Tuesday, November 30, 2010

ကျန်းမာခြင်းဟာ လာဘ်တစ်ပါး

ဓာတ်စာစားရခြင်း

ကျွန်ုပ်သည် မဟာချိုင်မြို့သို့ ရောက်ပြီး၍ (၅)လခန့်အကြာတွင် ( K-L )ဟု အမည်ရသောအရပ်တွင် ဗေဒင်ဟောခန်း ဖွင့်လှစ်နေထိုင်ခဲ့၏။ ထိုနေရာတွင် အခန်းတစ်ခန်းငှား၍ ကျွန်ုပ်တစ်ယောက်ထဲ နေထိုင်ရလေ၏။ ထိုင်းနိုင်ငံသို့ ရောက်ခါစဖြစ်သောကြောင့် ကျွန်ုပ်တွင် ရင်းနှီးသော မိတ်ဆွေအပေါင်းအသင်းဟူ၍လည်း များများစားစာမရှိသေးပေ။ ဗေဒင်ဟောခန်းအတွင်းသို့ ဗေဒင်မေးမည့်လူ လာလျှင် ဗေဒင်ထိုင်ဟောပေးရ၏။ ဗေဒင်မေးမည့်သူမလာလျှင် ကျွန်ုပ်တစ်ဦးတည်းသာလျှင် နေထိုင်ခဲ့ရလေ၏။

ကျွန်ုပ်သည် အစပထမတွင် တစ်ခါတစ်ရံ ကြောက်စိတ်ဝင်၏။ တစ်ခါတစ်ရံတွင် ပျင်းရိသောစိတ်များဝင်၏။ တစ်ခါတစ်ရံတွင် လွမ်းသလိုလို ဆွေးသလိုလို ဖြစ်၏။ တစ်ခါတစ်ရံတွင်အထီးကျန်သလို ခံစားရ၍ တစ်ခါတစ်ရံ တွင်မူ အေးချမ်းသလိုလို ခံစားရပြန်၏။ တစ်ခါတစ်ရံ စိတ်အေးချမ်းသာစွာ ပုတီးထိုင်စိပ်၍ ပျော်နေပြီး တစ်ခါတစ်ရံတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပစ်လိုက်၏။ ထိုကဲ့သို့ ကျွန်ုပ်၏ စိတ်သည် နေရာပြောင်းသော သူများ၏ ထုံးတမ်းစဉ်လာအတိုင်း တက်လိုက်ကျလိုက် ပျော်လိုက်ပျင်းလိုက် ၀မ်းနည်းလိုက်ဝမ်းသာလိုက်ဖြင့် မအီမလည် ဖြစ်နေလေတော့၏။

တစ်နေ့တွင် ကျွန်ုပ်သည် အခန်းထဲတွင် ရာသီဥတုပြောင်း၍ အပြင်းဖျားလေတော့၏။ အိပ်ယာထဲတွင် လဲတော့၏။ ထိုင်းစကားလည်း အနည်းငယ်မျှပင် မတတ်သေးသောကြောင့် ဆေးရုံဆေးခန်းကို သွားဖို့အတွက်ပင် မသွားတတ် ဖြစ်နေ၏။ ဆေးဆိုင်မှာ ဆေးသွားဝယ်ဖို့ပင် မပြောတတ်မဆို တတ်ရှိနေလေရာ ကျွန်ုပ်သည် အခန်းထဲတွင် တစ်ယောက်ထဲအိပ်ယာထဲတွင် လဲလျှက် ရှိလေတော့၏။ ထိုအချိန်တွင် ကျွန်ုပ်သည် မြန်မာပြည်တွင်ရှိသော မိဘများကိုလည်း လွမ်းမိ၏။ အကိုအမများကိုလည်း လွန်စွာ သတိယမိလေတော့၏။

ကျွန်ုပ်သည် အပူရှိန်ပြင်းထန်လွန်းရကား အတန်တန်သတိထားနေသည့် ကြားမှပင် ကျွန်ုပ်၏သတိသည် လစ်တစ်ချက် ရတစ်ချက်ဖြစ်နေလေတော့၏။ အိပ်မက်မက်သလိုလို ဖြစ်နေ၏။ ကောင်းကင်တွင် မျှောနေသလို ဖြစ်နေ၏။ ကျွန်ုပ်၏ စိတ်ထဲတွင် ငါသည်ကား ဒီနေရာတွင် မိမသိဘမသိ သေဆုံးရတော့မှာပါလား။ ငါ သေသွားရင်တော့ ငါ့မိဘတွေကို ဘယ်သူ အကြောင်းကြားပေးမှာလဲ။ ငါ့ မိဘတွေကတော့ ငါ့ကို လောကကြီးမှာ ရှိနေသေးတယ်လို့ ထင်ပြီး ငါဆီက ဖုန်းဆက်တာတွေ ၊ ငွေပို့ပေးတာတွေကို မျှော်လင့်နေကြမှာပဲ။ နောက်ဆုံး အဆက်အသွယ်ပြတ်တောက် သွားတဲ့အခါကျရင် သူတို့ဘယ်လိုဆက်လုပ်ကြမှာလဲ အစရှိသည်ဖြင့် အတွေးဝင်လာလေရာ ကျွန်ုပ်၏စိတ်သည် ချက်ချင်းဆိုသလို ၀မ်းနည်းအားငယ်သော စိတ်များ ၀င်လာလေရာ မျက်ရည်များပင် တွေတွေကျဆင်းလာလေတော့၏။

ထိုအချိန်တွင် ကျွန်ုပ်၏ အခန်းအတွင်းသို့ တစ်စုံတစ်ယောက်သည် အခန်းတံခါးခေါက်ရင်း ဖွင့်၍ ၀င်လာလေ၏။ ကျွန်ုပ်သည် လွန်စွာ အားနည်းနေသည့်ကြားမှပင် မျက်လုံးကို အနိုင်နိုင်ဖွင့်၍ ကြည့်လိုက်လေရာ ကျွန်ုပ်တို့ တိုက်တွင် သန့်ရှင်းရေးလုပ်ရန် ငှားထားသော ကရင်အမျိုးသမီးကြီး ဖြစ်လေ၏။ ထိုကရင်အမျိုးသမီးကြီသည် အိပ်ယာထဲတွင် လဲနေသောကျွန်ုပ်ကို မြင်လျှင် ကောင်ကလေး နေမကောင်းဘူးလားဟု မေးရင်း ကျွန်ုပ်အနီးသို့ ၀င်ရောက်လာရင် ကျွန်ုပ်၏နဖူးအား လာရောက်စမ်းကြည့်လေ၏။ ထိုအချိန်တွင် ကျွန်ုပ်သည် အပူပြင်းထန်လျှက် ရှိနေလေ၏။

နောက်ဆုံးတွင် ထိုကရင်အမျိုးသမီးကြီးသည် ကျွန်ုပ်အားလွန်စွာ ဂရုဏာသက်သွားရကား ကျွန်ုပ်ကို ဆေးဝယ်ပေးခြင်း ၊ ကြက်သားဆန်ပြုတ်၊ မားမားအစရှိသည်များကို ချက်ပြုတ်ကျွေးမွေးခြင်း၊ ရေပတ်တိုက်ပေးခြင်း အစရှိသည်တို့ကို သူ၏ သားအရင်းတစ်ဦးပမာ ပြုစုလေ၏။ နောင်တွင် ကျွန်ုပ်တို့ နှစ်ဦးသည် တကယ့်သားအမိအရင်းအခြာများပမာ ရင်းနှီခင်မင်သွားလေတော့၏။ ကျွန်ုပ်သည် သူ့အား အမိုးဟုခေါ်လေ၏။

အမိုး၏ကျေးဇူးကြောင့် ကျွန်ုပ်သည် ထူထူထောင်ထောင် ပြန်ဖြစ်လာလေ၏။ နလန်ပြန်ထလာ၏။ လမ်းလျှောက်နိုင်လာ၏။ သို့သော် ကျွန်ုပ်တွင် ချောင်းဆိုးရောဂါတစ်ခုသည် ကျန်ခဲ့လေ၏။ ထိုချေင်းဆိုးရောဂါသည် မည်သည့်ဆေးကိုသောက်သောက် မပျောက်ပဲ ရှိနေလေ၏။ ထိုချောင်းဆိုးသော ဝေဒနာသည် ကျွန်ုပ်အား လွန်စွာနှိပ်စက်လေ၏။ ရိုးရိုးချောင်းဆိုးခြင်းနှင့် မတူပဲ ချောင်းခြောက်ကြီးဆိုးသည်ဖြစ်ရာ ကျွန်ုပ်သည် နေ့မအိပ်နိုင်ညမအိပ်နိုင် ဖြစ်နေသောကြောင့် လွန်စွာပင်ပန်းဆင်းရဲစွာ နေရလေတော့၏။

ထိုအချိန်တွင် ကျွန်ုပ်၏ စိတ်၌ အော်... ငါ့ရဲ့ ရောဂါဟာ ဘာဆေးသောက်သောက် မပျောက်ဘူး ဖြစ်နေပါလား။ ဒီအတိုင်းနေလို့တော့ မဖြစ်ပေဘူး။ ငါတို့ သင်ထားတဲ့ ဗေဒင်ပညာမှာ ကျန်းမာရေးကောင်းအောင် ချေတဲ့ ယတြာတွေ ရှိတာပဲ။ ငါကလဲ ယောင်းမလိုလူပါလား။ နီးရက်နဲ့ ဝေးနေလိုက်တာ။ အဘ ငါတို့ကို သင်ပေးတဲ့ ပညာတွေထဲမှာ အင်္ဂ၀ိဇ္ဇာမှာ နေမကောင်းရင် ဓာတ်စာစားပြီး ကုတဲ့နည်းရှိနေတာပဲ။

အင်္ဂ၀ိဇ္ဇာမှာ အသက်ဓာတ်တိုင်နဲ့ အသက်ဓာတ်စာ ဆိုတာရှိတာပဲ။ အသက်ဓာတ်တိုင်ဆိုတာကလည်း ခက်တာမှ မဟုတ်တာ။ ရောက်တဲ့အသက်ကို (၇)နဲ့စားရင် ရတာပဲ။ အကြွင်းဟာ ဓာတ်တိုင်ဂြိုဟ်ပဲ။ အခု ငါ့အသက်က (၃၂)ဆိုတော့ (၇)နဲ့ စားလိုက်ရင် (၄) ကြွင်းတာပဲ။ (၄) ဆိုတော့ ဗုဒ္ဓဟူးပဲ။ အဲဒီတော့ (၄)ဆိုတဲ့ ဗုဒ္ဓဟူးဂြိုဟ်ဟာ ငါ့ရဲ့ ဓာတ်တိုင်ဂြိုဟ် ဖြစ်သလို ဓာတ်စာဂြိုဟ်လဲ ဖြစ်တယ်။ ငါ ဒီနှစ်ထဲမှာ နေမကောင်းဖြစ်ရင် ဗုဒ္ဓဟူးဂြိုဟ်ကို စားရမယ်။ ၀က်သားဟင်းဟာ ငါ့အတွက် ဓာတ်စာဟင်းပဲ။ လဘက်ရည်ဟာ ငါ့အတွက်ဓာတ်စာပဲ။ ရေနွေးကြမ်းလဲ ရတာပဲ။

စားရမယ့်နေ့ဟာ ဆပွတ်နေ့ဆိုတော့ (၆)ခုမြောက်နေ့ဆိုတော့ တနင်္လာရဲ့ ဆပွတ်နေ့ဟာ စနေနေ့ပဲ။ အဲဒီတော့ စနေနေ့မှာ ငါ ၀က်သားဟင်းနဲ့ ထမင်းတစ်နေ့ကုန်စားမယ်။ လဘက်ရည် သောက်မယ်။ ရေနွေးကြမ်း သောက်မယ်။ စားရမယ့်အခါက ပဉ္စပွတ်အခါဆိုတော့ တနင်္လာရဲ့ ပဉ္စပွတ်အခါဟာ သောကြာပဲ။ သောကြာအခါမှာ ဓာတ်စာတွေ ဖိစားလိုက်ရင် ငါ့ရဲ့ ချေင်းဆိုးတဲ့ရေ၈ါဟာ သေချာပေါက် ပျောက်ကိုပျောက်သွားစေမယ်ဟုတွေး၍ စနေနေ့သို့ ရောက်သောအခါတွင် အမိုးအား ၀က်သားဟင်းကို ချက်ခိုင်း၍ စား၏။ လဘက်ရည်ကို သောက်၏။ ရေနွေးကြမ်းများကိုလည်း တစ်နေ့ကုန် တစ်ခွက်ပြီးတစ်ခွက် သောက်၏။ နောက်တစ်နေ့ မိုးလင်းသောအခါတွင် ကျွန်ုပ်အားလွန်စွာ နှိပ်စက်သော ချောင်းဆိုးရောဂါသည် ကျွန်ုပ်ထံမှ အပြီးအပိုင် ထွက်ပြေးလေတော့၏။

ကျွန်ုပ်၏ မိတ်ဆွေများခင်ဗျား အောက်တွင်ဖော်ပြပေးလိုက်သော ဇယားလေးကို သင်၏ မှတ်စုစာအုပ်ထဲတွင် တစ်ချက်လောက် ကူးယူသိမ်းထားလိုက်ပါ။ တစ်နေ့နေ့တစ်ချိန်ချိန်တွင် သင့်အတွက်သော်၎င်း ၊ သင်၏ မိတ်ဆွေ ဆွေမျိုးများအတွက်သော်၎င်း နေမကောင်းဖြစ်နေပါက ဤဓာတ်စာ စားသောနည်းကလေးသည် များစွာ အကျိုးပြုပေလိမ့်မည်။




အော်... တစ်ခုမေ့တော့မလို့။ ပဉ္စပွတ်အခါ ဆိုတာလေးနော်။

တနင်္ဂနွေ၏ ပဉ္စပွတ်အခါမှာ တနင်္ဂနွေနေ့ (၁း၃၀) မှ (၃း၀၀)အတွင်း။
တနင်္လာ၏ ပဉ္စပွတ်အခါမှာ တနင်္လာနေ့ (၁း၃၀) မှ (၃း၀၀)အတွင်း။
အင်္ဂါ၏ ပဉ္စပွတ်အခါမှာ အင်္ဂါနေ့ (၁း၃၀) မှ (၃း၀၀)အတွင်း။
ဗုဒ္ဓဟူး၏ ပဉ္စပွတ်အခါမှာ ဗုဒ္ဓဟူးနေ့ (၁း၃၀) မှ (၃း၀၀)အတွင်း။
ကြာသပတေး၏ ပဉ္စပွတ်အခါမှာ ကြာသပတေးနေ့ (၁း၃၀) မှ (၃း၀၀)အတွင်း။
သောကြာ၏ ပဉ္စပွတ်အခါမှာ သောကြာနေ့ (၁း၃၀) မှ (၃း၀၀)အတွင်း။
စနေ၏ ပဉ္စပွတ်အခါမှာ စနေနေ့ (၁း၃၀) မှ (၃း၀၀)အတွင်း။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဆရာဟိန်းတင့်ဇော်

Sunday, November 28, 2010

နိုင်ငံခြားမှာလည်း ယတြာက စွမ်းတာပဲ...

ရာထူးတိုးစေသောယတြာ

ကျွန်တော်နေတဲ့ ရပ်ကွက်ကလေးကို နေ၀စ်လို့ခေါ်တယ်။ ထိုင်းလူမျိုးတွေ ခေါ်တာကတော့ တစ်မျိုးပေါ့။ ကျွန်တော်တို့ကတော့ ထုံးစံအတိုင်း ငပိသံလေးနဲ့ ခေါ်လိုက်တာနေ၀စ်ပေါ့။ တစ်ချို့ကလည်း နေ၀က်တဲ။ တစ်ချို့ ကြပြန်တော့ နေ၀ပ်တဲ့။ နေ၀စ်ပဲပြောပြော နေ၀က်ပဲဆိုဆို နေ၀ပ်လို့ပဲခေါ်ခေါ် ထိုင်းလူမျိုးတွေကတော့ မဟာချိုင်နေ၀စ်လို့ ပြောလိုက်ရင်နားလည်နေပါပြီ။

နောက်တစ်ခု ပြောရဦးမယ်။ ဘာလဲဆိုတော့ ထိုင်းနိုင်ငံကိုရောက်နေတဲ့ ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ နာမည်ပေးကတော့ အရမ်းမြန်ကြတာပဲ။ အရမ်းလဲ တော်ကြတယ်နော်။ ဥပမာ ကြက်တွေများကြီးရှိတဲ့ ဘုရားကို တောင်ပြုန်းတဲ့။ တောင်ပြုန်းသွားမယ်။ လိုက်မလားတဲ့။ ပန်းရောင်းတိုက်မှာနေတဲ့ လူတွေက ဘယ်မှာနေလဲဆိုရင် နေ၀စ်ပန်းရောင်တိုက်တဲ့။ တိုက်အ၀ါရောင်မှာ နေတဲ့လူတွေက အ၀ါတိုက်တဲ့။ ကျွန်တော်နေတဲ့ တိုက်ကိုကျတော့ ဗေဒင်ဆရာတိုက်တဲ့။ အဲလို သူတို့က သူတို့နားလည်သလိုမျိုး နာမည်ပေးပြီး ခေါ်ကြတာ။ အစတုန်းကတော့ ထိုင်းလူမျိုးတွေက ဘယ်သိမလဲ။ နောက်တော့လဲ အမယ် သူတို့ကတောင် ကျွန်တော်တို့ မြန်မာတွေခေါ်သလိုမျိုး လိုက်ခေါ်နေကြလေရဲ့။ ကျွန်တော်တို့ ရွှေမြန်မာတွေက အဲဒီလောက်တော်တာ။

ကျွန်တော်တို့တွေကိုကြတော့ သူတို့တွေက ဖမတဲ့။ သူများတွေ ပြောသလို ဖာမဖာမဆိုတာတော့ မဟုတ်ပါဘူး။ ကျွန်တော့်စိတ်ထင် အရင်တုန်းက ဘားမားကနေ ဖမဖြစ်သွားတယ်ထင်တာပဲ။ လူမျိုးရေး နှိမ့်ချတာတွေကတော့ ဟိုးအရင်တုန်းကလောက်တော့ မဆိုးတော့ပါဘူး။ ရှိတာတော့ ရှိသေးတာပေါ့။ ကျွန်တော်တို့ မြန်မာလူမျိုးတွေ အကြောင်းတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ သူတို့က ကောင်းကောင်းသိတယ်။ အမေစုလွတ်တဲ့ နေ့တုန်းက သူတို့ကလည်း တီဗီကြည့်ရင်း ဘာမဆိုင်ညာမဆိုင် ကျွန်တော်တို့နဲ့အတူ လိုက်ပျော်နေကြတာ။

ကျွန်တော်နေတဲ့ပတ်ဝန်းကျင်က ကျွန်တော့်ကို မော် လို့သိကြတယ်။ မော်ဆိုတာကတော့ ထိုင်းလိုပေါ့။ မြန်မာလိုပြောရင်တော့ ဆရာလို့ အဓိပ္ပါယ်ရတယ်ထင်တာပဲ။ ဆရာဝန်ကိုလဲ မော်ပဲ။ ကျောင်းဆရာကိုလည်း မော်လို့ပဲ ခေါ်ကြတာပဲ။ ကျွန်တော်ကိုတော့ သူတို့ထိုင်းလူမျိုးတွေရဲ့ စကားနဲ့ပြောရရင် မော်ဒူ တဲ့။ မော်ဆိုတာကတော့ ဆရာပေါ့။ ဒူ ဆိုတာကြတော့ ကြည့်တာဆိုတော့ ။ ပေါင်းလိုက်ရင် ကြည့်တဲ့ ဆရာပေါ့ဗျာ။

