Sunday, February 28, 2010
နိုင်ငံခြားမှာအလုပ်အဆင်ပြေစေရန်
အလုပ် အဆင်ပြေ စေချင်တယ်။ ကျွန်တော်ရဲ့ မေးလ်ကို နိုင်ငံတကာက ဆက်သွယ် မေးမြန်းလာကြတဲ့ အထဲမှာ အများဆုံးက အလုပ်ကိစ္စ ဖြစ်နေတယ်။ အလုပ် အဆင်မပြေဘူး။ အလုပ် ပြောင်းရတော့မယ်။ အလုပ်က ထွက်ရတော့မယ်။ အလုပ်နေရာ မြဲမှာလား ။ အစုံပါပဲ။
ကျွန်တော်တို့ မြန်မာပြည်မှာ အလုပ်အဆင်မပြေရင် သိပ်ပြီးပြဿနာမရှိဘူး။ ဒါပေမဲ့ နိုင်ငံခြားမှာ အလုပ် အဆင်မပြေရင်တော့ တော်တော်မလွယ်ဘူးဗျ။ ကိုယ့်အခန်း ကိုယ်ငှားနေရတယ်။ တလတလ အခန်းခ ဆိုတာကလည်း ကိုယ့်မြန်မာငွေနဲ့ တွက်ကြည့်လိုက်ရင် မနဲမနောပဲ။ တော်တော် များတာ။ လ ကုန်လို့ ကိုယ့်မှာ အခန်းခပေးစရာ မရှိလို့ကတော့ အထုပ်ပိုက် ဆင်းရတော့တာ။ အခန်းပိုင်ရှင်တွေက နှင်ချတော့တာ။ နောက်လမှ ပေါင်းပေးပါ့ မယ်ဆိုတာ ဒီမှာ မရဘူး။
သူတို့မှာ အားနာတာတို့ သနားတာတို့ သိပ်မတွေ့ရဘူး။ လကုန်ရင် ရေခ မီးခ အခန်းခ အမှိုက်ခ အားလုံး ပေါင်းပြီး ဘောင်ချာစာရွက် တစ်ရွက် လာပေးမယ်။ အဒါဆိုရင် စာရွက်မှာကျသလောက် အဆင်သင့် ရှာထားပေတော့။ နောက်တစ်နေ့မှာ ကျွန်တော်တို့ တိုက်ပိုင်ရှင်က လာကောက်တော့မယ်။ မပေးနိုင် လို့ကတော့ အစောက ကျွန်တော် ပြောသလို မောင်းချတော့တာ။ ကျွန်တော့်အခန်းမှာတောင် ကျွန်တော် ခေါ်ထားပေးတာ (၃) ယောက်ရှိတယ်။
ထားပါတော့လေ။ ဒီအကြောင်းတွေ ပြောပြရရင် ကုန်နိုင်မယ် မထင်ပါဘူး။ ကျွန်တော် ပြောပြချင်တာက အလုပ် ကိစ္စ အဆင်ပြေ စေချင်တယ်။ ဘာအလုပ်ပဲ ဖြစ်ဖြစ် ၊ ကိုယ်လုပ်တဲ့ အလုပ် အပေါ်မှာ မူတည်ပြီး၊ အားလုံး အဆင်ပြေဖို့ လိုပါတယ်။ ပြောရရင်တော့ ဟာမိုနီပေါ့။ ဟာမိုနီ ပျက်သွားရင် သွားပြီ။ ဒါကြောင့် ကိုယ်လက်ရှိ လုပ်ကိုင်နေတဲ့ အလုပ် အမြဲတမ်း အဆင်ပြေဖို့ အတွက်ဆိုရင်တော့ အောက်မှာ ကျွန်တော် ပြောပြထားတဲ့ ယတြာလေးကို မကြာခဏ ဆောင်ရွက်ပေးပါဗျာ။
အလုပ်အဆင်ပြေစေသောယတြာ
တနင်္ဂနွေနေ့ နံက် (၉း၄၅)တွင် အုန်းရည် (၆)ခွက် ဘုရားလှူပြီး အလုပ် အဆင်ပြေအောင် ဆုတောင်းပါ။
ဒါပါပဲ။ မခက်ပါဘူး။ လွယ်လွယ်ကူကူ ယတြာ ယူပေါ့ဗျာ.......
Saturday, February 27, 2010
(၁၂) တွဲလောင်းဆွဲတားရော့ကဒ်အကြောင်း
ဒီကတ်ပြားမှာ အဓိက ဇာတ်လိုက်ဟာ သစ်ပင်မှာ ဇောက်ထိုး တွဲလောင်း ချိပ်ဆွဲ ခံထားရတဲ့ လူငယ်တစ်ဦးရဲ့ နိမိတ်ပုံ ဖြစ်ပါတယ်။ ဇောက်ထိုး တွဲလောင်းကြီး ဖြစ်နေပြီ ဆိုကတည်းက ဒီကတ်ပြားကို အဆိုးသဘော ယူဆရမှာပေါ့...။ ဆိုးတဲ့ ကိစ္စ တွေမှာလည်း အချို့ ကိစ္စတွေက ဆိုးပြီးတာနဲ့ ပြီးသွားတာ...။
တစ်ချို့ ကိစ္စတွေကြတော့ အဲဒီ အဆိုးဟာ မပြီးနိုင်တော့ပဲ ရေရှည်ဒုက္ခ ပေးနေတယ်။ ဒီကတ်ပြား ဟာလည်း ရေရှည် ဒုက္ခ ရောက်ရတဲ့ သဘောလေးကို ပြနေတယ်။ နောက်တစ်ခု ကတော့ တွဲလောင်းဆွဲ ခံရသူဟာ ခြေထောက် တစ်ချောင်းကို ကွေးထား ပါတယ်။ သူရဲ့ ခြေထောက် တွေဟာ အင်္ဂလိပ် နံပါတ်လေး (4) ဂဏန်းကို ဇောက်ထိုး မြင်နေရ သလို ဖြစ်နေတယ်။
ဒါကြောင့် လေးဂဏန်းရဲ့ အာနိသင် များကိုလည်း ဆက်နွယ် ဟောပြောရမှာ ဖြစ်ပါတယ်။ တစ်ခု သတိထားဖို့ ကတော့ တွဲလောင်းဆွဲ ခံရသူရဲ့ ဦးခေါင်းဘေးမှာ အလင်း စက်ဝိုင်း တစ်ခု တွေ့လိုက်ရပါတယ်။ အဲဒါကတော့ ညာဏ်ပညာ ကြီးမားခြင်းရဲ့ သဘော သဘာဝကို ပြောပြနေတာပါ။
အဲဒီတော့ တွဲလောင်းဆွဲ ခံရသူဟာ သာမန်လူ တစ်ယောက်တော့ မဟုတ်ဘူး။ ဇွဲလုံးလ ကြီးသော ၊ အရည် အချင်း ရှိသော လူတစ်ယောက် ဖြစ်တဲ့အတွက် လတ်တလော အခြေအနေမှာ အကျပ်အတည်း ကြုံနေပေမဲ့ အဲဒီအကျပ် အတည်းတွေကို ဖောက်ထွက် လွတ်မြောက် သွားနိုင်မယ့် ပုဂ္ဂိုလ်ရယ်လို့ ကောက်ယူနိုင်ပါတယ်။
အဲဒါတွေ အားလုံး ခြုံငုံ စဉ်းစားလိုက်တဲ့ အခါမှာ ဘယ်လို မေးခွန်မျိုးကို မေးမေး နံပါတ်(၁၂) ကတ်ပြား ကျလာမယ်ဆိုရင်....
မဖြစ်ဘူး ၊ မရဘူး ၊ မအောင်မြင်ဘူး ဆိုတာကိုပဲ ဟောရမှာ ဖြစ်ပါတယ်။ အဲဒီ အဆိုးများ ဟာလည်း ချက်ချင်းပြီး မသွားပဲ တိုးလို့ တန်လန်း ဖြစ်နေဦးမယ်လို့ ဟောရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကတ်ပြား ကို ဆိုးတန်းလန်း လို့ အလွယ် မှတ်ထား နိုင်ပါတယ်။
  • ရှေးတိုးရ ခက် ၊ နောက် ဆုတ်ရခက် ၊ ကျဉ်းထဲ ကျပ်ထဲ အခြေအနေများ ကြုံလာမည်။
  • အလုပ်များ ၊ ရည်ရွယ်ချက်များ ၊ ရှေ့မဆက်နိုင်ပဲ ဖြစ်နေမည်။
  • ခြေထောက်ပိုင်း တွင် ဒဏ်ရာရခြင်း ၊ ခြေထောက် ဒုက္ခ ပေးခြင်းများ ကြုံရတတ်သည်။
  • အမျိုးသား ဆိုင်ရာ ရောဂါ ၊ အမျိုးသမီး ဆိုင်ရာ ရောဂါများ ကြုံရတတ်သည်။
  • ခွဲစိပ် သုသ မှု့နှင့် ပတ်သက်ရတတ်သည်။
  • မည်သည့် အခက်အခဲနှင့် ကြုံသည် ဖြစ်စေ ၊ စိတ်ရှည်ရှည် ထားသင့်သည်။ နောက်ဆုံးတွင် ထို အခက်အခဲ မှ လွန်မြောက် သွားလိမ့်မည် ဆိုတဲ့ ဟောကိန်းတွေ ဟောနိုင် ပေတာပေါ့.....
  • အရက်အမြန်ပြတ်စေလိုလျှင်
    ဒါကတော့ တစ်ချို့ အမျိုးသမီးတွေ လာပြီး အကူအညီ တောင်းကြတာပါ။ သူတို့ ရဲ့ ခင်ပွန်းကို အရက် ပြတ်စေချင်တယ်။ အရက်ကြောင့် မကြာခဏ ရန်ဖြစ်ရ တယ်လို့ ပြောပါတယ်။
    နောက်ပြီး စီးပွားရေး လည်း အရမ်း ထိခိုက်ပါတယ်တဲ့။ တပါတ် တစ်ပါတ် ရလာတဲ့ လုပ်အားခငွေ နဲ့ သူတို့ အရက်သောက်တဲ့ ငွေနဲ့ မကာမိဘူးတဲ့။
    တစ်ချို့ အမျိုးသမီးတွေ ကြတော့ သူတို့ရဲ့ အရွယ် မရောက်သေး တဲ့ မောင်လေးတွေ အရက်သောက်လို့ အရက်ပြတ်အောင် ကူညီပေးပါတဲ့။ ကျွန်တော်ကတော့ လွယ်လွယ်ပဲ ယတြာ ပေးလိုက်ပါတယ်။ အရက်သမား အရင့် အမားကြီး တွေတောင် တဖြည်းဖြည်း အရက်ပြတ်သွားတာကို အံ့သြစဖွယ် တွေ့ရှိရပါတယ်။ ဒီယတြာကို ဘာနည်းနဲ့ ပေးတာလည်းလို့ မမေးပါနဲ့။ ကျွန်တော် မသိပါဘူး။ ဘယ်လို တွက်ရလဲလို့ မမေးပါနဲ့။ ကျွန်တော် မပြောပြ တတ်ပါဘူး။
    ၁၀၀-ဆိုတဲ့ ဂဏန်း တစ်ခုရဖို့ ဘယ်လို တွက်ရမလဲ ဆိုရင် ၅၀-နဲ့ ၅၀ ပေါင်းလိုက်လို့ ပုံသေ မပြောပါနဲ့။ ၁၀၀-ရ ဖို့ နည်းတွေ အများကြီး ရှိပါတယ်။ ၆၀-နဲ့ ၄၀ ပေါင်းရင်လည်း ၁၀၀- ရပါတယ်။ ၉၉-နဲ့ ၁-ပေါင်းလိုက်ရင်လည်း ၁၀၀-ရတာပါပဲ။ ဘယ်နည်းက အမှန်ဆုံးလို့ ပြောလို့မရပါဘူး။ အားလုံးက သူ့နည်းနဲ့ သူ အကုန်မှန်တာ ချဉ်းပါပဲ။
    ဒါကြောင့် ဘယ်နည်းနဲ့ ယတြာပေးမှ မှန်တယ် ၊ စွမ်းတယ် ၊ ထိရာက်တယ်လို့ ပုံသေ ပြောလို့ မရပါဘူး။ အားလုံးက သူ့နည်းနဲ့ သူ အမှန်တွေ ချဉ်းပါပဲ...မိတ်ဆွေ..
    အရက်ပြတ်စေသောယတြာ
    အိမ်မှာ သုံးနေတဲ့ ပန်ကာ ထိပ်မှာ အရက်ပြတ်စေလိုသော သူ၏ နာမည်ကို ရေးထားလိုက်ပါ။ အလိုလို အရက် ပြတ်သွားပါလိမ့်မည်။
    စေတနာများစွာဖြင့်
    ဟိန်းတင့်ဇော်
    အလုပ်ထွက်ခွင့်ရရန်
    ကျွန်တော်တို့ ထိုင်းမှာ အလုပ်ကိစ္စ အတွက် အပြောင်း အရွေ့ လုပ်မယ် ဆိုရင် သူဋ္ဌေးပြောင်း လက်မှတ် ဆိုတာ လိုပါတယ်။ အလုပ်တစ် ခုကနေ အလုပ် တစ်ခုကို ပြောင်းရွေ့ တော့မယ် ဆိုရင် အဲဒီ လက်မှတ်က အဓိကပဲ။ ပထမ ကိုယ် လုပ်ခဲ့တဲ့ သူဋ္ဌေးက လက်မှတ် မထိုးပေး သေးရင်တော့ နောက် အလုပ်ရုံ ကလဲ မယူသေးဘူး။ အဲဒီမှာ ထိုင် စောင့် ပေတော့။ မြန်မာလို ပြောရရင် တော့ လွဲပြောင်းစာ လို့ ခေါ်မလား မသိဘူး။
    ကျွန်တော်ဆီကို အဲဒီလို အခက်အခဲ ကြုံနေတဲံ လူတွေ မကြာခဏ ရောက်လာ ကြပါတယ်။ သူတို့ ရောက်လာရင် အဓိက ကတော့ ဘိုင်ကျက်အော့် (ထိုင်းအခေါ်) မရလို့ ၊ ယူလို့ မရလို့ အလုပ် စောင့်နေရတာ။ အဲဒါ မြန်မြန် ရအောင် ကူညီပေးပါလို့ အကူအညီ တောင်း လာလဲ့ရင် အောက်ပါ ယတြာကို ဆောင်ရွက် ခိုင်းလိုက်ရင် အဆင်ပြေ သွားကြတာပါပဲ...
    ကမ္ဘာ အနှံ့ ရောက်ရှိနေတဲ့ မြန်မာပြည်သား များအတွက် အကယ်၍ မိမိတို့ဘက်က အလုပ် ထွက်ချင်ပါရဲ မိမိတို့၏ သူဋ္ဌေး သို့မဟုတ် မန်နေဂျာက မိမိကို အလုပ် ထွက်ခွင့် မပေးဘူး ဆိုရင် အောက်ပါ အတိုင်း ဆောင်ရွက် လိုက်ပါခင်ဗျာ..
