ သွားတာ မဟုတ်လား၊ အင်္ကျီမှာ နှင်းဆီပန်း နီနီကလေးကို ထိုးလို့၊ ဆရာသူ့ကို လက်ထပ်လိမ့်မယ် မဟုတ် လား၊”ဟု ပြောလိုက်ရာ ဟုတ်မှန်နေ သဖြင့် ဆရာမှာ မှင်သက် မိသွားသည်။

ဤသို့ သူများ မမြင်သည်ကို မြင်သော၊ အဝေးမှ အဖြစ်အပျက် များကို မြင်သော ပါရမီရှင် ကရာဇက်သည် ပေါ်တစ်ခါ ငုပ်တစ်လှည့်ဖြင့် အသက် ၂၅ နှင် ပြည့်ပြီး အိမ်ထောင် ကျသည်အထိ စန်းမပွင့် နိုင်ခဲ့ပေ၊ အိမ်ထောင် ကျလာသောအခါ အိမ်ဆိုင်ကလေး ထောင်ပြီး စီးပွားရှာရင်း တစ်နေ့တွင် စိတ်ပညာရှင်တစ်ဦးဖြစ်သူ မစ္စတာ စီဗွီနှင့် တွေ့ဆုံ စမ်းသပ်ခဲ့သည်။ မစ္စတာစီဗွီ၏ မှတ်တမ်းတွင် ဤသို့ တွေ့ရသည်။

“ကရာဇက်ကို ပထမဆုံး ၁၉၃၃ နှစ်တွင် တွေ့ရသည်။ သူ့အမြင် အာရုံများမှာ မရှင်းလင်းလှ သော်လည်း တို့နှစ်သက်သည်။ ၁၉၃၉ ခုနှစ်တွင် ကရာဇက်က ကျနော်အား ဂျာမန်တွေနှင့် ပေါင်းလျှင် ဒုက္ခ ဖြစ်နိုင်ကြောင်း သတိပေးသည်။ သူက ကျနော့အား ဂျာမန် ယူနီဖောင်း အနက်တွေ ၀တ်ထားသည်ကို မြင်ရသည်ဟု ဆိုသည်။ အမှန်ပင် ကျနော်လည်း ၀တ်ခဲ့ရသည်။ ကျနော် မယုံခဲ့ပါ။ သို့သော် စစ်အပြီးတွင် ၃ နှစ်ခန့် ထောင်ကျခဲ့သည်”။

ဟော်လန်ကို ဂျာမန်တို့ သိမ်းပိုက် ထားစဉ်က ကရာဇက်သည် ဟော်လန် မြေအောက် တော်လှန်ရေး များကို တစ်ဖက်တစ်လမ်း ကကူညီခဲ့သည်။ ရန်သူ ဂျာမန်တို့၏ လှုပ်ရှားမှုများကို ကြိုတင် မြင်သည့်အတိုင်း တော်လှန်ရေး သမားတို့အား ကြိုတင် သတိပေးနိုင်ခဲ့သည်။ ဤနည်းဖြင့် တော်လှန်ရေးသမားတွေ ဂျာမန်တို့ လက်တွင်းမှ သီသီလေး လွဲခဲ့ရသော အကြိမ်များရှိခဲ့သည်။ တစ်ခါတစ်ရံ တွင်လည်း ပုန်းအောင်းနေသော ဂျူးတို့၏ အိမ်ကို ဂျာမန်တွေ မကြာခင် တောနင်း ရှာဖွေတော့မည့် အကြောင်းကို သူ့အာရုံဖြင့် မြင်သည့်အတိုင်း သတိပေး နိုင်ခဲ့သည်။ ကရာဇက် ပြောသည့် အတိုင်းပင် ထိုအိမ်ကို မကြာမီပင် ဂျာမန်တွေ တက်ရှာခဲ့သည်။

စစ်ပြီးသွားသောအခါ ကရာဇက်၏ ကံကြမ္မာကို ပြောင်းလဲမည့် အချိန် ရောက်လာသည်။ ၁၉၅၄ ခု၊ ဒီဇင်ဘာ လတွင် အထက်တန်းကျောင်း တစ်ကျောင်းတွင် ဒေါက်တာ တင်ဟက်က မနောမယိဒ္ဓိ ဗေဒအကြောင်း ဟောပြောသည်ကို သူတက်ပြီး နားထောင်မိသည်။ ဒေါက်တာ တင်ဟက်၏ ပို့ချမှုကို နားထောင် လိုက်ရသော အခါ သူ့တွင်ရှိသော ပါရမီ သူ့ပညာကို အသုံးချရန်အတွက် အကွက်ကောင်း ပေါ်လာပြီး အသုံးချရန် နည်းလမ်း တွေ့ပြီးဟု ၀မ်းမြောက်ဝမ်းသာ ဖြစ်သွားလေသည်။

ဟောပြောမှု ပြီးဆုံး သွားသောအခါ ကရာဇက်သည် ဒေါက်တာ တင်ဟက်ထံသွားရောက်ပြီး သူ့ပညာ၊ သူ့ဘ၀၊ သူ့အစွမ်းကို လိုရာသုံးပါဟု အပ်လိုက်သည်။ မကြာမီပင် ဒေါက်တာတင်ဟက်က ကရာဇက်အား ခေါ်ယူ စစ်ဆေးကြည့်ရာ စိတ်တန်ခိုး အစွမ်းသတ္တိကို အမှန်ပင် တွေ့ရလေသည်။ ဒေါက်တာ တင်ဟက်၏ မနော မယိဒ္ဓိ ဗေဒဌာနတွင် စိတ်တန်ခိုးရှင် အများအပြားရှိသည်။ များသောအားဖြင့် စိတ်တ်ခိုးရှင် တို့မှာ စိတ်မတည် ငြိမ်သူတွေ၊ ကိုလေအိုးတွေ၊ မလေအိုးတွေ ခပ်ကြောင်ကြောင် တွေသာ ဖြစ်ရာ ကရာဇက် တစ်ယောက်လျှင် အဖက်ဖက်မှ စိတ်ချရဆုံး၊ အထက်မြက်ဆုံးဖြစ်သည်။

ထိုအချိန်မှစ၍ လိုက်ဖက်သော အတွဲဖြစ်သွားကြသည့် ဒေါက်တာ တင်ဟက်နှင့် ကရာဇက် တို့သည် စိတ်တန်ခိုး သူတေသန (၀ါ) မနောမယိဒ္ဓိ ဗေဒပညာ စမ်းကြသည်။ လူပျောက်၊ ပစ္စည်းပျောက် မေးလျှင် ဟောသည်။ ရဲဘက်က ထောက်လှမ်းမရသော အမှုများကို ရှာဖွေပေးသည်။ ရှေးဟောင်း သုတေသနကိုလည်း ကူညီသည်။ နောက်ဆုံး အခြား တိုင်းပြည်များနှင့် အမေရိကန်(အက်ဖ်-ဘီ-အိုင်) ကဲ့သို့သော ထောက်လှမ်းရေး အဖွဲ့များက အကူအညီ တောင်းသည်ကိုပင် ကူညီရသည်။

ဟော်လန်၊ ဂျာမနီ၊ သြစတီးယား၊ အီတလီ၊ ဆွစ်ဇာလန်တို့မှ သိပ္ပံပညာရှင်များက ၁၉၅၇ တွင် အကြိမ် ၄၀၀ မျှ ကရာဇက်ကို စမ်းသပ် ပြီးသောအခါ ဒေါက်တာ တင်ဟက်က ကရာဇက်ကို ပွဲထုတ်သည်။ ကရာဇက် ၏စွမ်း၇ည် အမျိုးမျိုးထဲမှ ပရိသတ် ထိုင်ခုံ တစ်ခုခုကို ထိုင်မည့်သူ မည်သူမည်ဝါ ဖြစ်ကြောင်း ကြိုတင် ဟောပြောနိုင်သော ထိုင်ခုံဟော ပညာပင်ဖြစ်သည်။ ထိုခိုင်ခုံဟော ပညာများ အနက် ထူးခြားသော စမ်းသပ်မှုတစ်ခုမှာ ၁၉၅၇ ခု၊ တက္ကသိုလ် မနောမယိဒ္ဓိ ဗေဒဌာန တွင်ဖြစ်သည်။

စမ်းသပ်မည့် သက်သေ လူကြီးများကား မစ္စလိုဝါရ၀ါး၊ သတ္တဗေဒ ပါမောက္ခ ဘရက်နိုင်ဒါးနှင့် ရူပဗေဒ ပါမောက္ခ ဒေါက်တာစမစ်တို့ ဖြစ်ကြသည်။ နောက် ၂၅ ရက်အကြာ ကျင်းပမည် ဖြစ်သော အစည်ဝေး၏ ထိုင်ခုံပုံစံကို ကရာဇက်အား ပေးသည်။ ထိုအစည်းအဝေးမှာ ဟိတ်မြို့ မှ မစ္စဒီဗီတီ၏ အိမ်တွင် ဖြစ်ပြီး အိမ်ရှင်ကို ပါမောက္ခ တင်ဟက်နှင့် ကရာဇက်တို့က မမြင်ဖူး၊ မသိဖူးကြချေ။ ထိုဧည့်သည်များ ထိုင်မည့် ခုံဇယားမှ ခုံနံပါတ် (၉)ကို ကရာဇက်က ရွေးပြီး ၎င်းထိုင်ခုံ (၉)တွင် ထိုင်မည့် ဧည့်သည်၏ သဏ္ဌာန်နှင့် ထိုင်မည့်သူ၏ အကြောင်းကို ကြိုတင်ဟောသည်။