အဲ... တစ်နေ့မှာ ကျွန်တော်ဆီကို ထိုင်းအမျိုးသမီးတစ်ဦး ရောက်ရှိလာတယ်။ သူက ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တယ်။ ကျွန်တော့်ကို သူမေးတဲ့မေးခွန်းက အကုန်လုံးပေါင်းလိုက်ရင် (၃)ခု။ ပထမဆုံးမေးတာက သူ့ကို ယောင်္ကျားတွေကြိုက်လားတဲ့။ သူမှာလဲ ယောင်္ကျားရှိတယ်နော်။ ဒါပေမယ့် ထိုင်းလူမျိုး မိန်းကလေးတွေက သူတို့ကို ယောက်ျားလေးတွေ ကြိုက်တာကို သူတို့က အရမ်းသဘောကျတာ။ ဂုဏ်ယူတာ။ အလှအပကိုလည်း အရမ်းဂရုစိုက်တယ်။ ကိုယ့်ကိုယ်ကိုလည်း အရမ်း ဂရုစိုက်တယ်။ အသက်က (၅၀) လောက်ရှိနေပြီ မထင်ရဘူး။ မသိရင် (၃၀)ကျော်ပဲထင်ရတယ်။ ပြင်တာဆင်တာရယ် နောက်ပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်တာရယ်ကြောင့်ပဲ ထင်တာပဲ။

သူတို့ကိုကြည့်လိုက်ရင် အမြဲတမ်းတက်ကြွ လန်ဆန်းနေတယ်။ ကျန်းမာရေးလည်း သူတို့တွေ လိုက်စားကြတယ်။ ညနေဆို ရပ်ကွက်တော်တော်များမှာ အမျိုးသမီးတွေ စုပြီး မြူးဇစ်ဖွင့်ပြီး ကကြပြီ။ ရှေ့မှာတော့ ခုံတစ်လုံးပေါ်မှာ နည်းပြတစ်ယောက်ရှိတယ်။ သူတို့က နောက်ကနေ လိုက်ကကြပေါ့။ ချွေးတစ်လုံးလုံးနဲ့။ လှချင်လို့ က-တယ်ပဲ ပြောပြော ကောင်းပါတယ်။ အမောတော့ တော်တော်ခံနိုင်တယ်နော်။ နှစ်နာရီလောက် နမ်းစတော့ က-တာ။

နောက်မေးခွန်းတစ်ခုက ကလေးတွေက သူ့အပေါ်ကောင်းမှာလားတဲ့။ သူ့သား သမီးအပေါ်မှာ သူ့ရဲ့ မျော်လင့်ချက်။

နောက်ဆုံးတစ်ခု သူမေးတာက လက်ရှိသူအလုပ်လုပ်နေတဲ့ ကုမ္ပဏီမှာ သူရာထူးတက်ကိန်းရှိလားတဲ့။ နောက်ပြီးသူက ရာထူးလည်းအရမ်းတက်ချင်တယ်။ အဲဒါ အဆောင်လေး ယတြာလေးလဲ ဆောင်ရွက်ချင်တယ်လို့ ပြောတယ်။

ကျွန်တော်က အမှန်အတိုင်းပြောရရင် ရာထူးတက်ဖို့ကိစ္စတွေနဲ့ ပတ်သက်လာရင် အကျာ်အကြားယတြာဆိုတာ ကို ကျွန်တော်က သိပ်အားကိုးတာ။ မြန်မာပြည်မှာ နေတုန်းကဆိုရင် အစိုးရ၀န်ထမ်းပဲဖြစ်ဖြစ် ကုမ္ပဏီဝန်ထမ်း ပဲဖြစ်ဖြစ် ရာထူးတိုးလို့ ဆိုလိုက်တာနဲ့ ကျွန်တော်က အဲဒီ အကျော်အကြားယတြာကိုပဲ ပေးခဲ့တာ။ လူတိုင်းလည်း အဆင်ပြေကြတာများတယ်။ အခု ထိုင်းမှာဆိုတော့ အဆင်မပြေမှာကို စိုးရိမ်တယ်။ အဆင်မပြေမှာဆိုတာက တစ်ခြားဟာမဟုတ်ဘူး။ အကျော်တွေ လိုသလောက်ဝယ်လို့မရမှာကိုပဲ စိုးရိမ်တာ။

နောက်တော့ ကျွန်တော်က တစ်ခုစဉ်းစားမိသွားတယ်။ အဲဒါက ဘာလဲဆိုတော့ ကျွန်တော်နဲ့သိတဲ့ အကျော်သည်တစ်ယောက်ရှိတယ်။ သူ့ဆီမှာ ကျွန်တော်က သူ့ကို အော်ဒါမှာပေးလိုက်တယ်။ အဆင်ပြေပါတယ်။ အဲဒီတော့ သူ့မွေးနေ့နံက်မှာ အကျော်လေးပါးပွဲကို တန်ခိုးကြီးဘုရား တစ်ဆူမှာ သွားလှူခိုင်းလိုက်တယ်။ ပြီးတော့ သူ့ကို ခေါင်းလောင်းထိုးပြီး ဆုတောင်းမေတ္တာပို့ ခိုင်းလိုက်တယ်။

အကြော်လေးပါးပွဲဆိုတာ လင်ဗန်းတစ်ချပ်ထဲမှာ အလယ်မှာ သောက်တော်ရေခွက် တစ်ခွက်ထည့်။ ဘေးကနေ ကြက်သွန်ကျော်(၄)ခု၊ ငှက်ပျောကြော် (၄)ခု၊ ဗူးသီးကျော် (၄)ခု၊ ဗယာကျော် (၄)ခု ထည့်ရတယ်။ ပြီးတော့ တန်ခိုးကြီးဘုရားမှာ သွားလှူခိုင်းလိုက်တယ်။ အိမ်ဘုရားမှာလဲလှူလို့ရပါတယ်။ ထိုင်းမှာက အိမ်တော်တော်များများမှာ ဘုရားစင်မရှိလို့။ ပြီးတော့ နောက်ဆုံးတစ်ခုက အမျိုးသားတွေဆိုရင် ကြေးစည်င်္တး အမျှေ၀၇တယ်။ အမျိုးသမီးတွေဆို၇င် ခေါင်းလောင်းထိုး အမျှဝေရတယ်။ ဒီယတြာကို အကျော်အကြားယတြာ လို့ ခေါ်ပါတယ်။ ရာထူးတိုးကိစ္စတွေဆိုရင် ရဲရဲကြီး အားကိုးလိုက်စမ်းပါ။

ထိုင်းလူမျိုး အမျိုးသမီးကတော့ ကုမ္ပဏီမှာ ရာထူးအမှန်အကန် တက်သွားခဲ့ပါတယ်။ ကျွန်တော် စဉ်းစားမိတာက အော်.... ဒို့မြန်မာ့ရိုးရာ ယတြာတွေဟာ နိုင်ငံခြားမှာတောင် စွမ်းပါလားလို့..........

သင်တို့၏အကျိုးကို ထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်

ဘယ်လိုမှ ရောင်းမထွက်တဲမြေကွက်

အဲဒီတုန်းက ကျွန်တော်က အဘမင်းသိင်္ခ၏ မှော်ဘီမရမ်းတလင်း အယူတော်မင်္ဂလာခြံကနေ ခေတ္တခဏ ခွင့်ယူပြီး ဇာတိသို့ ပြန်လာတဲ့ အချိန်ဖြစ်ပါတယ်။ ကျွန်တော်ရဲ့ မိဘတွေကနဲ့ မတွေ့ရတာ သုံးနှစ်လောက်တောင် ရှိပြီဆို တော့ မိဘတွေကို လွမ်းတာက တကြောင်း နောက်ပြီး ကျွန်တော်တို့ မြန်အောင်မြို့မှာ ဦးအောင်ဇေယျ တည်ထားခဲ့ တဲ့ ရွှေဘုံသာဘုရားမှာ အဓိဋ္ဌာန်ဝင်ချင်တာကတကြောင်းနဲ့ ကျွန်တော်ရဲ့ဇာတိသို့ ပြန်လာခဲ့ပါတယ်။

အဲဒီတုန်းက အဘဆရာကြီး မင်းသိင်္ခပေးတဲ့ အဓိဋ္ဌာန်က တော်တော်လေးကြီး ပါတယ်။ ရက်ကတော့ (၄၉) ရက် ၀င်ရတယ်။ တစ်နေ့တစ်နေ့ကို အဓိဋ္ဌာန် ပုတီးစိပ်ရတာကိုက အချိန်တော်တော်ပေးရတယ်။ မနက် (၅)နာရီ လောက်ကနေထပြီး ပုတီးစိပ်လိုက်တာ မနက်ပိုင်း(၈)လောက်မှ ပြီးတယ်။ ညနေဆိုရင်လည်း (ညနေ(၇)နာရီ လောက်ကစပြီး ပုတီးစိပ်တာ ည(၁၀)နာရီလောက်မှ ပြီးတယ်။ အဲဒီတော့ ကျွန်တော်က ဒီအဓိဋ္ဌာန်ကြီးကို ပြီးစီး အောင်မြင်ချင်တယ်။ နောက်တစ်ခုက ကျွန်တော် အဓိဋ္ဌာန်ဝင်နေတဲ့အချိန်မှာ ကျွန်တော်ရဲ့စားရေးသောက်ရေး ကလည်း ရှိသေးတယ်ဆိုတော့ အကောင်းဆုံးက ဇာတိကိုပြန်တာပဲ ကောင်းမယ်ပေါ့။

ကိုယ်ဇာတိဆိုတော့ ကိုရဲ့ဆွေမျိုးသားချင်းတွေက ကိုယ့်ကို ဘယ်လိုပဲဖြစ်ဖြစ် ထောက်ပံ့မှာပဲဆိုတဲ့ အတွေးနဲ့ ပြန်လာခဲ့တာ။ ဆွေမျိုးတွေဒီလောက်များတာ တစ်အိမ်ကိုထမင်းတစ်နပ် စားရင်တောင် (၄၉)ရက်လောက် ကတော့ အေးအေးဆေးပဲပေါ့။ ဒါက ကျွန်တော်ရဲ့ စိတ်ကူးပါ။ အဲ... ရွာရောက်တော့ ကျွန်တော့်ကို ဘယ်သူမှ ကောင်းချီးမပေးကြဘူး။ မချီးမွမ်းတဲ့အပြင်း ၀ိုင်းပြီးတော့တောင် ကဲ့ရဲ့ကြသေးတယ်။

သူတို့ပြောတာက “ မိုးညိုရယ်... နင် အဲဒီလို ပုတီးလိုလိုဘာလိုလိုတွေ လုပ်နေမယ့်အစား ကိုယ့်အိမ်က လယ်ထဲမှာ အဖေနဲ့ဝိုင်းလုပ်တာကမှ ကောင်းအုန်းမယ်တဲ့။ အခုတော့ အရည်မရအဖတ်မရနဲ့တဲ့။ ဆံပင်ကလည်း အရှည်နဲ့ ၊ လမ်းသရဲပုံ ပေါက်နေတာပဲ။ နင်ပုံက ဘာပုံလဲတဲ့။ ပြီးတော့လည်း ပြောရဦးမယ်။ ပြီးခဲ့တဲ့ သုံးလေးနှစ် ဘယ်ပျောက်နေတာလဲ။ အိမ်ကိုလည်း ပိုက်ဆံတစ်ပြားမှ ပို့ပေးဖော်မရဘူး။ အဲဒီတော့ ရှင်းရှင်းပဲ ပြောမယ်။ နင့်ကို ထမင်းလဲ မကြွေးနိုင်ဘူး ပိုက်ဆံ တစ်ပြားမှမရှိပဲ ပုတီးယောင်ယောင် ဘာယောင်ယောင်လုပ်နေတဲ့ နင့်အလုပ်ကိုလဲ မထောက်ခံနိုင်ဘူးလို့ ပြောကြတယ်။ ကျွန်တော်ရဲ့ အဖေနဲ့အမေကတော့ ဘာမှအပြစ်မပြော ကြဘူး။ ပြုံးပြီး ကြည့်နေတယ်။

အဲဒီတော့ ကျွန်တော်ကလည်း အဘမင်းသိင်္ခ တပည့်ပီပီ ကြီးကြီးကျယ်ကျယ် ပြန်ပြောလိုက်တယ်။ ဟ... ငါက အခု ပညာသွားသင်နေတာ။ အခုလောလောဆယ်တော့ မိုးညိုဆိုတဲ့ ကောင်ဟာ ဘာမှ မဖြစ်သေးတာ။ တစ်နေ့နေ့တော့ နင်တို့ အားလုံးကို ထောက်ပံ့နိုင်တဲ့လူ ဖြစ်လာစေရမယ်။ စောင့်ကြည့်နေ။ အခု ငါလုပ်နေတဲ့ ပုတီးစိပ်နေတဲ့အလုပ်ဟာ နင်တို့တွေကိုထောက်ပံ့ဖို့အတွက် လုပ်နေတာ။ တစ်နေ့မှာ နင်တို့အားလုံးကို အိမ်ပေါ်တင်ကျွေးထားမယ်ဟု ကြီးကြီးကျယ်ကျယ် ပြန်ပြောလိုက်လေ၏။ (မှတ်ချက်- ထိုကဲသို့ ကြီးကြီးကျယ်ကျယ် ပြောချင်မှာ မိမိပြောသောစကားကို မိမိလိုက်လုပ်အောင် မိမိကိုယ်ကို မိမိ စကား နှင့် ချဉ်သောနည်းဖြစ်ပါသည်။ ထိုနည်းမှာ အဘမင်းသိင်္ခ၏ နည်းဖြစ်ပါသည်၊ ထိုနည်းကို ရုပ်ရှင်မင်းသားကြီး ဦးကျော်ဟိန်းလဲ အသုံးပြုခဲ့ပါသည်။)

နောက်ဆုံးတော့ကျွန်တော် မြန်အောင်မှာ အဓိဋ္ဌာန်ဝင်ဖြစ်ပါတယ်။ နေ့လည်ဘက် အားတဲ့အချိန်လေးတွေဆို ရင်တော့ လာတဲ့ဧည်သည်တွေကို ဗေဒင်ဟာပေးပါတယ်။ ကျွန်တော်ဆီမှာ ဗေဒင်လာမေးတဲ့ လူတွေထဲမှာ ကိုမြကြီးဆိုတဲ့ လူတစ်ယောက်လာတယ်။ သူက သူ့ရဲ့မြေကွက်ကို ရောင်းချင်တာ။ ဘယ်လိုမှ ရောင်းမထွက်ဘူး ဖြစ်နေတယ်။ ဆရာက ယတြာလုပ်ပေးပါတဲ့။

မြေကွက်အမြန်ရောင်းထွက်စေသောယတြာ

သင်ရောင်းချင်သော မြေကွက်ထဲမှာ မာလကာပင်တစ်ပင် စိုက်လိုက်ပါ။ ပြီးတော့ အဲဒီ မာလကာပင်ကို ရွံ့ရေ လောင်းပြီး မြေကွက်အမြန် ရောင်းထွက်စေကြောင်း ဆုတောင်းပါ။

ကျွန်တော်က အပေါ်ကယတြာကို ပေးလိုက်တယ်။ ကျွန်တော်ရဲ့ အဓိဋ္ဌာန် (၄၉)ရက်မပြည့်ခင် ကိုမြကြီးရဲ မြေကွက် ရောင်းထွက်သွားခဲ့တယ်။ ကျွန်တော်လဲ အဓိဋ္ဌာန်ရဲ့ ကျန်တဲ့ရက်တွေမှာ မပူမပင်မကြောင့်မကျ အဓိဋ္ဌာန် ၀င်နိုင်ခဲ့ပါတယ်။ ကိုမြကြီးရဲ့ ကျေးဇူးပါ။ မြန်အောင်က ကိုမြကြီးရေ... ဒီနေရာလေးကနေ ကျေးဇူးတင် စကားပြောလိုက်ပါတယ်။


သင်တို့၏အကျိုးကို ထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်

ခြေငြိမ်စေသောယတြာများ

တစ်နေ့သ၌ ကျွန်ုပ်၏ ဗေဒင်လက္ခဏာဟောခန်း အတွင်းသို့ အသက်အရွယ်အားဖြင့် (၄၅)နှစ်ခန့် ရှိသော ကျွန်ုပ်နှင့် သားအမိ အရင်းအခြာပမာ ရင်းနှီးခင်မင်သော ဒေါ်အေးသာဟု အမည်ရသော အမျိုးသမီးကြီးတစ် ဦး ရောက်ရှိလာလေ၏။ ထိုဒေါ်အေးသာနှင့်အတူ သူနှင့်သက်တူ ရွယ်တူ အမျိုးသမီးကြီး တစ်ဦးလည်း အတူ ပါလာလေ၏။ ကျွန်ုပ်နှင့် ဒေါ်အေးသာသည် လွန်စွာရင်းနှီးခင်မင်ရကား ကျွန်ုပ်ကို ဆရာဟူ၍ မခေါ်ပဲ သားဟူ၍ ပင် ဒေါ်အေးသာက ခေါ်လေ၏။ ကျွန်ုပ်ကလည်း ဒေါ်အေးသာအား အမေဟူ၍ပင် ရင်းနှီးချစ်ခင်စွာ ခေါ်လေ၏။ ဒေါ်အေးသာတို့ နှစ်ယောက်သည် ကျွန်ုပ်၏ အခန်းထဲတွင် ခေတ္တခဏမျှ ထိုင်နားနေပြီးမှ ကျွန်ုပ်အား အောက်ပါအတိုင်း ပြောပြလေတော့၏။


ဒီလိုပါသားရယ်။ အခုလာတဲ့ ကိစ္စက အမေ့သူငယ်ချင်းရဲ့ ကိစ္စနဲ့ လာခဲ့တာပါ။ သူနာမည်က ဒေါ်စနေမတဲ့။ စနေမဆိုတဲ့အတိုင်း သူဖြစ်နေတာတွေကလည်း အပူတွေချဉ်းပဲ။ အဲဒါ သားက ဗေဒင်လေးဘာလေးလည်း တွက်ချက်ကြည့်ပေးဖို့ရယ်၊ နောက်သူ့ရဲ့ အခက်အခဲတွေ ပြေပြောက်စေမယ့် ယတြာလည်း ဆောင်ရွက်ပေး လို့ရအောင် ခေါ်လာခဲ့တာပါပဲဟု ပြောလေ၏။


ကျွန်ုပ်လည်း ဒေါ်စနေမအား အရင်ဆုံး ဗေဒင်တွက်ကြည့်ပေး၏။ ထို့နောက် ယခုနှစ်ပိုင်းအရရော ဘ၀တစ်သက်စာ အတွက်ပါ ဆောင်ရန် ရှောင်ရန်များကိုပါ တွက်၍ ဟောပေးပြီးနောက် ကဲ... ဒေါ်စနေမရေ ကျွန်တော် ဘာကူညီပေးရမလဲ။ ကျွန်တော်ကို ပွင့်ပွင့်လင်းလင်း ပြောပါဟု ပြောလိုက်၏။


အဓိကကတော့ ကျွန်မရဲ့ ယောင်္ကျားနဲ့ သားသမီးတွေ အခုတလော အိမ်ကို ကပ်တယ်ကို မရှိဘူးဆရာလေး။ အိမ်မကပ်တော့ ကျွန်မက စိတ်တိုင်းမကျဖြစ်။ စိတ်တိုင်းမကျတော့ ကျွန်မက အော်တော့တာပေါ့။ ကျွန်မက အော်တော့ ဒင်းတို့က နားပူတယ်ဆိုပြီး အိမ်မှာ မနေချင်ကြပြန်ဘူး။ အဲဒီတော့ ဆရာရယ် ကျွန်မဖြစ်ချင်တာက ကျွန်မ ယောက်ျားနဲ့ ကလေးတွေ အိမ်ကပ်စေချင်တယ်။ အိမ်မြဲစေချင်တယ်။ ခြေမများ စေချင်ဘူး။ အဲဒါကို ကူညီပေးပါဟု ပြောလေ၏။


အင်း... အဲဒီအတွက်တော့ စိတ်မပူပါနဲ့အဒေါ်ရေ။ ကျွန်တော် အခုပြောလိုက်တဲ့ ယတြာကိုသာ ဆောင်ရွက်လိုက်ပါ။ လင်ရော သားသမီးတွေရော တစ်ယောက်မကျန် အဒေါ်စကားတွေကိုလည်း နားထောင်သွားမယ်။ နောက်ပြီး အိမ်မှာလဲ ကပ်နေစေတယ်။ ခြေလည်း ငြိမ်သွားမယ် အဒေါ်ရေဟု ဆိုကာ အောက်ပါ (၇)ရက်သားသမီး ခြေငြိမ်စေသော အိမ်မြဲစေသော ယတြာများကို ပြောပြလိုက်ရလေတော့ သတည်း။


တနင်္ဂနွေသားသမီးများခြေငြိမ်စေရန်...