    အလုပ်ထွက်ခွင့်ရစေသောယတြာ
    ကဒ်ထူ စက္ကူတွင် စက်ဝိုင်း တစ်ခု ဆွဲလိုက်ပါ။ ထိုစက်ဝိုင်း အလယ်တွင် အလုပ် ထွက်ခွင့် ပေးနိုင်သူရဲ့ အမည်ကို ရေး၍ ပြူတင်းပေါက်တွင် ချိပ်ထားလိုက်ပါ။ ရက်ပိုင်းအတွင်း အဆင်ပြေသွားပါလိမ့်မည်။
    စေတနာများစွာဖြင့်
    ဟိန်းတင့်ဇော်
    Friday, February 26, 2010
    စာရွက်စာတမ်းလက်မှတ်ရေးထိုးမှားလျှင်
    လူဆိုတာ မှားတတ်တဲ့ သတ္တ၀ါ ဖြစ်သည်။ ဒါကြောင့် ခဲတန်မှာ ခဲဖျက် ပါလာတာ ပေါ့တဲ့။ ဆိုလိုတာ ကတော့ ဘယ်သူမှ အမှား မကင်းဘူး။ ကျွန်တော်တို့တွေ ဟာလည်း မကြာခဏ အမှားတွေ တွေ့ကြုံလေ့ ရှိပါတယ်။ တစ်ခါက ကျွန်တော်ဆီကို လူတစ်ယောက် ရောက်လာ ပါတယ်။ သူက ထိုင်းမှာ ရောက်နေတာ ။ မြန်မာပြည်က သူ့ရဲ့ အိမ်နဲ့ ခြံကို ရောင်းချင်တာ။
    အဲဒါ အိမ်ရောင်းမယ်ပေါ့။ ဘယ်လောက်နဲ့ ရောင်းမလဲ ဆိုတော့ သိန်း(၅၀) ရရင် ရောင်း မယ်လို့ ပြော လိုက်တယ်တဲ့။ အဲဒီတော့ ၀ယ်မယ့်လူကလည်း ၀ယ်မယ်တဲ။ နောက်မှ သူသိရတာက သူအိမ်က သိန်း(၁၀၀)လောက် တန်နေတယ်လေ။ သူက ထိုင်းကို ရောက်နေတာ (၃)နှစ်လောက် ရှိနေပြီ။ (၃)နှစ်အတွင်း သူ့အိမ်က အဲဒီလောက် ဈေးတန်နေမယ် ဆိုတာ သူက မသိဘူးလေ။ သူဝယ်တုန်းကမှ (၆) သိန်းပဲ ပေးခဲ့ရတာ။ အစတုန်း ကတော့ သိန်း(၂၀)နဲ့ ရောင်းရင် တော်တော် မြတ်နေပြီလေ။
    နောက် သူ့အသိတစ်ယောက်ကို ပြောပြတော့ “ဟေ့ကောင် မင်းရူးနေလားတဲ့ ။ မင်းအိမ်က အနည်းဆုံး ၁၀၀- တော့ ခေါင်းခေါက် ရောင်းလို့ ရတယ် ” လို့လဲ ပြောရော ကျွန်တော်ဆီ ရောက်လာတော့တာပဲ။
    ဆရာ ကူညီပါအုံးတဲ့။ ကျွန်တော်တော့ အမှားကြီး မှားသွားပြီတဲ့။ ပြန်ပြောလို့ ရပါဦး မလားမသိဘူး။ ဆိုတော့ ကျွန်တော်က အောက်မှာဖော်ပြ ထားတဲ့ ယတြာ လုပ်ခိုင်း လိုက်တယ်။ သူကတော့ အဆင်ပြေသွား ပါတယ်။ မိတ်ဆွေတို့ရဲ့ ဘ၀မှာလည်း အဲဒီလို အပြောမှား ၊ အရေးမှား ၊ လက်မှတ်ရေးထိုးမှား စသော အမှားများကို နောက်မှ ပြန်ပြင်ချင် တယ်ဆိုရင် အောက်က ယတြာကို ဆောင်ရွက်လိုက်ပါ။ အဆင်ပြေသွား ပါလိမ့်မည်။
    အမှားဖြေယတြာ
    ကြွေပုဂံ တစ်ချပ်ထဲမှာ ဂျင်းတစ်ဒက် ထည့်ပါ။ ထိုဂျင်းပေါ်တွင် ဖယောင်းတိုင် မီးထွန်း ဆုတောင်းပါ။ နေ့ခင်းဘက် တစ်တိုင်ထွန်းပါ။ ညနေ နေ၀င်ချိန် တစ်တိုင် ထွန်းပါ။ (၇)-ရက် ဆက်တိုက် ထွန်းပါ။ အဆင်ပြေ အောင်မြင်သွားပါလိမ့်မည်။
    စေတနာများစွာဖြင့်
    ဟိန်းတင့်ဇော်
    Thursday, February 25, 2010
    ဆရာသခင်-ဒေါက်တာမင်းသိင်္ခ
    တစ်ခါက ဤမြေကမ္ဘာသို့ လူထူး လူဆန်းကြီး တစ်ဦး အလည်အပတ် ရောက်ရှိ လာခဲ့ ဘူးပါသည်။ ထိုသူ၏ ဘ၀သည် လွန်စွာမှ ထူးခြား ဆန်းကြယ် လှဘိသကဲ့သို့ အင်မတန်မှလည်း ရိုးစင်းလွန်းလှ လေတော့သည်။ ထိုသူ၏ ဘ၀သည် မျက်ရည်စများ ငိုကြွေး ရှိုက်ညည်းသံများ ၊ ခံပြင်း တောက်ခေါက်သံများ ၊ ကြေကွဲမှု့များ အတိပြီးနေ၏။
    ထို့အတူပင် အားပါးတရ လှိုက်လှိုက်လှဲလှဲ ၀မ်းသာအားရ ရယ်မောလိုက်သော အသံများ တစ်လောကလုံး ကိုကျေနပ်သော အပြုံးများဖြင့်လည်း ဝေဆာနေလေတော့၏။ ထိုသူ၏ ဘ၀သည် အထီးကျန် ဆန်လွန်းလှ ဘိတော့၏။ ထို့အတူပင် မိတ်ဆွေ သင်္ဂဟများလည်း ၀ိုင်းဝိုင်းရယ်မှ လည်နေလေတော့၏။
    ထိုသူ၏ ဘ၀သည် အချို့တဲ့ အနွမ်းပါးဆုံးသော သနားစဖွယ် ဘ၀မျိုးဖြစ်၏။ ထို့အတူပင် လိုလေသေး မရှိသော အရာရာ ပြည့်စုံသော ချမ်းချမ်းသာသာ ဘ၀လည်း ဖြစ်လေတော့၏။ ထိုသူသည် လွန်စွာမှ ကြောက် တတ်သူ ၊ အသည်းငယ် တတ်သူ တစ်ဦးဖြစ်၏။ ထို့အတူ လွန်စွာမှ ရဲရင့်သော အကြောက်အရွံ့ ကင်းသော သူလည်း ဖြစ်လေတော့၏။
    ထိုသူသည် လွန်စွာမှ သတိကြီး၏။ အရာရာတွင် အထူးပင် လက်ဖျားခါ လောက်အောင် စေ့စပ်သေချာ လွန်းသူ (သို့မဟုတ်) ဇီဇာကြောင် လွန်းလှသူ တစ်ဦး ဖြစ်လေ၏။ ထို့အတူပင် မည်သည့် အရာကိုမျှ ရင်ထဲမှာ သိမ်ဆည်း မထားတတ်သော ၊ ဘ၀ကို ပေါ့ပေါ့တန်တန်ပင် ဖြတ်သန်းသွားသော လွန်စွာမှ လွတ်လတ်ပေါ့ပါး သော လူတစ်ဦး ဖြစ်လေတော့၏။
    ထိုသူသည် လွန်စွာမှ အစိုးရိမ် အကြောင့်ကြ ကြီး၏။ အရာရာကို အသက်နှင့် ထပ်တူ အလေးနက် ထားလေ၏။ ထို့အတူပင် သူ၏ စိတ်ကလေးသည် မိုးတိမ်လို လွင့်၍ စမ်းရေလို စီးဆင်းနေ လေ့တော့၏။ ဤကမ္ဘာ၌ လွန်စွာ ရက်စက်တတ်သော ၊ အညှာ အတာ ကင်းမဲ့သော ၊ အညှိုး အတေး ကြီးမား လွန်းလှသော ၊ မည်သည့် အရာကိုမျှ မထောက်ညှာတတ်သော လူနှစ်ဦးကိုရှာရမည်ဆိုလျှင် တစ်ဦးကိုသာ ရှာရပေတော့မည်။ ထိုသူသည် ထိုမျှ အထိ စိတ်ဓါတ် ခက်ထန် မာကြောလွန်း လှတော့၏။
    ထို့အတူပင် ဤကမ္ဘာ၌ လွန်စွာ သနား ဂရုဏာ ကြီးသော ၊ အင်မတန် ကြင်နာတတ်သော အထူးပင် စိတ်နှလုံး နူးညံ့ သိမ်မွေ့သော ၊ အင်မတန်မှ ကဗျာဆန်သော ၊ အခြား တစ်ပါးသော သူတို့ကို ဘ၀နှင့် ရင်း၍ အသက်နှင့် ရင်း၍ ကူညီ ကယ်တင်လေ့ ရှိသော လူနှစ်ဦးကို ရှာရပါမည် ဆိုရင်လည်း တစ်ဦးကိုသာ ရှာရပေတော့မည်။ ထိုသူသည် ထိုမျှအထိ အကြင်နာကြီးသော ဂရုဏာ ရှင် ဖြစ်လေတော့၏။
    ထို့ကြောင့်ပင်လျှင် ထိုသူသည် အချစ်ကြီး၏။ အမုန်ကြီး၏။ အစားကြီး၏။ အလွန် လောဘ ကြီး၏။ လောဘ လည်း လုံးဝမရှိ။ ထို့အတူပင် မာန်မာန လုံးဝ ကင်းစင်ကာ နှိမ်ချ ၀တ်တွားသော စိတ်နှလုံးသည်လည်း ရှိလေ၏။ အချို့က ထိုသူအား လူဆိုး လူမိုက် ၊ လူပေ လူတေကြီး အဖြစ် နှခေါင်း ရှုံ့ကြကုန်၏။ ဖယ်ကြဉ် ရှောင်ရှား ကြကုန်၏။ အချို့ကလည်း ထိုသူအား သူတော်ကောင်းကြီး ၊ သူတော်စဉ်ကြီး ၊ ငှက်တစ်သောင်း နားနိုင်သော ညောင်ပင်ကြီး အဖြစ် ပြေးဝင် ဆည်းကပ်ကြလေ၏။
    လူအချို့တို့သည် ထိုသူအား တပည့်ကောင်းဟု အမှတ်ပေး ကြ၏။ အချို့ကလည်း တပည့်ဆိုး တပည့်မိုက်ဟု သမုတ်ကြလေ၏။ လူအချို့တို့သည် ထိုသူအား ဆရာကောင်းဟု မှီဝဲ ဆည်းကပ် ကြ၏။ အချို့ကလည်း ထိုသူကို ပင်ဆရာ ဆိုးဟူ၍ စွန်ခွါ ထွက်ပြေးကြလေ၏။ အချို့ အချို့သော သူတို့သည် ထိုသူအား နှိမ့်ချကြ၏။ အနိုင် ကျင့်ကြ၏။ အချို့ကလည်း တန်းတူ ရည်တူ သဘောထား၍ ဆက်ဆံ ကြလေ၏။ အချို့ကလည်း ဆရာတင်ကာ အနန္တော အနန္တ ငါးပါး ဂိုဏ်းဝင်အဖြစ် ရိုကျိုးကြလေ၏။
    လူအချို့သည်ကား ထိုသူ ဘာလုပ်လုပ် ၊ ဘာပြောပြော သည်းညည်းခံကြ၏။ သဘောပေါက်ပေးကြ၏။ အချို့ကလည်း ထိုသူအပေါ်ဆီလို အပေါက်ရှာ၍ အကျအန အပြစ်ပြောကြလေ၏။ အချို့သည် ထိုသူ စော်ကား သမျှကို ခေါင်းငုံ့၍ ခံကြ၏။အချို့က ထိုသူအား စော်ကား မော်ကားပြုကြလေ၏။
    Tuesday, February 23, 2010
    ကိုယ့်ကို ပြဿနာရှာလျှင်
    လူတိုင်းဟာ အေးအေး ချမ်းချမ်း နေချင် ကြတာ သဘာဝပဲ။ ဘယ်သူနဲ့မှ ဘာပြဿ နာမှ မဖြစ်ချင် ကြပါဘူး။ ဒါပေမဲ့ လူတိုင်း လူတိုင်း ပြဿနာနဲ့ မကင်း ကြလို့ပဲ။ ကိုယ်က ပြဿနာကို သွားမရှာဘူး။ ဒါပေမဲ့ ပြဿနာ ကတော့ ကိုယ့်ကို လာရှာတယ်။ အမှန်က ပြဿနာက လာရှာ တာလည်း မဟုတ်ပါဘူး။ ပြဿနာ ဖန်တီး တတ်တဲ့ လူတွေ ကသာ ပြဿနာ ဖြစ်စေတာပါ။
    အဲဒီတော့ ပြဿနာ ဆိုတဲ့ စကားလုံးမှာ အဓိက တရားခံက လူတွေပဲ။ ပြဿနာ သေးသေး လေးကနေ ပြဿနာ အကြီးကြီး တွေထိ ဖန်တီးကြတာ အားလုံး လူသားတွေပဲ။ ထားပါတော့။ အခု ကျွန်တော် ပြောပြချင်တာက မိမိ အိမ်ကို ဒါမှ မဟုတ် မိမိဆီကို ပြဿနာ မလာ စေချင်ဘူး။ ရန်မလာ စေချင်ဘူး ဆိုရင် ပြုလုပ်လို့ရမဲ့ ယတြာပါ။ ပြဿနာ တစ်ခုခု ဖြစ်နေပြီ ဆိုရင်လဲ အဲဒီ ပြဿနာ ငြိမ်းအေး သွားအောင် ထပ်တိုး မလာအောင် ပြေငြိမ်းအောင် ဆောင်ရွက်တဲ့ သဘောနဲ့ ဆောင်ရွက်လို့ ရတယ်။ ပြဿနာ မဖြစ်သေး ရင်လည်း ကြိုတင် ကာကွယ်တဲ့ သဘောနဲ့ ဆောင်ရွက်လို့ ရပါတယ်။
    ဒီယတြာ တွေကို ပြောမပြခင် အရင်ဆုံး ဆရာ သခင် အဘ မင်းသိင်္ခကို ဦးခိုက် ဂါရ၀ ပြုပါတယ်။ ဘာကြောင့် လည်းဆိုတော့ ဒီဘလော့မှာ ရေးသား တင်ပြထားတဲ့ ဂမ္ဘီရ ယတြာတွေ အားလုံးဟာ ဆရာသခင် သင်ကြား ပေးခဲ့တဲ့ အမွေတွေ ဖြစ်လို့ပါပဲ။ ကျွန်တော်တို့ကို အဘက ထမင်းအိုး ကောင်းကောင်း တည်ပေး ထားခဲ့ပါ တယ်။ အဘ ပေးခဲ့တဲ့ ပညာနဲ့ပဲ ကျွန်တော် တင်မက မိသားစု တွေရော သူငယ်ချင်း တွေ နီးစပ်ရာ တွေပါ ဒီနေ့ အထိ ထမင်း ၀အောင် စားနေ ရတာပါ။
    စိတ်တောင် မကူဘူးတဲ့ ခေတ်မှီ အသုံး အဆောင် တွေကိုတောင် သုံးစွဲ ဘူးနေတာပါ။ လူကုန်တန် တွေက လူရာသွင်း ခံရတာပါ။ (၄)-တန်းတောင် မအောင်တဲ့ ကျွန်တော်လို တောကြို တောင်ကြားက လူသား တစ်ယောက်ကို အသစ်ပြန်လည် မွေးဖွား ပေးခဲ့တဲ့ အဘရဲ့ ကျေးဇူးတရား တွေကို ဒီဘ၀ တင်မက နောက်ဘ၀များ အထိ ပြန်ဆပ်ရင် တောင် ကျေမယ် မထင်ပါဘူး။ ဒါကြောင့် အဘကို ဦးခိုက်ပါ တယ်။
    ယတြာ အကြောင်း ပြောကြရ အောင်ပါ။ အဲဒီလို ကိုယ့်ကို အလိုလို နေရင်း ပြဿနာ လာရှာရင် အဲဒီ ပြဿနာ ကင်းအောင် ငြိမ်းအောင် အောက်ပါ ယတြာကို ဆောင်ရွက်လိုက်ပါ။ ရက်ပိုင်းအတွင်း ကြုံတွေ့ နေရတဲ့ ပြဿနာ တွေ ကင်းဝေး သွားပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ဖြစ်သွားပါလိမ့်မယ် ခင်ဗျာ...။
    ငှက်ပျော တစ်တောင်တုံး မီးပန်းကုံး ယတြာ
    ငှက်ပျောတုံး တစ်တုံး တစ်တောင် လောက်ရှာပါ။ ထို ငှက်ပျောတုံးပေါ်မှာ ၀ါးခြမ်းပြား ကွေးကွေးလေး စိုက်ပါ။ ၎င်းအပေါ်တွင် ဖယောင်းတိုင် (၇) တိုင် ထွန်းပါ။ နေ၀င်ချိန် အပြင်ဘက်တွင် ထွန်းပါ။ မိမိ ဖြစ်ချင်တာကို သေသေချာချာ ဆုတောင်း လိုက်ပါ။
    အချစ်များစွာဖြင်
    ဟိန်းတင့်ဇော်
    ဘုရားဟောနှင့်ဗေဒင်ပညာ
    ဧကနိပါတ် စူဠသေဋ္ဌိ ဇာတ်တော်၌ ဓနသိဒ္ဓိ နက္ခတ်နှင့် ယှဉ်သည့် အတွက် ကြွက်သေ တစ်ခု အရင်းပြုကာ မျှဖြင့် လေးလတွင်းဝယ် ဥစ္စာနှစ်သိန်း ကြွယ်ဝကြောင်း....
    ဝေဒဗျ ဇာတ်တော်တွင်လည်း ရတနာ ရွှမိုး ငွေမိုးကို ရွာစေနိုင်သော လောကီ မန္တာန်ရှိကြောင်း...
    ဒုကနိပါတ် ဘဂ္ဂ ဇာတ်တော်တွင်လည်း နိမိတ် ရှိသော စကားကို ပြောကာမျှနှင့်ပင် ဘီလူး မစားနိုင်ကြောင်း
    ဒေဓိဝါဟန ဇာတ်တော်တွင် အ၀ိညာဏက အသက်မရှိသော ပဲကွတ်၌ တန်ခိုးရှိကြောင်း...
    ခန္ဓ ဇာတ်တော်တွင် မြွေခဲ၍ မန္တာန်ဖြင့် ကုရကြောင်း...
    ဆဗ္ဗဒါဌိ နိပါတ်တော်မှာလည်း ပထ၀ီ ဇယ မန္တာန်ကို ရသော မြေခွေးသည် လူမင်းအား စစ်ထိုးနိုင်ကြောင်း..
    ၎င်းနိပါတ်တော်လာ သီရိဇာတ်တွင် အသရေ ရှိသော ကြက်သား ကြက်ခေါင်း စား၍ မင်းဖြစ်ကြောင်း...
    နာနာဆန္ဒ ဇာတ်တော်မှာလည်း နက္ခတ်တတ်၍ အမှန် သိမြင်နိုင်ကြောင်း....
    ကဏဝေရ ဇာတ်တော်တွင် မြတ်စွာ ဘုရား အလောင်းတော်သည် စောရ နက္ခတ်နှင့် ယှဉ်၍ ဖွားမြင်သော ကြောင့် သူခိုး ဖြစ်ကြောင်း...
    ခရ ပုတ္တ ဇာတ်တော်တွင် သတ္တ၀ါတို့၏ ဘာသာစကားကို နားလည်သော မန္တာန်ရှိကြောင်း....
    န၀နိပါတ် ပဒကုသလ ဇာတ်တော်တွင် လေကဲ့သို့ လျှင်မြန်စွာ သွားနိုင်သော မန္တာန် ။ ခိုးသူတို့၏ ခြေရာကို သိမြင်နိုင်သော မန္တာန်ရှိကြောင်း.....
    သမုဂ္ဂ ဇာတ်တော်မှာလဲ လောကီ ၀ိဇ္ဇဓိုရ် ရှိကြောင်းနှင့် သိဒ္ဓိ(၁၀) ပါးတိုင်အောင် ပေါက်ရောက်နိုင်သော လောကီ ပညာရှိကြောင်း....
    ဘ၀အဆင့်မြင့်မားစေသောယတြာ
    ဒီနေ့ ကျွန်တော် ပြောပြချင်တဲ့ ယတြာ ကတော့ ဘ၀ အဆင့် မြင့်မား စေသော ယတြာပါ။ ဒီယတြာကို ရာထူးတိုး ယတြာ လို့လည်း ပြောလို့ ရပါတယ်။ မိမိတို့ မိသားစု ဘ၀ တိုတက် မြင့်မား စေပါတယ်။ ၀န်ထမ်း ဆိုရင်လည်း ရာထူး တိုးတယ်။ ကုမ္ပဏီ ၀န်ထမ်း ဆိုရင်လည်း တိုးတက် စေပါတယ်။
    မိမိတို့ သက်ဆိုင်ရာ အလုပ်တွေမှာ ရာထူးတိုး စာမေးပွဲတွေ ၊ လူရွေးပွဲတွေ ၊ အင်တာဗျူးတွေ ရှိတဲအခါ ဆိုရင် လုပ်သင့်ပါတယ်။ ကုမ္ပဏီက နိုင်ငံခြား ပညာ တော်သင် တွေ ဘာတွေ သွားဖို့ စောင့်နေတဲ့ လူတွေ အတွက်လည်း ကောင်းပါတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေ အမြဲ လုပ်ပေးရင်လည်း မိမိတို့ လုပ်ငန်း တိုးတက် စည်ပင် စေပါတယ်။ဒါကြာင့် ဒီယတြာကို ဘ၀အဆင့် မြင့်မား စေသောယတြာ လို့ ခေါ်တာပါ။
    ဒီယတြာဟာ ကုန်းဘောင်ခေတ် လောက်တုန်းက တည်းက နာမည်ကြီး ထင်ရှားခဲ့တဲ့ မကာရလောပ မတစ် လုံးကျေ ဆရာတော် ခင်ကြီးဖျော်ရဲ့ နည်းလို့ သိရပါတယ်။ အဲဒီလို အရမ်းကောင်းတဲ့ ယတြာကို ကျွန်တော်ရဲ့ မိတ်ဆွေများ အတွက် လက်ဆောင်ပေး လိုက်ပါရစေ.....