ပရော်ဖက်ဆာ တင်ဟက်က ကရာဇက်အား မေးသည်။ ခုံနံပါတ်(၉)တွင် ထိုင်မည့်သူ၏ အကြောင်းကို ပြောပြ နိုင်ပါသလား။
  1. ၁၉၇၅ ခု ဖေဖော်ဝါရီလ ၁ ရက်၊ သောကြာနေ့ ဟိတ်မြို့ ရှိ အမျိုးသမီးတစ်ဦးရဲ့ အိမ်မယ် ဒီခုံနံပါတ်(၉)ကို ထိုင်မယ့် သူဟာ သွက်လက် ဖျတ်လတ်ပြီး ချိုသာ ပြုံးရွှင်တဲ့ အမျိုးသမီးတစ်ဦး ဖြစ်တယ်။ သူဟာ အသက်အားဖြင့် လူလတ်ပိုင်း ဖြစ်ပြီး ကလေးတွေကို အလွန်ဂရုစိုက် ပြုစု တတ်တဲ့သူ ဖြစ်တယ်။
  2. ၁၉၂၈ ခု မှ ၁၉၃၀ အတွင်းမှာ ရှိဗင်နင်ဂျိန်မြို့  မှာရှိတဲ့ ဆပ်ကပ်ပွဲများကို မကြာခဏ ကြည့်တတ်သူ ဖြစ်တယ်။
  3. သူငယ်ငယ်က ဒိန်ခဲ လုပ်တဲ့မြို့ မှာ နေတယ်။ သူနေတဲ့ အိမ်မှာရှိတဲ့ တဲကြီးကို မိးလောင်လို့ တိရစ္ဆာန် တွေ သေကြတယ်။
  4. သူ့မှာ ညီငယ်၊ မောင်ငယ်တွေရှိပြီး နိုင်ငံရပ်ခြားမှာ အလုပ်လုပ် ကြရတယ်။ အင်္ဂလိပ် ပိုင်နက်လို့ ထင်တယ်။
  5. အိန္ဒိယက မဟာရာဂျာလို ကုလား အ၀တ်အစားနဲ့ ပုဂ္ဂိုလ်တစ်ဦးလဲ တွေ့ ရတယ်။
  6. ခြင်္သေ့ လှောင်အိမ်ထဲကို ဒီအမျိုးသမီးရဲ့ လက်ကိုင်ပ၀ါ ကျသွားဖူးတယ်။ အဲဒီအ၀တ်စလေးကို ခြင်္သေ့က ဆုတ်ဖြဲ ပစ်လိုက်တယ်။
  7. စက္ကူ တစ်ခုပေါ်မှာ အစက နံပါတ် ၅ ထားတယ်။ နောက်ကျတော့မှ နံပါတ် ၆ ပြောင်း ရေးထားတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စကား အတော်များခဲ့ရတယ်။
  8. သူမဟာ ရှေးဆန်တဲ့ သုတ်ဆေးများကို အသုံးပြုတယ်၊ ညာဘက် လက်ခလယ်မှာ နည်းနည်းပါးပါး ထိခိုက် မိထားတယ်။
  9. မကြာခင် ကပင် သူ့ရဲ့ အမျိုးသမီး မိတ်ဆွေတစ်ဦး အလည်အပတ် ရောက်လာ သေးတယ်။ အဲဒီ ဧည့်သည်ဟာ အရပ်မြင့်မြင့်၊ ခပ်ကုပ်ကုပ်၊ ဆံပင်နက်နက် အသက် ၄၄ နှစ် ရှိပြီး အိမ်ထောင်ရေး အဆင် မပြေတဲ့ ကိစ္စကို လာတိုင်ပင်တာ။
  10. ဖော့စ်တပ် ဆိုတဲ့ ရုပ်ရှင်ကြည့်ပြီး စိတ်လှုပ်ရှားနေတယ်။
  11. သူမရဲ့ ဖခင်ဟာ အမှုထမ်းကောင်းလို့ ရွှေတံဆိပ်ရဖူးတယ်။
  12. ဒီအစည်းအဝေးကို လာတဲ့နေ့မှာဘဲ ကလေးတစ်ယောက် သွားစိုက်ဆရာဆီ ပို့ရသေးတယ်။
  13. အသက် ၄၅ နှစ် လောက်ရှိတဲ့ လူတစ်ယောက်ကို မြင်ရတယ်၊ ဒီလူက စိတ်နုတယ်။ သူ့မိန်းမက သူ့ခံစားချက်ကို နားမလည်ဘူး။ သူတို့ချင်း တွဲတယ်။ သူကလည်း နောက်မိန်းမ တစ်ယောက်နဲ့ ယူတယ်။ သူ့မိန်းမကလည်း နောက်ယောင်္ကျားနဲ့ဘဲ။

အစည်းအဝေး စသည့် အချိန်တွင် မူလက ရှိခဲ့သော သက်သေ လူကြီးများ ဖြစ်သော ပါမောက္ခ ကြီးများသည် ဧည့်သည်များ ၀င်ပြီး ထိုင်ခုံ အသီးသီးတွင် ထိုင်သည်ကို စောင့်ကြည့်ကြသည်။ ထိုအချိန်တွင် ကရာဇက်မှာ အစည်းအဝေး လုပ်မည့်နေရာတွင် မရှိချေ၊ မနောဆက် ပညာ အသုံးပြုပြီး သူထိုင်စေချင် သူကို အထိုင်ခိုင်းမည်စိုးသောကြာင့် ဖြစ်သည်။ အစည်းအဝေး ဖိတ်စာ ပို့သည်မှစ၍ ထိုင်သည်အထိ ပါမောက္ခ ကြီးများက ကြီးကြပ်ထားသည်။

ခုံနံပါတ်(၉)ကို ထိုင်သည့် အမျိုးသမီးအား ကရာဇက်၏ စိတ်တန်ခိုးဖြင့် ဟောပြောခြင်းကို စမ်းသပ်ခြင်း ဖြစ်ကြောင်း ပြောပြီး ကရာဇက်၏ ဟောထားသော အချက်များကို တစ်ခုစီ မှန်၊ မမှန်မေးကြည့်သည်။ ထွက်ပေါ်လာသောအဖြေမှာ အောက်ပါအတိုင်း ဖြစ်သည်။
  1. ခုံအမှတ် (၉)တွင် ထိုင်မည့်သူ မစ္စအမ်မှာ အသက် ၄၂ နှစ်ရှိပြီး သွက်လက် ဖျတ်လတ် ချိုသာသူဖြစ်သည်။ ကလေးများကို ပြုစုရန် စိတ်ဝင်စားကြောင်း ၀န်ခံသည်။
  2. သူမ၏ဖခင်နှင့် မိခင်တို့မှာ ကွဲနေကြသည်။ သူမငယ်စဉ်က ဖခင်က ဆပ်ကပ်ပွဲကို မကြာခဏ ခေါ်သွားသည်။ မိဘ နှစ်ဦးတို့မှာ နောက်အိမ်ထောင် အသီးသီး ပြုထားကြသည်။
  3. သူမနေသောနေရာမှာ ဒိန်ခဲလုပ်ငန်း မဟုတ်၊ ထောပတ် လုပ်သောနေရာ ဖြစ်ပြီး ခြံကို မီးလောင်သဖြင့် မြင်းတစ်ကောင် သေသည်။
  4. သူမတွင် မောင်များ မရှိသောလည်း သူ့ယောင်္ကျားတွင် ညီနှစ်ဦးရှိသည်။ တစ်ယောက်မှာ အင်္ဂလန်တွင် စစ်ပညာ သင်ပြီး အင်ဒိုနီးရှားသို့ ရောက်နေသည်။ ကရာဇက်နှင့် တူသူမှာ အကျဉ်းထောင်တွင် သေသည်။
  5. မကြာမီက စာအုပ် တစ်အုပ်ထဲက သိဒ္ဓိယောဂီ တစ်ဦး၏ပုံကို ထိုယောဂီကို မကြာခဏ သတိရသည်ဟု ဆိုသည်။
  6. (၆) နှင့် ပတ်သက်၍ မမှတ်မိဟု ဆိုသည်။ ကရာဇက်က အမှတ်(၉) ကျရင် ဆက်စပ် မိမည်ဟု ပြောသည်။
  7. မကြာမီက အိမ်အသုံး စာရင်းပေါင်းရာတွင် ၅ နှင့် ၆ မှားပြီး ပေါင်းမိသည်။ ထို့ကြောင့် လင်မယားချင်း စကားများရသည်။
  8. သုတ်ဆေးထည့် ထားသော သေတ္တာကြီး တစ်ခုရှိသည်။ ဟင်းသီးဟင်းရွက်များ လှီးစဉ်က လက်ခလယ်ကို ဓါးရှသည်။
  9. မိန်းမချင်း မိတ်ဆွေ တစ်ဦးနှင့် မကြာမီက အိမ်ထောင်ရေး ကိစ္စများ ဆွေးနွေးရသည်။ ထိုမိန်းမမှာ ကိုယ်လုံး တောင့်တောင့် ဆံပင်နက်နက်နှင့် ဖြစ်သည်။ လက်ကိုင်ပါဝါ ကိစ္စမေးရာ ငယ်ငယ်က လက်ကိုင်ပါဝါ ဖွတ်တမ်း မကြာခဏ ကစားခဲ့သည်ဟု ဖြေသည်။
  10. မစ္စအမ်သည် ပြဇာတ် အဆိုတော်ဖြစ်သည်။ သူမပထမဆုံး အဆိုတော် ဖြစ်ခဲ့သော ပြဇာတ်မှာ ဖော့စ်တပ်ဖြစ်သည်။ ထို့ကြောင့် ထိုဇာတ်ကို စိတ်စွဲနေသည်။
  11. သူမ၏ဖခင် အငြိမ်းစားယူသောအခါ ရွှေစီးကရက်ဘူးကို လက်ဆောင်ရခဲ့သည်။
  12. မစ္စအမ်၏ သမီးငယ်မှာ သွားပိုး စားနေသဖြင့် ဖေဖော်ဝါရီလ တစ်ရက်နေ့တွင် သွားစိုက် ဆရာထံ သွားရသည်။
ဤကဲ့သို့ ပညာစမ်းသည့် ပွဲများ သာမက တစ်ကဲ့တစ်ကယ် အရေးကြုံသော ကိစ္စများတွင်လည်း ကရာဇက် ပညာမှာ အစွမ်းထက် လှသည်။

၁၉၆၄ ခု ဂျွန်လတွင် မစ္စစ္စမီတွင် အလုပ်သမား တစ်ဦး အသတ်ခံရသည်။ သို့သော် အမှုဖြစ်စဉ်က ပျောက်ဆုံး ခြင်းပင်ဖြစ်ရာ (အက်ဖ်-ဘီ-အိုင်) ကလိုက်သည်။ နောက်ဆုံး သဲလွန်စ မတွေ့ရသော အခါ လက်လျှော့ ရတော့ မလိုဖြစ်သည်။ ထိုအခါ နယူးယောက် ရဲအဖွဲ့မှ စခန်းမှူး ကက်ပတိန် ကရိမင်က ကရာဇက်ထံ အကူညီ တောင်းရန် အကြံပေးသည်။ ကရာဇက်ကို ဖုန်းဖြင့် အကူညီ တောင်းရာ ကရာဇက်က သူ့အမြင်ကို ပြောသည်။

“အဲဒီသုံးယောက်ဟာ သေကုန်ပြီ၊ သေသေချာချာ မြင်လိုက်ရတယ်။ သတ်တဲ့ လူဟာ လျှို့ ဝှက် အဖွဲ့ဝင် တစ်ဦးဘဲ၊ လူဂုဏ်တန်ဘဲ၊ ခြံကြီးတွေ ပိုင်ရှင်ရဲ့ သားဘဲ၊ စစ်ပွဲမှာ ရခဲ့တဲ့ တံဆိပ်လဲရှိတယ်။ သတ်တဲ့ နေရာက (အယ်လ်) စာလုံး ပါတဲ့မြို့  အရက်ဆိုင်မှာ ဖြစ်တယ်။ အဲဒီနေရာမှာ သတ်တဲ့ အဖွဲ့ ခေါင်းဆောင်ရှိတယ်။ သူ့ရဲ့ သဏ္ဌာန်ဟာ ခပ်၀၀။ ဆံပင်နက်နက်၊ မျက်လုံး ပြူးပြူး၊ မျက်နှာ ပေါ်ပေါ်ဖြစ်တယ်။

ကရာဇက်က ဟောလိုက်သည့် အတိုင်းပင် လူသဏ္ဌာန်ရော အရပ်ဒေသပါ တွေ့ရှိ ဖမ်းဆီးရမိသည်၊ မိုင်(၃၀၀၀) ကျော်မှ နေပြီး ဟောလိုက်သည့် အတိုင်း (အက်ဖ်-ဘီ-အိုင်) က ခြေရာခံ ရာမှစ၍ တရားခံများကို ဖမ်းမိခြင်းဖြစ်သည်။ ဟောရာတွင်လည်း ဓာတ်ဖန်လုံးကို မသုံး၊ ခေါင်းဆွဲကို မခေါ်၊ လက်ဖွဲ့လည်း မဆောင်ဘဲ ဗြုံးကနဲ့ ဖုန်းကောက်ကိုင်ပြီး ဟောခြင်း ဖြစ်သည်။ အမြဲပင် ဤသို့ ဟောတတ်သည်။