တနင်္ဂနွေနေ့ နံနက်(၇)နာရီခွဲကနေ (၉)နာရီအတွင်းမှာ အနောက်အရပ်တည့်တည့်ကို မျက်နှာမူရမယ်။ ပြီးတော့ သပြေရွက်ကိုနင်းထားပြီး ၊ ထန်းရွက်ပေါ်မှာ (န) အက္ခရာကို ရေးရမယ်။ ပြီးရင် အဲဒီ (န)အက္ခရာ ရေးထားတဲ့ ထန်းရွက်ကို တနင်္ဂနွေသားသမီးရဲ့ အိပ်ယာအောက်မှာ ထားရမယ်။ ထားတဲ့အချိန်မှာ ကိုယ်ဖြစ် ချင်တာကို ဆုတောင်းပေးရမယ်။


တနင်္လာသားသမီးများခြေငြိမ်စေရန်...


တနင်္လာနေ့ နံနက်(၇)နာရီခွဲကနေ (၉)နာရီအတွင်းမှာ မြောက်အရပ်တည့်တည့်ကို မျက်နှာမူရမယ်။ ပြီးတော့ နှင်းဆီပန်းကိုနင်းထားပြီး ၊ အုန်းရွက်ပေါ်မှာ (အ) အက္ခရာကို ရေးရမယ်။ ပြီးရင် အဲဒီ (အ)အက္ခရာ ရေးထားတဲ့ အုန်းရွက်ကို တနင်္လာသားသမီးရဲ့ အိပ်ယာအောက်မှာ ထားရမယ်။ ထားတဲ့အချိန်မှာ ကိုယ်ဖြစ် ချင်တာကို ဆုတောင်းပေးရမယ်။


အင်္ဂါသားသမီးများခြေငြိမ်စေရန်...


အင်္ဂါနေ့ နံနက်(၇)နာရီခွဲကနေ (၉)နာရီအတွင်းမှာ အနောက်တောင် အရပ်တည့်တည့်ကို မျက်နှာမူရမယ်။ ပြီးတော့ အုန်းရွက်ကိုနင်းထားပြီး ၊ ကွမ်းရွက်ပေါ်မှာ (က) အက္ခရာကို ရေးရမယ်။ ပြီးရင် အဲဒီ (က)အက္ခရာ ရေးထားတဲ့ ကွမ်းးရွက်ကို အင်္ဂွါသားသမီးရဲ့ အိပ်ယာအောက်မှာ ထားရမယ်။ ထားတဲ့အချိန်မှာ ကိုယ်ဖြစ် ချင်တာကို ဆုတောင်းပေးရမယ်။


ဗုဒ္ဓဟူးသားသမီးများခြေငြိမ်စေရန်...


ဗုဒ္ဓဟူးနေ့ နံနက်(၇)နာရီခွဲကနေ (၉)နာရီအတွင်းမှာ အရှေ့မြောက် အရပ်တည့်တည့်ကို မျက်နှာမူရမယ်။ ပြီးတော့ ကံ့ကော်ရွက်ကို နင်းထားပြီး ၊ ဇီးရွက်ပေါ်မှာ (ဆ) အက္ခရာကို ရေးရမယ်။ ပြီးရင် အဲဒီ (ဆ)အက္ခရာ ရေးထားတဲ့ ဇီးရွက်ကို ဗုဒ္ဓဟူးသားသမီးရဲ့ အိပ်ယာအောက်မှာ ထားရမယ်။ ထားတဲ့အချိန်မှာ ကိုယ်ဖြစ် ချင်တာကို ဆုတောင်းပေးရမယ်။


ကြာသပတေးသားသမီးများခြေငြိမ်စေရန်...


ကြာသပတေးနေ့ နံနက်(၇)နာရီခွဲကနေ (၉)နာရီအတွင်းမှာ အရှေ့အရပ်တည့်တည့်ကို မျက်နှာမူရမယ်။ ပြီးတော့ ဇီးရွက်ကိုနင်းထားပြီး ၊ ၀ါးရွက်ပေါ်မှာ (လ) အက္ခရာကို ရေးရမယ်။ ပြီးရင် အဲဒီ (လ)အက္ခရာ ရေးထားတဲ့ ၀ါးရွက်ကို ကြာသပတေးသားသမီးရဲ့ အိပ်ယာအောက်မှာ ထားရမယ်။ ထားတဲ့အချိန်မှာ ကိုယ်ဖြစ် ချင်တာကို ဆုတောင်းပေးရမယ်။


စနေသားသမီးများခြေငြိမ်စေရန်...


စနေနေ့ နံနက်(၇)နာရီခွဲကနေ (၉)နာရီအတွင်းမှာ တောင်အရပ်တည့်တည့်ကို မျက်နှာမူရမယ်။ ပြီးတော့ မေမြို့ ပန်းကို နင်းထားပြီး ၊ သီဟိုဠ်ရွက်ပေါ်မှာ (သ) အက္ခရာကို ရေးရမယ်။ ပြီးရင် အဲဒီ (သ)အက္ခရာ ရေးထားတဲ့ သီဟိုဠ်ရွက်ကို စနေသားသမီးရဲ့ အိပ်ယာအောက်မှာ ထားရမယ်။ ထားတဲ့အချိန်မှာ ကိုယ်ဖြစ် ချင်တာကို ဆုတောင်းပေးရမယ်။

Saturday, November 27, 2010

ကိုယ့်နာမည်ကို ကိုယ်လေးစားရမယ် (မင်းသိင်္ခ)


စိတ်ပညာနဲ့ ပါတ်သက်တဲ့ လေ့ကျင့်ခန်းတစ်ခုကို ပြောပြရဦးမယ်။ အဲဒါက ဘာလည်းဆိုတော့ မိမိနာမည်ကို မိမိအလေးအနက်ထားရမယ်ကွ။ မိဘကပေးတဲ့ နာမည်ကိုလည်း ကိုယ့်ဟာကို နာမည် အသစ်တစ်ခု ပြောင်းပြီး ပေးပေါ့ကွာ။ ဒါပေမယ့် အဲဒီနာမည်ကိုတော့ အလေးအနက်ထားရမယ်။ ကိုယ့်နာမည် မဟုတ်လား ”

အဲဒီလို လုပ်လို တော်ပါမလားဗျာ။ နာမည်ရင်းကို ဖျောက်ပြီး နာမည်သစ်ပေးတယ်ဆိုတာ လုပ်ကောင်းရဲ့လား”

လုပ်ကေင်းတဲ့ ဟိုဘက်တောင် လွန်နေသေးတယ်။ မင်းကို တစ်ခုပြောပြမယ်။ ငါတို့ တိုင်းပြည် လွတ်လတ်ရေးရ အောင် ကြိုးစားခဲ့တဲ့ ရဲဘော်သုံးကျိတ်ဟာ နာမည်ရင်းနဲ့ တစ်ယောက်မှ မရှိဘူးကွ။ အကုန်လုံး နောက်ထပ်ပေးထားတဲ့ နာမည်တွေကြီးပဲ။ အဲဒီတော့ မူရင်းနာမည်ကို ကြိုက်ရင်လည်း မူရင်း နာမည်ထား။ မကြိုက်ရင်လဲ ရဲရဲဝံ့ဝံ့သာ ပြောင်းပစ်လိုက်။ ဒါပေမဲ့ အဲဒိ ပြောင်းပစ်တဲ့ နာမည်ကိုတော့ အလေးအနက်ထားရမယ်။ အဲဒိနာမည်ဟာ မင်းရဲ့ ဘ၀မှာ တိုးတက်ပြောင်းလဲအောင် လုပ်မယ့် နာမည်လို ခံယူရမယ် ”

ငယ်နာမည် - ထီးလှိုင်ရှင် ၊ ကြီးတော့ ကျန်စစ်သား။ ငယ်နာမည်- မောင်ခြတက်၊ ကြီးတော့ -ဘုရင့်နောင်။ ငယ်နာမည်- မောင်လွင်၊ ကြီးတော့- မင်းတုန်းမင်းတရား။ ငယ်နာမည်- မောင်ရစ်၊ ကြီးတော့ - မဟာဗန္ဓုလ။ ငယ်နာမည် - မောင်ထိန်လင်း၊ ကြီးတော့ - ဗိုလ်ချုပ်အောင်ဆန်း။ ငယ်နာမည် - မောင်မာ၊ ကြီးတော့- မာန်လည် ဆရာတော်။ ငယ်နာမည်- မောင်ထက်ခေါင်၊ ကြီးတော့- လယ်တီဆရာတော်။ အဲဒီ ဆရာတော်ကြီးတွေကတော့ ငယ်နာမည်ကို ဖျောက်ပြီး ပြောင်းတာ မဟုတ်ဘူးကွ။ သူတို့ရဲ့ ဘုန်းကံနဲ့ အလိုလို ပြောင်းလဲပြီး ခေါ်လာခဲ့ကြတာ။

အဲဒီတော့ မင်းအနေနဲ့ နာမည်ရင်းကို မကြိုက်လို့ ပြောင်းမယ်ဆိုရင်လည်း ပြောင်းနိုင်ခွင့်ရှိတဲ့ သဲလွန်စတွေကို ပြောပြတာပါကွာ။ သမိုင်းမှာလဲ အဲဒီလို နာမည် ပြောင်းသွားတာတွေ အများကြီးပဲ။ တစ်ချို့က တမင်တကာ ပြောင်းတာ။ တစ်ချို့က အလိုအလျှောက်ပြောင်းတာ၊ ငယ်နာမည်က ဗညားနွဲ့ကွာ၊ ဘုရင် ဖြစ်လာတော့ ရာဇာဓိ ရာဇ် လို့ ပြောင်းတယ်။ အဲဒိတော့ ပြောချင်တာက နာမည်ပြောင်းရမယ် မပြောင်းရဘူးဆိုတာက အဓိက မဟုတ်ဘူး။ ကိုယ့်နာမည်ကို အလေးအနက်ထားရမယ်။ ဂရုစိုက်ရမယ်ဆိုတာကို ပြောနေတာ။

အကယ်၍ သင်သည် မိမိ၏ အမည်ကို အသုံးမပြုလိုတော့ဘဲ နာမည် အသစ် ပေးလိုပါက ဒီနေရာတွင် အဘမင်းသိင်္ခ၏ နာမည်ပေးနည်းကို တင်ပြထားပါတယ်။ လေ့လာကြည့်ပါ။

အရေးကြီးတဲ့ အလုပ်ကို လုပ်မယ်ဆိုရင် နာမည်ဟောင်းကို စွန့်ပြီး နာမည်သစ်နဲ့ လုပ်တာ အကောင်းဆုံးပဲ။ ငါ့ဆီမှာ ရေထမ်းနေတဲ့ ဦးပုဆိုတဲ့ လူကြီးဟာ ရဟန်းဝတ်သွားတဲ့အခါ ဦးပုဆိုတဲ့ နာမည်ကို စွန့်ပြီး ဦးပညာဓိပ ဖြစ်သွားတယ်ကွ။ နာမည်ပြောင်းသွားသလို လူကလည်း အတော်ကြီး ပြောင်းလဲသွားတယ်။ အရင်က သူက ငါ့ကို ဆရာလို့ခေါ်တယ်။ အခုတော့ ငါက သူ့ကို ဆရာတော်လို့ ခေါ်ရတယ်။ သူ့ကို ငါက ကိုးကွယ်ရတယ်။ တောရကျောင်းတစ်ကျောင်းမှာ ဆရာတော်ကြီး ဖြစ်နေပြီ။

နာမည်ရင်းက ကိုကျော်ဒင်တဲ့။ ရဟန်းဝတ်တဲ့အခါမှာ ဦးကိတ္တိဖြစ်သွားတယ်.။ နောင်တော့ စွန်းလွန်းဆရာတော် ရယ်လို့ ဖြစ်လာတော့တာပဲ။ အဲဒီတော့ အရေးကြီးတဲ့ လုပ်ငန်းတွေ လုပ်တဲ့အခါမှာ နာမည်ရင်းကိုစွန့်ပြီး နာမည်ရင်းနဲ့ လုပ်ရတယ်ဆိုတာ ထင်ရှားပြီ မဟုတ်လား။ မျိုးချစ်တော်လှန်ရေး သမားတွေဟာ နာမည်ဟောင်းတွေ စွန့်ပြီး နာမည်သစ်တွေနဲ့ တိုင်းပြည်အတွက် ကြိုးပမ်းခဲ့ကြတယ်။ စာရေးဆရာတွေဟာ ရာခိုင်နှုန်း (၉၀)လောက် နာမည်ရင်းနဲ့ မရေးဘဲ ကလောင်နာမည်ဆိုပြီး သီးခြားနာမည် တစ်ခုယူပြီး ရေးသားလေ့ ရှိကြတယ်။

နောက်ငါတို့ ဂမ္ဘီရလမ်းမှာလဲ နာမည်ရင်းကို စွန့်ပြီး ဂမ္ဘီရအမည်ဆိုတာ မှည့်လေ့ရှိတယ်။ နာမည်ရင်းက မောင်အောင်၊ ဂမ္ဘီရအမည်က ဘိုးဘိုးအောင်။ နာမည်ရင်းက မင်းခေါင်။ ဂမ္ဘီရအမည်က - အောင်မင်းခေါင်။ နာမည်ရင်းက ဆရာဆိုင်၊ ဂမ္ဘီရအမည်က ဗောဓိပင်ဆရာဆိုင်။ နာမည်ရင်းက ဦးသြဘာသ၊ ဂမ္ဘီရအမည်က - ရက္ကန်းစင်တောင် ဆရာတော်။ အခုလောက် ပြောပြရရင် အရေးကြီးတဲ့ အောင်မြင်မှု့ကိုရဖို့ နာမည်သစ်တစ်လုံး ဒါမှမဟုတ် ဂမ္ဘီရအမည်တစ်လုံး ရွေးချယ်သင့်တယ်။

နာမည်သစ်ရှာပြီး ဘာဆက်လုပ်ရမလဲ

ငွေပြား၊ ကြေးပြား၊ သံပြား၊ သစ်သားပြား၊ ပလပ်စတစ်ပြား ကြိုက်တဲ့ အပြားတစ်ပြားပေါ်မှာ အဲဒီနာမည်သစ်ပေါ်မှာ အဲဒီနာမည်သစ်ကို ခမ်းခမ်းနားနားရေးပြီး ဘုရားစင်အောက် ဒါမှမဟုတ် ဧည့်ခန်းမှာ အကျအန ချိပ်ဆွဲရမယ်။ ပြီးတော့ နေ့စဉ် စိတ်ဓာတ်တိုးတက်ရာ တိုးတက်ကြောင်း လေ့ကျင့်တဲ့အခါတိုင်းမှာ မင်းဟာ အဲဒီနာမည်သစ်နဲ့ အောင်မြင်တိုးတက်နေပြီဆိုတာ စိတ်ထဲမှာ မြင်အောင် အာရုံပြုရမယ်။

ပြီးတော့ ငြိမ်ငြိမ်ကလေးထိုင်ပြီး မင်းရဲ့ နာမည်ကို တစ်စုံတစ်ယောက်က လှမ်းပြီး ခေါ်နေပြီ။ အဲဒီ တစ်စုံတစ်ယောက် ဆိုတာလဲ အမျိုးမျိုး ရှိတယ်။ ကောင်းကင်ဘုံနဲ့ တင်စားချင် တင်စား။ မနောမယဓာတ်ကြီးနဲ့ တင်စားချင်တင်စား။ သိဒ္ဓိဓာတ်ကြီးနဲ့ တင်စားချင်တင်စား ၊ ကိုယ်လေးစားတဲ့ ဘိုးတော်တို့ မယ်တော်တို့နဲ့ တင်စားချင်တင်စား တင်စားခွင့်ရှိတယ်။

သူက ချစ်ခင်ရင်းနှီးလို့ မင်းနာမည်ကို ခေါ်ပြီးရင် သူတို့က မင်းအတွက် ဘာဖြစ်ပါစေဆိုပြီး ဆုတောင်းပေးတာပဲ ဖြစ်ဖြစ် ၊ ကောင်းချီးပေးတာပဲ ဖြစ်ဖြစ် ဆက်ပြီး ပြောလိမ့်မယ်။ တစ်ခါတစ်လေ ဘယ်လို လုပ်လိုက်ပါလားလို့ ညွန်ကြားတာမျိုးတောင် ရှိတယ်။ အဲဒိတော့ ကိုယ်ကမှ ကိုယ်နာမည်ကို ကိုယ့်နာမည်ကို ဂရုမစိုက်ဘူးဆိုရင် သူတို့က ဘယ်ခေူမလဲ၊ ဘယ် ဂရုစိုက်မလဲ။ ဒါကြောင့် ကိုယ်နာမည်ကို သိဒ္ဓိဓာတ်ကြီးက ခေါ်တဲ့အသံကို ကြားရတဲ့အခါမှာ ကိုယ့်ဘ၀အတွက် အောင်မြင်တိုးတက်ဖို့ “ ဂရန်တီလက်မှတ်” ရပြီလို့ သဘောပေါက် လိုက်ပေတော့။ အဲဒီအသံဟာ အပြင်က အသံဖြစ်ဖို့ထက် မင်းကိုယ်ထဲမှာရှိတဲ့ ပါရမီ ရုပ်လွှာက လှမ်းပြီး ခေါ်လိုက် တဲ့ “ တိတ်ဆိပ်တဲ့ အသံ ” ( ဗွိုက်အော့ဖ်ဆိုင်းလင့်) VOICE OF SILENCE ” ဖြစ်ဖို့ များတယ်။ အသံတကာ အသံထဲမှာ ကျက်သရေမင်္ဂလာ အရှိဆုံး အသံဖြစ်တယ်။ အဲဒီအသံကို ကြားလိုက်ရတဲ့ အခါမှာ “ဖရဏာပီတိ၊ ဂွမ်းဆီထိ ” သလို ဆွတ်ပျံ့ကြည်နူးသွားလိမ့်မယ်။

အားလုံးကျေနပ်ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်

Friday, November 26, 2010

ချမ်းသာကြွယ်ဝ ချင်သူများ အတွက် မင်းသိင်္ခ၏ ဓနသိဒ္ဓိ ကျင့်စဉ်အပိုင်း(၇)