    ဘ၀အဆင့်မြင့်မားစေသော အကျော်အကြားယတြာ
    လင်ဗန်းတစ်ချပ် အလယ်မှာ သောက်တော်ရေ တစ်ခွက် ထည့်ပါ။ ဒေါင့်လေးဒေါင့်မှာ ဗူးသီးကျော် တစ်ပုံ ၊ ဘယာကျော် တစ်ပုံ ၊ ကြက်သွန်ကျော် တစ်ပုံ ။ ငှက်ပျောကျော်-တစ်ပုံ ထည့်ပါ။ မိမိတို့၏ မွေးနေ့ နံက် (၉း၄၅) တွင် နေအိမ်ရှိ မြတ်စွာဘုရားကို ကပ်လှူ ပူဇော်ပါ။ ထို့နောက် ကိုယ်ဖြစ်ချင်သော ကိစ္စများကို ကျကျနန ဆု တောင်းပါ။
    ကပ်လှူပူဇော်ပုံ
    ထို့နောက် အမျိုးသားများ ဖြစ်ပါက ကြေးစည် တီး၍ အမျှဝေပါ။ အမျိုးသမီး ဖြစ်ပါက ခေါင်လောင်း ထိုး၍ အမျှ ဝေပါ။
    ၍ကား အကျော်အကြား ယာတာကြီး အဆင့်ဆင့် ပြုလုပ်ပုံတည်း။
    အချစ်များစွာဖြင့်
    ဟိန်တင့်ဇော်
    Monday, February 22, 2010
    (၁၁) မနုစာရီတားရော့ကဒ်အကြောင်း
    ဒီကဒ်ပြားရဲ့ အဓိက ဇာတ်လိုက်ဟာ ချိန်ခွင် တစ်ဖက် ၊ ဓားတစ်ဖက်ကို ကိုင်ထားတဲ့ အမျိုး သမီး တစ်ဦး ဖြစ်ပါတယ်။ အဲဒါဟာ တရားရုံးစောင့် နတ်သမီးရဲ့ နိမိတ်ပုံ ဖြစ်ပါတယ်။ ဥပဒေမှာ မျှတစွာ ဆုံးဖြတ်နိုင်ဖို့ အတွက် ချိန်ခွင်နဲ့ ၊ ပြတ်သားစွာ စီရင်နိုင်ဖို့ အတွက် ဓား တို့ကို အမှတ်တံဆိပ် အဖြစ်နဲ့ အသုံးပြုလေ့ ရှိပါတယ်။
    လွန်ခဲ့တဲ့ နှစ်သုံးဆယ် ကျော်လောက်က အဘ မင်းသိင်္ခဟာ မနုစာရီ ဆိုတဲ့ ဂန္ဓ၀င်မြောက် ၀တ္ထုကြီး တစ်ပုဒ် ရေးသားခဲ့ ဖူးပါတယ်။ မနုစာရီ မင်းသမီးဟာ အမျိုးသမီး တွေထဲမှာ အင် တန်မှ ညာဏ်ပညာ ဗဟုသုတနဲ့ ပြည့်စုံပြီး တရားသူကြီး တစ်ဦးလည်း ဖြစ်ပါတယ်။ အဲဒါ ကြောင့် တရားရုံးစောင့် နတ်သမီး ကဒ်ပြားကို တွေ့တဲ့အခါ အဘ မင်းသိင်္ခက မနုစာရီ လို့ အမည်ပေး လိုက်တာ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့လည်း ဒီကဒ်ပြားကို မနုစာ ရီ လို့ပဲ ခေါ်ကြပါတယ်.......။
    ဒီကဒ်ပြားဟာ ဥပဒေရဲ့ သဘော သဘာဝကို ညွန်းဆိုနေတဲ့ ကဒ်ပြား ဖြစ်ပါတယ်။ ဥပဒေကို လူ့လောကရဲ့ ကျက်သရေ အဖြစ် အသိအမှတ် ပြုထား ကြပါတယ်။ လူ့လောကနဲ့ တိရစ္ဆာန် လောက အဓိက ကွဲပြားနေတဲ့  အချက်တွေ ထဲမှာ ဥပဒေ ဆိုတာလည်း တစ်ခု အပါအ၀င် ဖြစ်ပါတယ်။ လူ့လောကမှာ ဥပဒေ ဆိုတာ ရှိနေတဲ့ အတွက် ကြီးနိုင် ငယ်ညှင်းတွေ ၊ အနိုင်ကျင့် တာမျိုးတွေကို ထိန်းချုပ်ထား နိုင်ပေတာပေါ့...။
    လူ့လောကရဲ့ ကျက်သရေကို ဖော်ညွန်းနေတဲ့ ကဒ်ပြားဖြစ်တဲ့ အတွက် ဒီကဒ်ပြားကို အကောင်း သဘောပဲ ယူဆရပါတယ်။ ဒါပေမဲ့ ဥပဒေတို့ တရားရုံးတို့ ဆိုတာမျိုး ကလည်း ဒီအတိုင်း ထိုင်နေရင် ဘာမှ မသိသာပါ ဘူး။ အမှု့ အခင်း ကြုံလို့ ရုံးပြင် ကန္နားကို ရောက်တဲ့ အခါမျိုးတွေ မှသာ ထိစပ် ပတ်သက်ရတဲ့ အရာမျိုးတွေ မဟုတ်ပါလား။ အဲဒီတော့ ဒီကဒ်ပြားဟာ ကောင်းတော့ ကောင်းပါတယ်။ ဒါပေမဲ့ အမှု့ အခင်း တစုံတရာနဲ့ ပတ်သက် ဆက်နွယ်ရ တတ်တယ် ဆိုတာကိုတော့ သတိမူဖို့ လိုပါလိမ့်မည်။
    မနုစာရီ မင်းသမီးဟာ ချိန်ခွင် တစ်လက်ကို ကိုင်ထား ပါတယ်။ ချိန်ခွင်ဆိုတာ ဟိုဘက် ဒီဘက် ချိန်ဆရတဲ့ ကိစ္စမျိုးပါ။ ဟိုဘက်ကိုလည်း အလေး မသာရ။ ဒီဘက် ကိုလည်း အလေး မသာရ။ ညှိနှိုင်းရတဲ့ ကိစ္စမျိုး ဖြစ်ပါ တယ်။ ညှိနှိင်းရတယ် ဆိုကတည်းက နှစ်မျိုး နှစ်ဘက် ဖြစ်နေလို့ပေါ့။ အဲဒီတော့ အရေးကြီးတဲ့ ကိစ္စကြီး နှစ်ခု တစ်ပြိုင်နက် တည်းမှာ ကြုံလာ တတ်တယ်။ ဟိုဘက် လိုက်လို့လည်း မရ။ ဒီဘက် လိုက်လို့လည်း မရတဲ့ အခြေအနေမျိုး ကြုံမယ်။ ဆုံးဖြတ်ရ ခက်တဲ့  ကိစ္စမျိုးတွေ ကြုံလာလိမ့် မယ်လို့ အဟော ထုပ်နိုင် ပေတာပေါ့။ အဲဒီ ဆုံးဖြတ်ရ ခက်တဲ့ ကိစ္စကိုလည်း ပြတ်ပြတ် သားသား ဆုံးဖြတ်ချက် ချရလိမ့်မယ် လို့လည်း ဟောနိုင်ပေ တာပေါ့။
    ဒီကဒ်ပြားရဲ့ နံပါတ်ဟာ ၁၁- ဖြစ်ပါတယ်။ ၁-နှစ်လုံး ပူးနေတာပါ။ တစ်လုံးတည်း ဖြစ်အောင် ပေါင်းရင်လည်း (၂)ဂဏန်း ဖြစ်ပါတယ်။ နှစ်ခု ၊ နှစ်ခွ ၊ နှစ်ကြိမ် ၊ နှစ်မျိုး ဆိုတဲ့ အဓိပ္ပါယ် မျိုးတွေ ယူဆ နိုင်ပါတယ်။ ဆင်တူ (၁)နှစ်လုံး ဖြစ်နေတဲ့ အတွက် တစ်မျိုးထဲကနေ နှစ်မျိုး ကွဲနေတဲ့ သဘောကိုလည်း ကောက်ယူနိုင် ပါတယ်။ အဲဒီတော့ အလုပ်ခွဲတာ အိမ်ခွဲတာ ဆိုတာမျိုးတွေ ထည့်သွင်း ဟောပြော နိုင်ပါတယ်။
    အဲဒီလို သဘာဝနဲ့ ဓားနဲ့ကို ဆက်စပ် စဉ်းစားတဲ့ အခါမှာလည်း ခွဲစိတ် ကုသမှု့ ကြုံခြင်းဆိုတဲ့ အဓိပ္ပါယ်မျိုး တွေလည်း ပေါ်ထွက်လာတော့ တာပေါ့။ အဲဒါတွေ အားလုံးကို ခြုံငုံ စဉ်းစား လိုက်တဲ့ အခါ ဘယ်မေးခွန်း ကိုပဲ မေးမေး မနုစာရီ ကဒ်ပြား ကျလာခဲ့မယ် ဆိုရင်.......
    ကောင်းမယ် ၊ ဖြစ်မယ် ၊ ရမယ် ၊ အောင်မြင်မယ် လို့ ဟောနိုင် ပါတယ်။ ဒါပေမဲ့ အမှု့ အခင်း ရုံးပြင် ကန္နား တွေနဲ့ ပတ်သက် ရပြီးမှ ... ပြောဟယ် ၊ ဆိုဟယ် ၊ ရှင်းဟယ် ၊ လင်းရယ်တွေ ကြုံပြီးမှ အောင်မြင်မယ် လို့လည်း ဟောရမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဒီကဒ်ပြားကို ကောင်းမှု့ လို့ အလွယ် မှတ်ထားနိုင်ပါတယ်။
  • အရေး ကြီးသော ကိစ္စများ တပြိုင်တည်းမှာ ကြုံလာ ရတတ်သည်။
  • ရှေးတိုးရ ခက် ၊ နောက်ဆုတ်ရ ခက် ၊ ဆုံးဖြတ်ရ ခက်သော ကိစ္စရပ်များ ကြုံလာ ရတတ်သည်။
  • ကိစ္စ ကြီး တစ်ခုတွင် ပြတ်ပြတ်သားသား ဖြေရှင်း ဆုံးဖြတ် ရလိမ့်မည်။
  • တရားရုံး ၊ အမှု့ အခင်းတို့နှင့် ပတ်သက်ရ တတ်သည်။
  • လက်ရှိ နေအိမ် ၊ နေရာတို့မှ ခွဲထွက် သွားရတတ်သည်။
  • လက်ရှိ အလုပ်မှ ခွဲထွက် ရတတ်သည်။
  • အလုပ် နှစ်မျိုး တာဝန်နှစ်မျိုး ပူးတွဲ ထမ်းဆောင် ရတတ်သည်။
  • မိမိ ကိုယ်တိုင် ဖြစ်စေ ဆွေမျိုး မိတ်ဆွေ လူရင်းထဲမှ ဖြစ်စေ ခွဲစိပ် ကုသမှု့ ကြုံရတတ်သည်ဆိုတဲ့ ဟောချက် မျိုးတွေ ဟောနိုင် ပေတာပေါ့ ခင်ဗျာ.......။
  • (၁၀)ကံကြမ္မာလှည်းဘီးတားရော့ကဒ်
    ဒီကဒ်ပြား ကတော့ ကံကြမ္မာ ဆိုတာဟာ ပြောင်းလဲနေတယ် ဆိုတာကို လှည်းဘီးကြီး တစ်ဘီးနဲ့ တင်စား ဖော်ပြ ထားတဲ့ ကဒ်ပြားပဲ ဖြစ်ပါတယ်။ ကံဟာ အဆိုးကနေ ပြီးတော့ လည်း အကောင်းကို ပြောင်းလဲ နိုင်ပါတယ်။ အကောင်း ကနေ ပြီးတော့လည်း အဆိုးကို ပြောင်းသွား နိုင်တယ် ဆိုတဲ့ သဘော ပါပဲ။
    ဒါပေမဲ့ ဒီကဒ်ပြားမှာ သေဟယ် ကြေဟယ် သွေးထွက် သံယို ဆိုတဲ့ မကောင်း နိမိတ်တွေ မတွေ့ ရပါဘူး။ အဲဒီတော့ ဒီကဒ်ပြားကို အကောင်းလို့ ယူဆ နိုင်တာပေါ့။ ကောင်းသော ပြောင်းလဲခြင်း တွေကို ပြောပြ ချင်တဲ့ ကဒ် ပြား တစ်ချပ်ပါပဲ။
    အပြောင်း အလဲ ဆိုတဲ့ နေရာမှာ အမျိုးမျိုး ရှိနိုင်ပါတယ်။ တစ်အိမ်ကနေ တစ်အိမ်ကို ပြောင်း တာမျိုး ရှိနိုင်သလို ဒီအိမ်ထဲ မှာပဲ နေရာ ထိုင်ခင်း အိပ်ယာ အိပ်ခန်း ပြောင်းရွေ့ ပြင်ဆင် တာမျိုးလည်း ကြုံနိုင်တာပေါ့။ ဒီအလုပ် ကနေ ဟိုအလုပ်ကို ပြောင်းသွား တာမျိုး ရှိသလို ဒီအလုပ် ထဲမှာပဲ စားပွဲပြောင်း အခန်းပြောင်း တာဝန်ပြောင်း တယ်ဆိုတာ မျိုးလည်း ရှိနိုင်တာပေါ့...။
    ပြောရရင်တော့ အတွင်းပိုင်း ဆိုင်ရာ အပြောင်း အလဲနဲ့ အပြင်ပိုင်း ဆိုင်ရာ အပြောင်း အလဲဆိုပြီး နှစ်မျိုးခွဲ နိုင်ပါ တယ်။ လှည်းဘီး ဆိုတာမျိုးက နေရာ အနှံ့ လျှောက်ပြီး လိမ့်နေတဲ့ သဘာဝမျိုး ဖြစ်ပါတယ်။ ဒီကနေ ဟိုရောက် ဟိုကနေ ဒီကိုရောက် ဆိုတာမျိုးပေါ့။ အဲဒီတော့ ကံကြမ္မာ လှည်းဘီး ကဒ်ပြားဟာ အပြင်ပိုင်း ဆိုင်ရာ အပြောင်း အလဲတွေနဲ့ ပတ်သက်နေတဲ့ ကဒ်ပြား တစ်ချပ်ပါပဲ..။` ရုပ်ပိုင်းနဲ့ စိတ်ပိုင်း ခွဲမယ် ဆိုရင် ရုပ် ပိုင်းဆိုင်ရာ ပြောင်းလဲမှု့တွေလို့ ဆိုနိုင်ပါတယ်..။
    ကံကြမ္မာ လှည်းဘီးရဲ့ ထောင့် လေးထောင့်မှာ သတ္တ၀ါ ၄-မျိုးကို တွေ့ရပါတယ်။ အဲဒီ သတ္တ၀ါ တွေဟာ အီဂျစ် တို့ရဲ့ နာမည်ကျော် စဖင့်ရုပ် ကြီးမှာ ပါရှိနေတဲ့ သတ္တ၀ါ လေးမျိုးပါပဲ..။ဒီကဒ်ပြားနဲ့ ပတ်သက် လာရင် ဂန္ဓာရီ လမ်း ဆိုင်ရာ ဘာသာရေး ဆိုင်ရာ အဆက် အသွယ်ကောင်း တွေ့ရမယ်။ ဒါမှမဟုတ် ပဋ္ဌာန်းဆက် သိုက်ဆက်ရှိသော ပုဂ္ဂိုလ်တွေက ကူညီ မ စ ကြလိမ့်မယ်လို့ ကောက်ယူနိုင် ပေတာပေါ့။
    သတ္တ၀ါ လေးကောင်ဟာ စာအုပ်လေးတွေ ကိုယ်စီ ကိုင်ထား ကြတယ်။ ဒါဖြင့် စာအုပ် စာရွက် စာတမ်း ကိစ္စ တွေနဲ့ ပတ်သက်လို့လည်း ထည့်ပြီး ဟောနိုင် ပေတာပေါ့။ လှည်းဘီးကြီးရဲ့ အပေါ်မှာ စဖင့်ရုပ် ရှိပါတယ်။ အောက်က သတ္တ၀ါ တစ်ကောင်ကတော့ ခါးနဲ့ ထမ်းထားသလို ဖြစ်နေပါတယ်။ အဲဒါကြောင့် ခါးနာမယ် ခါး ကိုက်မယ် လို့လည်း အဟော ထုတ်လေ့ ရှိပါတယ်။
    လှည်းဘီးရဲ့ ဘေးမှာ မြွေတစ်ကောင် ကိုလည်း တွေ့ရပါတယ်။ မြန်မာတွေရဲ့ အယူအဆမှာ တော့ မြွေတွေ့ရင် ခရီးရှည် တော့မယ်တဲ့။ လှည်းဘီး ဆိုတာကိုက ခရီးသွားနေတဲ့ အရာ မဟုတ်ပါလား။ အဲဒီတော့ ဒီကဒ်ပြား ဟာ ကောင်းသော ခရီးတွေနဲ့ မုချ ပတ်သက်နေပြီပေါ့။ အလယ်က လှည်းဘီးကြီးကို ကြည့်တဲ့ အခါ ကျွန်တော် တို့ရဲ့ မျက်စိထဲမှာ သင်္ဘောက ပဲ့ထိမ်း ဘီးကြီးနဲ့ သွားပြီး တူနေပါတယ်။ အဲဒီတော့ ရေကြောင်း ခရီး ၊ သင်္ဘော ခရီးတွေနဲ့ သွားရမယ်။ အောင်မြင်မယ် လို့လည်း ဟောနိုင်ပေတာပေါ့။
    နောက်တစ်ခုက လှည်းဘီးဟာ လည်ပတ်ခြင်း သဘောကို ဆောင်ပါတယ်။ အထစ် အငေါ့တွေ အပိတ် အစို့ တွေ ပြေလည်ပြီးတော့ အလုပ်တွေ ငွေတွေ အထစ် အငေါ့ မရှိ လည်ပတ်မယ့် သဘောကိုလည်း ကောက်ယူ နိုင်ပေတာပေါ့...။ အဲဒါတွေ အားလုံးကို ခြုံငုံလိုက်တဲ့ အခါ ဘယ်မေးခွန်း ကိုပဲ မေးမေး ကံကြမ္မာ လှည်းဘီး ဆိုတဲ့ ကဒ်ပြား ကျလာပြီ ဆိုရင် .....
    1. ဖြစ်မည် ၊ ရမည် ၊ အောင်မြင်မည် ၊ ကောင်းမည် ၊ ကောင်းသော အပြောင်း အလဲများ ဖြစ်မည် ရယ်လို့ ဟောနိုင်ပါတယ်။ ကောင်းပြောင်း ၊ အပြင်ပြောင်း ရယ်လို့ အတို မှတ်ထား နိုင်ပါတယ်။
    2. ထစ်ငေါ့ ကြန့်ကြာ နေသော ၊ ပိတ်ဆို့ နေသော ကိစ္စများ ပြေလည် ပွင့်လန်း သွားမည်။
    3. ရပ်ဝေးမှ စာ ၊ အဆက်အသွယ် အချိပ် အဆက် ကောင်းများ ရောက်လာမည်။
    4. စာချုပ် စာတမ်း ကိစ္စ စာရင်း ဇယားကိစ္စများ အဆင်ပြေ အောင်မြင်မည်။
    5. ဘာသာရေး ဆိုင်ရာ အလုပ်များ ပေါ်လာမည်။ ကိုးကွယ်သော ပုဂ္ဂိုလ် ၊ ပဋ္ဌာန်းဆက် ၊ သိုက်ဆက် ၊ ပုဂ္ဂိုလ်များ ကူညီ မ~စလိမ့်မည်။
    6. သင်တန်း တက်ရခြင်း ၊ ကျောင်း တက်ရခြင်း ၊ စာမေးပွဲ ၊ အင်တာဗျူး .. စသော ကိစ္စများ အောင်မြင်မည်
    7. ကောင်းသော ခရီးဝေးများ သွားရမည်။
    8. ပြည်ပ ခရီး ၊ ရေကြောင်း ခရီးများ အောင်မြင်မည်။
    9. ခါးကိုက်ခြင်း ၊ ခါးနာခြင်း ၊ အမြင့်မှ လိမ့်ကျခြင်းများ ဖြစ်တတ်သည် ဆိုတဲ့ ဟောချက်မျိုးတွေကို ဟောနိုင်ပါကြောင်း စေတနာကောင်းဖြင့်
    အချစ်များစွာဖြင့်
    ဟိန်းတင့်ဇော်
    တားရော့-ဗေဒ-လက္ခဏာ
    (၉)-ပုဏ္ဏားဘကွန်းတားရော့ကဒ်အကြောင်း
    ဒီကဒ်ပြားရဲ့ အဓိက ဇာတ်လိုက် ဟာ အဘိုးကြီး တစ်ဦး ဖြစ်ပါတယ်။ ရိုးရိုး အဘိုးကြီး တော့ မဟုတ်ပါဘူး။ ဂန္ဓာရီ လှည့်နေတဲ့ ရသေ့ သူတော်စဉ် ကြီးပါ။ ရသေ့ကြီး ဟာ မီးအိမ် တစ်လုံး တောင်ဝှေး တစ်ချောင်းကို အားပြုကာ ခရီး လှည့်လည် နေတာပါ။ သူဟာ အင်မတန် ကြီးမား တဲ့ ၀တ်ရုံကြီး တစ်ခု ကိုလည်း ရုံထားပါတယ်။
    ဒီကတ်ပြားဟာ ရသေ့ သူတော်စဉ်ရဲ့ နိမိတ်ပုံကို ဖော်ဆောင် ထားတာ ဖြစ်တဲ့ အတွက် အကောင်း သဘော ဆောင်တဲ့ ကဒ်ပြားလို့ ယူဆ ရမှာပါ။ ရသေ့ဟာ မိသားစုနဲ့ အတူ မနေပါဘူး။ တစ်ကိုယ်တော် သမား ဖြစ်ပါတယ်။ နေအိမ် အတည် တကျ မရှိဘဲ ခရီးလှည့် လည် နေသူလည်း ဖြစ်ပါတယ်။
    အဲဒါကြောင့် ဒီကဒ်ပြားမှာ တစ်ကိုယ်တော် သဘော ၊ ခရီးလှည့်လည် သွာလာရတဲ့ သဘော ၊ ရပ်ဝေးနဲ့ အဆက် အသွယ် ကောင်းများ ရတဲ့သဘော ဘာသာ ရေးနဲ့ ဆိုင်တဲ့ ကိစ္စများ အောင်မြင်တဲ့ သဘော တွေကို ထည့်ပြီး ဟောရမှာပေါ့။ မီးအိမ် တစ်လုံး တောင်ဝှေး တစ်ချောင်းနဲ့ ခရီးသွားရတဲ့ ပုဂ္ဂိုလ်ဟာ အသက် ကလည်း ကြီးပြီ။ မျက်စိလည်း မကောင်း နိုင်တော့ ဘူးပေါ့ဆိုပြီး ဒီကဒ်ပြားကို တွေ့တဲ့အခါ မျက်မှန်နဲ့ ပတ်သက်ပြီး တော့လည်း ဟောလေ့ရှိကြပါတယ်။ အဲဒါတွေကို ခြုံလိုက်မယ်ဆိုရင် ဒီကဒ်ပြားကို တွေ့ပြီဆိုရင် ဘယ်လို မေးခွန်းကို မေးမေး.....