ဤအမှုတွင်ကရာဇက် ဂုဏ်သတင်းမှာ ထိုးတက်သွားသည်။ အဘယ့်ကြောင့် ဆိုသော် မိုင် ၃၀၀၀ ကွာရှိ အမေရိကန်မှ (အက်ဖ်-ဘီ-အိုင်)လို ထိပ်တန်း ထောက်လှမ်းရေး အဖွဲ့က ဆရာတင်ရရုံမက ဂျင်းဒစ်ဆင်လို အကြား အမြင် ပါရမီ၏ ဇာတိ ချက်ကြွေ အမေရိကန်မြေမှ လာရောက် အကူညီ တောင်းရ သောကြောင့် ဖြစ်သည်။ ကရာဇက်သည် ပစ္စည်းပျောက် ရှာရာတွင် အားကိုးရသော ပါရမီရှင်လည်း ဖြစ်၏

ခရိုင် တရားရုံး တစ်ရုံးရှိ မှတ်တမ်း ဌာနတွင် သိမ်းဆည်း ထားသော အရေးကြီးသည့် မှတ်တမ်းများ ၁၉၅၀ ခုနှစ်၊ ဇွန်လ တွင် ပျောက်ဆုံးခဲ့သည်။ ဘယ်လိုမှ ရှာမရတော့ သည့်အဆုံးတွင် ကရာဇက်ထံ အကူအညီ တောင်းရသည်။ ကရာဇက်က ချက်ခြင်းပင် ဟောလိုက်သည်။ ဒီမှတ်တမ်းတွေ ဘယ်မှ ထွက် မသွားပါဘူး။ အဲဒီရုံး အပေါ်က ၂ ထပ် ဘယ်ဘက်က အခန်းချောင်ထဲ ရောက်နေပါတယ်။

ထိုမျှမက ပျောက်နေသော ဖိုင်တွဲ မှတ်တမ်း၏ အထူးအပါး အရောင်အဆင်း များနှင့် အခြားအချက် အလက်များကို ရှာဖွေ လွယ်ကူအောင် ဟောလိုက်သည်။ ရှာကြည့်သောအခါ ကရာဇက် ပြောသည့် နေရာ ချောင်ထဲတွင်ပင် တွေ့သည်။ ထိုအခါမှ တရားရေး ဥက္ကဌကြီးမှာ သက်ပြင်း ချနိုင် လေတော့သည်။

ကရာဇက်သည် အထူးသဖြင့် ကလေးပျောက် အဟောတွင် နာမည်ကျော် လှသည်။ စင်စစ် သူကိုယ်တိုင် စိတ်ဝင်စားသော ဟောကွက်ဖြစ်သည်။ သူကလေး ဘ၀က ညှိုးငယ်စွာ နေခဲ့ရသည်ကို မမေ့နိုင်သေးသဖြင့် ကိုယ်ချင်းစာ သဘောဖြင့် ကလေးဆိုလျှင် ကြင်နာတတ်သည်။ သနားတတ်သည်။ ဟော်လန်ပြည် တွင် ကလေး တစ်ယောက် အိမ်ကို အချိန်မှီ ပြန်မရောက် တော့ဘူးဆိုလျှင် မိဘတို့က ရဲကိုမတိုင်မီ ကရာဇက်ထံ ဖုန်းဆက် မေးတတ်သည်။ ရဲအနေဖြင့်လည်း မိမိတို့ လိုက်မရသော အမှုကြီးဆိုလျှင် ကရာဇက်ထံ လာပြီး အကူအညီ တောင်းစမြဲပင်။ ကရာဇက်သည် ရဲအဖွဲ့ ကို အကူအညီ ပေးသော အကြားအမြင် ပညာရှင် များတွင် ထိပ်ဆုံးမှ ဖြစ်သည်။ တစ်ခါတစ်ရံ ရဲအဖွဲ့ ဝင်များ၏ ကိုယ်ရေး ပြဿနာ သူတို့၏ သားသမီး ပျောက်ဆုံး သွားသည်ကိုပင် ကရာဇက်အား မေးမြန်းလေ့ ရှိသည်။ ကရာဇက်ကိုပင် အားကိုးလေ့ ရှိသည်။

၁၉၆၂ ခုနှစ်၊ ဒီဇင်ဘာလ နေ့လည်တွင် ကျောင်းသားကလေး “နစ်ဂျီ” သည် ဟော်ကီး ကစားမိသဖြင့် ကျောင်းအုပ် ဆရာကြီးက ခေါ်ပြီး ဆူလေသည်။ နစ်ဂျီသည် ၁၀ နှစ်သားမျှသာ ရှိသေးသော မူလတန်း ကျောင်းသားလေး ဖြစ်သည်။ ဆရာကြီးက ဆူသည်ကို မတရား ဆူသည်ဟု ယူဆကာ စိတ်ကောက်သည်။ ကျေမနပ် ဖြစ်သွားသည်။ ကျောင်းသား သူငယ်ချင်း တစ်ယောက်နှင့် မြို့ ထဲ ထွက်သွားသည်။ ညစာစားချိန်ထိ အိမ်ပြန် မရောက်သောအခါ မိဘများက စိတ်ပူလာကြသည်။ လေဒင်မြို့ ကလေးမှာ သိပ်မကြီး လှသောမြို့ ဖြစ်သည်။

မိဘများသည် မိတ်ဆွေ သင်္ဂဟများ၏ အကူအညီဖြင့် တစ်မြို့ လုံး ခေါင်းတောက်အောင် ရှာကြည့်သည်။ လေဒင်မြို့ အနီး ရွာတွင် နေသော နစ်ဂျီ မိဘများ၏ မိတ်ဆွေဖြစ်သူ မစ္စတာ လေကင်သည် အကြားအမြင်စိတ်တန်ခိုး ကို မယုံကြည် လှသော်လည်း အကူအညီ ရလိုရငြား သဘောဖြင့် ကရာဇက်ကို ဖုန်းဆက် အကူအညီ တောင်းကြည့်သည်။ ကရာဇက်က ကျောင်းသား ကလေးများ ရေနစ် သေဆုံးသွားပြီဖြစ်ကြောင်းနှင့် အလောင်းရှိမည့် နေရာကို သူ့အာရုံတွင် မြင်ရသည့် အတိုင်း ပြောပြလိုက်သည်။ “တူးမြောင်းကြီး တစ်ခု မြင်ရတယ်။ ပျောက်သွားတဲ့ ကလေး မိဘများနဲ့ မီတာ ၇၀၀ လောက် အဝေးမှာ ရှိတဲ့နေရာမှာ သဘောင်္ တစ်စီးရှိတယ်။ ဒီသဘောင်္က ကျောက်ချထားတယ်။ သွားနေတယ်မဟုတ်ဘူး။ ကရိန်းတွေ တာ ပေါ်လင်တွေနဲ့ ရပ်လို့”

မိတ်ဆွေဖြစ်သူ မစ္စတာ လေကင်က တူးမြောင်း တစ်လျှောက် ပိုက်ဆွဲ ရှာရန် ရဲအဖွဲ့ ကို ပြောသော်လည်း ရဲအဖွဲ့ က မယုံကြည်၍ လက်မခံပေး ကရာဇက် ပြောသည်ကို ယုံကြည် နေသော ရဲအဖွဲ့ ကား ဤအကြိမ်တွင် ကရာဇက် ပြောသည်ကို မယုံကြည်နိုင်အောင် ဖြစ်နေသည်။ ထို့ကြောင့် မစ္စတာ လေကင်သည် မိမိတို့ ဖာသာ ပိုက်ဆွဲရှာကြည့် သော်လည်း ရှာမတွေ့ ဖြစ်နေသည်။

တစ်ဖန်ပြန်ပြီး ကရာဇက်ကို ဖုန်းဆက်ပြီး သူ့အာရုံ အမြင် မည်မျှ သေချာသည်ကို မေးကြသည်။ သည်တစ်ကြိမ် တွင်ကား ကရာဇက်သည် မနေသာ တော့ပြီး။ နစ်ဂျီ မိဘများနှင် အတူ မသင်္ကာသော နေရာသို့ ကားဖြင့် လိုက်သွားသည်။ မစ္စတာ လေကင်လည်း အတူ ပါသွားသည်။ သူ့အာရုံတွင် မြင်တွေ့ခဲ့ရသော နေရာသို့ ရောက်အောင် သွားပြီး ကြည့်သည်။ ကရာဇက်ကား သူအာရုံတွင် မြင်တွေ့ ခဲ့ရသော နေရာနှင့် အတူဆုံး နေရာကို ရှာသည်။ မကြာမီ အာရုံနှင့် တစ်ထပ်တည်း လောက်တူသော နေရာကို ရောက်သည်။

ကရာဇက်က “ဒီနေရာမှာဘဲ ကလေးဟာ ရေနစ်ပြီး သေတယ်။ အလောင်းဟာ ဒီနေရာမှာဘဲ ရှိတယ်” ဟု အပ်ချမတ်ချ အပိုင် ပြောဆိုသည်။ သို့ရာတွင် ကရာဇက် ပြောသော နေရာတွင် နစ်ဂျီ မရောက်နိုင်ဟု ရဲက အခိုင်အမာ ပြောသဖြင့် မိဘများနှင့် မစ္စတာ လေကင်တို့က အခြား တစ်နေရာကို ရှာချင်သည်။ ရဲက ဖြစ်နိုင်သည်ဟု ဆိုသော နေရာတွင် ဖြစ်သည်။

သို့ရာတွင် ကရာဇက်ကား အမြင်အာရုံတွင် သာမက သူ့စိတ်ခံစားမှု အရလည်း ဤနေရာတွင် ပင် ကလေး အလောင်း ရှိရမည်ဟု တစ်ထစ်ချ ဆိုသည်။ ဤသို့ ကမ်းနဖူးတွင် ချီတုံချတုံ ဆွေးနွေးပြီးမှ ထိုနေရာ တစ်ဝိုက်ကို ပိုက်ဆွဲပြီး ရှာကြည့်သည်။ မစ္စတာ လေကင်က ရဲအဖွဲ့ ကို ထိုနေရာကို ပိုက်ဆွဲပြီး ရှာကြည့်ရန် ပြောသော်လည်း ကျောင်းပြေး ကလေးတွေ ရေနစ် သေပေါင်း များလှသော အမှု ပေါင်းများစွာ ကိုလိုက်ခဲ့ပြီး ဖြစ်သော ရဲအဖွဲ့ က လက်မခံ။

နောက်ဆုံးတွင် မစ္စတာ လေကင်နှင့် မိဘတို့ ကိုယ်တိုင် ပိုက်ဆွဲပြီး ရှာကြည့်သော အခါတွင် ကရာဇက် အဟော မှန်ကြောင်း တွေ့ရသည်။ နစ်ဂျီ၏ အလောင်း ပိုက်ထဲတွင် အတိုင်းသား ပါလာသည်။