အပိုင်း (၁) (၂) (၃) (၄) (၅) (၆) ကို ဒီနေရာမှာ အရင် အေးအေးဆေးဆေး ဖတ်ပါ။

အဲဒီ တော့ အဲဒီအချိန်မှာ ဘာလုပ်ရမလဲဆိုတော့ အကောင်းဆုံးက ကျုပ်တို့ မြန်မာလူမျိုးတွေ ထုတ်လုပ်တဲ့ လျှပ်စားကို စား။ နောက်ပြီးတော့ နည်းနည်း ပူနွေးနွေးရှိတဲ့ ဖယောင်းချက်ကို အဲဒီအစာအိမ် ပတ်ဝန်းကျင် နံရိုးအောက်ခြေကို လိမ်းပြီး ခန္ဓာကိုယ်ကိုလည်း ဟိုလှုပ်ရှား၊ ဒီလှုပ်ရှား လှုပ်ရှားလိုက်တာနဲ့ သရက်ရွက် ပြန်လှုပ်ခတ်ပြီးတော့ အသက်ဓာတ်ပြန်ဝင်လာပြီး ဝေးဒနာတန်ခိုးတွေ ပြန်ထလာတာပါပဲ။

အဲဒီဝေဒနာ ထုတ်လုပ်ရာ စက်ရုံ ချမ်းသာကြွယ်ဝမှု တွေကို ပေးနေတဲ့စက်ရုံဟာ ဘယ်ဘက်နံရိုးရဲ့ အောက်ဆုံး ကျော့ရိုးရဲ့ အတွင်းဘက်ကျော့ရိုးကြားထဲမှာရှိတဲ့ သရက်ရွက် တည်ရာဌာနလေးကို အာရုံပြုပြီးတော့ အလုပ်လုပ်ကြရမှာ ဖြစ်ပါတယ်။ အဲဒီနေရာမှာ စိတ်ဆိုတဲ့ စောစောတုန်းကပြောတဲ့ ရှာလို့မရဘူး။ စိတ်ဆိုတဲ့ မနောလေးလည်းပဲ ရှိတယ်။

ဒါပေမဲ့ ဒီကျမ်း၊ ဒီမှာရှင်းပြမှာကတော့ အဲဒီမှာပဲ ဝေဒနာရှိတဲ့၊ အဲဒီ နေရာလေးမှာပဲ တောက်ပြောင်တဲ့ သဘောနဲ့ မနောအကြည် ဓာတ်လေးလည်းရှိတယ်လို့ နားလည်ပါ။ အဲဒီနေရာလေးကို အာရုံပြုပါ။ ဒီနေရာလေးကနေ ထုတ်လုပ်ပေးမယ်လို့ ယုံကြည်လိုက်ပါ။ အဲဒီလို ယုံကြည်လိုက်မှပဲလည်း ဒီလိုက်ငန်းက ဆက်ပြီးလုပ်လို့ဖြစ်မှာ။ ချမ်းသာကြွယ်ဝမှုကို ထုတ်လုပ်ပေးမယ့် စက်ရုံကြီးကို သိပြီး။

အဲဒီတော့ ခံယူရမှာက ငါ့ခန္ဓာအတွင်းမှာ သရက်ရွက်လို့ခေါ်တဲ့နေရာနားမှာ ငါ့ကို သူဌေးကြီးဖြစ်အောင် ချမ်းသာကြွယ်ဝသူကြီးဖြစ်အောင် လုပ်ပေးနိုင်တဲ့စက်ရုံကြီးရှိ နေပြီ။ အဲဒီလိုခံယူထား။ အဲဒီစက်ရုံကနေ ဘာတွေပေးမလဲဆိုတော့ သိန်းပေါင်းများစွာသောငွေတွေ၊ ကုဋ္ဋေပေါင်းများစွာသော ငွေတွေ၊ စိန်တွေ၊ ရွှေတွေ၊ မော်တော်ကားတွေ၊ ခြံတွေ အိမ်တွေ၊ တိုက်တာတွေ၊ ကိုယ် အလိုရှိတာမှန်သမျှ အောင် မြင်မှုတွေ၊ ကျော်ကြားမှုတွေ အကုန်လုံးကို ရယူနိုင်တဲ့နေရာဟာ အဲဒီနေရာပဲ။ အဲဒါ ကိုယ်ပိုင်နေပြီပေါ့။

အဲဒီတော့ ကိုယ့်ခန္ဓာထဲမှာရှိတဲ့ ဒီဓာတ်ရုံကတောင် ထုတ်လုပ်နိုင်တယ်ဆို ကိုယ်လည်း ထုတ်လုပ်နိုင်တာပေါ့။ အဲဒီလို ခံယူထားရမယ်။ အဲဒီလိုခံယူပြီးတော့ စိတ်ကို လမ်းပြောင်းရာ တတိယအခန်းမှာ ပြောခဲ့တဲ့ စိတ်လမ်းပြောင်းနည်းကို တစ်သမက်တည်း လိုက်နာနေရမယ်။

နည်းနည်းလေး စိတ်ဆိုးလာတာနဲ့ အဲဒီစိတ်ဆိုးတာဟာ ငါအလိုရှိတဲ့ ချမ်းသာကြွယ်ဝခြင်းရဖို့၊ အောင်မြင်မှုရဖို့၊ ကြောက်လာရင် ငါအခုကြောက်တာဟာ ငါချမ်းသာဖို့ကြောက်တာ။ မကျေမနပ်ဖြစ်လာရင် ငါချမ်းသာဖို့ မကျေမနပ်ဖြစ်လာတာ။ အဲဒီလို စိတ်လမ်းပြောင်းနည်းကို သွက်သွက်လက်လက်နဲ့ ပိုင်ပိုင် နိုင်နိုင်၊ ပေါပေါများများကြီးသုံးရမယ်။ နောက်တစ်ခုကတော့ ၀စီကံမှုလည်း ထည့်ရမယ်။ စိတ်လမ်းပြောင်းတာနဲ့ ၀စီကံမှုတစ်ခါတည်း စကားထဲကို ထည့်ရမယ်။

ဒါဟာ ငါချမ်းသာဖို့ဖြစ်တာ။ ဘာပြောပြော။ စိတ်ညစ်လား အဲဒါချမ်းသာမလို့၊ အောင်မြင်မလို့၊ ဒေါသ ထွက်လား၊ ဒေါသထွက်လာရင် ချမ်းသာမလို့ ငါဒေါသထွက်တာ၊ အဲဒါတွေ ငါမျိုချလိုက်မယ်။ ကာယကံမှုကလည်း လက်ကလည်း လှုပ်ရမ်းရမယ်။ လွင့်ပြေးနေတဲ့ စိတ်တွေကို အလီလီပြန်ခေါ်ရမယ်၊ ပါးစပ်နဲ့လည်း ခေါ်ရမယ်။ လက်ယပ်လည်းခေါ်ရမယ်။ လက်ပါလှုပ်ပြီးခေါ်ရမယ်။ အာရုံယူပြီး တစ်သမတ်တည်း အဲဒီစိတ်ကို စိုက်ထားရမယ်။ အဲ . . . အဲဒါ အယူသည်းသလို အထင်းသည်းတာလို့ နားလည်ပါ။

ကဲ . . . အထင်သည်းတာ နားလည်ပြီးရင် ခန်းဝင်နည်းကို ပြောမယ်။ ခန်းဝင်နည်းဆိုတာ အခန်းထဲကိုဝင်ပြီး ကျင့်တဲ့နည်းကို ဖော်ပြတော့မယ်။ ပြောပြတော့မယ်။ ချမ်းသာကြွယ်ဝဖို့ အတွက် မိမိခန္ဓာထဲမှာ ရှိတဲ့ ဝေဒနာဓာတ်ရုံ၊ ချမ်းသာအောင် လုပ်ပေးမယ့် ဓာတ်ရုံရှိတယ်နော်။ ဓာတ်ရုံဆိုတာ အလုပ်ရုံပါပဲ။ အခန်း မကျဉ်းမကျယ် တစ်ခုကို ရွေးခြယ်ရမယ်။ ရာသီဥတု အပူအအေး မျှတရမယ်။

အထူးသဖြင့်ကတော့ တိတ်ဆိတ်ဖို့လိုတယ်။ အဲဒီ အခန်းထဲဝင်ပြီးတော့ ထိုင်မယ်။ ကြိုက်သလိုထိုင်ပါ။ တင်ပလ္လင်ခွေ ချိတ်ထိုင်လို့လည်း ရတယ်။ ဘာမှမလုပ် သေးဘဲနဲ့သိန်းပေါင်းများစွာ ချမ်းသာဖို့ သိဒ္ဓိတန်ခိုးနဲ့လုပ်မယ့်လူဟာ သိန်းပေါင်းများစွာ ချမ်းသာဖို့ သူ အလုပ်လုပ်တော့ မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ အဲဒီတော့ ထိုင်မိတာနဲ့ ဆံဖျားကနေပြီး ခြေဖျားအထိ အကြောတွေကို စိတ်နဲ့ လျော့သွားပြီးလို့ လျှော့ရမယ်။ အကြောလျှော့တာလည်း အဓိကကျပါတယ်။ နောက် တစ်ချက်ကတော့ ကျောရိုးကို မတ်မတ်ထားပြီးထိုင်ရမယ်။

အဲဒီလို ကျောရိုးကို မတ်မတ်ထားပြီး ထိုင်တဲ့အခါ အသက်ကို ချက်အထိ ရှူရတယ်။ ဖြည်းဖြည်းချင်း အသက်ကို ချက်အထိ ရှူရမယ်။ ၀မ်းဗိုက်ကိုကားပြီးတော့ အုတ်ဆက်တို့ လည်ပင်း တို့လည်း မတ်နေရမယ်။ နှာခေါင်းကတော့ အလိုက်သင့် ရှူလို့ကောင်းအောင် မော့လိုကမော့၊ စောင်းလိုက စောင်း၊ နည်းနည်းပြင်ဆင်ခွင့်ရှိပါတယ်။ အသက်ကို လေးလေးမှန် မှန် ရှူရမယ်။ ချက်အထိ ရှူသွင်းနေတဲ့အချိန်မှာပဲ တစ်ကိုယ် လုံးမှာရှိတဲ့ သွေးကြောတွေထဲကို အဲဒီလေက ပျံ့နှံ့သွားတယ် လို့ အာရုံပြုရမယ်။

ပြီးတော့တစ်ခါ အသကိဝတော့ ပြန်ထုတ်ရမယ်။ အဲဒီလိုလုပ်နေရင်းကနေပြီးတော့ အံ့သြလောက်တဲ့ စည်းစိမ်း ချမ်းသာတွေကို ငါတော့ရပြီ၊ ဒီတစ်သက်မှာ နေရာကျပြီလို့ အကျအန ခံယူလိုက်ရမယ်။ ၀င်ငွေတွေလည်း အမြောက် မြားဝင်နေပြီ။ ဘယ်လို ဘယ်လို ၀င်နေမှန်းမသိဘူး။ တစ်လထက်တစ်လ၊ တစ်ရက်ထက်တစ်ရက်၊ တစ်နာရီထက် တစ်နာရီ ကိုယ်အလိုရှိတဲ့ငွေတွေရပြီ။

ဝေဒနာနားမှာ ဖြစ်ပေါ်တဲ့ဆန္ဒတွေက အညွန့် အညှောင့်တွေပေါက်ပြီးတော့ အကိုင်းအခက်တွေ ထွက်လာ ပြီး . . ၊ အဲဒီလို ခံယူရမယ်။ စိုးရိမ်သောကစိတ်၊ ငါတော့ မချမ်းသာတော့ပါဘူးဆိုတဲ့ စိုးရိမ်သောကစိတ်ဟာ ရှာလို့ တောင်မတွေ့ဘူး၊ မြူမှုန်လောက် တောင်မရှိဘူး။ ပျောက် ကွယ်သွားပြီ၊ ငါဟာ ယုံကြည်စောင့်စားပြီးဆန္ဒ ဓာတ်ကို ဖော်ပြီးတော့ ချမ်းသာခြင်းကို ကြံစည်လိုက်တာဟာ အခု တော့ရပြီ။ တစ်စတစ်စ၊ တစ်စတစ်စ၊ တစ်နေ့ထက်တစ်နေ့ တစ်နာရီထက်တစ်နာရီ ငါအလိုရှိတာတွေ မရဘဲနေနိုင်ရိုး လား။ ရပြီ . . .။

ကဲ . . . ရတော့ ဘယ်သူတွေက ၀ိုင်းဝန်းပံ့ပိုးလို့ရတာ လဲ။ ဒီစကြ၀ဋ္ဋာမှရှိတဲ့ လူနတ်ဗြဟ္မာ၊ သူတို့တင်မဟုတ်ဘူး တိရစ္ဆာန်တွေ၊ ရှိရှိသမျှတိရစ္ဆာန်တွေ၊ သက်ရှိတွေရော၊ သက်မဲ့ တောတောင်ရေမြေ၊ နေလ၊ နက္ခတာရာ၊ အဲဒါတွေ အားလုံးဟာ ငါ့ကို ကျေနပ်လို့ပေးနေကြပြီ။ သူတိုက ငါ့ကို ၀ိုင်းစောင့်ရှောက်နေတယ်။ သက်ရှိသက်မဲ့မှန်သမျှ ငါ့ရဲ့ မိတ်ဆွေရင်းချာတွေဖြစ်တယ်။ ငါ စည်းစိမ်ဥစ္စာ မြောက်မြားစွာသော ငွေကြေးဓနတွေ ချမ်းသာဖို့ အရပ်ရှစ်မျက်နှာ၊ အရပ်လေးမျက်နှာ အရပ်ရှစ်မျက်နှာ၊ အရပ်ဆယ်မျက်နှာ ကနေပြီးတော့ သက်ရှိ သက်မဲ့ စောစောကပြောတဲ့ လူ၊ နတ်၊ ဗြဟ္မာတွေ၊ တိရစ္ဆာန် ပေါင်းစုံ တောတောင်ရေမြေ၊ သမုဒ္ဒရာ၊နေလ၊ နက္ခတာရာ တွေကပါမကျန် ၀ိုင်းဝန်းပြီးတော့ မိတ်ဆွေရင်းချာတွေမို့လား။ ၀ိုင်းဝန်းပြီးတော့ ပို့နေကြပြီ။ ငါအလိုရှိတဲ့ ငွေတွေဟာဝင်လာ မစဲ တသဲသဲနဲ့ဝင်လာပြီ။

ဝင်လာတဲ့အခါ ဘယ်ကနေ၀င်လာ သလဲဆို ခေါင်းပေါ်ကနေ၀င်လာတာ။ လေပွေကြီးလို၊ ကန်တော့ကြီးလို ငယ်ထိပ်တည့် တည့်ကနေပြီးတော့၊ နောက်ပြီးတော့ ပိုက်ကွန်ကြီးနဲ့ခံထား သလို ငယ်ထိပ်တည့်တည့်ကနေ ကောင်းကင်အထိ မြင့်မား တဲ့ ပိုက်ကွန်ကြီး၊ ကန်တော့ကြီး၊ အဲဒီအထဲကို တသဲသဲဝင် လာပြီလို့ အာရုံပြုမယ်။ အဲဒီမှာ အာရုံပြုတယ်ဆိုတာ စိတိအလုပ်မဟုတ် လား။ စိတ်အလုပ် . . . စိတ်အလုပ်။ အခုတစ်ခါ စကား အလုပ်၊ ၀စီအလုပ် လားဦးမယ်။

Wednesday, November 24, 2010

ချမ်းသာကြွယ်ဝ ချင်သူများ အတွက် မင်းသိင်္ခ၏ ဓနသိဒ္ဓိ ကျင့်စဉ်အပိုင်း(၆)

အပိုင်း (၁) (၂) (၃) (၄) (၅) ကို ဒီနေရာမှာ အရင် အေးအေးဆေးဆေး ဖတ်ပါ။

ချမ်းသာကြွယ်ဝခြင်း

အခုပြောမယ့်ဟာက အခန်း(၄) ပဲ။ ဒီအခန်းဟာ သိဒ္ဓိကျင့်စဉ်အတွက် အရေးကြီးတဲ့အခန်းပဲ။ ဒီအခန်းရဲ့ ခေါင်းစဉ်က ချမ်းသာကြွယ်ဝခြင်းကို သိဒ္ဓိနည်းဖြင့် ရယူခြင်းတဲ့။ သိဒ္ဓိကျင့်စဉ်နဲ့ ချမ်းသာကြွယ်ခြင်းကို ရယူမယ်။ တချို့ ဒါကို မယုံကြပါဘူး။ ယုံတာမယုံတာ အကြောင်းမဟုတ်ဘူး။ ကျင့်စဉ်ရဲ့ သဘောထားကို ပြောပြမှာ။ တန်ခိုးသိဒ္ဓိ ရရာရကြောင်းကြံစည်တာ ဒါ လူသာမာန်ရဲ့ အလုပ်ပဲ။ တော်တော့်ကို စွန့်စွန့်စားစားလုပ်တတ်တဲ့ သဘာဝရှိမှသာ ဖြစ်နိုင်ပါတယ်။ ယုံလည်း ယုံကြည်ရမယ်။

အဲဒီတော့ သိဒ္ဓိလမ်းစဉ်ကို လိုက်မယ်ဆိုရင် ပထမဦးဆုံး သိထားဖို့က လု့လောကကြီးမှာ ဘာလုပ်လို့မှမဖြစ်၊ ဘယ်နေရာသွားသွား လူရာမ၀င် စီးပွားရေးအရလည်း ကျရှုံး၊ ဘာမှ ကြံလို့စည်လို့မရတော့မှ ဘုန်းကြီးဝတ်တဲ့ လူတို့၊ ရသေ့လိုလို လုပ်တဲ့လူတို့၊ ယောဂီလုပ်တဲ့လူတို့၊ ဂန္ဓာရီထွက်တဲ့လူတို့ တွေ့ဖူးပါတယ်။ အဲဒီလမ်းစဉ်မှာလည်း သူတို့ မအောင်မြင်ပါဘူး။ စထွက်လာကတည်း ကိုကလည်း သူတို့က ဒီဘက်က ရုပ်လောကမှာ ကျဆုံးပြီး၊ ဒုက္ခရောက်ပြီးတော့မှ ကြံရာမရ တော့လို့ . . . . . ။

သိဒ္ဓိလမ်းစဉ်ဟာ ကြံရာမရတဲ့ လူတွေလုပ်တဲ့ လမ်းစဉ် မဟုတ်ဘူး၊ အကြံ ဥာဏ်ရှိတဲ့လူတွေ၊ ဇွဲသတ္တိရှိတဲ့ လူတွေ လုပ်တဲ့ အလုပ်ဖြစ်တယ်။ အဲဒီတော့ သိဒ္ဓိလမ်းစဉ်ကို တကယ် ယုံယုံကြည်ကြည်နဲ့ လိုက်မယ်ဆိုရင် လူတစ်ယောက်ဟာ ဆင်းရဲမွဲတေမှ လိုက်လို့ မဖြစ်ဘူး။ ချမ်းချမ်းသာသာ၊ ချောင် ချောင်ချောင် လည်လည် ၊ကြွယ်ကြွယ်၀၀ အဆင်ပြေနေတဲ့ အချိန်ကနေ၊ တကယ်လို့ စည်းစိမ်ဥစ္စာကို စွန့်စရာရှိရင်လည်း သူ့မှာရှိမှ စွန့်တယ်လို့ ပြောလို့ရမှာပေါ့။ စားစရာမရှိတဲ့လူက သူက ဘာစွန့်ပြီး ထွက်လာတယ်ဆိုတာ၊ ဒါဟာ အဓိပ္ပာယ်မရှိဘူး ။ တစ်ပြားမှမရှိတဲ့လူ စွန့်လို့ မရဘူး။ ပထမ ရှိအောင်လုပ်ရမယ်။