    1. ဖြစ်မည် ၊ ရမည် ၊ အောင်မြင်မည် ၊ ကောင်းမည်လို့ ဟောရ မှာပါပဲ။ ဂန္ဓာရီ လှည့်နေတဲ့ ရသေ့ ဖြစ်တဲ့ သ ဘော ဖြစ်တဲ့ အတွက် တန်ခိုး သိဒ္ဓိ တွေနဲ့လဲ ပတ်သက် နေတဲ့ ကဒ်ပြား ဖြစ်တဲ့ အတွက် ဒီကဒ်ပြား ကျလာ ရင်လည်း ၀ိဇ္ဇာ မလိုက် သလို ၊ တန်ခိုးရှင်က ကူညီသလို ကောင်းသွား မယ်လို့ အဟော ထုပ်နိုင်ပါတယ်။ ဒါကြောင့် ဒီကဒ်ပြား ကိုလည်း ကောင်းဝိဇ္ဇာ လို့ အလွယ် မှတ်ထား နိုင်ပါတယ်။
    2. မထင်မှတ်သော ခရီးများ ၊ ကောင်းသော ခရီးများလည်း အောင်မြင်မည်။
    3. ဘုရားဖူးခရီး ၊ ဘာသာရေး ခရီးများလည်း အောင်မြင်မည်။
    4. ဆရာသမား ၊ ကြီးကဲသူတို့ ထံမှ အကူအညီ အဆက်အသွယ် ကောင်းများ ရမည်။
    5. ရပ်ဝေးမှ သတင်းကောင်း ဧည့်သည်ကောင်း အဆက် အသွယ် ကောင်းများ ရောက်မည်။
    6. ပညာရေး ကိစ္စများ ။ စာမေးပွဲ ၊ သင်တန်း ကိစ္စများလည်း ထူးချွန်စွာ အောင်မည်။
    7. ပြည်ပ အလုပ်အကိုင် ၊ ပြည်ပ သင်တန်းများလည်း အောင်မြင်မည်။
    8. မျက်မှန် ပါသော သူထံမှ အကူအညီ ကောင်းများ ရလိမ့်မည်။
    9. လျှပ်စစ် ကိစ္စ ၊ မီးကိစ္စများ အဆင်ပြေ အောင်မြင်မည်။
    စသော ဟောချက် မျိုးတွေ ဟောနိုင် ပေတာပေါ့။ တကယ် စဉ်းစား ကြည့်တော့ အဲဒါ တွေဟာ အသေ ကျက်စရာ မှတ်စရာ တွေ မဟုတ်ပါဘူး။ ကဒ်ပြား ကိုကြည့်။ တစိမ့်စိမ့် စဉ်းစားရင်း နဲ့ပဲ ထွက်ပေါ် လာနိုင်တဲ့ ဟောချက်မျိုး တွေ ဖြစ်ပါတယ် ခင်ဗျာ....
    Friday, February 19, 2010
    ဆိုင်ကိုမေထရီပညာ
    “ဆိုင်ကိုမက်ထရီ” အတတ် ဆိုသည်မှာ လူတစ်ဦး တစ်ယောက်၏ အ၀တ်အစားကို ကိုင်ကြည့်ရုံနှင့် ၎င်းလူ၏ အ တိတ် ပစ္စုပ္ပန် အနာဂါတ် အဖြစ်အပျက်များကို ဟောပြောနိုင်သော ပညာဖြစ်သည်။
    သက်မဲ့အရာဝတ္ထု များကိုလည်း လက်တွင် ဆုပ်ကိုင်၍ သုံးသတ်ကြည့်ပြီး ၎င်းဝတ္ထုပစ္စည်း၏ အတိတ်ရာဇ၀င် အဖြစ် အပျက် သို့မဟုတ် မည်သည့်တိုင်းပြည် မည်သည့်နေရာမှ လာသည် စသည်ဖြင့် အတတ်ဟောနိုင်လေ၏။ လူနာ များ၏ အ၀တ်အထည်ကို ကိုင်၍ သုံးသတ်ပါက ဘာရောဂါဖြစ်နေသည် ၊ ဘယ်ဆေးနှင့် ပျောက်မည် စသည်တို့ကို သိနိုင်လေသည်။
    လက္ခဏာဆရာကြီး ကိုင်ရိုသည် လက္ခဏာပညာ အပြင် ဤပညာကိုလည်း တစ်ဖက်ကမ်းခတ် တတ်မြောက် လေသည်။ တစ်ခါ၌ ဘုရင်တစ်ပါး၏ လက္ခဏာကို ဖတ်၏။ ငယ်စဉ်မှစ၍ အဖြစ်အပျက်ကို အစဉ်လိုက် မှန်ကန် စွာဟောပြောရာ ဘုရင်က မယုံပဲ သူ့အတ္ထုပတ္တိ ရေးထားသော စာအုပ်စာတမ်းများကို ဖတ်ထားသဖြင့် ဟော နိုင်သည်ဟု ပြောလေ၏။
    နောက်တစ်ကြိမ် ၎င်းဘုရင်ကြီး၏ အမတ်ကြီးက ကိုင်ရိုထံ လာမေးသောအခါ ဘုရင်ကိုင်သော လက်ကိုင်ပ၀ါကို တောင်းပြီး လက်ဖြင့် ဆုတ်ကိုင်၍ ဤဆိုက်ကို မက်ထရီ ပညာဖြင့် ဘုရင်၏ တိုင်ပြည်တွင် လောလောဆယ်ဆယ် သူပုန်ထနေကြောင်း ဟောပြောလိုက်ရာ မယုံသဖြင့် သံကြိုးရိုက် မေးမှ အမှန်အကန် ဖြစ်နေသည်ကို သိရလေ သည်။ ထိုအခါမှ ဘုရင်က အကြီးဆုံး ဘွဲ့ထူးဖြင့် ချီးမြင့်လေတော့သည်။
    လူတစ်ဦး တစ်ယောက်ဝတ်သော အ၀တ်အထည်များတွင် ၎င်း၏ ဓာတ်ငွေ့ ဓာတ်သက်များ ကူးလူးနေလေရာ ၎င်းအ၀တ်အထည်ကို လက်ဖြင့် ကိုင်တွယ် သုံးသတ်ခြင်းပြု၍ ထိုဓာတ်ငွေ့ ဓာတ်သက် များအားဖြင့် ဆက်သွယ် စေပြီး ၎င်းအကြာင်းကို သိရလေသည်။ မြန်မာ ပညာများတွင် လူတစ်ဦး တစ်ယောက်ကို ကောင်းဆိုး ဖြစ်စေ အောင် ၎င်း၏ အ၀တ်အထည်ကို မီးထွန်းလေ့ရှိကြ၏။ ၎င်းလူ နင်းသွားသော ခြေရာကိုပင် ဓာတ်ရိုက်ကြလေ သည်။ သဘောမှာ ထိုသူ၏ ဓာတ်ငွေ့ ဓာတ်သက်များကို ဖမ်းယူခြင်းပင် ဖြစ်သည်။
    လူတစ်ဦး၏ ဓာတ်ငွေ့ ဓာတ်သက် အနံ့စသည်တို့သည် အခြားသူတစ်ဦး၏ ဓာတ်ငွေ့ဓာတ်သက် အနံ့တို့နှင့် မတူချေ။ ထို့ကြောင့် အနံ့ခံကောင်းသော စုံထောက်ခွေများသည် အ၀တ်အထည် တစ်ခုခုကို အနံ့ယူပြီး ထိုအ ၀တ်အထည် ပိုင်ရှင်ထံ အရောက်သွားနိုင်ခြင်း ဖြစ်လေသည်။ လူပေါင်း ထောင်သောင်းထဲမှာပင် မိမိ၏ဆရာကို အနံ့ခံပြီး လိုက်နိုင်လေသည်။ ဆိုင်ကို မက်ထရီပညာမှာ လက်၏ အတွေ့ သိမ်မွေ့ခြင်းပင်ဖြစ်သည်။ မျက်မမြင် များမှာ လက်များ အလွန် သိမ်မွေ့သဖြင့် လက်ဖြင့် စမ်းသပ်၍ စာဖတ်ခြင်း -စန္ဒယားတီးခြင်း စသည်တို့ကို သူ မတူအောင် လုပ်နိုင်လေသည်။ အချို့မှာ လည်ချောင်းပေါ် လက်တင်ထားရုံနှင့် ပြောဆိုသော စကားများကို နား လည်နိုင်လေသည်။
    ဆိုက်ကိုမက်ထရီ အတတ်ပညာကို တတ်လိုပါက လက်ကို သိမ်မွေ့အောင် လေ့ကျင့်ပေးရမည်။ လူတိုင်း ဤပညာကို တတ်နိုင်ပါသည်။ လူတိုင်းတွင် အခံရှိပါသည်။ အနည်းနှင့် အများ အမြန်နှင့် အနှေးသာ ကွာပါသည် အစတွင် ပိတ် ၊ ပဒုမ္မာ ၊ ပိုးထည် ၊ ချဉ်ထည် ၊ ကတ္တီပါ ၊ သားမွေး ၊ ကျေက်ခဲ ၊ ကျောက်မီးသွေး ၊ ရွှေ ၊ ငွေ ၊ သစ် ခေါက် စသည်တို့ကို စမ်းသပ်လေ့လာရမည်။လက်သည် တဖြည်းဖြည်း သိမ်မွေ့လာလိမ့်မည်။ နောက် မျက်စိ မှိတ်၍ ဆုတ်ကိုင် စမ်းသတ်ကြည့်ရုံနှင့် သိနိုင်လာလိမ့်မည်။ ဤကဲ့သို့ ဆိပ်ငြိမ်သော နေရာတွင် နေ့စဉ် အချိန်မှန် တစ်နေ့လျှင် နာရီဝက်မျှ လေ့လာပေးပါက ရက် လ အနည်းငယ်အတွင်း ပေါက်ရောက်နိုင်ပါသည်။
    ဤကဲ့သို့ လေ့ကျင့်ပြီး တစ်စတစ်စ အရာဝတ္ထုများကို စမ်းသတ်ကြည့်ရှု့ရမည်။ မိတ်ဆွေဆီမှ ပေးပို့လိုက်သော စာကို မဖွင့်ပဲ လက်ထဲဆုပ်ကိုင်ပြီး အာရုံပြုကြည့်ပါ။ ထိုစာမှ မည်ကဲ့သို့ ထူခြားသည် ၊ မည်ကဲ့သို့ စိတ်ထဲမှာ ပေါ်လာသည်ကို စသည်တို့ကို မှတ်သားထားပါ။ နောက် အဖြစ်အပျက် အမှန်အကန်နှင့် နှိုင်းယှဉ်ကြည့်ပါ။ စိတ် ထဲ ပေါ်လာသည့် အတိုင်း ဟောကြည့်ပါ။ တစ်နေ့မှာ အမှန်ကို သိမြင်လာပါလိမ့်မည်။
    ပစ္စည်းတစ်ခုခုကို ဖတ်လိုသော အခါ ၎င်းပစ္စည်းကို ညာလက်ဖြင့် ဆုပ်ကိုင်ထားပါ။ နောက် စိတ်ဖြင့် သုံးသတ် ဆင်ခြင်ကြည့်ပါ။ မကြာမီ ထိုပစ္စည်းတွင် ပါလာသော ဓာတ်ငွေ့ ဓာတ်သက်အားဖြင့် ပစ္စည်းရှင် ကိုယ်တိုင်ရှိ ဓာတ်ငွေ့ ဓာတ်သက် ဆက်သွယ်စေပြီး ၎င်း၏ အဖြစ်အပျက် အမှန်အကန်ကို ထင်မြင်လာပါလိမ့်မည်။ ထိုသူ၏ ကျန်းမာရေး အခြေအနေ ကောင်းဆိုး ၊ ကံကြမ္မာ ၊ အကျင့် စာရိတ္တမှစ၍ အားလုံးသိနိုင်ပါသည်။ လူနာဖြစ်လျှင် သင့်တော်မည့်ဆေးကို သိနိုင်ပါသည်။ မကြာမီ လူတစ်ယောက်နှင့် ပါတ်သက်သော သာရေး ၊ နာရေး ၊ ပစ္စည်း ပျောက် ၊ သတ်မှု့ ဖြတ်မှု့ ၊ ခရီး ၊ ရန်သူ ၊ လာဘ်ရ မရ ၊ မတော်တစ်ဆဖြစ်ခြင်း ၊ ကလေးမွေးခြင်း ၊ အလုပ်အ ကိုင်မှစ၍ အားလုံးသိမြင်နိုင် စွမ်း ရှိလာလိမ့်မည်။
    ဤပညာဖြင့် သုံးသပ်ကြည့်ရာတွင် တစ်ခါတစ်ရံ တိုက်ရိုက်အဖြေကို မသိဘဲ သွယ်ဝိုက်သောနည်းဖြင့် သိရ တတ်သေးသည်။ ဥပမာ - လူနာတစ်ဦး၏ ရောဂါကို ကြည့်လိုက်သောအခါ မိမိ၏ ၀မ်းဗိုက်ထဲ၌ နာလာလျှင် ထို သူမှာ အစာမကြေ ရောဂါရှိသည်ဟု သိအပ်၏။ မိမိဦးနှောက်ထဲ၌ နာကျင်ကိုက်ခဲ၍ စိတ်အားညှိုးငယ်သွားလျှင် ထိုသူတွင် စိတ္တဇ ရောဂါရှိနေပြီဟု သိရမည်။ မိမိ စိတ်ထဲ၌ ၀မ်းနည်း ကြေကွဲလာလျှင် ထိုသူမှာစိတ်ဆင်းရဲခြင်း ဖြစ်နေသည်ကို သိရ၏။ ဤကဲ့သို့ အမျိုးမျိုး ကောက်ယူရလေသည်။
    ဤပညာဖြင့် ဟောပြောရန် အကောင်းဆုံး ၀တ္ထု ပစ္စည်းများမှာ စာ ၊ ဆံပင် ၊ ခြေသည်း ၊ လက်သည်း ၊ နာရီ ၊ လက်ကောက် ၊ နားကပ် ၊ လက်စွပ် ၊ ရှပ် ၊ ကော်လာ ၊ ကြယ်သီး ၊ လက်ကိုင်ပ၀ါ ၊ တဘက် ၊ စောင်မှစ၍ ထိုသူ ၀တ်စားသော ပစ္စည်းများ ဖြစ်ရမည်။ အသားနှင့်ထိ၍ ၀တ်စားဆင်ယင်သော အရာဝတ္ထုတို့မှာ အကောင်းဆုံး ဖြစ်သည်။
    ထိုသို့ ပစ္စည်းများကို လက်ဖြင့် ဆုပ်ကိုင်၍ သုံးသတ်ကြည်က မတွေ့မမြင်လျှင် မိမိနဖူးပေါ် ကပ်ပြီး မျက်စိမှိတ် စဉ်းစားသုံးသတ်ပါက ပေါ်လာလိမ့်မည်.....
    Thursday, February 18, 2010
    ညှို့မျက်လုံးကျင့်စဉ်
    လူ၏ မျက်စိသည် အလွန် တန်ခိုး ကြီးမား၏။ သားရဲ တိရ စ္ဆာန်များသည် လူ၏ မျက်စိကို အလွန် ကြောက်၏။ စူးရှ ထက်မြက်သော မျက်စိဖြင့် စိုက်၍ ကြည့်လျှင်ပင် တုန်လှုပ်၍ပင် လာ၏။ ထက်မျက်သော မျက်စိ များသည် မထက်မြက်သော မျက်စိ များ၏ အပေါ်သို့ အုပ်ချုပ် လွှမ်းမိုးသွား၏။
    လူ၏မျက်စိသည် စိတ်ဝိညာဏ်၏ ပြူတင်းပေါက်များ သ ဖွယ် ဖြစ်၏။ မျက်စိမှ ကြည့်လိုက်သော အခါ အတွင်းစိတ် ၀ိညာဏ်သို့ တိုက်ရိုက် စူးရှ ပေါက်ရောက်၏။ ထို့ကြောင့် မျက်စိတန်ခိုးဖြင့် လူများကို ညှို့နိုင်လေသည်။
    စိတ်ညှို့ရာတွင် မျက်စိအား ထက်သန်လေလေ အကျိုးရှိ လေလေဖြစ်၏။ ထို့ကြောင့် ထက်မျက် စူးရှသော မျက်စိ များကို ရအောင် လေ့ကျင့်ရာ၏။ မျက်စိတန်ခိုး ကြီးမား ထက်သန်စေရန် လေ့ကျင့်ရာ၌ နံက်စောစောနှင့် ညအ ချိန်တို့သည် အကောင်းဆုံးဖြစ်၏။ ထိုအခါ မအိပ်ချင်စေရ။
    တစ်နေရာရာ၌ ထိုင်လျှက် မိမိရှေ့က စိုက်ကြည့်စရာ တစ်စုံတစ်ခုကို ထားရမည်။ သို့မဟုတ် မှန်တစ်ချပ်ကို ထား ၍ နှခေါင်းရင်း မျက်စိနှစ်လုံးကြားတွင် အမှတ်ကလေး တစ်ခုခု ပြုလုပ်၍ မှန်ထဲရှိ ၎င်းအမှတ်ကလေး၏ အရိပ်ကို စိုက်ကြည့်ရမည်။
    မျက်စိမှာ ပြူး၍လည်း မထားရ။ မှန်မှန် စိုက်ကြည့်နေရမည်။ မျက်တောင် မခတ်ပဲ ကြာကြာ ကြည့်နိုင်သရွေ့ ကြည့်ရမည်။ မျက်တောင် မညောင်းပဲ မျက်တောင် မခတ်ပဲ ၅-မိနစ် ၊ ၁၀-မိနစ် ၊ ၁၅-မိနစ် စသည်ဖြင့် ကြာကြာ နေနိုင်သည့် တိုင်အောင် ကြိုးစားရမည်။ အချို့မှာ တစ်နာရီ နှစ်နာရီပင် ကြည့်နိုင်၏။ ကြာကြာကြည့်န်ုင် လေလေ မျက်စိတန်ခိုး ကြီးမားလာလေလေ ဖြစ်၏။
    ဤကဲ့သို့ တစတစ ကျင့်စဉ် မျက်တောင်ညောင်း၍ ခတ်ချင် မှိတ်ချင်လာလျှင် မျက်ခွံကို အသာမ ပင့်ပေးနိုင် သည်။ မျက်ရည်များကျ၍ မျက်စ်စပ်လာလျှင် ဆက်လက်၍ မကြည့်နိုင်ပုံ ပေါက်က ရေအေးအေးနှင့် မျက်နှာ သစ်ပေးပါလေ။ နေ့စဉ် ရက်မပျက်ဘဲ အချိန်မှန်မှန် လေ့ကျင့်ရမည်။
    ဤကဲ့သို့ စိုက်ကြည့်လျှက် ကျင့်နေစဉ် စိတ်ဇော ထက်သန်စွာဖြင့် “ငါ၏ မျက်စိများသည် တစ်နေ့ထက် တစ်နေ့ ထက်သန်လာပြီ။ ငါသည် တစ်နေ့ထက် တစ်နေ့ ကြာကြာကြည့်နိုင်လာပြီ။ ငါ၏ မျက်စိများသည် တစ်နေ့ထက် တစ်နေ့ စူးရှထက်မျက်၍ တန်ခိုးအရှိန် ကြီးမားလာပြီ။ ငါသည် မျက်တောင် မခတ်ဘဲ နာရီပေါင်း များစွာ ကြည့် နိုင်သည်။ ငါ၏ ထက်မျက် စူးရှသော မျက်စိများ၏ အရှိန်ကို မည်သူ တစ်စုံ တစ်ဦး တစ်ယောက်မျှ မခံမရပ် နိုင်တော့ပြီ။ ငါသည် လူတိုင်းကို ငါ၏ ထက်မြက်သော မျက်စိဖြင့် ညှို့နိုင်ပြီ...အမိန်ပေးနိုင်ပြီ စသည်ဖြင့် စိတ်ထဲ က တွေးထင်ရမည်။
    မိတ်ဆွေ သင်သည် ဤစာမူကို ဖတ်မိသည့် အချိန်မှ စ၍ ဤကျင့်စဉ်အား လေ့ကျင့်ကြည့်ပါလေ။ သင်၏ ဘ၀ ဖြတ်သန်းရသော အချိန်ကာလများတွင် ထူးခြားစွာ အကျိုးရှိမည် ဖြစ်ပါကြောင်း စေတနာကောင်းဖြင့်...
    သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
    ဟိန်းတင့်ဇော်
    Friday, February 12, 2010
    အဘပြောဘူးတဲ့ အနားယူခြင်းပုံပြင်
    တစ်ခါတုန်းက အလက်ဇင်းဒါး သဂရိတ် လို့ခေါ်တဲ့ စစ်သူရဲကောင်းကြီး တစ်ဦး ရှိခဲ့ဘူးတယ်။ တစ်နေ့မှာ သူဟာ မြစ်ဆိတ်တစ်ခုကို လမ်းလျှောက်ရင်း မြစ်ကမ်းနဖူး သဲပြင်ပေါ်မှာ အ၀တ်အစား ဗလာကျင်း တုံးလုံး လှဲအိပ်နေတဲ့ ဒိုင်အိုဂျင်ဆိုတဲ့ သူတောင်းစား တစ်ဦးကို မြင်တွေ့ရတယ်။
    အဲဒီ စစ်သူရဲကောင်းကြီးကလည်း အဲဒီ သူတောင်းစား ဒိုင်အိုဂျင်ကို သိပါတယ်။ အဲဒီဒိုင်အိုဂျင်ဟာ ကိုယ်လုံးကိုယ် ပေါက် အလွန်လှတယ်။ မျက်နှာကလည်း ဥပဓိရုပ် အလွန်ကောင်းတယ်။ အဲဒီတော့ စစ်သူရဲကောင်း အလက်ဇင်း ဒါးသဂရိတ်က...“ အို.... ဆရာသမား၊ ကျုပ် ဘာများ ခင်ဗျားအတွက် လုပ်ပေးရမလဲ ” လို့ ရိသဲ့သဲ့ စကားမျိုးနဲ့ မေး လိုက်တယ်။
    အဲဒီ အခါမှာ သူတောင်းစား ဒိုင်အိုဂျင်က “ အလက်ဇင်းဒါးသဂရိတ် ဆိုတဲ့ လူကို ပြောချင်တာက ဘာမှ လုပ်မ ပေးပါနဲ့။ ဒီနားက နည်းနည်း ဖယ်ပေးစမ်းပါ။ နေဆာလှုံနေတာ အရိပ်ကွယ်လို့ပါ။ ဒီ့အပြင် ဘာမှ လုပ်ပေးစရာ မလိုပါဘူး ” လို့ ပြန်ပြောလိုက်တယ်။ အဲဒီတော့ စစ်သူရဲကောင်း အလက်ဇင်းဒါး သဂရိတ်က နေရိပ်မကွယ် အောင် နေရာ ဖယ်ပေးလိုက်တယ်။
    အဲဒီအခါမှာ သူတောင်း ဒိုင်အိုဂျင်က “ တလောတုန်းက တပ်တွေ ပြင်နေတာကို ကျုပ်တွေ့ရတယ်။ အဲဒါ ဘာ လုပ်မလို့လဲ ” လို့ မေးလိုက်တယ်။ အဲဒီတော့ အလက်ဇင်းဒါး သဂရိတ်က တခြား မဟုတ်ပါဘူး ဒိုင်အိုဂျင်ရယ်။ အိန္ဒိယကို တိုက်မလို့ ။ အိန္ဒိယကို တိုက်လို့ နိုင်ပြီဆိုရင် ကမ္ဘာတစ်ခုလုံးကို နိုင်တာနဲ့ အတူတူပဲ” လို့ ပြန်ပြီး ပြော လိုက်တယ်။
    အဲဒီအခါမှာ ဒိုင်အိုဂျင်က “ အိန္ဒိယကို နိုင်ပြီပဲ ထားပါတော့ ၊ ဘာလုပ်ဦးမှာလဲ” လို့ အလက်ဇင်းဒါး သဂရိတ်ကို မေးလိုက်တယ်။ အဲဒီအခါမှာ အလက်ဇင်းဒါး သဂရိတ်က “အိန္ဒိယကို အောင်နိုင်ပြီဆိုမှတော့ ကျုပ် အနားယူမှာ ပေါ့” လို့ ပြန်ပြီး ဖြေလိုက်တယ်။ အဲဒီအခါမှာ ဒိုင်အိုဂျင်က ဟက်ဟက်ပက်ပက် ရယ်လိုက်တယ်။
    ခင်ဗျားက အရူးပဲ၊ အနားယူဖို့ ကိစ္စမှာ အိန္ဒိယကို အောင်နိုင်ဖို့ ဆိုတဲ့ အကြောင်းမပါဘူး။ ဘယ်သူမဆို အနားယူ ခွင့်ရှိတယ်။ အိန္ဒိယကို အောင်နိုင်မှ အနားယူ ရမယ်လို့ ခင်ဗျားကို ဘယ်လို ဆရာ သမားမျိုးက သင်ပေးလို့လဲဗျာ ဒီမှာ ကြည့်စမ်း။ ခု... ကျုပ် အနားယူနေပြီ၊ အိန္ဒိယကိုလည်း မအောင်နိုင် ပါဘူးဗျာ၊ လွတ်လွတ် လတ်လတ် လပ် လပ် အနားယူခွင့် ကျုပ်မှာရှိတယ်။
    ခင်ဗျား နားရမဲ့ အချိန်ဟာ ဒီအချိန်ပဲ။ အိန္ဒိယကို အောင်နိုင်ပြီးမှ နားရမယ် ဆိုရင်တော့ ခင်ဗျားနားရမှာ မဟုတ် ဘူး။ အိန္ဒိယကို အောင်နိုင်ပြီးလည်း တခြား အောင်နိုင်စရာတွေကို ခင်ဗျား လုပ်ရဦးမယ်။ ဘယ်တော့မှ နားရ မယ့် လူစားမျိုးမဟုတ်ဘူး၊ အဲဒီလိုပဲ စစ်ချီရင်း လမ်းမှာ သေရမှာပဲ” လို့ ပယ်ပယ်နယ်နယ်ကြီး ပြောချလိုက်တယ်။ ခင်ဗျား လုပ်ရမယ့် အလုပ်တွေ မပြီးခင် ခင်ဗျားသေမှာ၊ ကျုပ်ပြောတာ မယုံ စောင့်ကြည့်” လို့ ဒိုင်အိုဂျင်က ဆက် ပြီး ပြောလိုက်တယ်။
    အဲဒီတော့ အလက်ဇင်းဒါး သဂရိတ်က “ဒိုင်အိုဂျင်းပြောတာ ကျုပ်မှတ်ထားပါမယ် ဒီလို ပြောပြတဲ့ အတွက် ကျေး ဇူးလည်း တင်ပါတယ် ၊ ဒါပေမဲ့ ခုတော့ အိန္ဒိယကို အောင်နိုင်ဖို့ သွားရဦးမယ်ဗျို့” လို့ ပြောပြီး ထွက်သွားတယ်။ အမှန်တကယ်ပဲ အလက်ဇင်းဒါး သဂရိတ်က လမ်းမှာပဲ ဆုံးသွားတယ်။ အိမ်ကို ပြန်မရောက်တော့ဘူး။ အလက် ဇင်းဒါး သဂရိတ် သေဆုံးတဲ့နေ့မှာပဲ ဒိုင်အိုဂျင်းလည်း သေဆုံးသွားပါတယ်။ သူတို့ နှစ်ဦးဟာ သေလွန်ပြီးတဲ့ နောက်ပိုင်း တမလွန် ဘ၀မှာပြန်ပြီးတွေ့ကြတယ်။ အဲဒီအခါမှာ အလက်ဇင်းဒါး သဂရိတ်က ရှက်ကိုး ရှက်ကန်း နဲ့ “ဟော...စစ်သူရဲကောင်းနဲ့ သူတောင်းစားတစ်ဦး ပြန်ပြီး ဆုံကြပြန်ပြီ” လို့ ပြောလိုက်တယ်။
    အဲဒီအခါမှာ ဒိုင်အိုဂျင်းက “ပြန်ပြီး ဆုံတာတော့ မှန်တယ်ဗျို့၊ ဒါပေမဲ့ ခင်ဗျာရဲ့ တွေးထင်ချက်တွေဟာ လွဲနေ တယ်။ ခင်ဗျားနဲ့ ကျုပ်နဲ့ နှစ်ယောက်ဟာ ဘယ်သူဟာ သူတောင်းစား ၊ ဘယ်သူဟာ ဧကရာဇ် ဖြစ်တယ်ဆိုတာ ခင်ဗျား သဲသဲကွဲကွဲ သဘောပေါက်ပုံ မရဘူး။
    ကျုပ်ဟာ လွတ်လတ်တယ်။ ပြီးတော့ ကျုပ်ဘ၀ကို ကျုပ် ကျေနပ်တယ်။ အပြည့်အ၀ အသက်ရှင်တယ်။ ခင်ဗျား ဟာ ဒီလို မဟုတ်ဘူး။ အောင်နိုင်မှု့တွေ အတွက် ကြိုးစားရင်း ခင်ဗျားဘ၀ကို ခင်ဗျား မကျေနပ်ဘူး။ အဲဒီတော့ ခင်ဗျားဟာ အစဉ်သဖြင့် လိုအပ်မှု့တွေနဲ့ ပြည့်လျှမ်းနေတယ်။ ကျုပ်ဟာ ဘာမှ မလိုအပ်ဘူး။ ဒါကြောင့် ကျုပ် ဟာ သူတောင်းစား မဖြစ်နိုင်ဘူး။ ဖြစ်ချင်ဖြစ်ရင် ဟဲ...ဟဲ... မပြောတော့ပါဘူးလေ...လို့ ပြန်ပြီး ပြောလိုက်တယ်။ ပုံပြင်ကတော့ ဒီမှာ အဆုံးသတ်ခဲ့ပါတယ်။
    ကျွန်တော်တို့ တတွေကတော့ ဒါကို ပုံပြင်လို့ မယူဆခဲ့ ကြပါဘူး...မိတ်ဆွေတို့ကတော့ ကြိုက်သလို ယူဆနိုင်ပါ ကြောင်း....
    ကျွန်တော် အားလုံးကို အရမ်းချစ်ပါတယ်ဗျာ
    ရှင်သန်ခြင်း
    လောကကြီးကို စိန်ခေါ်မယ်....
    Thursday, February 11, 2010
    အိမ်ထောင်ရေး အဆင်ပြေစေသောနည်း
    ဤစာမူသည် ကျွန်ုပ်၏ ဗေဒင်ဟောခန်း အတွင်းမှ အတွေ့ အကြုံလေးအား မရေးတတ် ရေးတတ်ဖြင့် စီကုံး ကာချစ်သူများနေ့အား ကြိုဆိုကြောင်းပါခင်ဗျာ....
    တစ်နေ့သ၌ ကျွန်ုပ်၏ ဗေဒင် လက္ခဏာဟောခန်း အတွင်းသို့ ကျွန်ုပ်နှင့် ညီအကို မောင်နှမ အရင်းအခြာ များပမာ လွန်စွာ ရင်းနှီး ခင်မင်သော လင်မယားနှစ်ယောက် ရောက်ရှိလာကြလေ၏။ ယောက်ျားလုပ်သူ၏ အမည်မှာ မောင်အောင်ကိုမင်း ဟူ၍ ဖြစ်၏။ မိန်မလုပ်သူ၏ အမည်မှာ မအေးအေးသင်း ဟူ၍ဖြစ်၏။ ၎င်းတို့ ဇနီးမောင်နှံ နှစ် ဦး အိမ်ထောင်ကျသည်မှာ ငါးလလောက်ပဲ ရှိသေး၏။ ကျွန်ုပ်နှင့် မတွေ့သည်မှာလဲ ငါးလလောက် ရှိပြီ ဖြစ်၏။ ထို့ကြောင့် မလာတာကြာပြီဖြစ်သော အောင်ကိုမင်းတို့ လင်မယားနှစ်ဦးအား....
    ထိုင်ကြဟေ့....။ မင်းတို့ နှစ်ယောက်လဲ ပျောက်ချက်သား ကောင်းနေပါလား... မင်္ဂလာဆောင်ပြီး ကတည်းကကို ပေါ်မလာကြတာ မှတ်မှတ်ရရ ငါးလလောက်တောင် ရှိပြီ...။ ဘယ်လိုလဲ အဆင်ပြေကြတယ် မဟုတ်လား..။ နင်တို့ လင်မယားလဲ အိမ်ထောင်ကျပြီ ကတည်းက အပြင်တွေ ဘာတွေတောင် သွားတာ လာတာ မရှိတော့ပါ လား။ အိမ်တွင်းပုန်းပြီး ဘာတွေ လုပ်နေကြတာလဲ... ပြောစမ်းပါဦး...ဟု
    ကျွန်ုပ်က ပြောလိုက်၏။ ထိုအခါ ဇနီးဖြစ်သူ မအေးအေးသင်းက..“ ပြော မပြောချင်ပါဘူး ဆရာရေ.. ဆရာ့ တပည့် သာ မေးကြည့်ပေတော့ ” ပြန်ပြောလေ၏။ ထိုအခါ ကျွန်ုပ်လည်း ဟောက်ျားဖြစ်သူ အောင်ကိုမင်း ဘက်ကို လှည့် ကြည့်လိုက်ရာ..“ ကျွန်တော်ကို လှည့်မကြည့်နဲ့ ဆရာသမားရေ... ကျွန်တော်လည်း ပြောချင်စိတ်ကို မရှိဘူး..ဟု ပြောပြန်လေ၏။
    ထိုအခါ ကျွန်ုပ်လည်း အတော်ပင် အံ့သြ သွားမိလေ၏။ အရင် အိမ်ထောင်ကျ ကာစတုန်းက ဒီလင်မယားနှစ်ဦး ပုံက ဒီလိုပုံ မျိုးမဟုတ်။ တစ်ဦးကို တစ်ဦး လွန်စွာ ချစ်ခင် မြတ်နိုးကြလေ၏။ နားလည်မှု့ အပြည့်အ၀ ရှိကြ၏။ တစ်ဦးကို တစ်ဦး မျက်စိအောက်က အပျောက်မခံ နိုင်လောက်အောင် သံယောဇဉ် ကြီးမားကြ၏။ ထမင်းစားလဲ အတူတူ ဈေးသွားလည်း အတူတူ ၊ အလုပ်သွားလည်းအတူတူ ဖြစ်၏။
    ဘယ်အချိန်ကြည်ကြည့် အမြဲ တတွဲတွဲ ဖြစ်သောကြောင့် ကျွန်ုပ၏ စိတ်ထဲမှာပင် အတော် ချစ်နိုင်တဲ့ လင်မယားပဲ ဟု မှတ်ချက် ချခဲ့ဘူးလေ၏။ အခုတော့ ဘယ်လို ဖြစ်သည်မသိ။ အိမ်ထောင်ကျတာမှ ငါးလကျော်ကျော်ပဲ ရှိသေး တယ်။ တစ်ယောက်နဲ့ တစ်ယောက် မတည့်ချင်ကြတော့ဘူးဟု စိတ်ထဲမှ တွေးရင်း “ ကဲ ပြောကြစမ်းပါဦး။ နင်တို့ လင်မယားရဲ့ အခြေအနေကို အမှန်အတိုင်း ” ဟု ပြောလိုက်လေ၏။
    ထိုအခါ အေးအေးသင်းက “ ရန်ဖြစ်တာ ဆရာရေ ... ရန်ဖြစ်တာ ။ လုံးဝကို မတည့်ဘူး ။ ယုံမလားတော့ မသိဘူး။ နေ့တိုင်းကို ရန်ဖြစ်နေတာ တစ်ရက်တစ်လေတောင် မနားရဘူး။ မျက်နှာချင်းဆိုင်လို့ကို မရဘူး။ တစ်ယောက်ကို တစ်ယောက် ကြည့်လို့ကို မရဘူး။ အိမ်ထောင်ကျပြီး သိပ်မကြာခင် ကတည်းက အဲဒီလို ဖြစ်နေတာ။ ဆရာ့ဆီလဲ လာမယ် လာမယ်နဲ့ ရန်ဖြစ်နေရတာနဲ့ မအားလို့ မလာဖြစ်ဘူးဆရာရေ ”ဟု ပြောလေ၏။
    ထို့နောက် အောင်ကိုမင်းက “ အဲဒါ ကျွန်တော်တို့ လင်မယားကို တစ်ချို့ ဟိုဘက် ဒီဘက် လူကြီးတွေက နင်တို့ (၂)ယောက်က နက္ခတ် မကိုက်ဘူး။ အဲဒါကြောင့် မတည့်ကြတာတဲ့.။ ကျွန်တော်က အဲဒါဆို ဘယ်လို လုပ်ရမလဲ ဆိုတော့ ဒါတော့ ငါ ဘယ်သိပါ့မလဲ တဲ့။ တစ်ချို့ လူကြီးတွေကတော့ “ အဲဒါ နင်တို့ လင်မယားကို သူများ ဖျက် ထားတာ ” တဲ။့ ဒါကြောင့် တစ်ယောက်ကို တစ်ယောက် လုံးဝ ကြည့်မရတာ တဲ့။ ကြာရင် အသက် အန္တရာယ် တောင်ရှိတယ်။ အဲဒီလို သူများက ဖျက်ထားရင် နင်တို့ လင်မယားနှစ်ဦး သေကွဲ မကွဲ ၊ ရှင်ကွဲ ကွဲနိုင်တယ် ”တဲ့။
    အဲဒါဆို ကျွန်တော်က “ ဘယ်သူ ဖျက်ထားတာလဲ ” ဆိုတော့ “ ဟ... ဒါတော့ ငါ ဘယ်သိပါ့မလဲ ” တဲ့။ စိတ်ညစ်ပါ တယ်ဆရာရယ်။ လင်မယား မတည့်တာက တစ်ကြောင်း ၊ အဲဒီလို ဟိုလူက တစ်မျိုး ၊ ဒီလူက တစ်မျိုးနဲ့ ။ ကြာလာ ရင် ကျွန်တော်တို့ လင်မယားနှစ်ယောက်လုံး ရူးလိမ့်မယ် ဆရာရေ.။ အဲဒါ ဆရာ ကူညီပေးပါဦး...ဟု ပြောလေ၏ ။
    ထိုအခါ ကျွန်ုပ်က “ အဓိက က နင်တို့ လင်မယားနှစ်ယောက် ရန်မဖြစ်ချင်ကြဘူး။ ဒါပဲ မဟုတ်လား ” ဟု ကျွန်ုပ် ကမေးလိုက်လေ၏။ ထိုအခါ ၎င်းတို့က “ ဟုတ်ပါတယ် ဆရာ ။ ရန်မဖြစ်ချင်ဘူး ။ ချစ်သူ ဘ၀တုန်းကလို အေးအေးချမ်းချမ်း နေချင်တယ်။ ချစ်ချစ်ခင်ခင်နဲ့ တစ်ယောက်ကို တစ်ယောက် အားပေးရင်းနဲ့ ဘ၀ခရီးကို သွား ချင်တယ်။ ဖြစ်နိုင်ရင် ကျွန်တော့် အတွက်နဲ့ အသဲကိုလည်း စိတ်မဆင်းရဲစေချင်တော့ဘူး ” ဟု ပြောရာ...