ဤကဲ့သို့ ကလေးပျောက် အမှုများကို ကရာဇက် ဟောခဲ့သည့် အတိုင်းတွေ့ ရသည်မှာ မရေတွက်နိုင်လောက် အောင်ပင် ရှိခဲ့သည်။ ထို့ကြောင့် ကရာဇက်သည် ကလေးပျောက် အမှုတွင် သွေးထွက်အောင် မှန်သည်ဟု တစ်ကမ္ဘာလုံးက အသိမှတ်ပြုခြင်း ဖြစ်သည်။ လူပျောက်မှု၊ ပစ္စည်းပျောက်မှု များတွင် ရဲအဖွဲ့ ကို အကူအညီ အပေးဆုံး ပညာရှင် ဖြစ်သည်။ တစ်နည်းအားဖြင့် ကမ္ဘာ ပေါ်တွင် ရဲအဖွဲ့ က အားအကိုးရ ဆုံးသော နတ်မျက်စိ ရှင်ပင်ဖြစ်သည်။



ကရာဇက်သည် လူနှင့် ပစ္စည်းပျောက် တို့ကိုသာ ဟောရုံမက ရှေးဟောင်း သူတေသန ကိစ္စများတွင်လည်း သူ့ပညာကို အသုံးချလေသည်။ ကမ္ဘာကျော် သုတေသီ သိပ္ပံပညာရှင် ကြီးလည်းဖြစ်၊ စိတ်တန်ခိုး သူတေသန ကျမ်းများစွာ ရေး၍ ကမ္ဘာကျော် စာရေးဆရာကြီး ဖြစ်သော ဒေါတာဗော့ဟော့က အာဖရိကမှ ရလာသော ရှေးဟောင်း ပစ္စည်းအချို့ ကို ကရာဇက်အား ပြသပြီး ဟောစေသည်။ ဆိုက်ကို မက်သရီခေါ် ပစ္စည်းကို ထိတွေ့ ကိုင်တွယ်ပြီး အာရုံဖြင့် ဟောသောပညာ စမ်းရန်ဖြစ်သည်။ ထုံးကျောက် အပဲ့အစ အနည်းငယ်နှင့် အရိုးတစ်ချောင်း ဖြစ်သည်။

အချိန်ကား ၁၉၅၃ ခု၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ ယူထရက် တက္ကသိုလ် မနောမယိဒ္ဓိ ဗေဒဌာနတွင် ဖြစ်သည်။ အောက်ပါ ကရာဇက် အဟော မှန်သောအချက်တွင် ဒေါက်တာ ဗော့ဟော့က မှန်ဟု မှတ်ချက်ချပြီး မှားသည့် အချက် မှားဟု ရေးသည်။

ဒေါက်တာ ရှေးဟောင် သင်္ချိုင်းဂူ တစ်ခုဆီကို သွားတယ်။ (မှား)။ ကျောက်သေတ္တာ တစ်လုံးကို မြင်တယ်။ ဒီပစ္စည်းဟာ ဘာသာရေး အရကိုးကွယ်တဲ့ ပစ္စည်းဘဲ။(မှန်) ဘုန်းကြီး ၆ ပါးမြင်တယ် ( ၆ပါးထက်ပိုသည်) ဆံပင်တွေက အရှည်ကြီး (မှန်)။ သူတို့ရဲ့ ယဉ်ကျေးမှုဟာ မနိမ့်လှဘူး။(မှန်)။ နေလ နက္ခတ်တွေ အကြောင်း သိကြတယ်။(မှန်)။ မီးအကြောင်း နားလည်ပြီး ရပ်ရွာ တည်ဆောက်ပြီး လဲနေတတ်ပြီ။(မှန်) တရားဥပဒေကို ကျင့်သုံးရမယ်။ အတော် တင်းကြပ်တယ်။ (မှန်)။ တရားရုံးမှာ အလယ်က နှစ်ဦး ထိုင်တယ် ဘေးက နှစ်ဦး ထိုင်တယ်။(မှန်)။ သူတို့ဟာ ဓားထိုး ခံရတယ်။ (မှန်)

ဒေါက်တာ ဗော့ဟော့သည် သူတွေ့ ခဲ့သော ပစ္စည်းများ၏ ရာဇ၀င်ကို သုတေသန ပြုပြီးသော အခါ ကရာဇက်အဟောမှန် မမှန် နှိုင်းယှဉ် ဖော်ပြခြင်း ဖြစ်သည်။ အမှန်စင်စစ် အားဖြင့် ရှေးဟောင်း သုတေသီ မဟုတ်လျှင် စိတ်ဝင်စားဖွယ် မရှိ၍ ဤမျှသာ ဖော်ပြလိုက်သည်။

ကရာဇက်ကား ဤသို့ ပညာရှင်များ၊ သုတေသီများ၊ သောက ရောက်နေသူများ၊ ရဲဌာနများကို ကြိမ်ဖန်များစွာ ကူညီရန် လက်မနှေး သော်လည်း လူတစ်ဦးချင်း၏ အရောင်းအ၀ယ်၊ အရှုံးအမြတ်၊ စတော့ရှယ်ယာဈေး အတက် အကျတွင် ခါးခါးသီးသီး ပယ်ချလေ့ရှိသည်။ သူကူညီ ပြီဆိုလျှင်လည်း အခြားသော ကမ္ဘာကျော် ကြေးစား အကြား အမြင်ဆရာများ ကဲ့သို့ ငွေကြေးကို လက်မခံချေ။ ထို့ကြောင့်လည်း ကရာဇက်၏ ဟောချက်များ ကွက်တိ မှန်ခြင်းဖြစ်နိုင်လေသည်။

အရှေ့ အနောက် ကမ္ဘာတစ်ခွင်လုံး ကရာဇက် နာမည်ကျော်သည်မှာ “အမှီရှိမှ ကြီးမွားသည်” ဟူသော စကားပုံ အတိုင်းပင် ဖြစ်သည်။ ကရာဇက်နှင့် ဒေါက်တာ တင်ဟက်တို့ ပူးပေါင်း မိခြင်းသည် အစီးကောင်းသော ဂျော်ကီနှင့်အပြေး သန်သော ဒုန်းမြင်းတို့ ပူး ပေါင်းမိခြင်းဖြစ်သည်။

ဂျာမန် သီအိုဆိုဖစ် ဖြစ်သော ရူးဒေါ့စတိန်းနား၏ စာပေကို ငယ်စဉ် ကတည်းက ဖတ်ခဲ့ရသော တင်ဟက်သည် တဖြည်းဖြည်း နာမ်လောက၊ စိတ်လောက၊ အကြောင်း စိတ်ဝင်စား လာကာ စိတ်တန်ခိုး ပညာကို လေ့လာခဲ့သည်။ အသက်၃၀ ကျော် ရှိပြီဖြစ်သော ဒေါက်တာ တင်ဟက်သည် ၁၉၂၈ ခုနှစ် ကတည်းက တည်ထောင်သော မနော သုတေသန အသင်းတွင် ပါဝင်ပြီး မနောသုတေသန ဂျာနယ်ကို ဦးစီ ထုတ်ဝေခဲ့သည်။ တက္ကသိုလ် ရောက်ပြီး သည်မှစ၍ မနောမယိဒ္ဓိဗေဒနှင့် ပတ်သက်သော ဆောင်းပါးများကို ရေးခဲ့သည်။ ဘာသာပြန်သည်။

စိတ်တန်ခိုး ပညာခေါ် မနောမယိဒ္ဓိကို သုတေသန ပြုသည်။ တက္ကသိုလ်၏ ဌာနကြီး တစ်ခုတွင် သင်ကြားနိုင်သော ပညာကြီး ဖြစ်လာအောင် လုံးပမ်းခဲ့သည်။ အချိန်၊ ငွေ ပင်ပန်းမှုများကို အရင်းတည်၍ ယုံကြည်ချက် အတိုင်း စိုက်လိုက်မတ်တတ် လုပ်ခဲ့ရာ သူ့အသက် ၅၇ နှစ် ရှိသော ၁၉၅၇ ခုနှစ်တွင် သူရည်ရွယ်ချက် ပန်းတိုင်သို့ ရောက်ခဲ့လေသည်။ ၁၉၅၁ ခုနှစ်တွင် မနောမယိဒ္ဓိ ဗေဒဌာနကို ယူထရက် တက္ကသိုလ်၌ ပထမဆုံး စတင် ဖွင့်လှစ်နိုင်ခဲ့သည်။ ဌာန အကြီးအကဲ အဖြစ် ပါမောက္ခ ဒေါက်တာတင်ဟက် တာဝန်ယူရသည်။ ကမ္ဘာပေါ်တွင် ပထမဆုံး တက္ကသိုလ် စာသင်ခန်းသို့ ရောက်လာသော စိတ်တန်ခိုး ပညာရပ်ဖြစ်သည်။ ဒေါက်တာ တင်ဟက်၏ ၃၉ နှစ်လုံးလုံး တိုက်ပွဲ ဆင်ခဲ့သော အောင်ပွဲဖြစ်သည်။

ဒေါက်တာ တင်ဟက်သည် စိတ်တန်ခိုး ပညာရှင်များကို လိုက်ရှာသည်။ မွေးသည်။ ကမ္ဘာ့ ပွဲတွင် ထုတ်သည်။ ကမ္ဘာ့ မနော သုတေသီများကို ဖိတ်ပြီး သူ့လူများကို စမ်းသပ်စေသည်။ သူကိုယ်တိုင် လည်း ကမ္ဘာလှည့်၍ ဟောသည်။ စုဆောင်းသည်။ ထို့ကြောင့်လည်း ဟော်လန် မနော သုတေသန။ မနော မယိဒ္ဓိ လုပ်ငန်းသည် ကမ္ဘာ့ မနော မယိဒ္ဓိ သုတေသန အလယ်တွင် ခေါင်းတစ်လုံး မြင့်နေသည်ဟု ပညာရှင်များက ပြောခြင်း ဖြစ်သည်။

ဒေါက်တာ တင်ဟက်က သူမွေးထားသော ကရာဇက်ကို အမေရိကန်မှ မနောမယိဒ္ဓိ ပါရဂူ ဒေါက်တာ ဗက်ဆီလီယက်၊ အိန္ဒိယမှ ဒေါက်တာ အနာဂျီး ဂျာမနီမှ မန်စိဘင်ဒါ၊ ဆွီဒင်မှ ဒေါက်တာဂျွန်ဆင်၊ ချက်ကိုစလိုပယ်မှူ တက္ကသိုလ် မနော သုတေသနဌာနမှူး ဒေါက်တာကူချင်ကေး စသော ကမ္ဘာ့ ပညာရှင် ပါရဂူ အသီးသီးတို့အား ထပ်ခါ တလဲလဲ စမ်းသပ်စေခဲ့သည်။ ကရာဇက်ကား ဤသို့ ကမ္ဘာကျော် ပွဲပေါင်း အလီလီကို တိုးခဲ့ပြီးမှ “ရာဒါ ဦးနှောက်ပိုင်ရှင်” “ဟော်လန်ကဝေကြီး” ဘွဲ့ကို ရရှိခဲ့ခြင်းဖြစ်သည်။

Monday, August 23, 2010

ဘာလိုချင်လဲ-သိကြားမင်းဆီ တောင်းပါလား

ကျွန်ုပ်တို့သည် လူ့လောက အတွင်း၌ တစ်ခု မဟုတ်လျှင် တစ်ခု ဆိုသလို လိုအပ်မှု့များ ရှိနေတတ်၏။ အိမ်ပိုင် မရှိသေးသူသည် အိမ်ပိုင် တစ်လုံး လိုချင်နေ၏။ မော်တော်ကား မရှိသောသူသည် မော်တော်ကား တစ်စီး လိုအပ်နေ၏။ တယ်လီဖုန်း မရှိသောသူသည် တယ်လီဖုန်းတစ်လုံး လိုအပ်နေ၏။