ဒီလမ်းစဉ်မှာ သိဒ္ဓိကျင့်စဉ်ကို လုပ်တဲ့လူဟာ ပထမဦးဆုံး ချမ်းသာကြွယ်ဝခြင်းကို မရမနေ ရှာမှီးရမယ်။ ဒါဟာ လမ်းစဉ်ရဲ့ သဘောထားပဲ။ ချမ်းသာကြွယ်ဝအောင် ပထမလုပ်ရမယ်။ အများကြီး မဟုတ်တောင် လူ့လောကထဲမှာ ဒီလူဟာ မွဲတေနေတဲ့လူ မဟုတ်ဘူး။ ချောင်ချောင်လည်လည် ရှိတယ်၊ စားနိုင်သောက်နိုင်တယ်။ ပြည့်ပြည့်စုံစုံ ရှိတယ်။ နေစရာအိမ်၊ စီးစရာ ယာဉ်ရထား၊ နောက် သူ့မှာ အပိုအလျှံ ငွေတွေ၊ ရွှေတွေရှိနေတဲ့ လူတွေလုပ်ပါ။ အဲဒီလို လုပ်မှလည်း တင့်တယ်တယ်။ ဒီကျင့်စဉ်ဟာ အဲဒီလို သွားရတယ်။

ရှေးတုန်းကတော့ ဒီလိုရအောင်လုပ်တာကို ရသေ့ရိက္ခာ ထောက်လို့ခေါ်တယ်။ ဘာပဲခေါ်ခေါ် ခေါင်းစဉ်က ချမ်းသာ ကြွယ်ဝခြင်းကို လုပ်ရမယ်။ အဲဒီကျင့်စဉ် ကျင့်နေတဲ့အတွင်းမှာ ဟိုနားလေးထွက်ပြီး အလှူခံလိုက်၊ ဒီနားလေးကို ဘုရားတည်မယ်လို့ အကြောင်းပြပြီး အလှူခံလိုက်၊ ဘာလုပ်မယ်ဆိုပြီး အကြောင်းပြပြီး အလှူခံလိုက်၊ အလှူခံပြီး စားနေလို့ မပြီးဘူး ကိုယ်ကလည်း လှူရဦးမှာ။ ကိုယ်က ကြွယ်ဝဖို့လိုတယ်။ ချမ်းသာဖို့လိုတယ်။

အဲဒီတော့ ချမ်းသာကြွယ်ဝခြင်းကို သိဒ္ဓိကျင့်စဉ်မှာ အတိအကျ ဖော်ပြထားတယ်။ အဲဒါဘာလဲ၊ သိဒ္ဓိကျင့်စဉ်နည်းနဲ့ ချမ်းသာကြွယ်ဝခြင်းကို ရယူခြင်း . . . . ။ လောကကြီးမှာ ကိုယ်ရမယ်ထင်တဲ့ အရာတွေ မရယ်လို့ ဆုံးဖြတ်ထားတဲ့ အရာတွေလည်း ရထားကြတာ၊ ရမှာလည်း မဟုတ်ပါဘူး၊ ဖြစ်မှာလည်း မဟုတ်ပါဘူးလို့ ဆိုတဲ့ အရာတွေဟာ ကိုယ့်ဆီ ရောက်မလာပါဘူး။

တကယ်လို့ ဆိုးတဲ့ အရာတွေ ကိုယ့်ဆီရောက်နေရင်လည်း ဒါ နဂို ကတည်းက မသိလို့ ကိုယ်မျှော်လင့်ထားတာ ကိုယ်နဲ့ထိုက်တန်လို့ ရောက်လာတာ၊ ကောင်းတဲ့ အရာတွေဟာလည်း ဒီအတိုင်းပါပဲ။ ကိုယ်နဲ့ ထိုက်တန်လို့ ရောက်လာတာပါ။ အဲဒီတော့ သဘောထားကိုက ရောက်လာတဲ့ပစ္စည်း တွေဟာ ကိုယ်က လက်ခံထားတာ။ စိတ်သဘောထား အရ ကိုက ဒါတွေရမယ်လို့ မျှော်လင့်ထားတယ်။ လက်ခံထား သလောက်ပဲရတယ်။

ဒဲဒီတော့ ချမ်းသာကြွယ်ဝခြင်းကို သိဒ္ဓိလမ်းနဲ့ လိုက်တဲ့အခါမှာ ဆန္ဒဓာတ် ပြင်းထန်ဖို့လိုတယ်။ စောစောကပြောတဲ့ ကာယကံ၊ ၀စီကံ၊ မနောကံ . . . ၊ ဒါမှမဟုတ်ရင်လည်း စိတ်အမူအရာ၊ နှုတ်အမူအရာ၊ ကိုယ် အမူအရာတွေနဲ့။ မရဘဲမနေဘူး၊ ဒါကို ရအောင်လုပ်မယ်။ ဘာလဲအခုဟာ သိဒ္ဓိနည်းနဲ့ ဘာကိုလုပ်မှာလဲ။ ချမ်းသာ ကြွယ်ဝခြင်းကိုလုပ်မှာ။ ဒါပေမဲ့ ကိုယ့်မှာတော့ ၀င်ငွေနဲ့မပြည့်စုံဘူး၊ ချမ်းသာကြွယ်ဝအောင် အရင်လုပ်ရမယ်။ သိဒ္ဓိထက် အရေးကြီးသေးတယ်။

လူ့လောကကြီးမှာ တင့်တင့်တယ် တယ်နေပြီးမှ သိဒ္ဓိလမ်းကိုသွားပြီးတော့ တကယ်လို့ပေါက် မြောက်သွား လည်း ပေါက်မြောက်တဲ့ အတိုင်း ဆက်ပြီးချီတက် သွားဖို့ပါပဲ။ အဲဒီတော့ ဗမာစကားမှာ အယူသည်းတယ်ဆိုတဲ့ စကားရှိတယ်။ အဲဒီစကားတော့ ကြားဖူးကြတယ်။ အယူ သည်းတယ်ဆိုတာ ယူထားတဲ့ အယူကို ခပ်သည်းသည်းလေး ယူထားတာ အယူသည်းတာ။

အခုပြောမယ့် စကားဟာ အထင်သည်းတယ်လို့ ပြောတာ။ ဒီစကားကတော့ သုံးတာ နည်းပါတယ်။ စိတ်နဲ့ ပတ်သက်လို့ တန်ခိုးရှိတယ်။ အဲဒီစိတ်ဆို တာလည်း အခုနက ဝေဒနာ . . . ၊ဝေဒနာ နားမှာ ရှာမယ်။ ဝေဒနာနားမှာ ခံစားဖို့ဆန္ဒ၊ အဲဒါတွေဖော်စပ်ရင် သိဒ္ဓိတွေဖြစ် တယ်ဆိုတာကို အထင်သည်းထားရတယ်။ အယူသည်းတာထက် ပိုတာပေါ့။ ထင်ထားတာကိုး။ စိတ်က ဖြစ်မယ်လို့ တစ်ဖက်ကနေ တွေးပြီး မြှောက်ပင့် ပေးထားမှလည်း သူက လုပ်လို့ရတယ်။ အဲဒီတော့ အလွန်ဝီရိယကောင်းတယ်။

အဲဒါ ဘာဖြစ်လာလဲဆိုတော့ ဝေဒနာတွေ ထပြီးတော့ မျှော်လင့် ချက်တွေဖြစ်လာတဲ့အခါမှာ သူဟာ ၀ီရိယကောင်းလာတာ ပေါ့။ ဟာ . . . ဒီလူတစ်ယောက်က လုပ်လိုက်တာ အံ့မခန်းပဲ၊ ၀ီရိယတွေ ကောင်းနေတာ။ ဒါပေမဲ့ သူ့အတွက်တော့ သာမန်ပါပဲ။ သူ့မျှော်လင့်ချက်နဲ့ သူ လုပ်နေတာ။ သိပ်အကြီးအကျယ် ကြီး လုပ်ရတာ မဟုတ်ပါဘူး။ အဲဒီတော့ အထင်သည်းစိတ်ပေါ့။

ကိုယ့်စိတ်ကို ကိုယ်လည်း မကြာခဏ စေ့စော်ပေးရတယ်။ ဝေဒနနာတွေ၊ ပေါ်ထလာရင် ငါလိုချင်တဲ့အရာတွေ ရပြီ၊ ရွှေလည်းရမယ်၊ စိန်လည်းရမယ်၊ အောင်မြင်မှုတွေလည်း ရမယ်။ ချမ်းသာကြွယ်ဝခြင်းဆိုတာလည်း အကြောင်းမဟုတ် တော့ဘူး။ ရမယ်လို့ နားလည်ထားရမယ်။ ဒါ ကျိန်းသေကြီးလို့ကို နားလည်ထားရမယ်။

ချမ်းသာကြွယ်ဝခြင်းကို ထုတ်လုပ်မယ့်စက်ရုံကြီး တစ်ခုရှိတယ်။ ခန္ဓာကိုယ်မှာ။ အဲဒီစက်ရုံကြီးဟာ ဝေဒနာတွေ ကို စုဝေးပြီးတော့ ပြင်းထန်အောင် လုပ်တဲ့ နေရာကြီး။ ညှို့ ဓာတ်တို့ရဲ့တည်ရာလည်းပဲဖြစ်တယ်။ အဲဒါ ဘယ်နားမှာလဲဆို လူရဲ့အစာအိမ်၊ ခန္ဓာကိုယ်ရဲ့ ဘယ်ဘက်အောက် နံရိုး၊ အစွန် ဆုံးနံရိုးအောက်မှာ ကျောရိုးရဲ့အတွင်းဘက်မှာ၊ အဲဒါ တချို့ ကတော့ ဦးနှောက်ထွေးလို့ခေါ်တယ်။ တချို့ကလည်း သံလိုက်ဓာတ်လို့ခေါ်တယ်။ တချို့ကလည်း ဝေဒနာထရာလို့ ခေါ်တယ်။ အဲဒါဟာ တကယ့် စက်ရုံကြီးပါပဲ။ ချမ်းသာ ကြွယ်ဝခြင်းကို ထုတ်လုပ်ပေးမယ့် စက်ရုံကြီးလို့ နားလည်ပါ။

အဲဒီမှာ ဘာတွေလုပ်သလဲလို့ဆိုရင် ဒီနေရာကနေ ဝေဒနာတွေကို အကြောအချဉ်ပေါင်းစုံ သူကနေ ဒိုင်ခံဖြန့်ပေးတဲ့ ဖြန်ဖြူးရေး ဌာနကြီးပဲ။ ဝေဒနာဓာတ်ရုံကြီးလို့ပဲ နားလည်လိုက်ပါ။ အခြားသူရဲ့ ဦးနှောက်ကိုလည်း ဒီဓာတ်ရုံကြီးကနေ ထုတ်လုပ်တဲ့ ဝေဒနာတွေကနေ လွှမ်းမိုးအောင် သူက အမြဲ တမ်းကြိုးစားတယ်။

လက်ဝဲဘက် ၀မ်းဗိုက်ရဲ့ အစာအိမ်ရဲ့ အောက်နားမှာရှိတဲ့ သရက်ရွက်ကနေပြီးတော့ လှုပ်ရှားလာတာနဲ့ ဒဲဒီဓာတ်ရုံကို အလုပ်လုပ်ဖို့ပေးတာပဲ။ အဲဒီသရက် ရွက်ဆိုတာဟာ ဘာလုပ်သလဲဆိုရင် ဝေဒနာတွေကို လှုပ်ခတ်အောင်လုပ်ပေးတဲ့ အရာလို့ခေါ်တယ်။ အင်္ဂလိပ်လို စပလင်းလို့ခေါ်တယ်။ ကျုပ်တို့လူမှာ အသက်ရှင်တဲ့ ဓာတ်ပေါ့။ လှုပ်ရှားစေတဲ့ ဓာတ်ဟာ အဲဒီသရက်ရွက်နားမှာ ရှိတယ်။ အဲဒါ အသက်ဓာတ်ပဲ။ အသက် ဘယ်နားမှာရှိလဲလို့ အကြမ်းဖျင်းပြောရင် သရက်ရွက်လို့သာပြော။ အဲဒီသရက်ရွက်ဟာ အသက်ဝင်တဲ့ ဓာတ်ပဲ။

အဲဒါ ပြင်းထန်တဲ့ အရှိန်နဲ့ အသက်ဝင်လာပြီးတော့ ဦးနှောက်ကို ကူးလာပါတယ်။ ဝေဒနာအဖြစ်နဲ့ ကူးသန်းသွား ပြီးတော့ အဲဒီဝေဒနာဓာတ်ဟာ တစ်ကိုယ်လုံးကို အဲဒီသရက် ရွက်နေရာကနေ ဖြန့်တယ်။ အဲဒီမှာ သရက်ရွက် လှုပ် ခတ်မှုနည်းလာပြီ၊ လှုပ်ခတ်မှုနှေးလာတယ်ဆိုရင် အသက် ရှင်တဲ့ဓာတ်လည်း နည်းလာတယ်။

အဲဒီအခါမှာ ဝေဒနာ လည်း မကူးလျှောက်တော့ဘူး။ မကွန်မြူးတော့ဘူး။ ဦးနှောက် က ကျစ်သွားတယ်။ မလှုပ်ရှားတော့ဘူး။ အဲဒီအခါမှာ လူဟာ မအီမသာဖြစ်တယ်၊ ပျင်းရိလေးလံတယ်။ ရောဂါဖိစီး သလို ခံစားရတယ်။ ဘာမှ မလုပ်ချင် မကိုင်ချင်ဖြစ်တယ်ဆိုတာ အဲဒီဝေဒနာဓာတ်ရုံကြီး သို့မဟုတ် ဝေဒနာအလုပ်ရုံကြီး နားက သရက်ရွက်ရဲ့ အခြေအနေပေါ်မှာဖြစ်တယ်။

Monday, November 22, 2010

ကျွန်ုပ်အား လာဘ်ရွှင်စေခဲ့သော ပစ္စည်းရောင်းနည်း(မင်းသိင်္ခ)

ကျွန်ုပ်သည် မြို့ထဲတွင် ဗေဒင်မဟောတော့ပဲ မိဘနေအိမ်၌ပင် ဗေဒင်ဟောပြောရလေ၏။ ကျွန်ုပ်၌ အလုပ်တစ်ခု လုပ်ရန်အတွက် ငွေအရင်းအနှီး လိုနေ၏။ ထိုအချိန်၌ ကျွန်ုပ်သည် “ ဆားပုလင်းနှင်းမောင်” ၀တ္ထုများကို တွင်တွင် ကျယ်ကျယ်ကြီး ရေးသားနေပြီ ဖြစ်၏။ ဆေးရုံတက်နေစဉ်အတွင်း “ ပုဏ္ဏားဘကွန်း ” ပထမတွဲ၊ ဒုတိယတွဲပင် ရေးသားနေပြီ ဖြစ်၏။ ထိုဝတ္ထုသည် ကျွနိုပ်၏ စာရေးဆရာ ဘ၀ကို အောင်မြင်စေသော ၀တ္ထုဖြစ်၏။ စာရေးဆရာ ဘ၀ အောင်မြင်သော်လည်း ငွေကြေးမှာ ပြောပလောက်အောင် မရသေးပေ။

ဗေဒင်လက္ခဏာ ဟောပြောခကိုလည်း ၁၀ မှ ၂၅ ကျပ်သို့ တိုးမြင့်လိုက်ပြီ ဖြစ်၏။ ကျွန်ုပ်သည် မော်တော်ကားစီးချင် သော စိတ်များ ပြင်းထန်လာသောကြောင့် ဟီလမင်ကား တစ်ပတ်ရစ်ကလေးကို ၀ယ်၍ စီး၏။ ထိုကားသည် ကျွန်ုပ်အား လွန်စွာ ဒုက္ခပေး၏။ မကြာခဏ ပျက်လေသောကြောင့် ဗေဒင်ဟောခသည် ကျွန်ုပ်စားရသည် မရှိပဲ ကားပြင်သည်ထဲသို့ သာ ၀င်သွားတတ်၏။ ကျွန်ုပ်၏ မိတ်ဆွေ တစ်ဦးကမူ....

“ ဆရာမင်းသိင်္ခ၊ မော်တော်ကားအပျက်တစ်စီး ၀ယ်စီးတာ မယားငယ်တစ်ယောက် ယူတဲ့ စရိတ်ထက် ကြီးတယ်ဗျ။ မယားငယ်တစ်ယောက် ယူမိရင်လည်း ရှာလို့ဖွေလို့ ရသမျှ သူ့လက်ထဲကို ရောက်ကုန်တော့တာ။ ကားအပျက်စီးရင်လဲ အဲဒီလိုပဲဗျ။ အကောင်းဆုံး အကြံပေးချင်တာကတော့ ရောင်းပစ်လိုက်ပါဗျာ ” ဟု ပြောလေ၏။

ကျွန်ုပ်သည် ထိုဟီလမင်ကားလေးအား ပွဲစားအမျိုးမျိုးကို ရှာဖွေကာ စပ်၍ ရောင်ခိုင်း၏။ သို့ရာတွင် ရောင်း၍ မထွက်ပဲ ရှိလေ၏။ ထိုအခါ ကျွန်ုပ်သည် အောက်ပါအတိုင်း စိတ်၌ ပြောမိလေ၏။

“ အရေးကြုံရင် သက်လုံကောင်းရမယ် ဆိုတဲ့ စကားမှာ အခု ငါတွေ့နေတဲ့ အခက်အခဲလည်း ပါတယ်။ ငါ့ရဲ့ ကားလေးကို ငါက ရောင်းပစ်ချင်တယ်။ ဒါပေမယ့် မထွက်ပဲ ဖြစ်နေတယ်။ အဲဒီတော့ ငါ့မှာ အဲဒီအခက်အခဲကို ကျော်လွန်နိုင်တာ ဘာရှိသလဲ။ ပညာပဲ ရှိတယ်။ အဲဒီ ပညာဟာ ဘာလဲဆိုတော့ အင်္ဂ၀ိဇ္ဇာ ပညာပဲ ” ဟု အထက်ပါအတိုင်း ရေရွတ်ပြီးနောက် ကျွန်ုပ်သည် အင်္ဂ၀ိဇ္ဇာ ပညာကို ပြန်၍ စဉ်းစားလိုက်ရာ အောက်ပါ ခေါင်းစဉ်ကို သတိရလိုက်မိတော့၏။

“ ရောင်းလိုကြပြန် ဆပွတ်ကြံ အမှန် ဆပွတ်ရိုက် ”

ထိုခေါင်းစဉ်သည် မိမိရောင်းလိုသော ပစ္စည်းအား “ ဆပွတ် ” ကြံစည်ရမည်ဟု ဆိုထား၏။ ထို့ကြောင့် ကားဟူသော တနင်္လာနံ၏ ဆပွတ်မှာ စနေဖြစ်၏။ ထို့ကြောင့် စနေနေ့တွင် စနေသား မောင်ထွန်းကြည်အား နှီးဆယ်ချောင်းဖြင့် မော်တော်ကား နောက်မြီးကို “ ထွက်ထွက် ” ဟုဆိုကာ ရိုက်ခိုင်း၏။ ရိုက်ခိုင်းသော အချိန်မှာလဲ စနေအခါဖြစ်သော စနေနေ့ ၄-နာရီခွဲမှ ၆-နာရီ အတွင်းဖြစ်၏။