    သူ့မိန်းမ အေးအေးသင်းက “ အဲဒီလိုတော့ မပြောပါနဲ့ မောင်ရယ်။ အသဲလည်း မောင့်အပေါ် အနိုင်ယူခဲ့တာတွေ များပါတယ်...။ ဆိုးခဲ့တာတွေ များပါတယ်။ အသဲ မကောင်းတာတွေလဲ ရှိပါတယ် ” ဟု ပြောလေ၏။
    ထိုအခါ ကျွန်ုပ်က “ ကဲကဲ... အခုမှ အသက်တွေ အသဲတွေ နှလုံးတွေ ကျောက်ကပ်တွေ လုပ်မနေနဲ့တော့..။ အိမ် ထောင်ရေးဆိုတာ အဆောင်တွေ ယတြာတွေ တစ်ခုထဲကိုပဲ အားကိုးနေလို့ မရဘူး။ လင်မယားနှစ်ယောက်လုံး ကလည်း အတတ်နိုင်ဆုံး ကြိုးစားရတယ်။ လိုအပ်ချက်တွေ မရှိအောင် တတ်နိုင်သလောက် ကြိုးစားရမယ်။ မဟုတ်ဘူးလား။ ယတြာတွေ အဆောင်တွေ လုပ်ပြီး တစ်ယောက်နဲ့ တစ်ယောက် ထိုင်ဆဲနေကြည့်ပါလား။ အဲဒီ အဆောင်တွေ ယတြာတွေ စွမ်းပါဦးမလား။ အဆင်ပြေပါဦးမလား။
    တစ်ချို့လူတွေက လင်မယား မတည့်ဘူးဆိုရင် ဗေဒင်ဆရာဆီ သွားပြီး ယတြာ ချေခိုင်းတော့တာပဲ။ ကိုယ်တွေရဲ့ မကောင်းတဲ့ အကျင့်တွေကိုတော့ မပြုပြင်ချင်ကြဘူး။ ပြီးတော့ အဆင်မပြေရင် ဗေဒင်ဆရာ မကောင်းဘူး... ယ တြာ မစွမ်းဘူး... ပြောချင်ကြတယ်။ အဲဒီလို လူမျိုးတွေအတွက်ကတော့ ဗေဒင်ဆရာ မပြောနဲ့... ဘိုးတော်တွေ သိကြားမင်းတွေ ဆင်းပြီး ယတြာတွေ အဆောင်တွေ လုပ်ပေးရင်တောင် အဆင်ပြေမှာမဟုတ်ဘူး..ဟု ပြောလိုက်လေ၏။
    ထိုအခါ အေးအေးသင်းက “ ဆရာပြောတဲ့ ဇနီးမောင်နှံကြား လိုအပ်ချက်များဆိုတာ ဘာတွေလဲ..ဟုမေးလေ၏။ ထိုအခါ အိမ်ထောင်ရေးအကြောင်း နကန်းတစ်လုံးမှ နားမလည်သော ကျွန်ုပ်က ဆရာကြီးလေသံမျိုးဖြင့်.
    အိမ်ထောင်ရေးမှာ ပျော်ရွှင်ချမ်းမြေ့ သာယာချင်တယ်ဆိုရင် အခြေခံ အကျဆုံး အခက်(၇)ချက်ကို လိုက်နာရ မယ်။ အဲဒါဆိုရင် အိမ်ထောင်ရေးမှာ သာယာချမ်းမြေ့လာမယ်ဆိုတာ ငါ ရဲရဲ ကြီး အာမခံတယ်..။
    1. လင်မယားနှစ်ယောက်လုံးဟာ တစ်ယောက်နဲ့ တစ်ယောက် နားပူ နားဆာ လုံးဝ မလုပ်ရဘူးတဲ့။
    2. လင်မယား နှစ်ယောက်စလုံးဟာ တစ်ယောက်နဲ့ တစ်ယောက် ငြီးငွေ့အောင် မလုပ်ရဘူးတဲ့။
    3. လင်မယား နှစ်ယောက်စလုံးဟာ တစ်ဦးကို တစ်ဦး ဆူပူ ကြိမ်းမောင်းခြင်း မပြုရဘူးတဲ့။
    4. လင်မယားနှစ်ဦးလုံးဟာ တစ်ဦးကို တစ်ဦး စေတနာဖြင့် ချီးကျူးဖို့ မေ့မနေရဘူးတဲ့။
    5. လင်မယားနှယောက်လုံးဟာ တစ်ယောက်ကို တစ်ယောက် ကြင်နာ ယုယဖို့ မေ့မနေရဘူးတဲ့။
    6. လင်ယား နှစ်ယောက်စလုံးဟာ တစ်ဦးကို တစ်ဦး အမြဲတမ်း အပြန်အလှန် ရိုသေ လေးစားစွာ ဆက်ဆံရ မယ်တဲ့။
    7. လင်မယား နှစ်ယောက်စလုံးဟာ တစ်ဦးကို တစ်ဦး စိတ်ကျေနပ်မှု့ ရှိအောင် ဆက်ဆံရမယ် တဲ့ ..
    အဲဒီ အချက်(၇)ချက်နဲ့ ပြည်စုံရင် အိမ်ထောင်ရေးသာယာမယ်။ တစ်ချက်ချက် လိုအပ်ရင် အိမ်ထောင်ရေး အဆင်မပြေဖြစ်မယ်...ဒါပဲ..ဟု ကွန်ုပ်သည် ရှည်လျားစွာ ပြောလိုက်လေ၏။
    ထိုအခါ အေးအေးသင်းက “ ဟုတ်တယ် ဟုတ်တယ် ။ဆရာပြောတာ အကုန်မှန်တာပဲ။ တစ်ခုမှကို မမှားဘူး.”ဟု ထောက်ခံလေ၏။
    ထိုအခါ အောင်ကိုမင်းက “ ဟုတ်ပါပြီ အသက်ရယ်.. ဒီနေ့က စပြီး မောင်အသက်ပေါ်မှာ...
    • အချိန်မရှိ အခါမရှိ ပူညံ ပူညံ မလုပ်တော့ပါဘူး
    • ကိုယ်ဝါသနာ ပါတာတွေကို ရှေးတန်းတင်ပြီး အသက်ကို ဥပေက္ခာ ပြုထားလို့ အသက်တစ်ယောက် အား လပ်ရက်တွေကို ပျင်းရိ ငြီးငွေ့စွာနဲ့ ဖြတ်သန်းနေရအောင် မောင် မလုပ်တော့ပါဘူး။
    • နောက်ပြီး အသက်ကို ချစ်သူ ဘ၀တုန်းကထက်ပိုပြီး ကြင်နာ ယုယ ဂရုစိုက်သွားပါမယ်..ဟု
    နွေးထွေးသော မျက်လုံးများနှင့် ကြည့်၍ ပြောလေ၏။
    ထိုအခါ အေးအေးသင်းကလည်း...“ ကျေးဇူးတင်ပါတယ် မောင်ရယ်.. ကျွန်မလည်း မောင့်ကို ဟိုလူနဲ့ သ၀န်တို ဒီလူနဲ့ သ၀န်တို .. တကယ်တော့လည်း ဟုတ်တာလည်း မဟုတ်ပဲနဲ့ .. အမြဲတမ်း မောင် စိတ်ညစ်အောင် လုပ်ခဲ့ တာတွေကို တောင်းပန်ပါတယ်... နောင်ကို အတတ်နိုင်ဆုံး မောင့်ကို လေးလေးစားစား တန်ဖိုးထား ဆက်ဆံပြီး တော့ အနာဂါတ် ဘ၀ ခရီးလမ်းမှာ မောင့်ရဲ့ ပါရမီ ဖြည့်ဖက် တစ်ဦးအဖြစ် သက်ဆုံးတိုင် အတူရှိနေစေရမယ်လို့ အသက် ဂတိပေးပါတယ်” ဟု အားကျမခံ ပြန်ပြောလေ၏။
    ထိုအခါ အောင်ကိုမင်းက ကျွန်ုပ်ဖက်သို့ လှည့်ကာ “ ကဲ... ဆရာရေ ဆရာရဲ့ အိမ်ထောင်ရေး တရားလည်း ပြီး အောင် နာပြီးသွားပြီ။ ကျွန်တော်နဲ့ အသက်လည်း နားလည်မှု့ ရသွားပြီ..အခု ဆရာက အိမ်ထောင်ရေးတွေမှာ ကံဇာတာ နိမ့်နေလို့ပဲ ဖြစ်ဖြစ် ၊ နက္ခတ်မကိုက်လို့ပဲ ဖြစ်ဖြစ် ၊ နေ့နံမသင့်လိုပဲ ဖြစ်ဖြစ် ၊ အိမ်ထောင်ရေးတွေ အဆင်မပြေ ကမောက်ကမ ဖြစ်လာတဲ့ အခါ ဆောင်ရွက်လို့ရမယ့် ယတြာတွေ ပေးလိုက်ပါဦး ဆရာရေ.”..ဟု ပြောသောကြောင့်....
    အိမ်ထောင်ရေး အဆောင်တွေ ယတြာတွေ ကတော့ အများကြီးရှိပါတယ်။ သူ့နည်းနဲ့ သူ အကုန်လုံး ကောင်းပါ တယ်။ လွယ်ကူတဲ့ နည်းတွေ ပေးလိုက်မယ်...
    1. ပထမ ယတြာက လင်မယားနှစ်ယောက်ရဲ့ ဓါတ်ပုံ (၂)ပုံ ကို မျက်နှာချင်းဆိုင် ကပ်ရမယ်။ ပြီးတော့ ဓါတ်ဗူး အသစ် အလွတ်ထဲမှာ ထည့်ရမယ်။ အဲဒီ ဓါတ်ဗူးထဲမှာ သံလိုက်တုံး ထည့်ရမယ်။ ပြီးရင် ဓါတ်ဗူးကို လုံအောင် ပိတ်လိုက်။ လင်မယားနှစ်ယောက် အိပ်တဲ့ အိပ်ယာ ခေါင်းရင်းမှာ ထားပြီး ဓါတ်ဗူး ဖုံးပေါ်မှာ ဖ ယေင်းတိုင် မီးထွန်းပြီး ဆုတောင်းမယ်ဆိုရင်ရက်ပိုင်းအတွင်း ထူးခြားမယ်။
    2. နောက်တစ်ခုက အခု အောက်မှာ ဖော်ပြပေးထားတဲ့ ချစ်သူနှစ်ဦး အင်းစမတော်ကို ဖယောင်တိုင်မှာပတ် မီးထွန်း ဆုတောင်းလိုက်မယ် ဆိုရင်လည်း ရက်ပိုင်းအတွင်း ထူးခြားမယ်..ဟု ပြောဆိုကာ အောက်တွင် ဖော်ပြထားသော စမတော်ကို ပေးလိုက်လေတော့သတည်း....
    Wednesday, February 10, 2010
    (၈)စွမ်းအားရှင်တားရော့ကတ်ပြားအကြောင်း
    ဒီကဒ်ပြားလေးရဲ့ အဓိက ဇာတ်လိုက်ဟာ အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။ အမျိုးသမီး ထဲမှာ တောင်မှ ရိုးရိုး မိန်းမ တစ်ယောက် မဟုတ်ပဲ စွမ်းရည်ထူးတွေနဲ့ ပြည့်ဝနေတဲ့ စွမ်းအားရှင် မိန်း မတစ်ယောက် ဖြစ်ပါတယ်။
    ဒါပေမဲ့ သူရဲ့ စွမ်းရည်ဟာ အကောင်းထက် အဆိုးဘက်ကို ရောက်နေတဲ့ စွမ်းရည်မျိုး ဖြစ်နေပါ တယ်။ ကမ္ဘာပေါ်မှာ စုန်းမတွေကိ စုန်မဖြူနဲ့ စုန်မနက်ဆိုပြီး နှစ်မျိုးခွဲပါတယ်။ စုန်းမနက်ဆို တာက အောက်လမ်းပေါ့ဗျာ...။ အခု ဒီကဒ်ပြားရဲ့ အဓိက ဇာတ်လိုက်ဟာလည်း ပညာသည် စုန်းမတစ်ယောက်ပါပဲ...။
    သူဟာ အင်မတန်မှ အင်အားကြီးမားပြီး သန်စွမ်းလှတဲ့ ၊ သတ္တိကောင်းလှတဲ့ ခြင်္သေ့ကြီး တစ်ကောင်ကို ချုပ်ကိုင် ပြီး ပါးစပ်ကို ဖြဲထားပါတယ်။ ဂဏန်းဗေဒင်ပညာ မှာဆိုရင်လည်း နံပါတ်(၈) ကဒ်ပြားဟာ ဆိုးသော ခိုက်သော ဂဏန်းတစ်ခု ဖြစ်ပါတယ်။ အဲဒါကြောင့် ဒီကဒ်ပြားကို အဆိုးသဘော ဆောင်တဲ့ ကဒ်ပြားရယ်လို့ ကောက်ချက်ချ ရမှာပဲ...။
    အကျဉ်းအကျပ်ကြုံခြင်း ၊ တားမြစ်ခံရခြင်း ၊ အချုပ်အနှောင်ခံရခြင်း ၊ အနိုင်ကျင့်ခံရခြင်း ၊ အကြပ်ကိုင်ခံရခြင်းဆို တဲ့ သဘောမျိုးတွေ ကိန်းအောင်းနေတဲ့ ကဒ်ပြား ဖြစ်ပါတယ်..။
    နောက်တစ်ခုကတော့ ဒီကဒ်ပြားကို ဂန္ဓာရီ ပညာရှင်တွေက သမားတော်ကဒ်ပြား ၊ ဆေးဆရာကဒ်ပြား လို့လည်း ခေါ်ကြပါတယ်။ သူ့ရဲ့ ထူးခြားသော စွမ်းရည်တွေနဲ့ ရောဂါ ဝေဒနာတွေကို ကူညီ ကယ်တင်နိုင်စွမ်း ရှိပါတယ်။
    အဲဒါကြောင့်......
    ကျန်းမာရေး ညံ့တဲ့အခါ အထူးသဖြင့် ဘာရောဂါမှန်း မသိပဲ ဆရာဝန် မျက်စေ့လည်ရတဲ့ ရောဂါမျိုး ၊ ဆေးမတိုး တာမျိုး ၊ ရောဂါကြာရှည်နေတာမျိုးတွေ ဆိုရင် လူနာရဲ့ အင်္ကျီအိပ်ထဲမှာ စွမ်းအားရှင် ကဒ်ပြားကို အဆောင်အဖြစ် ဆောင်ထားရပါတယ်။ ဒီကဒ်ပြားကို မိတ္တူကူးပြီး ဖယောင်းတိုင်မှာ ပတ်ပြီးတော့လည်း မီးထွန်းနိုင်ပါတယ်...။
    အဲဒါတွေ ခြုံလိုက်မယ်ဆိုရင်တော့ ဘယ်မေးခွန်းကိုပဲ မေးမေး နံပါတ်(၈) ကဒ်ပြား ကျလာပြီဆိုရင်...
    1. မဖြစ်နိုင် ၊ မရနိုင် ၊ မအောင်မြင်နိုင်လို့ အဖြေပေးရမှာပဲ...။ဆိုးတဲ့ ကဒ်ပြား ဖြစ်တဲ့အပြင် ...ချုပ်နှောင် ၊ အ ကြပ်ကိုင် ၊ ခံရခြင်းသဘောကိုပါ တွဲစပ်ပြီး ဆိုးချုပ် လို့ အလွယ်မှတ်ထားနိုင်ပါတယ်...။
    2. မိန်းမသား တစ်ဦးက အကြပ်ကိုင် ဒုက္ခပေးလာတတ်သည်..။
    3. မကောင်းသော အတတ်ဖြင့် ပြုစားထားသကဲ့သို့ စိတ်တွင် ခံစားနေရတတ်သည်...။
    4. ရောဂါ ကြီးကြီးမားမား မရှိဘဲနှင့် ကျန်းမာရေး ညံ့သကဲ့သို့ ခံစားနေရတတ်သည်...။
    5. မလုပ်ချင်သော အလုပ်များ စိတ်မပါသော အလုပ်များ ကြုံရတတ်ပါသည်...။
    6. အမှု့ အခင်း ၊ ရုံးပြင်ကနား ၊ ထုချေလွှာ စသည်တို့နှင့် ကြုံရတတ်ပါသည်....။
    7. ခွေး ၊ ကြောင် ...စသော တိရစ္ဆာန်ကို အကြောင်းပြု၍ စိတ်ညစ်ရခြင်း ၊ စကားများရခြင်း ၊ အန္တရာယ်ဖြစ် ခြင်းများ သတိထားရမည်...ဆိုတဲ့ ဟောချက်မျိုးတွေ ဟောနိုင်ပေတာပေါ့ ခင်ဗျာ.....။
    (၇)စစ်ရထားတားရော့ကတ်အကြောင်း
    ဒီကဒ်ပြားမှာ အဓိက ဇာတ်လိုက်ကတော့ စစ်ရထား တစ်ဆင်းကို မောင်းနှင်ပြီး စစ်မြေပြင်ကို ထွက်လာတဲ့ စစ်သည်တစ်ဦး ဖြစ်ပါတယ်။ စစ်မက်ရေးရာ ကိစ္စ တွေကို ထင်ဟတ်တဲ့ နိမိတ်ပုံ လည်းဖြစ်ပါတယ်။ စစ်ဖြစ်ပြီ ဆိုရင်တော့ တိုက်ဟယ် ခိုက်ဟယ် ၊ သတ်ဟယ် ၊ ဖြတ်ဟယ် ၊ သေဟယ် ၊ ကြေဟယ်ဆိုတဲ အနိဋ္ဌာရုံ ကိစ္စတွေလည်း မလွဲမသွေ ပါလာပြီပေါ့ဗျာ....