၎င်း လိုအပ်ချက်များကို ဂမ္ဘီရ သဘောနှင့် ဖြေရှင်းရန်နည်းမှာ ငှက်ပျောသီး ပျော်ပျော် ဆယ်လုံးကို ကြွေပန်းကန်ပြားတွင် အခွံနွာ၍ ထည့်ရ၏။ ထိုငှက်ပျောသီး များကို သကြား အုပ်သွားအောင် ဖြူးရ၏။ ငှက်ပျောသီး ဆယ်လုံးကို သကြားအုပ်အောင် ဖြူးမည်ဆိုလျှင် သကြား (၁၅) ကျပ်သား လို၏။

ပြီးလျှင် ဖယောင်းတိုင် အဖြူတစ်တိုင်တွင် ဘေးတွင် ဖော်ပြထားသော သကြားစမကို ကပ်၍ ပူဇော်ရမည်။ ထိုသို့ ပူဇော်ရာတွင် တနင်္ဂနွေနေ့နှင့် သောကြာနေ့ နံက် (၅)နာရီတွင် ပူဇော်ရ၏။ ဤနည်းကို ရှေ့အခါက "သိကြားပွဲ" ခေါ်ဝေါ်ကြ၏။ ရှေ့အခါက ဆိုလျှင် နံ့သာဖု ငှက်ပျောသီး ပျော်ပျော်ဖြင့် ပြုလုပ်ကြ၏။ ယခု ခေတ်၌မူ ဖီးကြမ်း ငှက်ပျောသီး ပျော်ပျော်ဖြင့် ပြုလုပ်လျှင် ရ၏။ (မူရင်း- အဘမင်းသိင်္ခ)

ရန်နှင့်အတိုက်အခံများ ပျောက်လွင့်စေသော အဆောင်

ငါ ဗေဒင်လက္ခဏာ ဟောစားတုန်းက သုံးတဲ့ နည်းကလေးတော့ ရှိတယ်ကွ။ အဲဒါက အိန္ဒြိယက 'အာနန္ဒာ လဟီးရီး' (ANANDA LAHARI) ဆိုတဲ့ ဆရာကြီး တစ်ဦးရေးတဲ့ ယန္တြ စာအုပ် စာမျက်နှာ နံပါတ် ၃၇မှာ ဖော်ပြထားတဲ့ ယန္တြလေး အကြောင်းပဲ။ ဘာပုံကလေးမှန်း မသိပါဘူးကွာ။ ကောက်ကောက်ကွေ့ကွေ့ ကလေးပါပဲ။

အဲဒီ ယန္တြလေး အပေါ်မှာ ပူဇော်ရမည့် ပစ္စည်းတွေလည်း ဖော်ပြထားတယ်။ ငါက တစ်ခုမှ မလုပ်ဘူး။ ငါ့မှာ ရန်ရှိလာတဲ့ အခါမှာ အဲဒီ ယန္တြလေးကို စားပွဲပေါ် တင်လိုက်တယ်ကွာ။ အဲဒီပေါ်မှာ ပန်းကန်ပြားလေး တစ်ချပ် တင်လိုက်တယ်ကွာ။ ပြီးတော့ အဲဒီ အပေါ်က မီးထွန်းလိုက်တယ်ကွာ။

အဲဒီအခါမှာ ထူးထူးခြားခြား ရန်တွေ ပျောက်သွားတယ်။ အတိုက်အခံတွေလည်း ပျောက်သွားတယ်ကွ။ အဲဒါနဲ့ ငါလည်း ငါ့မိတ်ဆွေတွေကို ပေးတယ်။ အဲဒီတုန်းက ဖိုတိုစတက် မပေါ်သေးဘူးကွ။ ဓါတ်ပုံ ရိုက်ရိုက်ပြီး ပေးရတယ်။ ဓါတ်ပုံဖိုးတော့ မနည်းဘူး ကုန်ခဲ့ဘူး တာပေါ့ကွာ။

ဒါပေမဲ့ ငါ့မိတ်ဆွေတွေက အားကြီး သဘောကျတယ်။ ငါကတော့ ပိုက်ဆ့တွေ ကုန်လှပေါ့ကွာ။ ပြီးတော့ ငါဟာ ဗေဒင် လက္ခဏာဟောတဲ့ အခါမှာလည်း ရန်များတဲ့လူ ၊ အတိုက်အခံများတဲ့လူကို အဲဒီ ယန္တြလေး သုံးဖို့ ပေးခဲ့ဘူးတယ်။ အခုလည်းပဲ ငါ့ဆီကို လာတဲ့ လူတွေကို ဖိုတိုစတက် ကူးပြီး အဲဒါလေးတွေကို ပေးနေတာပဲ။ အိပ်ထဲမှာ ဆောင်ထား၇င်လည်း ကောင်းတယ်။ ငါက အဲဒီ ယန္တြလေးကို အလွတ်ဆွဲ တတ်နေပြီ။

ဘာရောင်းချင်လဲ?

တနင်္ဂနွေနံရောင်းလိုသော်.. လောက်သေ(သို့)သရက်
တနင်္လာနံရောင်းလိုသော်...ပိတောက်(သို့)တမာ
အင်္ဂါနံရောင်းလိုသော်...သစ်အယ်
ဗုဒ္ဓဟူးနံရောင်းလိုသော်...နေကြာ(သို့)ဒါန်းကြီး
ကြာသပတေးနံရောင်းလိုသော်...သြဇာ
သောကြာနံရောင်းလိုသော်...ခရေ
စနေနံရောင်းလိုသော်...စိန်ပန်း
ဖော်ပြပါပန်းနှင့် ရောင်းလိုသော ပစ္စည်းကို လက်တစ်ညောင်း ရိုက်ပါ။ ပါးစပ်မှလည်း ထွက် ထွက်ဟု အမိန်ပြန်ပါ။

Sunday, August 22, 2010

မိမိဘက်ကသာ မှန်ပါစေ

အတိုက်အခံ ကိစ္စတွေ ၊ အမှု့ကိစ္စတွေ အတွက် ဆရာကြီးသုံးတဲ့ ကိုယ်ပိုင်နည်းကော မရှိဘူးလားဟု မေးလေ၏။ "ဒီလို ရှိတယ်ကွဲ့။ ဟောဒီ ဂါထာကလေးနဲ့ အနက်ကလေးကို အရ ကျက်ထားမှတ်ထား။ မရသေးခင်တော့ ဘုရားစင်မှာ ကပ်ထား။ ဒါပေမဲ့ အနက်ကတော့ ဆင်ခြင် ရုံပါပဲကွယ်။ ပါဠိကိုပဲ အသုံးပြုမှာပါ။

ဒေဝ ပုတ္တော ကိလေသော စ ၊ အဘိ သင်္ခါရ မာရကော။
ခန္ဓော မစ္စူတိ ပဉ္စေတေ ၊ မာရေ ဝိဇိတဝံ နမေ။


အနက်။.............။
ဒေဝ ပုတ္တော ၊ ဒေဝပုတ္တမာရ်လည်းကောင်း။
ကိလေသောစ ၊ ကိလေသာမာရ်လည်းကောင်း။
အဘိသင်္ခါရမာရကော ၊ အဘိသင်္ခါရ မာရ်လည်းကောင်း။
ခန္ဓော ၊ ခန္ဓမာရ်လည်းကောင်း။
မစ္စူတိ ၊ မစ္စူမာရ်လည်းကောင်း။
ဣတိ ၊ ဤသို့။ ဧတေ-ပဉ္စမာရေ ၊ ထိုမာရ်ငါးပါးတို့ကို။ ဝိဇိတဝံ ၊ အောင်တော်မူပြီးသော မြတ်စွာဘုရားကို။
အဟံ ၊ အကျွန်ုပ်သည် ။ နမေ-နမာမိ၊ ရှိခိုးပါ၏။
အတိုက်အခံ ရှိရင် အဲဒီ ဂါထာကို ၄၉-ရက် သက်စေ့ရွတ်ရမယ်။

အမှု့ ရှိရင်ရော.........

အမှု့ရှိရင်တော့ YANTRIC ယန္တြကို သုံးရမယ်။ အဲဒါက ဟောဒီမှာ ကြည့်ဟု ဆိုကာ ကျွန်ုပ်သည် အနန္ဒာ လဟီးရီး ဆိုသူ ပုဂ္ဂိုဟ်ကျော်၏ ယန္တြကျမ်းတွင် ဖော်ပြထားသည့် အောက်ပါ ယန္တြကို ရေးပြလေ၏။

အဲဒါကို ပန်းကန်ပြားပေါ်မှာ မာကင်မှင်နဲ့ ဖြစ်စေ ၊ ဆော့ပင်နှင့် ဖြစ်စေ ၊ သင်္ဘောဆေးနဲ့ ဖြစ်စေ ၊ ကူးရေးပြီး အဲဒီအပေါ်ကမှ သစ်သီးကိုးမျိုး ဒါမှမဟုတ် ထန်းလျှက်ခဲ သက်စေ့တင်ပြီး လက္ခုံဘီ ဒေ၀ီကို အမှု့ ချိန်းရှိတဲ့ ရက်တွေမှာ ပူဇော် ပသ ရတယ်ဟု ပြောလိုက် လေတော့၏။ (မူရင်း- အဘ မင်းသိင်္ခ)

လာဘ်ရွှင်စေသောအဆောင်

အထက်ပါ အဆောင်ကို နံ့သာဖြူ ဆွတ်ဖြန်း၍ ဖြစ်စေ ၊ သို့မဟုတ် မပြင်း လွန်းသော အမွေး နံ့သာဖြင့် ဆွတ်ဖြန်း၍ ဖြစ်စေ ဆောင်ပါက လာဘ်လာဘ အရာတွင် ကောင်း၏။

လာဘ်လာဘ ကိစ္စအတွက် သွားရန်ရှိပါက ၎င်းအဆောင်ကို စားပွဲပေါ် တင်ပါ။ ထိုအဆောင် ပြားပေါ်တွင် ကြွေပုဂံပြား တစ်ချပ်တင်ပါ။ ထိုပန်းကန်ပြား ပေါ်တွင် ဖယောင်းတိုင် တစ်တိုင်ထွန်းပါ။ လိုရာ ဆုတောင်း၍ သွားပါ။ ကျွန်တော် အနေနှင့် အကြိမ်ပေါင်း များစွာ စမ်းသတ်ပြီး ဖြစ်ပါသည်။

ဆရာဝန်၊ဆရာမများအတွက်အဆောင်

ဤအဆောင်ကို ဆောင်ထားပါက ကျန်းမာရေး ကောင်းသည့်အပြင် ကပ်ရောက် လာမည့် ရောဂါများကို ကာကွယ်ပေးသည်ဟု ဆို၏။ ထို့ပြင် ဆေးဆရာများ ၊ ဆရာဝန်များ ဆောင်ပါက မိမိကုသသော လူနာသည် အမြန်ဆုံး သက်သာ ပျောက်ကင်းစေသည်ဟု ဆို၏။

