
သူ့ကိုလည်း အကောင်း သဘော ယူဆရမှာပါ။ ရာထူးဂုဏ်ရှိန် ကြီးမားတဲ့ အမျိုးသမီး ဒါမှမဟုတ် ဆရာကတော် ၊ လူ ကြီးကတော် စသူတို့က အကူအညီကောင်း ပေးလိမ့်မယ်လို့ ဟောနိုင်တာပေါ့။
ဧကရီဘုရင်မ ရဲ့လက်ထဲမှာ အဆောင် အယောင် ပစ္စည်းလေးတစ်ခု ကိုင်ထားပါတယ်။ အင့်ခ်(Ank)လို့ ခေါ်တဲ့ အသက်ဓာတ်ရဲ့ တံဆိပ်ကလေးကို ကိုင်ဆောင် ထားတာပါ။ ဘာကိုပဲကိုင်ကိုင် ကြီးကဲသူ တစ်ဦးကနေ လက်ဆောင် ပစ္စည်းတစ် ခု ချီးမြှင့်မဲ့ အနေအထား မျိုးလို့ ယူဆနိုင်ပါတယ်။ အဲဒီတော့ ကြီးကဲသူတို့ထံမှ လက်ဆောင် ပစ္စည်းများ ဂုဏ်ပြု ပစ္စည်းများ ရတတ်သည်လို့ ဟောနိုင်တာပေါ့။
ဧကရီ ဘုရင်မဟာ အောင်မြင်ခြင်းရဲ့ သင်္ကေတ အဖြစ် ကြယ်ပွင့် သရဖူကို ဆောင်ထားပါတယ်။ ဘုရင်မ ဆိုတော့ ရာထူး ကြီးမားတာကိုလည်း ကောက်ယူနိုင်တာပေါ့။ အဲဒီတော့ ၀န်ထမ်းဆိုရင် ရာထူးတက်မယ် အကျိုးထူးခံစားရ မယ်လို့ ဟောနိုင်တာပေါ့။
နောက်တစ်ခု စဉ်းစားဖို့က ဘုရင်မရဲ့ သလွန်တော်မှာ အသည်းနှလုံးနဲ့ သောကြာဂြိုဟ်ရဲ့ အမှတ်တံဆိပ်ကို တွေ့ရ ပါတယ်။ သောကြာဂြိုဟ်ဟာ ချစ်ခြင်း မေတ္တာကို ဖော်ညွန်းပါတယ်။ အချစ်ရေးမှာ အောင်မြင်မယ်။ ဒါမှမဟုတ် အ လုပ်ကိစ္စ ၊ အောင်မြင်မှု့ ကိစ္စအတွက် အချစ်ရေး ကိစ္စကို ဘေးဖယ် ထားရတတ်တယ်လို့လဲ ဟောနိုင်တာပေါ့။
နောက်တစ်ချက်ကတော့ ဘုရင်မဟာ ကိုယ်ဝန်ဆောင် မိခင်များဝတ်တဲ့ ဗိုက်ဖုံးအင်္ကျီကို ၀တ်ဆင်ထားပါတယ်။ တစ်ချို့ကတ်ပြား တွေမှာဆိုရင် ကိုယ်ဝန် အရင့်အမာနဲ့ ဘုရင်မကို တွေ့ရတတ်ပါတယ်။ ဒီအချက်ကို ထောက်ရှု့ ပြီး ဗေဒင် လာမေးသူဟာ အိမ်ထောင်သည် အမျိုးသမီးဆိုရင် ကိုယ်ဝန် ရတတ်တယ်လို့ ဟောရမှာပေါ့။ ဒါမှမဟုတ် ရင်လည်း ဆွေမျိုး သားချင်းထဲမှာ ကိုယ်ဝန်ရှိတဲ့ သတင်း သားသမီးရတနာ ဖွားမြင်တဲ့ သတင်းကောင်း ကြားမယ်လို့လည်း ဟောနိုင်ပေတာပေါ့။
အဲဒီ စဉ်းစားချက်တွေကို အနှစ်ချုပ်လိုက်တဲ့အခါ.......
ဘယ် ကိစ္စကိုပဲ မေးမေး ကောင်းတယ် အောင်မြင် တယ်လို့ ဟောနိုင် တဲ့အပြင် သက်တောင့် သက်သာရှိမှု့ စည်းစိမ် ချမ်းသာ ခံစားရမှု့တွေကိုပါ တွဲစပ်ပြီး ဟောနိုင်ပါတယ်။ ကောင်းစည်းစိမ်လို့ အလွယ် မှတ်ထား နိုင်ပါတယ်။
No comments:
Post a Comment