    အဲဒါကြောင့် ဒီကဒ်ပြားကို အဆိုးသဘော အဖြစ်နဲ့ ယူဆပါတယ်။ စစ်ဖြစ်တယ်ဆိုတာ တစ် ယောက်တည်း ဖြစ်နေလို့ ရနိုင်တဲ့ ကိစ္စမျိုး မဟုတ်ပါဘူး...။ တစ်ဘက်က ပြိုင်ဘက်ပေါ်လာလို့ စစ်ဖြစ်ရတာမျိုးပါ...။ အဲဒါကြောင့် ဒီ ကဒ်ပြားမှာ စီးပွားပြိုင် ၊ လုပ်ငန်းပြိုင် ၊ အပြိုင်အဆိုင် အ တိုက်အခံ သဘောတွေ ကိန်းအောင်းနေပါတယ်။
    စစ်ရထားရဲ့ နောက်မှာ မြို့ရိုးနဲ့ မြို့တစ်မြို့ကို လှမ်းပြီး တွေ့နေရပါတယ်။ ရဲမက်တွေဟာ မြို့ပြင်ကို ထွက်ပြီး စစ် တိုက်တဲ့ သဘောပေါ့။ ဒါဖြင့်ရင် ...ရန်ဟာ အိမ်ထဲ အလုပ်ထဲမှာ ရှိမနေပဲ ပြင်ပရပ်ဝေးမှာ ရှိနိုင်တယ်လို့ ပြောရ မှာပဲ...။
    စစ်ရထားကို စဖင့်လို့ခေါ်တဲ့ အီဂျစ်တို့ရဲ့ အစီအရင် သတ္တ၀ါကြီး နှစ်ကောင်က ဆွဲထားပါတယ်။ တစ်ကောင်က အဖြူ ၊ တစ်ကောင်က အမည်းဖြစ်နေပါတယ်။ အောက်လက်ငယ်သားတွေ စိတ်ဝမ်း ကွဲပြားခြင်း ၊ သူတို့အတွက် ဆုံးဖြတ်ရခက်သော ပြဿနာကြုံခြင်း ၊ ဆိုတာမျိုးတွေလည်း ဟောနိုင်ပေတာပေါ့။
    နောက်တစ်ခု စဉ်းစားဖို့ကတော့ ဒီကဒ်ပြားမှာ ယာဉ်ရထားဟာ အဓိက ကျတဲ့နေရာမှာ ပါဝင်နေပါတယ်။ ကဒ်ပြားဟာ အဆိုးသဘော ဆောင်တဲ့ ကဒ်ပြား ဖြစ်နေတဲ့ အတွက် ..ယာဉ်ရထား ကိစ္စတွေမှာလည်း မကောင်း ဘူး။ ပြဿနာကြုံနိုင်တယ် ၊ အန္တရာယ် ရှိနိုင်တယ်လို့ ပြောရမှာပေါ့...။
    ဒါတွေကို အနှစ်ချုပ်လိုက်မယ်ဆိုရင်....
    1. ဘယ်ကိစ္စကိုပဲ မေးမေး စစ်ရထားကဒ် ကျလာခဲ့ရင် မဖြစ်နိုင် ၊ မရနိုင် ၊ မအောင်မြင်နိုင်လို့ ပြောရမှာပဲ။ ရက်(စ်) အော် နိုး ဆိုရင်တော့ နိုးပေါ့...။ အတိုက် အခံ အပြိုင် အဆိုင်တွေပါ ကြုံတွေ့နိုင်တယ် သဘော လေးကိုပါ ထည့်သွင်းပြီး ဆိုးပြိုင် လို့ အလွယ်မှတ်ထား နိုင်ပါတယ်။
    2. ခိုက်ရန်ဖြစ်ပွားခြင်း ၊ စကားများ ဖြေရှင်းရခြင်း ၊ အကြိတ်အနယ် ပြောဆိုရခြင်းများ ကြုံရတတ်သည်။
    3. မိမိတွင် အတိုက်အခံ ၊ အပြိုင်အဆိုင်များ ပေါ်လာတတ်သည်။ အောက်လက် ငယ်သားတို့က အံ့တုဖက် ပြိုင် လာတတ်သည်...။
    4. အောက်လက်ငယ်သား တို့၏ ပြဿနာကြောင့် ဆုံးဖြတ်ရခက်သော အဖြစ်မျိုး ကြုံမည်။
    5. ယာဉ် ၊ ကား ၊ စက်ဘီး ၊ ဆိုင်ကယ်တို့ကြောင့် အန္တရာယ်ဖြစ်ခြင်း ၊ ပြဿနာဖြစ်ခြင်း ၊ ပြောဆိုဖြေရှင်းရခြင်း များ ကြုံမည်။
    6. လမ်းခရီးတွင် ပြဿနာကြုံခြင်း ၊ တစ်ရပ် တစ်ကြေးတွင် သွားရောက် ဖြေရှင်းရခြင်းများ ကြုံတတ်သည်..။ အဒီလို အဲဒီလိုလေးတွေ ဟောနိုင်တာပေါ့ဗျာ.....
    စိတ်ကောက်နေသောချစ်သူအတွက်အဆောင်
    တစ်နေ့သ၌ ကျွန်ုပ်၏ ဗေဒင်လက္ခဏာ ဟောခန်းအတွင်းသို့ အသက် (၁၈) နှစ်ခန့် ရှိသော မိန်မပျိုလေး တစ်ဦး ၀င်ရောက်လာလေ၏။ ကျွန်ုပ်က ....
    ထိုင်ပါ မိန်းကလေး..။ ကျွန်ုပ် ဘာကူညီ ပေးရမလဲ ပြောပါ..ဟု ပြောလိုက်ရာ ထိုမိန်ကလေးက...
    ပြောရမှာရှက်တယ်...ဟု ပြန်ပြောလေ၏။ ထိုအခါ ကျွန်ုပ်က
    ပြောသာ ပြောစမ်းပါ ။ ဘာကိစ္စမို့ ဒီလောက်တောင် ရှက်နေရတာလဲ....။ဗေဒင်ဆရာ အခန်းဆိုတာ ဒီလိုပါပဲ ။ ရှက်နေလို့ဘယ်ရမလဲ မိန်းကလေးရဲ့.....
    ဟု စကားလမ်းကြောင်း ဖွင့်ပေးလိုက်လေရာ ထို မိန်းကလေးက...
    စဉ်းစားနေတာ..ပြောသင့်သလား မပြောသင့်ဘူးလား ။ ဗေဒင်ဆရာနဲ့ ဒီကိစ္စ ဆိုင်သလား ၊ မဆိုင်ဘူးလား ။ စဉ်း စားနေတာ ဟု ပြန်ပြောလေ၏။ ထိုအခါ ကျွန်ုပ်က ...
    စဉ်းစားရင်လည်း မြန်မြန် စဉ်းစားပါ မိန်းကလေး ။ တကယ်လို့ စဉ်းစားလို့ မရဘူးဆိုရင်လည်း အိမ်ပြန်ပြီး တစ်ရေး တမောအိပ်ပြီး စဉ်းစားပေါ့။ စဉ်းစားလို့ ရပြီဆိုရင် ပြန်လာခဲ့ပေါ့။ ဟုတ်ပြီလား...
    ဟု ပြောလိုက်လေ၏။ ထိုအခါ ၎င်း မိန်းကလေးက...
    မနက်ဖြန်အထိတော့ စောင့်ဖို့ အချိန်မရဘူး။ ဒီကိစ္စက အရမ်းအရေးကြီးတယ်၊ လောကကြီးမှာရှိတဲ့ အရေးကြီး တယ်ဆိုတဲ့ ကိစ္စတွေအားလုံးထက် ပိုအရေးကြီးတယ်၊ အဲဒီတော့ ကျွန်မကို အရာအားလုံးထက် ပိုပြီး ဦးစားပေးရမယ်..... ဟုပြောလေ၏၊ ထိုအခါကျွန်ုပ်က ကဲ.. မင်းရဲ့ကိစ္စကိုပြောပေတော့..... ဟု ကျွန်ုပ်က ပြောလိုက်ရာ ၄င်းမိန်းမပျိုက.....
    အချစ်ရေးကိစ္စပဲဟု ပြောလေ၏ ထိုအခါ ကျွန်ုပ်က
    မနောက်ပါနဲ့ မိန်းကလေး လာပြီးမနောက်ပါနဲ့၊ ဒီမှာကျုပ်တို့ အရေးကြီးတဲ့ ကိစ္စတွေနဲ့ တော်တော်လေး အလုပ်တွေ ရှုပ်နေပါတယ်၊ အလုပ်ရှာနေတဲ့ လူတွေအတွက် အင်းဖယောင်းတိုင်တွေ လုပ်ရမယ်။ အကြွေးတောင်း မရတဲ့ လူတွေအတွက် မီးထွန်းအင်းတွေ လုပ်ပေးရမယ်။ လန့်တတ်တဲ့ ကလေးတွေအတွက် လိပ်ပြာချုပ်တွေ လုပ်ပေးရမယ်။ နောက်ပြီး ကလေးအမည်ပေး ဟောစာတမ်းတွေ ဒီနေ့အပြီးလုပ်ရမယ်။ အဲဒီတော့ လာမနောက် ပါနဲ့ မိန်းကလေးရယ် ဒီမှာ အချစ်ထက်ပိုပြီး အရေးကြီးတဲ့ ကိစ္စတွေ ဒီနေ့အပြီး လုပ်ပေးထားရမယ်။
    ဟု ကျွန်ုပ်က ပြောလိုက်လျှင်
    အော်..... ဗေဒင်ဆရာက တော်မလိုလိုနဲ့ တော်တော်လေး ပိန်းတာပဲကိုး... အရင် ကပေးထားတဲ့ အမှတ်တွေ အကုန်လုံး တစ်မှတ်မကျန် ပြန်ရုတ်သိမ်းတယ် ဟုတ်ပြီလား။ မသိသေးရင်လည်း တစ်ခါတည်းသာ အပြီးမှတ် ထားလိုက်၊ ဒီလောကကြီးမှာ ဘယ်ကိစ္စမှ အချစ်ရေး ကိစ္စလောက် အရေးမကြီး၊ အလုပ်မရလို့ ကိုယ့်ကိုကိုယ် သတ်သေတဲ့ မသာရယ်လို့ မရှိဘူး၊ ဒါပေမဲ့ အချစ်ကြောင့် ကိုယ့်ကိုကိုယ် သတ်သေသွားတဲ့ လူတွေ အများကြီးပဲ အဲဒီလိုပဲ အကြွေးသမား ကလည်း အကြွေး တောင်းမရလို့ဆိုပြီး သတ်မသေ နိုင်သေးဘူး၊ ဒါပေမဲ့ အချစ်နဲ့ အဆင်မပြေရင်တော့ သတ်သေမဲ့ လူတွေ အများကြီးပဲ။ ဒါတွေကို ကြည့်လိုက်ခြင်း အားဖြင့် ဒီလောက ကြီးမှာ အချစ်ရေး ကိစ္စဟာ အရေးအကြီး ဆုံးပဲ မဟုတ်လား ဗေဒင်ဆရာရဲ့။
    ဟု ကပ်ကပ်လန်စွာ ပြန်ပြောလေ၏။ ထို့နောက် ၄င်းက ဆက်လက်၍.....
    ဒီမှာ ဗေဒင် ဆရာရဲ့.... ဗေဒင်ဆရာလုပ်ပြီး ဒီလောက်တောင် မသိဘူးလား... မတွေးတတ် ဘူးလား ရှေးတုန်း က စာဆိုရှင်တွေ ရေးစပ်ခဲ့တာ မဖတ်ဖူးဘူးလား.... ၀မ်းရေးထက် လွမ်းရေးခက်၏ .... ဆိုတာလေ၊ ဗေဒင်ဆရာ ဆိုတာ ဗဟုသုတ တိုးပွါးစေမဲ့ စာလေးဘာလေး ဖတ်ရတယ် .... ဗေဒင် ကျမ်းစာအုပ်တွေ အလွတ်အာဂုန် ဆောင်ထားရုံနဲ့တော့ အောင်မြင်တဲ့ ဗေဒင်ဆရာ တစ်ယောက် ဖြစ်လာမှာ မဟုတ်ဘူး၊ အသက် ငယ်ငယ် ရွယ်ရွယ် နဲ့ အတွေးအခေါ်တွေ ခေတ်နောက်ပြန် မသွားချင်ပါနဲ့။
    တက်ကြွ လန်းဆန်းတဲ့ ခေတ်မှီတဲ့ ဗေဒင်ဆရာ တစ်ဦး၊ အနှေင်အဖွဲ့  ကင်းပြီး လွတ်လပ်တဲ့ ဗေဒင်ဆရာ တစ်ဦး ဖြစ်အောင် ကြိုးစားစမ်းပါ၊ ဗေဒင်ဆရာ ရယ်... မပိန်းစမ်းပါနဲ့ .....
    ဟု ဆရာကြီး လေသံနဲ့ ပြောလေ၏၊ ထိုအခါ ကျွန်ုပ်လည်း စကားတတ်လှသော ထိုမိန်းကလေးအား နိုင်အောင် ပြန်၍ မပြောနိုင် သဖြင့်
    ကောင်းပါပြီ မိန်းကလေး မိန်းကလေးကို ကျုပ် အရှုံးပေးပါတယ် ကျေနပ်ပြီလား အခု ကျုပ်က ဘာကူညီရမှာလဲ ဗေဒင် တွက်ကြည့်ပေးရမှာလား ဒါမှမဟုတ် မိန်းကလေးရဲ့ အချစ်ရေး ကိစ္စ ကို ကူညီပေးရမှာလား ဘာလုပ်ပေးရမလဲ ပြောပါ၊
    ဟု ပြောရလေ၏၊ ထိုအခါ ၄င်း မိန်းမပျိုက
    ဒီလိုပါ ဗေဒင်ဆ၇ာ ကျွန်မ ချစ်သူ နဲ့ ကျွန်မ စိတ်ကောက် နေတာ သုံးရက် ရှိသွားပြီ ... သုံးရက်လို့သာ ပြောတာပါ ကျွန်မ အတွက်တော့ သုံးကမ္ဘာလောက် ကြာတယ်တောင် ထင်ရတာ၊ ဒါတွေ ထားပါလေ ဗေဒင်ဆရာကို ပြောလို့လည်း ဒါတွေ နားလည်မှာ မဟုတ်ပါဘူး ... အခု ကျွန်မ ချစ်သူ နဲ့ ကျွန်မ စိတ်ဆိုးနေကြတယ် အဲဒါ အဆင်ပြေချင်တယ် အဆင်ပြေအောင် အဆောင်လေး ဘာလေး ပေးစမ်းပါ ဆရာရယ်......
    ဟု ပြောလေ၏၊
    ကဲပါ မိန်းကလေးရယ် မင်းရဲ့ စိတ်ဆိုးနေတဲ့ ချစ်သူ မင်းအပေါ်မှာ စိတ်ဆိုးပြေပြီး အရင်လို ပြန်ပြီး ချစ်ချစ်ခင်ခင် ဖြစ်စေချင်တာ မဟုတ်လား ရပါတယ် မိန်းကလေးရဲ့ ချစ်သူက တနင်္ဂနွေ သား မဟုတ်လား တနင်္ဂနွေ သားသမီး စိတ်ဆိုးစိတ်ကောက် ပြေစေချင်တယ် ဆိုရင် ၀ါးမြစ် လက်တစ်ဆစ် ဆောင်ထားလိုက်ပါ... ဟု ပြောပြီးလျှင် အချစ်ရေး ကံကောင်း စေသော တားရော့ အဆောင်ပုံလေး ကိုလည်း မေတ္တာလက်ဆောင် ပေးလိုက်လေတော့ သတည်း.......
    နေ့လယ် 12 နာရီလောက်တွင် ကျွန်ုပ်ထံသို့ ထိုမိန်းကလေးမှ ဖုန်းဆက်၍
    ဗေဒင်ဆရာက အချစ်အကြောင်းသာ ဘာမှ မယ်မယ်ရရ မသိတာ အချစ်ရေး ယတြာ တော့ အတော်စွမ်းတာ ပဲကိုး.... ဟင်း...ဟင်းဟင်း..... အခု ကျွန်မနဲ့ သူ စိတ်ဆိုးပြေသွားလို့ ထမင်းတောင် အတူတူ စားနေပြီ.....
    ဟု ကျွန်ုပ်အား မခံချိ မခံသာ ဖြစ်အောင် ပြောဆို၍ ဖုန်းချသွားလေတော့သတည်း..............
    (၇)-ရက်သားသမီးအားလုံးအတွက်
    စဉ်
    စိတ်ဆိုးနေသောနေ့သားသမီး
    ဆောင်ထားရမည့်အမြစ်
    တနင်္ဂနွေသားသမီး
    တနင်္လားသမီး
    ပိတောက်မြစ်လက်တစ်ဆစ်
    အင်္ဂါသားသမီး
    သီးမြစ်လက်တစ်ဆစ်
    ဗုဒ္ဓဟူးသားသမီး
    ထိန်မြစ်လက်တစ်ဆစ်
    ကြာသပတေးသားသမီး
    အုန်းမြစ်လက်တစ်ဆစ်
    သောကြာသားသမီး
    ကံ့ကော်မြစ်လက်တစ်ဆစ်
    စနေသားသမီး
    ဇီးမြစ်လက်တစ်ဆစ်
    Tuesday, February 9, 2010
    (၆) ချစ်သူနှစ်ဦး တားရောကတ်အကြောင်း
    (6).The Lovers-ချစ်သူနှစ်ဦး)
    ဒီကတ်ပြားရဲ့ အဓိက ဇာတ်လိုက် များကတော့ ယောက်ျားတစ်ယောက်နဲ့ မိန်းမ တစ်ယောက် ချစ်သူနှစ်ဦး ဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာကို ဖော်ပြတဲ့ ကတ်ပြားဆိုတော့ အကောင်းလို့ ယူဆရုံ မှ တစ်ပါး အခြား မရှိနိုင်ပါဘူး။ ဒဲ့(တည့်)ကြီးပြောမယ် ဆိုရင်တော့ အချစ်ရေး အချစ်ရာ ကိစ္စ များ အောင်မြင်မည်လို့ ပြောလိုက်ရုံပေါ့ဗျာ....
    ဒီကတ်ပြားကို ထပ်ပြီး စဉ်းစားကြည့်ရအောင်ပါ။ ချစ်သူ နှစ်ဦးဟာ အိမ်ထဲ အဆောက်အဦးထဲ မှာ မရှိဘဲ ကွင်းထဲကို ရောက်နေပါတယ်။ ဟိုး နောက်မှာလည်း တောင်တန်းတွေကို လှမ်းပြီး မြင်နေရပါတယ်။ အဲဒီတော့ ကျွန်တော်က နံပါတ်(၆) ကတ်ပြားကို တွေ့တဲ့အခါတိုင်း ခရီးကောင်း သွားရမည်။ ၀မ်း သားစရာ စကားတွေ ကြားရမယ်။ ပျော်ရွှင်ဖွယ် ခရီးတွေ ဖြစ်မယ်။ အချစ်ရေးနှင့် ပါတ်သက်တဲ့ ခရီး သွားရတတ် တယ်။ ချစ်သူရဲ့ သတင်းကောင်း ကြားရမယ်... ဆိုတာမျိုးတွေ ထည့်ပြီး ဟောလေ့ရှိပါတယ်။
    ချစ်သူနှစ်ဦးမှာ မိန်းမပျိုဟာ ကောင်းကင်ပြင်ကို မော့ပြီး ကြည့်နေပါတယ်။ လုင်ပျိုကတော့ မြေပြင်ကို ငေးစိုက်နေပါ တယ်။
    ကမာ့္ဘတွေးခေါ် ပညာရှင်ကြီးများက မိန်းမများဟာ အချစ်ရေး အချစ်ရာနဲ့ ပတ်သက်ပြီး သူတို့ရဲ့ ဘ၀ မြင့်မားအောင် မြင်မှု့များကို မျှော်လင့်လေ့ရှိတယ်။ ယောက်ျားများကတော့ အချစ်အတွက် ဆိုရင် အနစ်နာခံ စွန်လွှတ်ဖို့ ဆုံးဖြတ် ထားလေ့ရှိတယ်လို့ ပြောခဲ့ကြဖူးပါတယ်။ ဒီကတ်ပြားမှာလည်း အဲဒီ သဘော သဘာဝကို ဖော်ညွန်းထားတယ် ရယ် လို့ ပညာရှင် အချို့က ဖွင့်ဆိုကြပါတယ်။
    ဒီကတ်ပြားထဲက သစ်ပင်တစ်ပင်မှာ မြွေတစ်ကောင် တက်နေတာကိုလည်း တွေ့ရပါတယ်။ ဒဲ့(တည့်) ဟောမယ်ဆို ရင်တော့ အဆိတ်ရှိသော သတ္တ၀ါ သတိထားရမည်ပေါ့ဗျာ...။ နောက်တစ်ခုကတော့ ပုံထဲမှာ ချစ်သူနှစ်ဦးကို အချစ် နတ်သမီးက ကောင်းချီး ပေးနေတာကို တွေ့ရပါတယ်။ ဒါကြောင့် မိမိတို့ရဲ့ အချစ်ရေးကိစ္စ ၊ မင်္ဂလာကိစ္စတွေမှာ ကူ ညီပံ့ပိုးပေးမယ့်သူတွေ ပေါ်ပေါက်လာမယ်လို့လည်း ဟောနိုင်တာပေါ့။ အဲဒါတွေ အားလုံးကို ခြုံလိုက်တဲ့အခါ ...