ဤအဆောင်နှင့် အလားတူ အဆောင်များ ရှိသေးသည်။ ဤ အဆောင်တွင် ပါသော RAPHAEL ရဖေး ဆိုသည်မှာ ကျွန်တော်တို့ မြန်မာများ ယုံကြည်ကြ သော ဓတရဋ္ဌ နတ်မင်းကြီး ဖြစ်ပြီး အောက်ဘက်တွင် ရေးထားသော URIEL ယူရီရယ် ဆိုသည်မှာ ၀ိရူပက္ခ နတ်မင်းကြီးပင် ဖြစ်ပါသည်။

အတိတ်၊နိမိတ် ကြိုတင်သိစေသောအဆောင်

ဤအဆောင်သည် ဗေဒင် လက္ခဏာ ဆရာများ ၊ နတ်ဟော စားသူများ ၊ ကံကြ မ္မာဖတ်သူများ ဆောင်သင့် လှပေသည်။ ဤအဆောင်တွင် ရေးထားသော မန္တာန်မှာ အလေားလိုက်ပဲ ဖတ်ဖတ် ၊ ဒေါင်လိုက်ပဲ ဖတ်ဖတ်၊ နောက်ပြန်ပဲ ဖတ်ဖတ် ၊ ဖတ်၍ ရအောင် စီမံထား၏။ ထို အဆောင်ကို အိပ်ထဲတွင် ဆောင်ထားနိုင်၏။ အလုပ် စားပွဲတွင် ဆောင်ထားနိုင်၏။

ထိုအဆောင်ကို နဖူးတွင် ကပ်၍ အ၀တ်ဖြင့် စည်းကာ အိပ်စက်ပါက မိမိ သိလိုသော အရာများကို အိပ်မက် မက်စေသည်ဟု ဆို၏။ ကျွန်တော် ကိုယ်တိုင် ဤသို့ ပြုလုပ်ကြည့်ရာ ကျွန်တော့် လုပ်ငန်းအတွက် အရေးကြီးသော အိပ်မက် နှစ်ကြိမ် ရဖူးပါသည်။ (မူရင်း-အဘမင်းသိင်္ခ)

(၇)-ရက်သားသမီး ကံမနိမ်အောင်

မူရင်း-အဘမင်းသိင်္ခ
တစ်နေ့သ၌ ကျွန်ုပ်ထံသို့ မြန်မာ့ ရုပ်ရှင် မဂ္ဂဇင်းကို ထုပ်လုပ်သော မေသင်းခိုင် ရောက်လာ၏။ ထို့နောက် ၎င်းက ကျွန်ုပ်အား တွေ့လျှင် တွေ့ချင်း... " မြန်မာ့ ရုပ်ရှင်အတွက် ဘာရေးပေးမှာလဲ" ဟု မေးလေ၏။ ထိုအခါ ကျွန်ုပ်က....

ဒီလိုရှိတယ် သမီး။ ရုပ်ရှင် သရုပ်ဆောင်ပဲ ဖြစ်ဖြစ် ၊ ဘယ်သူပဲ ဖြစ်ဖြစ်ပေါ့ကွယ် ၊ အလုပ် အကိုင်ဟာ တစ်သမတ်တည်း ကေင်းနေတာ မဟုတ်ဘူး။ ကောင်းတဲ့ အခါ ရှိသလို မကောင်းတဲ့ အခါလည်း ရှိတယ်ကွဲ့။ အဲဒါ သဘာဝပဲ။ အန်ကယ့် အတွေ့အကြုံအရ ပြောရရင်တော့ အဲဒီလို အခါမျိုးမှာ ခုသာ ခံသာဖြစ်အောင် ဘုရားနဲ့ ပတ်သက်တဲ့ ယတြာလို့ပဲ ပြေပြော ၊ ဆွမ်းတော် ကပ်တာလို့ပဲ ပြောပြော အဲဒါလေး လုပ်လိုက်ရင် ထူးခြား လာတာကို တွေ့ရတယ်"ဟု ကျွန်ုပ်က ပြောလိုက်လျှင် : အဲဒါလေးပဲ ရေးပေးပါ"ဟု ပြောသဖြင့် ကျွန်ုပ်သည် အောက်ပါအတိုင်း ရေးပေးလိုက်လေ၏။


တနင်္ဂနွေ သားသမီးဖြစ်သော် ငှက်ပျောသီး ဆယ်လုံး အခွံနွာ၍ ပန်းကန်ပြား တွင် ထည့်ပါ။ အပေါ်မှ သကြားဖြူးပါ။ တနင်္ဂနွေနေ့ နံက် (၉း၄၅)တွင် အိမ်ဘုရားစင်၌ ဆွမ်းတော် ကပ်ပါလေ...။



တနင်္လာ သားသမီး ဖြစ်သော် ပန်းကန်လုံးတွင် ဇီးသီး အပြည့် ထည့်၍ တနင်္လာနေ့ နံက် (၉း၄၅)တွင် အိမ်ဘုရားစင်၌ ကပ်လှူပါလေ။




အင်္ဂါ သားသမီး ဖြစ်သော် ကြွေပန်းကန်ပြား အတွင်း၌ လက်ဖက် အသားချဉ်း ငါးပုံ ပုံ၍ အင်္ဂါနေပ နံက် (၉း၄၅) မိနစ်တွင် မိမိ အိမ်ဘုရားစင်၌ ကပ်လှူ ပူဇော်ပါလေ။



ဗုဒ္ဓဟူး သားသမီး ဖြစ်သော် ပန်းကန်ပြား သုံးချပ်၌ ပဲ ပြုတ်များ ထည့်ကာ ဗုဒ္ဓဟူးနေ့နံက် (၉း၄၅) တွင် မိမိ အိမ်ဘုရား၌ပင် ကပ်လှူ ပူဇော်ပါလေ။




ကြာသပတေး သားသမီးဖြစ်သော် သရက်သီး (၆)စိပ်ကို ကြာသပတေးနေ့ နံက် (၉း၄၅) တွင် မိမိ အိမ်ဘုရား စင်၌ ကပ်လှူ ပူဇော်ပါလေ...။




သောကြာ သားသမီး ဖြစ်သော် ဖန်ခွက် ရှစ်ခွက်ဖြင့် နွားနို့ စစ်စစ်ကို အစိမ်း အတိုင်းထည့်၍ သောကြာနေ့ နံက် (၉း၄၅)တွင် မိမိ အိမ်ဘုရား၌ပင် ကပ်လှူ ပူဇော်ပါလေ...။



စနေ သားသမီးဖြစ်သော် အုန်းသီးကို ခြစ်၍ ပန်းကန်ပြား အသေး ရှစ် ပန်းကန်တွင် ခွဲ၍ ထည့်ပြီး စနေနေ့ နံက် (၉း၄၅)တွင် မိမိ အိမ်ဘုရား၌ ကပ်လှူ ပူဇော်ပါလေ...။

Saturday, August 21, 2010

အချစ်ရေးနှင့် လက္ခဏာ

ဒီလို လက္ခဏာ လမ်းကြောင်းမျိုးက တော်တော်လေး ရှားပါတယ်။ ရှိတော့ ရှိတယ်။ ရှားတယ်။ နှလုံး လမ်းကြောင်းမှာ စက်ဝိုင်းပုံလေး ခံနေတဲ့ လမ်းကြောင်းပါ။ အဲဒီလို လက္ခဏာ ပိုင်ရှင်တွေဟာ လူသား စင်စစ် မဟုတ်တဲ့ ၀ိဥာဉ်လောကနဲ့ ဆက်နွယ်ပြီး ချစ်ကြိုး သွယ်တတ်ပါတယ်။ ဥစ္စာစောင့်မလေးတွေ ၊ ဥစ္စာစောင် အမျိုးသားတွေနဲ့ ချစ်သူဖြစ်ရတတ်တဲ့ လက္ခဏာပိုင်ရှင်ပါ။ (ဒီအကြောင်းကို နောက်မှ ဂမ္ဘီရ ဆန်းကျယ် ၀တ္ထု ရေးပါဦးမယ်)


နှလုံးလမ်းကြောင်း တစ်လျှောက်မှာ ကျွန်းတွေအများကြီး ပါနေရင်တော့ အချစ်ရေး ကိစ္စတွေမှာ မလေးနက်ဘူး၊ အလေးမထားဘူး။ ကိုယ့်ရဲ့ ချစ်သူအပေါ် ပေါ့ပေါ့တန်တန် သဘောမျိုး ထားတတ်ပါတယ်။ များသောအားဖြင့် ဒီလို လက္ခဏာ ပိုင်ရှင်တွေဟာ ချစ်သူ များတတ်ပါတယ်။ တစ်ယောက်ဆို တစ်ယောက် ပိတောက်ဆို ပိတောက် မရှိတတ်ဘူး။ အဆင်ပြေတဲ့ လူနဲ့ ချစ်သူ ဖြစ်လိုက်ကြ တာပါပဲ။



နှလုံး လမ်းကြောင်း နှစ်ထပ် ပါနေရင်တော့ အချစ် ကြီးသလို အမျက်လည်း ကြီးတတ် ပါတယ်။ ပြီးတော့ အချစ်ရေးကို ဦးစားပေးလွန်းတယ်။ အချစ်ရေးကို ရှေ့တန်းတင်လွန်းပါတယ်။ အချစ်သည်သာ ပဓာန ဆိုတဲ့ လူမျိုးတွေပေါ့။ သူတို့ဟာ အချစ်ကို ဦးစား ပေးသလို ချစ်သူ ကိုလည်း အလွန်အမင်း သ၀န်ကြောင် တတ်ပါတယ်။




တနင်္ဂနွေ ဂြိုဟ်ခုံ အောက်တည့်တည့် နှလုံး လမ်းကြောင်း ပေါ်မှာ အပြတ်တစ်ခု ရှိနေရင်တော့ အချစ်ရေးမှာ တစ်ဖက်စောင်းနင်း နိုင်တတ်ပါတယ်။ မိမိရဲ့ အချစ် သည်သာ တန်ဖိုးရှိတယ်။ မြင့်မြတ်တယ် ၊ မိမိသည်သာ ချစ်သူ အပေါ်ကို အရမ်း ချစ်မြတ်နိုး နိုင်တယ် ။ မိမိ အချစ် သည်သာ ဖြူစင်တယ်လို့ မိမိကို မိမိ ခံယူ နေသူရဲ့ လက်ဝါး ပြင်နှလုံး လမ်းကြောင်းမှာ ပါတတ်ပါတယ်။ ပြီးတော့ သူတို့ဟာ ချစ်သူ အပေါ်မှာ အင်မတန် လွှမ်းမိုး အနိုင်ယူချင် သူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ ချစ်သူဟာ သူတို့ကို အမြဲတမ်း ဦးစား ပေးနိုင်မှ သဘော ကျပါတယ်။

Friday, August 20, 2010

ကျန်းမာရေး၊အချစ်ရေး၊စီးပွားရေးအဆောင်များ

ရောဂါမဖြစ်အောင်ဆောင်တဲ့ အဆောင်
ဟောဒီ ဆောလမွန် အဆောင်လေး ကတော့ ကျန်းမာရေးကို ကောင်းစေတဲ့ အဆောင် ကလေးပါပဲ။

ဂျစ်ပစီတွေ အနေနဲ့ ကတော့ သွားနာ သွားကိုက် ဖြစ်တဲ့ ရောဂါ ကနေ ကာလရောဂါ ကြီးတွေ အထိ အကုန် ကာကွယ် နိုင်တယ်လို့ ယုံကြည်ပြီး ဆောင်ကြတဲ့ အဆောင်တစ်မျိုး ပါပဲ။ အထဲမှာ ရေးထားတဲ့ စာကတော့ " အဘရာ ကာဒါဘရာ " ဆိုတဲ့ ထူးဆန်းတဲ့ မန္တာန်ပါပဲ။