ထိုသို့ ရိုက်လိုက်သည်နှင့် တစ်ပြိုင်နက် ၃- ရက်အတွင်း၌ပင် ကျွန်ုပ်၏ မိတ်ဆွေကြီး သခင်ကြည်ရှိန်ကို အကြောင်းပြု၍ ကျွန်ုပ်၏ ဟီလမင် ကားစုတ်ကလေးသည် ရောင်း၍ ထွက်သွားလေ၏။ ကျွနိုပ်သည် လွန်စွာ ပျော်သွား၏။ နောက်နှစ်ရက်လောက်ကြာသောအခါ၌ ဟင်္သာတဘက်မှ မိန်းမကြီးတစ်ဦးသည် သူ၏ ဆန်စက်ကို ရောင်းလိုသဖြင့် ကျွနိုပ်အား လာရောက် အကူအညီတောင်းရာ ကျါန်ုပ်သည် ဤနည်းနှင့်ပင် ဓာတ်ရိုက်ပေးလိုက်၏။

စက်ဟူသောကြောင့် ဆပွတ်ဖြစ်သည့် တနင်္ဂနွေနေ့ ၊ တနင်္ဂနွေ အခါဖြစ်သော ညနေ (၄)နာရီ ခွဲမှ (၆)နာရီ အတွင်း တနင်္ဂနွေသားကို တနင်္ဂနွေနံ ဖြစ်သော အုန်လက်ဖြင့် စက်ကို (၆)ချက် ရိုက်ခိုင်းလိုက်၏။ ထိုစက်လည်း ထွက်သွား၏။ ထို့ကြောင့် ထိုမိန်းမကြီးသည် ကျွန်ုပ်အား.. “ အသက်ငယ်ပေမယ့် . ပညာကို ကန်တော့တာပါ ” ဟုဆိုကာ ငွေများ ပစ္စည်းများ လာကန်တော့လေ၏။ ကျွန်ုပ်သည် ဤနည်းဖြင့် တိုက်များ၊ ခြံမြေများ၊ စက်များ၊ မော်တော်ကားများ၊ သင်္ဘောများ၊ စီဘီသမ္ဗန်ကြီးများကို ရောင်းချပေးခဲ့၏။ ထို့ကြောင့် ကျွနိုပ်၏ ဗေဒင်လက္ခ ဏာ ဆရာ သက်တန်းတစ်လျှောက်တွင် ဤနည်းသည် ကျွန်ုပ်အားထမင်းကောင်းစွာ ကျွေးခဲ့သော နည်းဖြစ်၏။ ထိုဓာတ်ရိုက်ဓာတ်ဆင်ကြောင့်ပင် ကျွန်ုပ်၏ နာမည် ဂုဏ်သတင်းသည်လည်း ကြီးမားခဲ့ရလေ တော့သတည်း။

မှတ်ချက်။.....။ မိတ်ဆွေ သင်သည် ဤနည်းကလေးကို စဉ်းစားထားပါ။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ဤနည်းကလေးသည် သင့်အား များစွာ အကျိုးပြုပေလိမ့်မည်။ ထိုကြောင့် အောက်တွင် ဖော်ပြသော ဇယား ကလေးကို ဆယ်မိနစ်ခန့် မှတ်သားထားရုံမျှဖြင့် နောင်တစ်ချိန်တွင် ခက်ခက်ခဲခဲ ရောင်းချရမည့် သင်၏ ပစ္စည်များ အား လွယ်လင့်တကူ ရောင်ချနိုင်ပေလိမ့်မည်။ ထိုအခါ၌ သင်သည် ကျွန်ုပ်အား ကျေးဇူးတင်ပေလတ္တံ့။



ငါအိုသွားသောအခါ ကဗျာ၏ သဲလွန်စ

ဆရာရေ သိချင်လို့ပါ..
ဗေဒင်နဲ့တော့ မဆိုင်ပါ..
အောက်က ကဗျာလေးကို ဆရာကြီး မင်းသိင်္ခရေးတာလို့ သိရပါတယ်..
ဒါပေမဲ့ ဆိုဒ်တခုမှာ ခရစ်ယာန်တယောက်က
လားရှိုးကျမ်းစာကျောင်းက
ကျောင်းသူလေးတစ်ယောက်ရေးထားတာ ဆိုပြီးပြောနေလို့
အမှန်ကို သိရင်ဖြင့် ဆရာ ကူညီပါလို့
အဲဒါ ဆရာကြီး မင်းသိင်္ခရေးတာ အမှန်ပါလားဆရာ သိရင်ဖြင့် ထုံးစံအတိုင်း ပြောပြပါလို့
ဆရာရဲ့ စေတနာကို လေးစားလျက်
အေးမင်းဇော်


♥ငါအိုသွားသောအခါ

ငါဟာအရင်က ငါမဟုတ်တော့ဘူး။ငါကိုနားလည်ပေးပါ။စိတ်ရှည်ရှည်ထားဆက်ဆံပေးပါ။

♥ချည့်နဲ့ နဲ့ လက်တွေနဲ့ ထမင်းဟင်းတွေအင်္ကျီပေါ်ဖိတ်စင်သွားတဲ့အခါ၊အင်္ကျီ လုံခြည်တွေဖိုသီဖတ်သီ ဖြစိနေတဲ့ အခါ ငါ့ကိုမရွံ့ ပါနဲ့ ၊ငယ်ငယ်တုန်းက ငါသုတ်သင်ပေးခဲ့တာတွေကို အမှတ်ရပေးပါ။

♥အပ်ကြောင်းထပ်မက ပြောခဲ့ဘူးတဲ့ စကားတွေကိုပြန်ပြောမိတဲ့အခါတိုင်းလဲစကားမဖြတ်ဘဲ ကျေးဇူးပြု၍သတိရပေးပါ၊
ငယ်ငယ်တုန်းကအိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ည ပုံပြင်တွေ၊ဇာတ်ကြီးဆယ်ဘွဲ့ တွေ၊နိပါတ်တွေ ကိုမရိုးနိုင်အောင် ပြောပီးချော့သိပ်ခဲ့တာတွေ ကိုသတိရပေးပါ။

♥မလှုပ်ရှားနိုင်လို့ ရေမချိုးနိုင်တဲ့ အခါငါ့ကိုမငြိုငြင်ပါနဲ့ ၊ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်ခါ ရေချိုးပေးခဲ့ဘူးတဲ့ ပုံရိပ်လေးတွေကို ပြန်မြင်ယောင်ကြည့်ပေးပါ။

♥ခေတ်သစ်နည်းပညသစ်တွေကို မသိနားမလည်ခဲ့ရင်မလှောင်ပါနဲ့ ၊ငယ်ငယ်တုန်းကဘာကြောင့်ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာပြန်ဖြေပေးခဲ့တာတွေကိုအမှတ်ရပေးပါ။

♥စိတ်သွားတိုင်းကိုယ်မပါ နွမ်းလျပီး လမ်းမလျှောက်နိုင်တဲ့ အခါ သားတို့ သမီးတို့ ရဲ့  ခွန်အားပါတဲ့ လက်တစ်စုံနဲ့  ကူတွဲပေးကြပါ၊သားတို့ သမီးတို့ လမ်းလျှောက်တတ်စ အရွယ်တုန်းကဘေးကနေ လိုက်ပီး လမ်းလျှောက်သင်ပေးခဲ့ပုံ လေးတွေကို ပြန်လည်အမှတ်ရပေးပါ။

♥တစ်နေ့ တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပီးဝမ်းမနည်းပါနဲ့ ၊နားလည်ပေးပါ။အရင်တုန်းကလူ့ ဘ၀တတ်လမ်းအတွက်ငါလမ်းညွန်ခဲ့သလို ခုချိန်မှာ ငါ့အတွက်ဘေးနားကနေပီးတော့သားတို့ ရဲ့ မေတ္တာတွေနဲ့ အဖော်ပြုပေးပါ။

♥ချစ်ခြင်းမေတ္တာနဲ့ အေးမြမူ့ တွေကိုငါပြုံးပြုံးလေးလက်ခံနေမှာပါ၊အဲ့ဒီအပြုံးတွေထဲမှာမဆုံးနိုင်တဲ့ ငါ့မေတ္တာတွေ ပါဝင်နေမှာပါ သားတို့  သမီးတို့ ရယ်။



ကိုအေးမင်းဇော် ဒီလောက်ဆိုရင် ကျေနပ်နိုင်မယ်လို့ ထင်ပါတယ်........

ဟိန်းတင့်ဇော်

Sunday, November 21, 2010

မိုးကောင်းကင်နှင့်တူသော သူငယ်ချင်း-ဇာတ်သိမ်းပိုင်း ( မင်းသိင်္ခ )

အပိုင်း (၁) ၊ အပိုင်း (၂)

အခြားလူတွေအတွက်တော့ မပြောနိုင်ဘူး။ ငါ့အတွက်တော့ နည်းရှိတယ်။ သူဋ္ဌေးဖြစ်တဲ့နည်း၊ အောင်မြင်ကျော် ကြားတဲ့နည်း၊ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နည်း၊ အားလုံးရှိတယ်။ အဲဒီနည်းကို ပြောပြပါလို့ ငါ့ကို မပြောနဲ့။ ငါ ပြောမပြတတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ငါ့ရဲ့နည်းဟာ နည်းမဟုတ်တဲ့နည်း ဖြစ်နေလို့ပဲ။ အနာဂါတ်မှာ ငါလျှောက်မယ့် လမ်းဟာလည်း ဖြောင့်ဖြူးနေတယ်ဆိုတာ ငါသိတယ်။ အဲဒီလမ်းကိုလည်း မမေးနဲ့။ အဲဒါကလည်း လမ်းမဟုတ်တဲ့ လမ်းပဲ။ ရှိတော့ ရှိတယ်။ ပြောလို့လည်း မရဘူး။ ပြလို့လည်း မရဘူး ” လို့ မြသွေးက ပြောပြန်တယ်။

အဲဒီတော့ ကျွန်တော်က မင်းပြောသလိုဆိုရင် မိုးကောင်းကင်လိုပဲ ရှိတောရှိတယ်။ ကိုင်လို့ တွယ်လို့ မရဘူးဆိုပါ တော့ ” လို့ ပြောလိုက်တော့ မြသွေးက ရယ်ပြန်တယ်။ “ မင်းပြောသလို မိုးကောင်းကင်လိုပဲ ထားလိုက်ပါတော့။ ဒါပေမယ့် မိုးကောင်းကင်လိုလည်း မဟုတ်သေးဘူး။ နည်းမဟုတ်တဲ့ နည်း၊ လမ်း မဟုတ်တဲ့ လမ်းနဲ့ ငါ အလုပ်လုပ်မယ်။ အဲဒီအခါမှာ ငါ ချမ်းသာရမယ်။ အဲဒီအခါမှာ မင်းတို့နှစ်ယောက်ကို ငါကြည့်ရှု့မယ် ” လို့ ပြောလိုက်တယ်။ အဲဒီတော့ ကျွန်တော်က ...

“ စီးပွားရေး လုပ်တယ်ဆိုတာ နည်းစနစ်တွေ ကျွမ်းကျင်သူတွေရဲ့ အဆိုအမိန့်တွေ ရှိတယ် မဟုတ်လား။ အဲဒီ အတိုင်း မင်း မလုပ်ဘူးလားလို့ ” မေးလိုက်တယ်။ “ မင်းပြောတာတွေက ငါ့အတွက် ကျဉ်းမြောင်းလွန်းပါတယ်။ ငါက လွတ်လွတ်လတ်လတ်မှ ကြိုက်တာ။ ငါ့ဟာ မှန်မမှန် မင်းစောင့်ကြည့်ပေါ့ ” လို့ သူက ပြောပြီး ဆေးလိပ်တိုကို ရေကန်ထဲ ပစ်ချလိုက်တယ်။ ပြီးတော့ နှစ်ယောက်သား နှုတ်ဆက်ပြီး လမ်းခွဲခဲ့ကြတယ်။ အဲဒီနောက်တော့ မတွေ့ဖြစ်တော့ပါဘူး။

တစ်ယောက်နဲ့ တစ်ယောက် မတွေ့ကြတာ ကြာတဲ့အခါမှာ တစ်နှစ်လောက်နေတဲ့ မြသွေးတစ်ယောက် ကျွန်တော် ရုံးကို ရောက်လာတယ်။ ပြီးတော့ ဒီကောင်က ဟေ့ကောင် မင်းတို့ ရုံးက အပြငကို ထွက်လို့ ရသလားလို့ မေးလိုက်တယ်။ ကျွန်တော်လည်း ဒီကောင်ကို မြင်တော့ အတော့်ကို အံ့သြသွားတယ်။ အကောင်းစား သက္ကလတ်နဲ့ ချုပ်ထားတဲ့ ဥရောပ၀တ်စုံကို ၀တ်ထားတယ်။ လက်ထဲမှာလဲ အလွန်ကြီးမားတဲ့ သရေအိပ်ကြီး တစ်လုံး ဆွဲထားတယ်။ သူရဲ့ လက်၀၀ဲဘက်လက်မှာ “ရိုးလက်” နာရီ တစ်လုံး ပတ်ထားတယ်။ ပြီးတော့ အရည်အသွေးကော်းတဲ့ မြကျောက် တစ်ခုက်ု လက်စွတ်ကွင်းပြီး ၀တ်ထားတာ တွေ့ရတယ်။ ဘာပဲ ဖြစ်ဖြစ် ဒီကောင်တော့ ဒိကောင်တော့ အတော့်ကို စီးပွားဖြစ်နေပြီဆိုတာ ထင်ရှားပါတယ်။

“ တို့ ရုံးက အပြင်တွေ ဘာတွေ ထွက်လို့ ရပါတယ်ကွ။ မင်းက တို့ရုံးကို ထောင်များ အောင့်မေ့နေသလား ” လို့ ကျွန်တော်က ပြန်ပြီး ပြောလိုက်တယ်။ ဒါပေမယ့် သူက ဘာမှ မပြောပါဘူး။ “ လွတ်လတ်တယ်ဆိုလည်း ပြီးတာပါပဲကွာ။ ငါက မလွတ်လတ်မှာ စိုးလို့ ” လို့ သူက ပြောပြီး ကျွန်တော်ကို ထမင်းဆိုင် တစ်ဆိုင် ခေါ်သွားတယ်။ ထမင်းဆိုင်မှာ ကျွန်တော်ကို ထမင်းတွေ ဘာတွေ ကြွေးတယ်။ ထမင်းကျွေးရင်းနဲ့ ကျွန်တော်တို့နှစ်ယောက် စကားတွေ ဘာတွေ ပြောကြတယ်။

အဲဒီတော့ ကျွန်တော်က သူ့ကို... “ လုပ်စမ်းပါဦး သူငယ်ချင်း မိုးကောင်းကင်ရဲ့... ဘယ်လိုကနေ ဘယ်လို ကြီးပွား ချမ်းသာလာပြန်တာတုန်း ” လို့ မေးလိုက်တယ်။ “ ဟေ့ကောင် အောင်ထွန်း၊ မင်းကို ငါ တစ်ခု ပြောမယ်။ မင်း ယုံမလား မသိဘူး ” လို့ စကားစလိုက်တယ်။ အဲဒီတော့ ကျွန်တော်က “ ပြောလေကွာ.. နားထောင်ရတာပေါ့ ” လို့ ပြန်ပြီး ပြောလိုက်တယ်။

အဲဒီအခါမှာ မြသွေးက သူ့ရဲ့ ကုတ်အင်္ကျီထဲက ပလက်င်္တနံနဲ့ လုပ်ထားတဲ့ စီးကရက်ဘူး ကလေးကို ထုပ်ယူလိုက် ပြီး အဲဒီနောက်မှာတော့ အကောင်းဆုံး “ရွန်ဆင်” မီးခြစ်နဲ့ စီးကရက်ကို မီးညှိရှိုက်ဖွာ လိုက်တယ်။ ပြီးတော့ မီးခိုးတွေကို မျက်နှာကြက်ဆီကို မှုတ်ထုပ်လိုက်တယ်။ ပြီးတော့ စကားကပြီး ပြောတယ်။

“ ဆင်းရဲခြင်းနဲ့ ချမ်းသာခြင်းဟာ နှစ်ခု မဟုတ်ဘူးနော်။ ပြီးတော့ ဆန့်ကျင်ဘက်လည်း မဟုတ်ဘူ ” သူ့ စကား မရပ်ခင်မှာဘဲ ကျွန်တော်က “ တော်ကွာ” လို့ အော်လိုက်တယ်။ အဲဒီတော့ မြသွေးက ပြုံးတယ်။

“ မင်း ငါပြောတာကို မယုံဘူး မဟုတ်လား ” လို့ ညင်ညင်သာသာ ကလေး ပြန်မေးလိုက်တယ်။

“မင်း ပြောတဲ့ စကားကို ငါတစ်ယောက်ထဲ မယုံတာ မဟုတ်ပါဘူး။ ဘယ်သူ့ကို သွားပြောပြော ယုံမှာ မဟုတ်ဘူး။ ဘယ်သူ့ကို သွားပြောပြော ယုံမှာ မဟုတ်ဘူး။ အဓိပ္ပာယ်လည်း မရှိဘူး ” လို့ ကျွန်တော်က ဒေါနဲ့ မောနဲ့ ပြန်ပြောလိုက်တယ်။ အဲဒီအခါမှာ မြသွေးက ထမင်းဆိုင်ရဲ့ နံရံမှာ ချိပ်ထားတဲ့ အပူအအေးပြတဲ့ ပြဒါးတိုင်လေးကို လက်ညှိုး ညွန်ပြလိုက်တယ်။

“ အောင်ထွန်း... ဟို သာမို မီတာလေးကို ကြည့်စမ်း။ ရာသီဥတု အပူချိန် (၇၅) လို့ ပြထားတယ်။ ဒီထက် ပူလာမယ်ဆိုရင်တော့ ပြဒါးလေးဟာ အေါ့်ကို တက်လာမယ်.။ (၇၅)ကနေ (၈၀) (၈၅) တက်လာမှာပေါ့ကွာ။ အပူချိန် (၁၀၀) ဆိုရင် ငါတို့ အားလုံး ဖျတ်ဖျတ်လူးအောင် ပူနေကြပြီပေါ့။ အဲဒီလိုပဲ ရာသီဥတုအေးလာမယ်ဆိုရင် ပြဒါးလေးဟာ အောက်ကို နိမ့်ကျလာမယ်။ အဲဒီလိုပဲ ရာသီဥတု အေးလာမယ်ဆိုရင် ပြဒါးလေးဟာ အောက်ကို နိမ့်ကျလာမယ်။ (၇၅) ကနေ (၆၀) (၅၅) (၅၀) အဲဒီလို နိမ့်ပြီး ကျလာမှာပေါ့။ (၃၀) လောက်ထိ ကျသွားမယ်ဆိုရင် ရေတွေတောင် ခဲနေပြီ။ အတော့်ကို အေးနေပြီပေါ့။

အဲဒီတော့ မင်းစဉ်းစားကြည့်စမ်း အောင်ထွန်း။ အအေးနဲ့ အပူဆိုတာ တစ်ခုသော သာမိုမီတာရဲ့ ပြချက်တွေ ဖြစ်တယ်။ သီးခြား မဟုတ်ဘူး။ အဲဒီ အပူနဲ့ အအေးဟာ ရာသီဥတုဆိုင်ရာ ခံစားမှု့ကို ဖော်ပြနေတာ ချဉ်းပဲ မဟုတ်လား။ ဆန့်ကျင်ဘက်တွေ မဟုတ်ဘူးကွာ။ အဲဒီလိုပဲ။ ချမ်းသာနဲ့ ဆင်းရဲဟာလည်း တစ်ခုတည်း တပေါင်းတစည်းတည်းပဲ။ သီးခြား မဟုတ်ဘူးလို့ သူက ပြောတယ်။ အဲဒီတော့ ကျွန်တော်က ...