    1. ဘယ်မေးခွန်းကိုပဲ မေးမေး ကောင်းသည် ၊ ဖြစ်မည် ၊ အောင်မြင်မည် ၊ ရမည်လို့ ဟောနိုင်ပါတယ်။ ချစ်ခြင်း မေတ္တာရဲ့ သဘောသဘာဝ တွေနဲ့ ဆက်စပ်ပြီး ဟောပြျောနိုင်တဲ့ အတွက် ကောင်းချစ်လို့ အလွယ်မှတ်ထား နိုင်ပါတယ်။
    2. ချစ်သူနှင့် ပတ်သက်၍ သတင်းကောင်း ကြားမည်။
    3. အချစ်ရေးကိစ္စ ၊ မင်္ဂလာကိစ္စတွင် ကူညီပံ့ပိုးပေးမည့်သူများ ပေါ်ပေါက်လာလိမ့်မည်။
    4. ကောင်းသောခရီး ၊ သွားရမည်။ အချစ်ရေါ်နှင့် ပတ်သက်သော ခရီးများလည်း အောင်မြင်မည်။
    5. ရပ်ဝေးမှ ၀မ်းသာစရာ သတင်းကောင်း ဧည့်သည်ကောင်း ရောက်လာမည်။
    6. အဆိပ်ရှိသော သတ္တ၀ါ သတိထားရမည်။
    7. ရေကြောင်းခရီး ၊ နိုင်ငံခြားခရီးများလည်း အောင်မြင်မည် စသော ဟောချက်များကို ဟောဆိုနိုင်ပါကြောင်း...
    Monday, February 8, 2010
    (၅) ဘုန်းကြီးတားရော့ကတ်အကြောင်း
    The Hierophant-ဘုန်းကြီ
    ဒီကတ်ပြားရဲ့ အဓိက ဇာတ်လိုက်ဟာ ခရာစ်ယာန် ဘုန်းတော်ကြီး တစ်ပါး ဖြစ်ပါတယ်။ ဘုန်း တော်ကြီး ဆိုတာကလည်း ဘာသာရေး ပညာရေး တွေနှင့် ပတ်သက်နေတဲ့ အတွက် အကောင်း သဘော ဆောင်တယ်လို့ ယူဆရမှာပါပဲ......
    ဘုန်းတော်ကြီး ဆိုတာဟာ ဆရာသမားလည်း ဟုတ်။ သင်ကြား ဆုံးမ သွန်သင်သူလည်း ဟုတ်။ ရပ်မိ ရပ်ဖ ဆိုလည်း ဟုတ်။ ရိုသေ လေးစားထိုက်သူ ကြီးကဲသူ ဆိုလည်းဟုတ်တဲ့ ပုဂ္ဂိုလ်မျိုးဖြစ် ပါတယ်.....။
    ဒီတော့ ဆရာသမား အကြီးအကဲ ပုဂ္ဂိုလ် ဘာသာရေးနှင့် ပတ်သက်သော ပုဂ္ဂိုလ် စသူတို့က အကူအညီကောင်း ပေး လိမ့်မယ် ဆိုတာမျိုး ဟောနိုင်တာပေါ့။ ဘာသာရေး ပညာရေး ဆိုင်ရာ လုပ်ငန်းမျိုးတွေ အောင်မြင်မယ် လို့လည်း ဟောနိုင်တာပေါ့။
    ကတ်ပြားထဲမှာ ဘုန်းတော်ကြီးက လက်ကလေး နှစ်ချောင်းကို ထောင်ပြထားပါတယ်။ အဲဒါကြောင့် နှစ်မျိုး နှစ်ခု နှစ် ကြိမ် နှစ်ခါ ကောင်းနိုင်တယ်လို့ ပြောနိုင်တာပေါ့။ ဘုန်းတော်ကြီးရဲ့ ရှေ့မှာ တပည့်နှစ်ဦးကို တွေ့ရပါတယ်။ တပည့် ဆိုတော့ အောက်လက် ငယ်သားပေါ့။ သူတို့ အတွက်လည်း ကောင်းတာတွေကို ဟောရမှာပေါ့။
    အဲဒီ တပည့် နှစ်ဦး ဟာ ထိပ်ပြောင်နေတာကို တွေ့ရပါလိမ့်မယ်။ ထိပ်ပြောင်ပြောင်နဲ့ တပည့်လို့ ဟောရင်တော့ မှန်ဖို့ ရာခိုင်နှုံး နည်းနှိုင် တာပေါ့။ ခေါင်းတုံး တုံးထားသော တပည့် ၊ ခေါင်းတုံး ဆံပင်ပေါက် တပည့်တွေနဲ့ ပတ်သက်လို့ ၀မ်းသာစရာ ကြားရ ကြုံရမယ်လို့ ဟောနိုင်တာပေါ့။
    တားရော့ တက်စဉ်မှာတော့ ဂန္ဓာရီလမ်းကို လိုက်တဲ့ပုဂ္ဂိုလ်ဟာ ယုံကြည် စိတ်ချရတဲ့ တပည့်နှစ်ဦးကို ရွေးချယ်ရမယ် အဲဒီလို တပည့်ရင်း ရွေးတဲ့နေရာမှာလည်း အတွေ့ အကြုံ ရင့်ကျက်တဲ့ အသက်ကြီးသူကို ဦးစားပေး ရွေးရမယ်။ လူ ငယ်ပိုင်းဆိုရင် စိတ်လိုက်မန်ပါ တဇွတ်ထိုး လုပ်ကာ ပြောစကားကို အတိအကျ နားမထောင်တာမျိုးတွေ ကြုံရပြီး မိမိ ရဲ့ လမ်းစဉ် ပျက်ချော်သွားနှိင်တဲ့ အတွက်ကြောင့်ပါပဲ...။
    အဲဒီ ကတ်ပြားမှာ လိုက်ပြီး ကြည့်တဲ့အခါ သော့ချောင်းလေး နှစ်ချောင်းကို ထင်ထင်ရှာရှား တွေ့ရပါတယ်။ ဒါဖြင့်ရင် သော့ဟာ အရေးကြီး နေလို့ပေါ့။ သော့ဆိုတာ လုံခြုံရေးနဲ့ ပတ်သက်တဲ့ ပစ္စည်း မဟုတ်ပါလား။ အဲဒီတော့ သူခိုးရန် ကို သတိထားရမယ်လို့ ဟောနိုင်တာပေါ့။ ဒါတွေကို အနှစ်ချုပ် လိုက်မယ်ဆိုရင် ဘုန်းကြီးကတ်ပြား ကျလာခဲ့ရင်...
    1. ဘယ်မေးခွန်းကိုပဲ မေးမေး ဖြစ်မည် ရမည် အောင်မြင်မည်လို့ ဟောနိုင်ပါတယ်။ ဆရာသမား ၊ ကြီးကဲသူ ဘုန်း တော်ကြီးတွေနဲ့ ပတ်သက်သော အောင်မြင်နိုင်တာ ဖြစ်တဲ့အတွက် ကောင်းဝိဇ္ဇာလို့ အလွယ် မှတ်ထားနိုင်ပါ တယ်။
    2. ဆရာသမား ကြီးကဲသူ ၊ ဘုန်းတော်ကြီး ၊ ဘာသာရေးနှင့် ပတ်သက်သော ပုဂ္ဂိုလ်များက အကူ အညီကောင်း များ ပေးလာပါလိမ့်မယ်။
    3. အလှူ အတန်း ၊ ဘုရားဖူး ၊ ရိပ်သာဝင်ခြင်း စသော ဘာသာရေးဆိုင်ရာ ကိစ္စများ အောင်မြင်မည်။
    4. အိမ်သို့ ဘုန်းတော်ကြီး သို့မဟုတ် ဘုန်ကြီးပုံတော် ၊ သာသနာရေး ဆိုင်ရာ ပစ္စည်းများ ကြွလာတတ်သည်။
    5. ပညာရေး ၊ သင်တန်း ၊ စာမေးပွဲ ၊ အင်တာဗျူး စသော ကိစ္စများ အောင်မြင်မည်။ ဆုထူး ဘွဲ့ထူး နှစ်မျိုး နှစ်ခု ရရှိနိုင်သည်။
    6. အောက်လက်ငယ်သား တပည့် သားချင်းနှစ်ဦးနှင့် ပတ်သက်သော ရည်ရွယ်ချက်များ အစီအစဉ်များ အောင် မြင်မည်။
    7. သူခိုး ခိုးခံရခြင်း ၊ သော့ပျက်ခြင်း ၊ သော့ပျောက်ခြင်းများ ကြုံရတတ်သည်... ဆိုတဲ့ ဟောချက် မျိုးတွေ ဟောနိုင် ပေတာပေါ့ဗျာ... ဒါကတော့ ဘုန်းကြီး တားရော့ကတ်ကို ကြည့်ပြီး ကျွန်တော် စဉ်းစား မိသလောက်ပါ... မိတ်ဆွေကတော့ များများ ဆက်ပြီး စဉ်းစားတွေးခေါ် ပေတော့.....
    သင် စကားပြော အောင်မြင်စေဖို့
    မိတ်ဆွေ.......
    သင်ဟာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ လူ တစ်ဦး တစ်ယောက်နဲ့ စကား အနိုင်ယူ ပြောရမဲ့ ကိစ္စတွေ ကြုံတွေ့လာရင် အခုပြောပြတဲ့ ယတြာ နည်းလေးကို သတိယ လိုက်ပါဗျာ။ အရမ်းလည်း မခက်ခဲ ပါဘူး။ လွယ်ကူပါတယ်။ ဥပမာ သင့်မှာ ပြဿနာ တစ်ခု ဖြစ်တယ် ဆိုကြပါစို့...။ အဲဒီ ပြဿနာမှာ သင်က မမှားဘူး။ သင်က မှန်တယ်။ ဒါပေမဲ့ တစ် ဖက်လူက သင့်ကို အနိုင်ယူ စွပ်စွဲနေတယ်။ ဒါဆိုရင် သင်ဘာလုပ်မလဲ။ အရှုံး ပေးမှာလား။ မကောင်းပါဘူး။ ကိုယ်မှန် နေပြီးတော့ အရှုံးပေးရတာ မကောင်းပါဘူး။
    သူကတော့ သင့်ထက် ငွေကြေးဥစ္စာ သြဇာ အာဏာ သာလွန်နေတယ် ဆိုပြီး အနိုင်ယူတယ်။ ကိုယ့်ထက် အာဏာ ပိုရှိတယ် ဆိုပြီး အနိုင် ယူချင်တယ်။ ကိုယ်ထက် ပိုချမ်းသာ တယ်ဆိုပြီး အနိုင် ယူချင်တယ်။ ကိုယ့်ထက် ပညာ ပို တတ်တယ် ဆိုပြီး အနိုင်ယူ ချင်တယ်။ လောကကြီးမှာ အဲဒီလို လူတွေ အများကြီးပဲ...။ အဲဒီလို ဖြစ်စဉ်တွေ မရေ တွက်နိုင်အောင် များတယ်။ မိတ်ဆွေ မယုံရင် မိတ်ဆွေရဲ့ ပတ်ဝန်းကျင်မှာ လေ့လာ ကြည်လိုက်ပါ။
    ခင်ဗျားကော ခင်ဗျားဘက်က မှန်နေတာတောင် ငြိမ်ခံနေမှာလား...။ ကျွန်တော် ဆိုရင်တော့ ငြိမ် မခံနိုင်ဘူး။ ကိုယ် မှန်တဲ့ အကြောင်း ပြန်ရှင်းပြရမှာပဲ။ မဟုတ်ဘူးလား။ အဲဒိလို အခါမျိုးတွေမှာ ဒီယတြာက မိတ်ဆွေအတွက် အသုံး ၀င်မှာပါ။ လွယ်ပါတယ် ။ဥပမာ မိတ်ဆွေဟာ အကြောင်း တစ်စုံ တစ်ရာကြောင့် တနင်္ဂနွေ သားသမီးကို စကားအနိုင် ယူ ပြောရတော့မယ် ဆိုကြပါစို့။ အောက်က ဇယားလေးထဲ ကြည့်ပါ။ မေမြို့ပန်းကို ဆောင်သွားပါ။ အဲဒီ လူနဲ့ စကား ပြောရတဲ့ အချိန်မှာ သင်ဟာ မြောက်အရပ်ကို မျက်နှာမူပြီး စကားပြောပါ။
    ကျွန်တော်တို့ ထိုင်းမှာတော့ ကျွန်တော်ဆီကို ငွေတိုးပေးတဲ့ လူတွေလာပြီး အကူအညီ တောင်းကြတယ်။ သူတို့ဆီ က ငွေယူထားတဲ့ တစ်ချို့လူတွေက ပိုက်ဆံ သွားတောင်းရင် မပေးချင်ကြဘူး။ မပေးချင်တဲ့ အပြင် တိုင်ချင်တဲ့ နေရာ သွားတိုင် မပေးနိုင်ဘူး လို့တောင် လူမိုက်စကား ပြန်ပြောတတ်ကြတယ်။ ဟုတ်တယ်လေ။ ထိုင်မှာက ငွေတိုးချေးတာ မြန်မာပြည်သားတွေ အတွက် တရားမ၀င်ဘူး။
    နောက်ဆုံးတော့ ဗေဒင်ဆရာဆီ ရောက်လာတတ် ကြတယ်။ ကျွန်တော်ကတော့ ဒီနည်းလေး ပေးလိုက်တာပဲ။ တော်တော်များများတော့ အဆင်ပြေသွားကြပါတယ။် မိတ်ဆွေတို့လည်း တစ်နေ့နေ့ အသုံးဝင်လာရင် .....
    နိုင်လိုသောနေ့
    ဆောင်ရမည့်ပန်း
    လှည့်ပြောရမည့်အရပ်
    တနင်္ဂနွေ
    မေမြို့ပန်း
    မြောက်အရပ်
    တနင်္လာ
    သပြေ
    အနောက်တောင်
    အင်္ဂါ
    နှင်းဆီ
    အရှေ့မြောက်
    ဗုဒ္ဓဟူး
    အုန်းညွန့်
    အရှေ့
    ကြာသပတေး
    ကံ့ကော်
    အရှေ့တောင်
    သောကြာ
    စံပယ်
    တောင်
    စနေ
    ရွက်လှ
    အနောက်
    • ကျွန်တော် မြန်မာလိုပဲ ပြောမယ်...
    • ကျွန်တော် အားလုံးကို အရမ်းချစ်ပါတယ်ခင်ဗျာ...
    ချစ်သူနှစ်ဦးအမြန်ပေါင်းရစေရန်
    ဒီနေ့ ကျွန်တော် ပြောပြမယ့် ယတြာ လေးကတော့ မိုက်တယ် မဟုတ်လား။ ချစ်သူ နှစ်ဦး အမြန်ဆုံး ပေါင်းရစေသော ယတြာပါ။ ဘယ်သူပဲ ဖြစ်ဖြစ် ကိုယ်ချစ်သူနှင့်တော့ အမြန်ဆုံး ပေါင်းချင်ကြတာပဲ မဟုတ်လား။ ကျွန်တော်တို့ ဗေဒင် ဆရာတွေဆီကို လာကြတဲ့ လူငယ် အတော်များများ မေးလေ့ရှိတဲ့ မေးခွန်းလေးက
    ကျွန်တော်ရဲ့ ချစ်သူနှင့် ဘယ်တော့ ပေါင်းရ မလဲ....
    သမီး ချစ်သူနှင့် ဘယ်တော့ ဖူးစာ ဆုံမှာလဲ...
    ဆိုလိုတာကတော့ လူတိုင်း ကိုယ်ချစ်သူနှင့် ပေါင်းဖက်ချင်ကြတာ.. ဒါသဘာဝတစ်ခုပဲ...။ ဒါကြောင့် ကျွန်တော်ဆီကို အဲဒီလို လာမေးကြပြီဆိုရင် ကျွန်တော်ကတော့ အခု ပြောပြတဲ့ ယတြာကို ဆောင်ရွက်ခိုင်း လိုက်တာပဲ... စပြောပြ စတုန်းကဆိုရင် သူတို့က နောက်တယ်လို့ တောင်ထင်တယ်...။ ဒါပေမဲ့ နောက်တော့ သေသေချာချာ ပြောပြတော့မှ တကယ် ယုံသွားပြီး လိုက်လုပ်ကြတယ်...။ သူတို့တွေ အကုန် အောင်မြင်ကြပါတယ်။ ကဲ ပြောတော့မယ်...မရီနဲ့နော်
    ပထမဆုံး ချစ်သူနှစ်ဦးရဲ့ အညွန့်နေ့နံ အသားတွေကို သိရမယ်။ အဲဒီ ချစ်သူ နှစ်ဦးရဲ့ နံအသားတွေကို ပန်းပု ဆရာဆီ မှာ အရုပ်လေး နှစ်ရုပ် ထုရမယ်။ ယောက်ျားလေးရဲ့ အညွန့်နံ အသားကို ယောက်ျားလေး ပုံ ထုရမယ်။ မိန်းကလေးရဲ့ အညွန့်နံ အသားကို မိန်းကလေးပုံ ထုရမယ်။ သေးသေးလေးတွေ ထုရမယ်နော်။ ပြီးတော့ မင်္ဂလာ ခန်းဝင် ပစ္စည်း တွေကိုလည်း သေးသေး လေးတွေ ချုပ်ထားရမယ်။ ခေါင်းအုန်း သေးသေးလေး ခြင်ထောင် သေးသေးလေး ဖက် ခေါင်းအုန်း သေးသေးလေး စောင်သေးသေးလေး အိပ်ယာခင်း သေးသေးလေး စောင်သေးသေးလေး အကုန်ပါရ မယ်နော်။ ပြီးရင် ခြင်ထောင်လေးထောင် ခေါင်းအုန်းလေးတွေ ဘာညာ အကုန်ချ ။ ပြီးတော့မှ အဲဒီ ယောက်ျားလေး အရုပ်နဲ့ မိန်းကလေး အရုပ်လေးကို အတူ ယှဉ်တွဲပြီး အိပ်စေပြီး ဒီနေ့ကစပြီး မောင် (.......) နှင့် မ(.......) တို့ အကြင် လင်မယား ဖြစ်ပြီ.... အဲဒီလို ပြောရမယ်.. ယတြာ ကတော့ ဒိလောက်ပါပဲ....နေ့နံ အညွန်ဂြိုဟ် အသား တွေကိုတော့ အောက်မှာ ဖော်ပြ ပေးလိုက်ပါတယ်။ ချစ်သူတိုင်း ပေါင်းရ၍ ပေါင်းရ သူတိုင်လည်း ချစ်နိုင်ကြပါစေ.....
    နေ့သားသမီး
    အညွန့်နံများ
    တနင်္ဂနွေ
    တနင်္လာနံအသား(ကံ့ကော်၊ခရေ၊ကုက္ကိုလ်၊ကျွန်း
    တနင်္လာ
    အင်္ဂါနံအသား( ဇီး စသည်….
    အင်္ဂါ
    ဗုဒ္ဓဟူးနံအသား (ရဲယို ၊ ၀ါး ၊ လက်ပံ စသည်…
    ဗုဒ္ဓဟူး
    ကြာသပတေးနံအသား( ပိတောက် ၊ ပျဉ်းမ
    ကြာသပတေး
    သောကြာနံအသား (သီး ၊ သပြေ စသည်….
    သောကြာ
    စနေနံအသား( ထိန်သား ၊ ထန်းသားစသည်…
    စနေ
    တနင်္ဂနွေနံအသား ( အင်သား ၊ အုန်းသားစသည်…
    ကျွန်တော် အားလုံးကို အရမ်း ချစ်ပါတယ်ဗျာ..........
    နားမရှင်းတာ ရှိခဲ့ရင် ကော်မန့် မှာ မေးခဲ့ပါဗျာ....