အင်္ဂလိပ် စာလုံးပေါင်းကတော့ ( ABRACADABRA) လို့ ပေါင်းပါတယ်။ ရှေ့ဟောင်း အနောက်တိုင်း ကမ္ဗလာ လောကီပညာမှာ အစဉ်သဖြင့် အသုံးပြုတဲ့ မန္တာန်ပါပဲ။ အဲဒီ မန္တာန်ကို အပေါ်ဆုံးက အပြည့်အစုံ ရေးပြီး စာလုံးကို တစ်လုံးဆီ လျှော့သွားလိုက်တာ နောက်ဆုံးမှာ (အေ) တစ်လုံးတည်း ကျန်တဲ့အထိ လျှော့ချပြီး ရေးရပါတယ်။


ငွေကြေးဓနပေါကြွယ်ဝပြီး မိတ်ကောင်း ဆွေကောင်း ပေါများစေသော အဆောင်
ဟောဒီ အဆောင်ကလေးကတော့ ငွေကြေး လာဘ်ရွှင်စေတယ်။ မိတ်ကောင်း ဆွေကောင်း ပေါများစေတယ် ဆိုတဲ့ အဆောင်ကလေး ပါပဲ။ စက်ဝိုင်း အလယ်က ခက်ရင်းခွကလေးဟာ ဂျူပီတာခေါ်တဲ့ အတိဓန ၊ အတိသုတနဲ့ ပြည့်စုံတဲ့ ကြာသပတေး ဂြိုဟ်ရဲ့ တ်ဆိပ်ပါပဲ။ အပေါ်က အ၀ိုင်းကလေးကတော့ နေကို ဖော်ပြတာ ဖြစ်ပါတယ်။



ပီယသိဒ္ဓိအဆောင်

ဟောဒီ အဆောင်ကလေးကတော့ ပီယ အဆောင်ပါပဲ။ ဆောင်ရုံ သက်သက် မဟုတ်ပါဘူး။ ဖယောင်းတိုင်မှာ ပတ်။ မီးထွန်းပြီး ကိုယ်ရည်ရွယ်တဲ့ သူကို မေတ္တာပို့ရင်တော့ ထူးခြားတယ်လို့ ဆိုပါတယ်

လာဘ်မတိတ်စေတဲ့အဆောင်

(မူရင်း-အဘမင်းသိင်္ခ)
ငါသုံးတဲ့ အဆောင်တစ်မျိုး ရှိတယ်ကွ။ အရင်တုန်းက လက္ခဏာဆရာ ဗေဒင်ဆရာ လုပ်စားတုန်းက အဲဒီ အဆောင်မျိုး လုပ်ပေးဖူး ပါတယ်ကွာ။ အဲဒါကတော့ HORN OF PLENTY ဟွန်းအော့ဖ်ပလန်းတီး လို့ခေါ်တယ်။ ပေါကြွယ်ဝသော ဦးချိုလို့ အဓိပ္ပါယ် ရတာပေါ့ကွာ။

ရှေ့ရှေ့တုန်းက ဥရောပတိုက်မှာ ရှိတဲ့ မုဆိုးကြီးတွေဟာ သူတို့ရတဲ့ သားကောင်ရဲ့ ချိုကြီးတွေကို ပစ္စည်းထည့်တဲ့ ပုံးကြီးတွေအဖြစ် အသုံးပြုလေ့ရှိတယ်။ အဲဒါတွေကို ဥရောပမှာ ရှိတဲ့ လောကီပညာ ဆရာတွေက အဲဒီ ချိုကြီးတွေထဲမှာ သီးနှံတွေ ၊ ငွေတွေထည့်ပြီး အစီအရင် အဖြစ် လုပ်ကြတယ်။

အစီအရင် ဆိုတာလည်း တခြားဟာ မဟုတ်ပါဘူး။ လာဘ်ရွှင်တဲ့ အစီအရင်ပေါ့ကွာ။ အဲဒီ အစီအရင်ဟာ ဘယ်လောက်စွမ်းသလဲ ဆိုရင် တကယ့်ဦးချိုနဲ့ တကယ့်ပစ္စည်းတွေ ထည့်ထားတဲ့ အဲဒီပုံကို နံရံမှာ ချိပ်ဆွဲထားရင်တောင် လာဘ်ရွှင်တယ်ကွာ။ ဥရောပတိုက်မှာ အဲဒီပုံတွေ တော်တော်များများ ချိပ်ထားလေ့ရှိတယ်။ ဒီမှာလည်း အတော်များများ ငါသုံးဖူးတယ်ကွာ။

ဤပုံကို ကူးယူ၍ ဖြစ်စေ ၊ ဤစာရွက်ကို ဖြစ်စေ ယုံကြည်စွာဖြင့် မိမိတို့အိမ်တွင် ချိပ်ဆွဲထားပါက အကျိုးဖြစ်ထွန်း မည်ဖြစ်ကြောင်း...........

ကောင်းတာကြံသမျှအောင်စေသော်

(မူရင်း-အဘမင်းသိင်္ခ)
ကောင်းတာကြံသမျှ အောင်စေသော်ဟု အမည်ရသော စမသည် ကကြီး ၊ ဃကြီး ဏကြီး ၊ ဠကြီးဟု ဆိုအပ်သော ဗျဉ်းသုံးဆယ့်သုံးလုံး အနက်မှ ကြီးတပ်ခေါ်ရ သော အက္ခရာတိုပကို ဘုံ(၈)ဆင့်တင်၍ အပေါ်တွင် န၀င်းစီးကာ ရေးထား၏။ ထိုကြီးလေးကြီး အက္ခရာကိုပင် ဘုံလေးဆင့်တပ်ကာ န၀င်းညွန့် တင်၍ ရေးသားသည်ကို တွေ့ရ၏။

ထို့နောက်မှ (ကောင်းတာကြံသမျှ အောင်စေသော် ) စာကို ရေးထား၏။ ထိုစာလုံး တစ်လုံးတိုင်းကိုလည်း ဠ-အံကိုက်စမဖြင့် ပိတ်ထားသည်ကိုလည်း တွေ့ရ၏။ ထို ဠ-အံကိုက်စမ၏ အစွမ်းထက်ပုံကို ဤနေရာတွင် ဖော်ပြရန် အလျဉ်း မသင့်သေးသောကြောင့် ဤနေရာတွင် မဖော်ပြသေးပါ။

လောကီပညာ လိုက်စာဖူးသူတိုင်း ဤစမ၏ အာနိသင်ကို သိကြ၏။ ထိုစမ၏ အလယ်၌ကား ( စဓဗ၀) စမကို ကွန်ခြာရေးထား၏။ ထိုစမ၏ အသုံးကို ကျွန်ုပ် ကောင်းစွာ သိပါ၏။ ထိုစမကို ရေးဆွဲ၍၎င်း ၊ ကူးယူ၍၎င်း ၊ ပန်းကန်ပြားပေါ်တွင် ကော်သုတ်၍ ကပ်ပြီးလျှင် အလယ်တည့်တည့် နေရာ၌ တစ်နေ့လျှင် ဖယောင်းတိုင် တစ်တိုင်ကျ သက်စေ့ ထွန်ညှိပူဇော်၍ ကြံစည်လျှင် အကြံအောင်သည်ဟု ဆို၏။

သို့ရာတွင် ကျွန်ုပ်၏ အတွေ့အကြုံအရ ကောင်းမြတ်သော အကြံများသာ အောင်ပါသည်။ ထို့ကြောင့် ကောင်းသော အကြံကို ကြံစည်လိုသော သူတို့အား အသုံးပြုနိုင်စေရန် စေတနာ ရှေ့ထား၍ ဖော်ပြလိုက်ရပေသတည်း။

အိပ်မက်လှလှမက်ပါစေ

(မူရင်း-အဘမင်းသိင်္ခ)
ကျုပ် ခင်ဗျားကို ယတြာလေး တစ်ခု ရေးပြမယ်။ အဲဒီ ယတြာဟာ အိပ်မက်မက်စေတဲ့ ယတြာပဲ။ အဲဒါလေးကို အပျိုမလေးရဲ့ ခေါင်းအုန်း အောက်မှာ ထည့်ပြီး အိပ်ဖို့ ပြောပေးပါ။ ကိုယ် မက်စေချင်တဲ့ အိပ်မက်ကို အိပ်ခါနီးမှာ အာရုံညွတ်ထားပါ။

မကြာပါဘူး။ သူ-မက်စေချင်တဲ့ အိပ်မက်ဟာ မြန်မာပြည်က ငတိလေးမှာ လာပြီး မက်မှာပါ။ အဲဒါမျိုးတွေ ကျုပ် စမ်းဖူးတာ များပါပြီ။ ဒီယတြာကို စက္ကူမှာပဲ ရေးရေး ၊ ရွှေပြားမှာပဲရေးရေး ရေးပြီး အသုံးပြုနိုင်ပါတယ်။ အကောင်းဆုံး ကတော့ ရွှေရောင် စက္ကူမှာ ရေးတာ အကောင်းဆုံးပဲ။ ပြီးရင် ဒီယတြာလေးကို တစ်ပတ်ကို အနည်းဆုံး သုံးကြိမ်လောက် နွားနို့နဲ့ လက္ချမီး ဒေ၀ီကို ပူဇော်ရတယ်။ နို့နဲ့ မပူဇော်ရင် ထောပတ်နဲ့ ပူဇော်ရတယ်။ ပိုပြီး အစွမ်းထက်တာပေါ့ဗျာ။

မိုးတိမ်လိုလွင့်မျောပါစေ.....