မင်းပြောတာ ဟုတ်သလိုလိုပဲ။ ဒါပေမယ့် နားမလည်ဘူး။ ဆင်းရဲတာနဲ့ ချမ်းသာတာလည်း အတူတူ မဟုတ်ဘူးလို့ ငါ့စိတ်ထဲမှာ ထင်နေတုန်းပဲ။ ငါ့ကို ထပ်ပြီး ရှင်းပြဦး ” အဲဒီအခါမှာ မြသွေးက စီးကရက် မီးခိုးကို မှုတ်ထုပ်လိုက်ရင်း...

ဟေ့ကောင် အောင်ထွန်း ။ မင်း ချမ်းသာခြင်းကို လိုချင်သလား၊ မလိုချင်ဘူးလား

“ လိုချင်တာပေါ့ကွ ”လို့ ပြန်ပြောလိုက်တယ်။ “ လိုချင်တော့ ရသလား ”လို့ ပြန်ပြီး မေးတယ်။

“ မရဘူး ” လို့ ကျွန်တော်က ပြန်ဖြေတယ်။ အဲဒီအခါမှာ မြသွေးက စီးကရက်တိုကို ချပြီး ခြေထောက်နဲ့ နင်းချေရင်း...

“ လိုချင်တာကို မရတာဟာ ဆင်းရဲလား၊ ချမ်းသာလား၊ မင်းဟာမင်း စဉ်းစား” လို့ ပြောလိုက်တယ်။ အဲဒီတော့ ကျွန်တော်က...

“ လိုချင်တာကို မရတာဟာ ဆင်းရဲပေါ့ကွာ ” လို့ ပြန်ပြီး ဖြေလိုက်တယ်။ အဲဒီအခါမှာ မြသွေးက ...

“ မင်းရဲ့ အဖြေကို မင်းပြန် စဉ်းစားပါဦး။ ချမ်းသာနဲ့ ၊ ဆင်းရဲ ဘာများ ကွဲပြားနေလို့လဲ ” လို့ ဒီကောင် ပြောပြန်တယ်။

“ ဒါတွေ မပြောနဲ့ကွာ၊ နား ရှုပ်တယ်။ မင်း ဘယ်လို ချမ်းသာလာတာလဲ ငါ့ကိုပြော ” လို့ ကျွန်တော်က ပူဆာလိုက်တယ်။ အဲဒီအခါမှာ ကျွန်တော်တို့ နှစ်ယောက်စလုံး ထမင်းစားပြီး သွားကြပြီးဖြစ်လို့ စာပွဲထိုးလေးက ပန်းကန်တွေ လာပြီး သိမ်းနေတယ်။ မြသွေးကလည်း ထမင်းဖိုး ရှင်းနေတယ်။ ပြီးတော့ သားရေအိပ်ထဲက အထုပ်တစ်ထုပ်ကို နှိုက်ယူပြီး

“ ဟောဒီမှာ ငွေငါးထောင်၊ မင်းကိုပေးတာ၊ မိန်းမ ယူလိုက်တော့လို့ ” ပြောပြီး ဆိုင်ထဲက ထွက်လာကြတယ်။ ဆိုင်အပြင် ပလက်ဖောင်းပေါ် ရောက်တော့ ကျွန်တော်က “ ဟေ့ကောင် မင်းငါ့ကို ပြောခဲ့ပါဦးကွ ၊ မင်း ဘယ်လို ချမ်းသာလာသလဲ ဆိုတာ ” လို့ မေးလိုက်တယ်။ အဲဒီမှာ ဒီကောင်က ဟက်ဟက်ပက်ပက် ရယ်လိုက်တယ်။ ပြီးတော့ ကျွန်တော့်ခေါင်းကို “ဒေါင်ကနဲ့” ခေါက်လိုက်တယ်။

“ အသူရကာယ်လိုကောင်၊ ...နားထောင်၊ စောစောက မင်းကို ငါပြောခဲ့တဲ့ စကားတွေ မှတ်မိဦးမှာပေါ့။ ကိုးရိုးကားယားတွေလေ။ ဆင်းရဲနဲ့ ချမ်းသာဟာ နှစ်ခုမဟုတ်ဘူး။ အတူတူပဲလို့။ အဲဒီ ကိုရိုးကားယား စကား တွေဟာ ငါ့ရဲ့ ဓမ္မတွေပဲ။ အဲဒီ ဓမ္မတွေ အရင်က ငါ့မှာ မရှိဘူး။ နောက်တော့ ငါ့နှလုံးသားမှာ ကိန်းအောင်းလာ တယ်။ အဲဒီ ဓမ္မတွေ ကိန်းအောင်းလာတဲ့ အချိန်မှာ ငါ့ရဲ့ စိတ်ဟာ မင်းပြောသလိုပဲ။ ဗလာဟင်းလင်း ဖြစ်သွားတယ်။ ပပူပငါမဲ့ အကြာင်းကြမဲ့ ဖြစ်လာတယ်။

အဲဒီ စိတ်နှလုံးနဲ့ ငါ အလုပ်လုပ်တယ်။
အဲဒီ စိတ်နှလုံးနဲ့ ငါ ထမင်းစားတယ်။
အဲဒီ စိတ်နှလုံးနဲ့ ငါရေသောက်တယ်။
အဲဒီ စိတ်နှလုံးနဲ့ ငါ ခရီးသွားတယ်။
အဲဒီ စိတ်နှလုံးနဲ့ ငါ စီးပွားရှာတယ်။

“ ဒါပဲ သူငယ်ချင်း”

မြသွေးသည် ကျွန်တော်အနီးမှ ထွက်ခွါသွားပြီ ဖြစ်၏။ ကျွန်တော်မှာကား သူပြောခဲ့သော စကားများကို လုံးစေ့ ပတ်စေ့ နားလည်အောင် စဉ်းစားရင်း ပလက်ဖောင်းပေါ်တွင် ငူငူကြီး ကျန်ရစ်ခဲ့လေသည်တကား။

သဗ္ဗေသတ္တာကမ္မဿကာ
မင်းသိင်္ခ

Saturday, November 20, 2010

မိုးကောင်းကင်နှင့်တူသော သူငယ်ချင်း-ဒုတိယပိုင်း ( မင်းသိင်္ခ )

ကြီးပွားချမ်းသာဖို့ ကြိုးစာအားထုပ်နေသူများ အတွက် အထောက်အပံ့ ဖြစ်စေချင်းငှာ ဖော်ပြပါသည်။

အပိုင်း (၁) ကိုအရင် ဖတ်ချင်ပါက ဒီနေရာတွင် ဖတ်ပါ။

အဲဒီနေ့မှာပဲ မြသွေးက ကျွန်တော်ဆီရောက်လာတယ်။ ကျွန်တော်ကို တွေ့တော့ ကျွန်တော်က စကားနာထိုးမယ် လို့ ထင်နေတာ။ ဒီကောင်က တော်ပါတယ်။ စကားနာ မထိုးရှာဘူး။

ဒီနှစ် မအောင်လဲ နောင်နှစ်ပေါ့ကွာ။ စိတ်မပျက်ပါနဲ့” လို့ အားပေးရှာတယ်။ ပြီးတော့ စိတ်ပြေလက်ပျောက် ဖြစ်အောင်ဆိုပြီး သူက ကျွန်တော်နဲ့ အုန်းမြင့်ကို ပုဂံကို ဘုရားဖူးခေါ်သွားတယ်။ ပုဂ့က ပြန်လာပြီးတော့ နောင်နျစ်ကျောင်းတက်ဖို့ ကျောင်းစရိပ်တွေ သူက အကုန်ခံတယ်။ သူ မြင်းနိုင်ထားတယ်ဆိုပြီး စာအုပ်တွေ ၀ယ်ပေဒတယ်။ အင်္ကျီတွေ ၀ယ်ပေးတယ်။ အင်္ကျီတွေ ချုပ်ပေးတယ်။ အဲဒီနောက်မှာတော့ မြသွေးနဲ့ ကျွန်တော်တို့ မတွေ့ကြတော့ဘူး။ သူ့အကြောင်းလည်း စုံစမ်းလို့ မရတော့တော့ဘူး။ ကျွန်တော်တို့ ကျောင်းသား အရွယ်ကလွန်မြောက်ပြီး ရုံးတွေဘာတွေမှာ ၀င်အလုပ်လုပ်နေကြပြီ။ ဒီကောင်နဲ့ (၇)နှစ်လောက် ကွဲသွာဒတယ်ဆိုပါတော့.....

တစ်နေ့မှာ ရုံးဆင်းတဲ့ အချိန်ကြီးပေါ့...။ ကျွန်တော်က အညောင်းပြေသဘောနဲ့ ကန်တော်ကြီးကို ပတ်ပြီး လမ်းလျှောက်ပြန်လာတာ။ အဲဒီမှာ မြသွေးနဲ့ ဗြုန်းကနဲ့ သွားတွေ့တယ်။ ဒီကောင့် အသားတွေက်လည်း မုန့်ကျွဲ သည်းလိုပဲ။ နီကြောင်ကြောင်နဲ့။ ဒီကောင်က ကျွန်တော့်ကို တွေ့တော့ ပြုံးပြတယ်။ ကျွန်တော်ကလည်း အားရ၀မ်းသာနဲ့ “ ဟေ့ကောင်မြသွေး။ မင်း ဘယ်ပျောက်နေတာလဲ၊ နေပါဦး၊ မင်းအသားအရောင်တွေကလည်း တစ်မျိုးပါလား...” လို့ ကျွန်တော်က ပြောမိတယ်။ အဲဒီအခါမှာ မြသွေးက...

“ ဟေ့ကောင် ... အောင်ထွန်း၊ ငါ့အသားအရည်တွေက တစ်မျိုးပဲဆိုတော့ မင်း အသားအရောင်တွေကလည်း တစ်မျိုးပဲ ဆိုတော့ ဘယ်လိုဖြစ်နေလို့လဲ ” လို့ ပြန်မေးတယ်။ “ ငါ့မျက်စိထဲမှာ မင်းရဲ့ အသားအရောင်ဟာ အရင်လို မဟုတ်ဘူး။ မုန့်ကျွဲသည်း အရောင်လို ဖြစ်နေတယ် ” လို့ ပြန်ပြီး ပြောလိုက်တော့ ဒီကောင်က ရယ်တယ်။

“ မုန်ကျွဲသည်းနဲ့ မတူဘူးကွ။ ငါ့အသားအရည်က ပုန်းရည်ကြီး အေ၇ာင်နဲ့ တူနေတာ။ ငါထောင်က လွတ်လာတာ နှစ်ရက်ပဲ ရှိသေးတယ်။ ငါ(၁၀)တန်း အောင်တဲ့နှစ်မှာ ဖဲဝိုင်းမှာ လူတစ်ယောက်ကို ဓားနဲ့ ထိုးမိလို့ ငါထောင်ကျသွားတယ်။ ဖြစ်တာက မုံရွာဘက်မှာ ဖြစ်တာပေါ့။ မင်းတို့ မသိလိုက်ဘူး။ ငါ ထောင်ဆယ်နှစ် ကျသွားတယ် ” လို့ မြသွေးးက ကျွန်တော်ကိုပြောတယ်။ ကျွန်တော် တော်တော်ပဲ စိတ်မကောင်းဖြစ်သွားတယ်။

“ မင်းနှယ်ကွာ၊ ငါနဲ့ အုန်းမြင့်ဆိကို အကြောင်းကြားသင့်တာပေါ့။ ဘာဖြစ်လို့ အကြောင်းမကြားတာလဲလို့ ” ကျွန်တော်က အပြစ်တင်လိုက်တယ်။ အဲဒီအခါမှာ မြသွေးက.. “ ကိုယ့် ဒုက္ခနဲ့ ကိုယ် ရှိပါစေကွာ။ ငါတော့ ဘယ်သူ ကိုမှ ဒုက္ခ မပေးချင်ဘူး။ ပြီးတော့ မင်းတို့ အကြောင်းကို ငါ ထောင်ထဲမှာ ကတည်းက စုံစမ်းကြည့်တယ်။ မင်းတို့ နှစ်ယောက်စလုံး ဆင်းဆင်းရဲရဲနဲ့ စာရေး လုပ်စားနေရတယ်ကြားလို့ ငါ စိတ်မကောင်းပါဘူး ” လို့တောင် ကျွန်တော်ကို ပြန်ပြီးပြောလိုက်သေးတယ်။

“ ဆင်းရဲတာကတော့ မှန်ပါတယ်ကွာ။ ဒါပေမယ့် ချို့ချို့ ငဲ့ငဲ့တော့ မရှိလှပါဘူး။ ဘာပဲဖြစ်ဖြစ် ခုလို တွေ့တုန်းကြုံတုန်း မင်းနဲ့ ငါ စကားပြောချင်သေးတယ် ” လို့ ကျွန်တော်က ပြောတော့ သူက နှစ်လိုဖွယ်ရာ ပြုံးတယ်။ “ မင်း ငါပြောတဲ့ စကားတွေကို နားထောင်ချင်လား ” လို့ သူက ပြန်ပြီး မေးတယ်။ “ မဟုတ်ဘူး၊ မင်းလဲ ပြော၊ ငါလည်း ပြောမယ် ” လို့ ကျွန်တော်က ပြန်ပြီးပြောတော့ သူက ပြုံးတယ်။ “ ငါက မင်းကို စကားပြောဖို့ ခိုင်လုံတဲ့ အကြောင်းရှိတယ်။ မင်းကရော ငါ့ကို စကားပြောဖို့ ခိုင်လုံတဲ့ အကြောင်းရှိရဲ့လား ” လို့ သူက ပြန်မေးတယ်။

“ ရှိတာပေါ့ မြသွေးရ။ ပထမတစ်ချက်က မင်းနဲ့ ငါနဲ့ သူငယ်ချင်းပဲ။ တစ်ယောက်နဲ့ တစ်ယောက် စကားပြောရမှာပေါ့။ ဒုတိယအချက်က မင်းအနေနဲ့ မဖြစ်သင့်တာတွေ မဖြစ်အောင် ငါက ပြောရဦးမယ် မဟုတ်လား ” လို့ ကျွန်တော်က ပြောလိုက်တဲ့ အခါမှာ မြသွေးက ရယ်ပြန်တယ်။ ပြီးတော့ “ မင်းက ငါ့ကို ဆုံးမမလို့လား၊ မဆုံးမပါနဲ့ကွာ။ ဆုံးမတာတို့ ၊ ငါ့ကို တားမြစ်တာတို့ဆို ငါ မကြိုက်ဘူး။ ငါ ပြောပြီးပါပကောလား။ ငါ ကောင်းတာပဲ လုပ်လုပ်၊ မကောင်းတာပဲ လုပ်လုပ် ငါ့ကို မြှောက်ပေးပါလို့ ” ပြောပြန်တယ်။ အဲဒီတော့ ကျွန်တော်က ....

ငါဟာ မင်းရဲ့ ငါအနေနဲ့ မိတ်ဆွေကောင်းဖြစ်တယ်ကွ။ မိတ်ဆွေကောင်းဆိုတာ မြှောက်မပေးရဘူး။ မကောင်းတာ ကို တားမြစ်ရမယ် မဟုတ်လား ” လို့ ကျွန်တော်က ပြောလိုက်တော့ ... ဒီကောင်က “ မဟုတ်တာတွေ လာပြီး ပြောမနေပါနဲ့ ။ ငါ့အနေနဲ့ မိတ်ဆွေကောင်း မလိုချင်ဘူး။ ငါ့ကို မြှောက်ပေးတဲ့ လူပဲ လိုချင်တယ်။ ငါ့ကို ဘယ်လောက်မြှောက်ပေးနိုင်သလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီး အဲဒီ မိတ်ဆွေရဲ့ တန်ဖိုးကို ငါ သတ်မှတ်တယ်။ ဘာပဲ ဖြစ်ဖြစ် မင်းနဲ့ ငါ စကားမပြောရင် ကောင်းမယ်။ ဘာကြောင့်လဲ သိလား။ ငါ့ခေါင်းထဲကို သူတစ်ပါးရဲ့ အကြံအစည်တွေ အတွေးအခေါ်တွေ မ၀င်စေချင်ဘူး။ ငါ့စိတ်ကလေးဟာ မူလနဂိုအတိုင်း သန့်သန့်ရှင်းရှင်း ကလေးရှိနေတယ်။ အဲဒါလေးကို ညစ်ကြေးသွားအောင် မလုပ်ပါနဲ့ကွာ။ အဲဒီတော့ ငါပြန်မယ်။ နောက်မှ တွေ့ကြတာပေါ့ ” ဟု မြသွေးက ပြောတယ်။

အဲဒီတော့ ကျွန်တော် အနေနဲ့ ထိပ်ထိပ်ပြာပြာ ဖြစ်သွားတယ်။ “ မပြန်ပါနဲ့ဦး သူငယ်ချင်းရာ။ ငါ့ကို စကားပြောခွင့် မပေးရင်လည်း နေပါ။ မင်းပဲ ပြောပါ။ ငါ နားထောင်ပါ့မယ် ” လို့ ပြောလိုက်တော့ ဒီကောင်က..

အဲလို လုပ်စမ်းပါ အောင်ထွန်းရာ၊ ငါပဲ ပြောမယ်၊ မင်းနားထောင် ” လို့ ပြောပြီး ကျွန်တော်လက်ကို ဆွဲတယ်။ ပြီးတော့ ကန်စပ်မှာ နှစ်ယောက်သား ထိုင်ကြတယ်။ ပြီးတော့ မြသွေးက သူ့အိပ်ထဲက ဆေးပေါ့လိပ် တစ်လိပ်ကို ထုပ်ပြီး နတ်သမီး မီးခြစ်ကို ရှဲကနဲ နေအောင်ခြစ်လိုက်တယ်။ ပြီးတော့ ဆေးလိပ်ကို ရဲကနဲ ရဲကနဲ နေအောင် ရှိုက်ဖွာလိုက်တယ်။ ပြီးတော့ မီးခိုးတွေကို ကောင်းကင်ဆီကို မှုတ်ထုပ်လိုက်တယ်။

“ သပဒေနဲ့ မကင်းတာ ငါ ဘာမှ မလုပ်တော့ဘူး။ အရင်ကလည်း ငါ့အနေနဲ့ လောင်းကစားပဲ လုပ်တာ. ဒီက ရှေ့လျှောက်ဆိုရင် လောင်းကစားတောင် လုပ်ဖြစ်တော့မယ် မထင်ဘူး။ ငါ့အနေနဲ့ စီးပွားရေးကို ဖိဖိစီးစီး လုပ်ရတော့မှာ။ ငါ ချမ်းသာမှ ဖြစ်မယ်။ ဘာကြောင့်လဲ သိလား။ မင်းတို့ကို ငါ့အနေနဲ့ ပေးနိုင်ကမ်းနိုင်ဖို့ပေါ့။ အခုတော့ ငါ့အခြေအနေက သုညအောက် ယူဇနာ တစ်ရာရောက်နေပြီ။ အဲဒီကနေ ပြန်ပြီး ကြိုးစားယူရမှာပဲ ” လို့ သူက ပြောတယ်။ အဲဒီတော့ ကျွန်တော်က ..

“ သူဋ္ဌေး ဖြစ်အောင် လုပ်တဲ့ နည်းရှိလား ” လို့ မေးလိုက်တယ်။

တတိယပိုင်း ဆက်လက်ဖော်ပြပေးပါမည်....