(မူရင်း-အဘမင်းသိင်္ခ)
ကြွေးထူတဲ့ လူတွေကို အဲဒီ အဆောင်တွေ ပေးလိုက်တာ မနည်း တော့ဘူး။ တော်တော်လေး တန်ခိုး ပြတယ်ဟေ့။ ငါလုပ်ပေးတုန်းက ဒစ္စကိုရွှေ တောင် မပေါ် သေးဘူးကွ။ စီးကရက် ဗူးထဲပါတဲ့ ရွှေရောင် စက္ကူနဲ့ လုပ်ပေးခဲ့တာ။

ယုံယုံကြည်ကြည်နဲ့ တော့ လုပ်ကွာ။ မနက်စောစောထပြီး နွားနို့ထမင်းချက်ပြီး ဒေ၀ီ မယ်တော်တွေကို လှူကွာ။ အဲဒီ ယန္တြလေးကိုင်ပြီး ဆုတောင်းတယ်ကွာ။ ကြွေးထူလို့ ရင်ပူနေရတဲ့ လူတော်တော်များများ ထူးထူးဆန်းဆန်း ကြွေးတွေ ကျေသွားတာကို တွေ့ရတယ်ကွာ။ မယုံရင်တော့ မင်းကိုယ်တိုင် စမ်းကြည့်။

ဟုပြောလိုက်ရာ မောင်မောင်မြင့်အေးက "စမ်းဆို မနက်ဖြန် မနက်ကစပြီး စမ်းရမှာပဲ ဆရာရေ" ဟု ပြောဆိုကာ ကျွန်ုပ်အနီးမှ ထွက်သွားလေတော့၏။ ကျွန်ုပ်မှာလည်း မောင်မောင်မြင့်အေးသို့ ယခုလအတွင်း ပေးရန် စာမူအကြွေး ကျေသွားသောကြောင့် ရင်၌ ပေါ့၍ သွားလေတော့၏။

ထိုအတူ ကြွေးထူနေသော လူအပေါင်းတို့အား ကြွေးများကျေ၍ ၎င်းတို့၏စိတ်သည် စမ်းရေလိုစီး၍ မိုးတိမ်လို လွင့်မျှောကာ ပေါ့ပါး လွတ်လတ်ကြပါစေသတည်းဟု ဆုတောင်းမိလေတော့၏။

မသွားချင်သောနေရာ

(မူရင်း-အဘမင်းသိင်္ခ)
ခြေထောက်တစ်ဖက်မှာ မိတ်ဆွေရဲ့ နာမည်ကို ရေးပါ။ မျက်နှာချင်း ဆိုင်ရဲ့ ခြေထောက် တစ်ဖက်မှာ ကိုယ်ပြောင်း ချင်တဲ့ မြို့ကိုရေး။ ကျန်တဲ့ ခြေထောက် နှစ်ဘက်မှာ လည်း နာမည်က တစ်ဖက် ပြောင်းချင်တဲ့ မြို့က တစ်ဖက်ရေး။

ပြီး တော့ အဲဒီပုံမှာလည်း ကဒ်ပြား ထူထူလေးမှာ ကပ်လိုက်။ ပြီးလို့ရှိရင် အလယ် ဗဟိုဘက်က အပ်ကလေးနဲ့ ဖောက်ပြီး စားပွဲပေါ် အပြားလိုက် ချထား။ ညအိပ်ခါနီးရင် အဲဒါလေးကို လက်ယျာရစ် ခုနှစ်ပတ် ပြည့်အောင် လုပ်ပြီးမှ အိပ်ရမယ်။ အစောကြီး ကြိုလုပ်လို့ မရဘူး။ အိပ်ခါနီးမှ လုပ်ရမယ်။

လေးလေးနက်နက် ယုံယုံကြည်ကြည် လုပ်ရမယ်။ တစ်ချို့ဆိုရင် သူ မသွားချင်တဲ့ မြို့ကို အမိန့်ထွက်ပြီးမှ သူ သွားချင်တဲ့မြို့ကို ပြန်ပြောင်းပြီး အမိန့်ထုပ်ပေး ရတာမျိုး ရှိတယ်။
မှတ်ချက်။ လောကီပညာ သဘောမှာ လွန်စွာ ဆန်ားကယ်ပါ၏။ အပြောင်းအရွေ့ ကိစ္စများအတွက် နည်းအမျိုးမျိုး ရှိပါသည်။ ဤနည်းသည် ကျွန်ုပ် ဗေဒင်ဆရာဘ၀က အသုံးပြုခဲ့သော နည်းကောင်းလေးတစ်ခု ဖြစ်သဖြင့် လိုအပ်သူများ အသုံးပြုနိုင်ရန်အတွက် ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။

Thursday, August 19, 2010

လိုတရအင်းဖယောင်းတိုင်


တစ်နေ့တွင် ကျွန်ုပ်ထံသို့ မိန်းကလေးတစ်ဦး ရောက်လာလေ၏။ ထိုမိန်းက လေးသည် ကျွန်ုပ်နှင့် တွေ့လျှင်တွေ့ချင်း .........

သမီးယောက်ျားဟာ လောင်းကစားတွေ လုပ်ပြီး မလျှော်နိုင်လို့ ထွက်ပြေး သွားတယ်။ နောက်တစ်ခုက သမီး ကြိုးပန်းထားတာတွေ ဘာမှ ဖြစ်မလာဘူး။ သမီး သူငယ်ချင်းတွေနဲ့ အတူတူ တယ်လီဖုန်း လျှောက်ထားတယ်။ သူတို့ အကုန်လုံး ရတယ်။ သမီး မရဘူးဟု ပြောလေ၏။

ကျွန်ုပ်လည်း လိုတရ စာရွက်လေးတစ်ရွက် ရေးပေးလိုက်လေ၏။ ထိုသို့ ရေးပေးလိုက်ပြီး နောက်.

အဲဒီ စာရွက်လေးမှာ ကွက်လပ်ကလေး(၅) ခုပါတယ်။ အဲဒီ ကွက်လပ်လေးထဲမှာ သမီးရဲ့ နေ့နံကို ရေးထည့်ရမယ်။ သမီးက ဘာနေ့သမီးလည်း ဟု မေးလိုက်ရာ ၎င်းက....

တနင်္လာသမီးပါ အဘဟု ပြောလေ၏။
အဲဒီလိုဆိုရင် ကွက်လပ်ထဲမှာ (၂)ဂဏန်းလေးတွေ ရေးထည့်ရမယ်။ ပြီးတော့ ဖယောင်းတိုင်မှာ ပတ်ပြီး မီးထွန်းရမယ်။ အောက်က ပန်းကန်ပြားခံပြီး မီးထွန်းရမယ်။ (၉) ရက်ဆက်တိုက် ထွန်းရမယ်။ ဒါဆို သမီးရဲ့ လိုအင်ဆန္ဒတွေ ပြည့်ဝလာလိမ့်မယ်။

Wednesday, August 18, 2010

အောင်မြင်ရေးနှင့်လက္ခဏာ

ကံလမ်းကြောင်း၏အကျိုးအာနိသင်
ကံလမ်းကြောင်းဆိုတာ လက်ဖ၀ါး အောက်ခြေ (လက်ကောက်ဝတ် အပေါ်ဘက်) ကနေ လက်ဖ၀ါး အလယ်ဗဟိုကို ဖြတ်ပြီး လက်ခလယ်အောက်ခြေ စနြေ၈ိုဟ်ခုံကို ထိုးဖောက် နေတဲ့ လမ်းကြောင်းကို ခေါ်တာပါ။
ကံလမ်းကြောင်းဟာ ဖြောင့်တန်းပြီး အပြတ်အတောက် ကင်းမဲ့နေရင် ကောင်းတယ်။ ကွေ့ကောက် ပြတ်တောက်နေရင် မကောင်းပါဘူး။ လက္ခဏာပညာမှာ ကံလမ်း ကြောင်းဟာ လူတစ်ယောက်ရဲ့ ဆူကြုံနိမ့်မြင့်ပြတဲ့ မြေပုံဆိုရင်လည်း မမှားပါဘူး။ လူတစ်ယောက်ရဲ့ အောင်မြင်မှု့ ဆုံးရှုးမှု့ ချန်းသာကြွယ်ဝမှု့ ဆင်းရဲ ပင်ပန်းမှု့ စတဲ့ လောကဓံတရားတွေကို ကံလမ်းကြောင်းက ထင်ဟတ်စေပါတယ်။


ကံလမ်းကြောင်းဟာ အသက်လမ်းကြောင်း ပေါ်ကနေပြီး အစပြိုး နေရင်တော့ ကိုယ်ထူး ကိုယိချွန် ကြိုးစားအားထုပ်မှု့ကြောင့် ဘ၀ရဲ့ အောင်မြင်မှု့တွေ ဝေဆာနေရပါတယ်။ မိဘဆွေမျိုး အသိုင်းအ၀ိုင်းရဲ့ ပံ့ပိုးကူညီမှု့ မပါပဲ ဘ၀ကို အောက်ခြေကနေ စပြီး တိုးတက်အောင် အောင်မြင်အောင် တက်လှမ်းနိုင်သူတွေရဲ့ လက်ဖ၀ါးပြင်ပေါ်မှာ အဲဒီ ကံလမ်းကြောင်းမျိုး ပါတတ်ပါတယ်။ အလွယ်မှတ်ထား ချင်ရင်တော့ ကိုယ့်ထူးကိုယ်ချွန် လို့ မှတ်ထားလို့ ရပါတယ်။



ကံလမ်းကြောင်းဟာ လက်ဖ၀ါးအောက်ခြေ ကနေပြီး တော့ လမ်းကြောင်းနှစ်ခု ပူးပြီး တက်နေရင်တော့ အရမ်းကောင်းပါတယ်။ သူ၏ ဘ၀မှာ သူလိုချင် တာတွေကို လွယ်လင့်တကူ အောင်မြင်နိုင် ပါတယ်။ တစ်ချို့ကတော့ ကံလမ်းကြောင်း နှစ်ထပ်လို့ ခေါ်ကြပါတယ်။ သူ၏ ဘ၀လမ်းခရီးမှာ လုပ်ငန်းနှစ်မျိုးနှင့် အောင်မြင်မှု့ ရတတ်ပါ တယ်။ မိဘ ဘိုးဘွား အကြီးအကဲများ၏ လုပ်ငန်းကို ဆက်ခံပြီး အောင်မြင်မှု့ ရရှိလာ တဲ့ သူတွေရဲ့ လက်ဖ၀ါးပြင်မှာလည်း တွေ့ရတတ်ပါတယ်။



ကံလမ်းကြောင်းဟာ အဖြောင့်မသွားဘူး။ လှိုင်းထပြီး ပြတ်တောက်နေရင်တော့ မကောင်းပါဘူး။ သူ့ရဲ့ ဘ၀လမ်းခရီး ဟာလည်း ကံတရားရဲ့ ဖေးမ ကူညီမှု့တွေ ရလိုက် ကံတရားရဲ့ ချိုးနှိမ်မှု့တွေရလိုက်နဲ့ ခံရတတ်ပါတယ်။ ဘ၀လမ်းခရီးဟာ တကယ့်ကို နိမ့်တုံ မြင့်တုံပါပဲ၊ တက်လာလိုက် ကျသွားလိုက်ပါ။ အစုန်အဆန်တွေ များလှပါတယ်။ သူရဲ့ ဘ၀လမ်းခရီးမှာလည်း ခုတ်ကန်သင်းတွေ များလှပါတယ်။ ချမ်းသာလိုက် ဆင်းရဲ လိုက် အောင်မြင်လိုက် ကျရှုံးလိုက် တက်လိုက် ကျလိုက် သူများရဲ့ လက်ဖ၀ါးပြင်မှာ ပါတတ်ပါတယ်။


ကံလမ်းကြောင်းဟာ သောကြာဂြိုဟ်ခုံကနေ စထွက်လာတယ်။ အသက်လမ်းကြောင်း ကို ဖြတ်တက် သွားမယ်ဆိုရင်လည်း သိပ်မကောင်းပါဘူး။ အဲဒီလို ကံလမ်းကြောင်းပါတဲ့ သူတွေဟာ အပျော်အပါး အသောက်အစား ကာမဂုဏ်အာရုံတွေ များလွန်းလို့ ဥစ္စာဓန တွေ ရာထူးဂုဏ်သိမ်တွေ ဆုံးရှုံး ကျဆင်းရတတ်တဲ့ လူတွေရဲ့ လက္ခဏာမှာ ပါတတ် ပါတယ်။ ဒီလို လူတွေကတော့ များပါတယ်။ အရက်သမားဖြစ်ပြီး ပျက်စီးသွားတဲ့ လူတွေ လောင်းကစားကြောင့် ဘ၀ပျက်သွားတဲ့ လူတွေ မိန်းမကြောင့် ဘ၀ပျက်သွားတဲ့ လူတွေရဲ့ လက်ဖ၀ါးပြင်မှာ ပါတတ်ပါတယ်