Friday, November 19, 2010

အရေးတကြီး စကားပြောဆိုစရာ ကိစ္စများရှိပါက

အရေးကြုံ သက်လုံကောင်းစေ(မင်းသိင်္ခ)

ကျွန်ုပ်သည် ဘားလမ်း (ယခုမဟာဗန္ဓုလ ပန်းခြံလမ်း) ထိပ်တွင် ဗေဒင်လက္ခဏာ ဟောပြောနေသည်ဟု ဖော်ပြခဲ့ပြီးဖြစ်၏။ထိုဟောပြောသောနေရာမှ အခန်းပိုင်ရှင်သည် လွန်စွာကောင်းပါသည်။ သို့ရာတွင် ထိုအိမ်ရှင်နှင့် ပတ်သက်သော ဧည့်သည်အချို့မှာ ကျွန်ုပ်၏ လုပ်ငန်းကို လွန်စွာ ဒုက္ခပေးပါသည်။ ကျွန်ုပ် ဗေဒင်လက္ခဏာ ဟောပြောနေစဉ် အတွင်း ထိုသူများသည် ရေဒီယိုကို ကျယ်လောင်စွာ ဖွင့်ခြင်း၊ သီချင်းကျယ်လောင်စွာဆိုခြင်း၊ တစ်ဦးနှင့်တစ်ဦး ကျယ်လောင်စွာ ငြင်းခုံခြင်း စသော လုပ်ရပ်များသည် ကျွန်ုပ် ဗေဒင်လက္ခဏာ ဟောပြော ခြင်းအတွက် အနှောင့်ယှက် များစွာဖြစ်စေပါသည်။

ထို့ကြောင့် “ဒီနေရာက ပြောင်းမှပဲ” ဟု စိတ်ထဲ၌ ဖြစ်ပေါ်ခဲ့၏။ ပြောင်းသည်ဆိုရာ၌ လွယ်ကူလှသည် မဟုတ်။ ကျွန်ုပ်အနေနှင့် ဆိုင်လခကို ထိုက်ထိုက်တန်တန် ပေးနိုင်သော်လည်း စပေါ်ကိုမူ မပေးနိုင်ပေ။ ပေးစရာလည်း မရှိပေ။ ထိုအချိန်၌မှာပင် မိတ်ဆွေတစ်ဦးက “ ဒီမှာ ဆရာမင်းသိင်္ခ ခင်ဗျားရဲ့ အလုပ်နဲ့ဆိုရင် (၃၂)လမ်းထိပ်က ကိုသက်တင်၊ ဒေါ်ဝတို့ရဲ့ အခန်းဟာ အကောင်းဆုံးပဲဗျ။ ခင်ဗျား ပြောကြည့်ပါလား ” ဟု ပြောရာ ကျွန်ုပ်က ထိုမိတ်ဆွေအား

“ဒီလိုရှိတယ်ဗျ။ ကျုပ်က လခကိုတော့ ကောင်းကောင်း မွန်မွန် ပေးနိုင်ပါတယ်။ စပေါ်က မတတ်နိုင်ဘူးဗျ။ ဒေါ်၀၀ကြီးကလည်း စပေါ်မရရင် ကျုပ်ကို ထားပါ့မလား ” ဟု ပြောရာ ထိုမိတ်ဆွေက“သေချာတာပေါ့ဗျာ။ စပေါ် မပေးနိုင်ရင်တော့ ဒေါ်၀၀က လက်ခံမှာ မဟုတ်ဘူး။ သွားပြောလည်း စကားအဖတ် တင်ရုံ ရှိမှာပါဗျာ ” ဟု ပြောရင်း ထိုမိတ်ဆွေသည် ကျွန်ုပ်နှင့် လမ်းခွဲသွားလေ၏။ ကျွန်ုပ်သည် ဆူးလေးဘုရား ပန်းခြံထောင့်တွင် ထိုင်းရင်း မည်သို့ မည်ပုံပြုလုပ်ရမည်ကို စဉ်းစားနေ၏။ ထိုသို့ စဉ်းစားရာ ကျွန်ုပ်၏ စိတ်တွင်း၌လည်း အောက်ပါ အတိုင်း ရေရွတ်မိလေ၏။

“လူဆိုတာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အကြပ်အတည်း အခက်အခဲတွေ့မြဲပဲ။ ဒီလို အခက်အခဲ အကြပ်အတည်း တွေ့တဲ့အခါမှာ ငွေရှိတဲ့သူက ငွေနဲ့ပေါက်ပြီး အဲ့ဒီအကြပ်အတည်းက လွတ်အောင် ထွက်သွားလိမ့်မယ်။ အာဏာ ရှိတဲ့ သူကလည်း အာဏာနဲ့ ဖြေရှင်းသွားလိမ့်မယ်။ အသိုင်းအ၀ိုင်း ရှိတဲ့သူကလည်း အသိုင်းအ၀ိုင်းနဲ့ ဖြေရှင်း ပြီး သွားလိမ့်မယ်။ ငါ့မှာကတော့ ငွေလည်း မရှိဘူး။ အဲ့ဒီတော့ ဘယ်လိုလုပ်မတုံး။ အရေးကြုံရင် သက်လုံ ကောင်းရမယ် ဆိုတဲ့ စကားရှိတယ်။ ငါ့မှာ ဘယ်လိုသက်လုံမျိုးရှိသလဲ။ သြော် သတိရပြီ။ သြော် သတိရပြီ။ ငါ့မှာ သက်လုံကောင်းရှိတာပေါ့။

အဲ့ဒါက ဘာလဲဆိုတော့ “ပညာ”။ ဘယ်လိုပညာလဲဆိုတော့ အင်္ဂ၀ိဇ္ဇာပညာ။ ဒီပညာကို ငါလည်း ကျွမ်းကျွမ်း ကျင် ကျင် တတ်ထားတာပဲ။ ဘာဖြစ်လို့ အသုံးမချရမှာလဲ။ အသုံးချရမှာပေါ့။ အဲ့ဒီပညာမှာ “ သူ့ကိုနိုင်လို စာနဲ့ခို၊ လိုရာ ဆေးဖော်သုံးတဲ့။ “ ဆ ” ဆိုတာက ပညာရပ်စကားကို ပြောတာ။ အဓိပ္ပါယ်က “ ဆပွတ် ” တဲ့ ။ ဆပွတ်ဆိုတာ ခြောက်ခုမြောက် ဂြိုဟ်ကို ဆိုလိုတာ။

တနင်္ဂနွေသား” ရဲ့ “ ဆ ” ဟာ “ သောကြာ ” ။
သောကြာသား” ရဲ့ “ ဆ ” ဟာ “ ဗုဒ္ဓဟူး ” ။
ဗုဒ္ဓဟူးသား” ရဲ့ “ ဆ ” ဟာ “ တနင်္လာ ” ။
တနင်္လာသား” ရဲ့ “ ဆ ” ဟာ “ ကြာသပတေး ”
ကြာသပတေးသား” ရဲ့ “ ဆ ” ဟာ “ အင်္ဂါ ” ။
အင်္ဂါ သား” ရဲ့ “ ဆ ” ဟာ “ တနင်္ဂနွေ ” ဆိုပဲ။

အဲ့ဒီတော့ အဲ့ဒီ “ ဆ ” ကိုခိုပြီး ဒေါ်ဝကြီးဆီက တိုက်ခန်းကို ဌားအောင် လုပ်ရမှာပဲ။ အင်း……. ဘယ်လို လုပ်ရပါ မလဲ။ ငါ့ဆရာက ငါ့ကို သင်ပေးဖူးတယ်။ “ပဉ္ဓပွတ် ” နဲ့ မြား ၊ ဆပွတ်နဲ့ ဓား။ ပဉ္ဓပွတ်ဆိုတာ ငါးခု မြောက် ဂြိုဟ်ကို ပြောတာ . . . . .

တနင်္ဂနွေ ” ရဲ့ ပဉ္ဓပွတ်ဟာ “ ကြာသပတေး ” ။
ကြာသပတေး ” ရဲ့ ပဉ္ဓပွတ်ဟာ “ တနင်္လာ ”
တနင်္လာ ” ရဲ့ ပဉ္ဓပွတ်ဟာ “ သောကြာ ” ။
သောကြာ” ရဲ့ ပဉ္ဓပွတ်ဟာ “ အင်္ဂါ ” ။
အင်္ဂါ ” ရဲ့ ပဉ္ဓပွတ်ဟာ “ စနေ ”
စနေ ” ရဲ့ ပဉ္ဓပွတ်ဟာ “ ဗုဒ္ဓဟူး” ။
ဗုဒ္ဓဟူး ” ရဲ့ ပဉ္ဓပွတ်ဟာ “ တနင်္ဂနွေ ” တဲ့။

အဲ့ဒီတော့ ဒေါ်ဝဆိုတာက ဗုဒ္ဓဟူးသမီး။ ဗုဒ္ဓဟူးကို ပဉ္ဓပွတ်နဲ့ မျှားရမယ် ဆိုတော့ ဗုဒ္ဓဟူးရဲ့ ပဉ္ဓပွတ်ဟာ တနင်္ဂနွေ ဖြစ်တယ်။ ဒါကြောင့် ငါ့အိတ်ထဲမှာ အုန်းညွန့် ကလေးတစ်ခု ထည့်ပြီး သွားရမယ်။ ဆပွတ်နဲ့ ဓားဆိုတဲ့ စကားအရ ဗုဒ္ဓဟူးရဲ့ ဆပွတ်ဟာ တနင်္လာဆိုတော့ တနင်္လာနေ့ကို သွားမယ်။ သွားတဲ့အချိန်ဟာလည်း ဗုဒ္ဓဟူးရဲ့ ဆပွတ်အချိန် တနင်္လာအချိန်ကို သွားရမယ်။ အဲ့ဒါက ဗုဒ္ဓဟူးနေ့ရဲ့ ညနေ ၄ နာရီခွဲကနေ ၆ နာရီအတွင်းဖြစ်တယ်။ ဆပွတ်နေရာက ဗုဒ္ဓဟူးရဲ့ ဆပွတ်ဟာ တနင်္လာ ဆိုတော့ အရှေ့စူးစူးပဲ။ ဒေါ်ဝကြီးနဲ့ တွေ့တဲ့အခါမှာ ငါ ဟာ အရှေ့စူးစူး နေရာကထိုင်ပြီး သူ့ကိုစကားပြောမယ်။

ဒီပညာက ခိုင်လုံတဲ့ ပညာပဲ။ ပြီးရင် ဒီပညာဟာ ငါ့ရဲ့ သက်လုံဖြစ်တယ် ” ကျွန်ုပ်ဟာ အထက်ပါအတိုင်း ရေရွတ်ပြီးနောက် တနင်္လာနေ့သို့ရောက်သောအခါ၌ အိတ်ထဲတွင် အုန်းညွန်တစ်ညွန်ထည့်၍ ဒေါ်ဝကြီးထံ သွား၍တွေ့၏။ ဒေါ်ဝကြီးနှင့်တွေ့၍ ထိုင်သောအခါ၌လည်း ကျွန်ုပ်သည် အရှေ့စူးစူးက ထိုင်၍ ဒေါ်ဝသည် အနောက် စူးစူးက ရှိနေ၏။ ဒေါ်ဝသည် ကျွန်ုပ်ကို တွေ့လျှင်တွေ့ချင်း “ ထူးထူးခြားခြား ဆရာရောက်လာတယ်။ ဘာကိတ်” ဟု မေးလေ၏။ “ ကျုပ်ကတော့ ရှားမီးကိတ်ပေါ့ဗျာ။ လာတာကတော့ ကိတ်မုန့်စားဖို့ လာတာမဟုတ်ပါဘူး။

ကျုပ်က စကားလည်း သိပ်ပြီး မပြောတတ်ဘူး။ စကားပြောရင်လည်း ကြာကြာပြောတဲ့အခါ အမောက်မတည့် ဖြစ်လာတတ် တယ်။ ဒါကတော့ အဆန်းမဟုတ်ပါဘူး။ ကျုပ်တို့လို လူနုံလူအတွေဟာ အဲ့ဒီလိုဖြစ်တတ်ပါတယ်။ အဲဒီတော့ စကားပြောတဲ့အခါမှာ “ သူများလို လျှာမရှည် ငတေမာ၏ ” ဆိုတဲ့ စကားအတိုင်းပဲ တိုတိုနဲ့လိုရင်းပဲ ပြောတတ်ပါတယ်။ အဲဒီတော့ ဒေါ်ဝရေ မဖြစ်နိုင်ပါဘူးတို့၊ ဘယ်လိုက ဘယ်ချမ်းသာဆိုတဲ့ ဆင်ခြေမျိုးတွေ မပြောပါနဲ့ဗျာ။ ခင်ဗျားရဲ့ ဟောဒီအခန်းကလေးဟာ လူလည်း နေတာ မဟုတ်ဘူး။ စာအုပ်အဟောင်းတွေ ထားတဲ့ ဥစ္စာမဟုတ်လား။

ဒီအခန်း ကလေးမှာ ကျုပ် ဗေဒင်လက္ခဏာ ဆိုင်ဖွင့်ချင်တယ်ဗျာ။ စပေါ်တော့ တစ်ပြားမှ မပေးနိုင်ဘူး။ လခကတော့ ၁၅၀ မေးမယ်။ မနက်ဖြန်ကို ကျုပ်စားပွဲခုံတွေ ရွေ့လာတော့မယ် ” ဟု ပြောလိုက်ရာ ဒေါ်ဝက “ မနက်ဖြန်တော့ မလုပ်ပါနဲ့ ဆရာရယ်။ ဒီအချိန်ဟာ လူရှင်းတယ်။ အခုပဲ ရွေ့လိုက်ပါလား ” ဟု ပြောသဖြင့် ကျွန်ုပ်လည်း ချက်ချင်းပင် ရွေ့လိုက်တော့သတည်း။

ဤ နည်းကလေးသည် အဆန်းတကြယ်နည်း မဟုတ်ပါ။ ဘယ်လိုကိစ္စမှာ ဖြစ်ဖြစ် ဘယ်လောက် ခက်ထန်တဲ့ ခေါင်းမာတဲ့ လူနဲ့ပဲ ဖြစ်ဖြစ်၊ အရေးကြုံလို့ ပြောစရာရှိရင် ဒီနည်း ကလေးကို ကျွန်ုပ် အမြဲတမ်းလိုလို အသုံးပြုခဲ့ပါ သည်။ ယခုအချိန်အထိ လွဲချော်ချွတ်ယွင်းသွားသည်ဟု မရှိသေးပါ။ မိဘသဘောမတူသော ခိုးပြေးကြသော စုံတွဲများသည် မိဘထံပြန်လိုသောအါ၌ ကျွန်ုပ်ထံလာ ဤအကူအညီ တောင်းတတ်ပါသည်။ ကျွန်ုပ်သည် “ ပဉ္ဓပွတ်နှင့် မြား၊ ဆပွတ်နှင့် ဓား ” ဟူသည့် ဤနည်း ကလေးနှင့်ပင် ၎င်းတို့၏ မိဘများထံသွားရောက် ၍ နားဖောက်ရပါသည်။ အောင်မြင်သည်ချည်း သာ ဖြစ်လေ၏။

ထို့ကြောင့် ကျွန်ုပ်အကြောင်းကို မသိသော လူအတော်များများက “ မင်းသိင်္ခ ” အတော်စွမ်းတယ်” ဟု ပြောလေ့ရှိ ပါသည်။ အမှန်စင်စင် ကျွန်ုပ် မစွမ်းပါ။ အရေးကြုံလျှင် သက်လုံကောင်းစေဆိုသော စကားအတိုင်း ကျွန်ုပ်၌ နည်းကောင်း ရှိသောကြောင့် ဖြစ်၏ ။ ဤနည်းကို ယုံယုံကြည်ကြည်သုံးပါ။ ဤနည်းမှာ များစွာခက်သောနည်း မဟုတ်ပါ။ အောက်တွင် ဖော်ပြထားသော ဇယားကလေးကို သုံးမိနစ်လောက် ဖတ်ရှုလေ့လာလိုက်လျှင် မုချ တတ်ကျွမ်း သွားပါလိမ့်မည်။ ထိုသို့ တတ်ကျွမ်း သွားပြီးဆိုလျှင် ထိုနည်းကလေးသည် တစ်နေ့နေ့ တစ်ချိန်ချိန်၌ သင့်ဘ၀အတွက် တန်ဖိုးမဖြတ်နိုင်သော အရာကလေးတစ်ခု မုချ ဖြစ်လာပေလိမ့်မည်။ ထိုအခါမျိုး၌ သင်သည် ကျွန်ုပ်အား မုချကျေးဇူးတင်ပေလိမ့်မည်။




သဗ္ဗေ သတ္တာ ကမ္မဿကာ
မင်းသိင်္ခ

Thursday, November 18, 2010

မိုးကောင်းကင်နဲ့ တူတဲ့ သူငယ်ချင်း(မင်းသိင်္ခ)

ကြီးပွားချမ်းသာဖို့ ကြိုးစာအားထုပ်နေသူများ အတွက် အထောက်အပံ့ ဖြစ်စေချင်းငှာ ဖော်ပြပါသည်။

အဲဒီတုန်းက ကျွန်တော်(၁၀)တန်းကျောင်းသားပဲ ရှိသေးတယ်။ အစိုးရကျောင်းမှာ မတက်ဘဲ အလွတ်ပညာသင် ကျောင်းမှာ သွားတက်တယ်။ အဲဒီ အလွတ်ပညာသင်ကျောင်းက ရန်ကုန်မှာ မြင်းပွဲတွေ ဘာတွေလုပ်တဲ့ မြင်းကွင်းနားမှာ ရှိတယ်။ ကျွန်တော်တို့ သူငယ်ချင်း သုံးယောက် အတူတက်ကြတယ်။ ကျွန်တော်ရယ် အုန်းမြင့် ဆိုတဲ့ အကောင်က တော်တော်ချာတဲ့ကောင်။ စာမလိုက်နိုင်ရှာဘူး။ ပြီးတော့ ဒီကောင်က စာမကျိုးစားဘူး။ မြသွေးကတော့ မပြောနဲ့တော့ ကျောင်းကို မှန်မှန်မတက်ဘူး။ သူ့ရဲ့ လွယ်အိပ်မှာလဲ ကျောင်းစာအုပ်ကို မရှိဘူး။ မြင်းတစ် စာအုပ်တွေနဲ့ လွယ်အိပ်ကို ဖောင်းနေတာ။ ဒီကောင်ကတော့ ကျောင်းသားကနဲ့ ကို မတူဘူး။

တစ်နေ့တစ်နေ့ မြင်းသမားတွေထိုင်တဲ့ လဘက်ရည်ဆိုင်မှာ အချိန်ကုန်တော့တာပဲ။ မြင်းစာအုပ်တွေနဲ့ လာမယ့်အပတ် ဘယ်မြင်းနိုင်မယ်ဆိုတာ တါက်နေတော့တာပဲ။ မြသွေးအနေနဲ့ ကောင်းတာ တစ်ခုတော့ရှိတယ်။ ဒီကောင်မြင်းနိုင်လာရင် ကျွန်တော်နဲ့ အုန်းမြင့်ကို လာခေါ်ပြီး ထမင်းကျွေးတယ်။ ဘိုင်စကုတ်ပြတယ်။ အင်္ကျီတွေ ဘာတွေ ချုပ်ပေးတယ်။ လုံချဉ်တွေလည်း ၀ယ်ပေးတယ်။ မြသွေးအနေနဲ့ နောက်တစ်ခု ကောင်းတာရှိသေးတယ်။ အဲဒါက ဘာလဲ ဆိုတော့ ဒီကောင်မြင်းရှုံးရင် ကျွန်တော်တို့ဆီလာပြီး ဒုက္ခမပေးဘူး။ အဲဒီတော့ ကျွန်တော်နဲ့ အုန်းမြင့်က မြင်းပွဲနေ့ဆိုရင် မြသွေးနိုင်ပါစေလို့ အလိုလို ဆုတောင်းမိရက်သား ဖြစ်နေကြတယ်။

ပြီးတော မြသွေးဆိုတဲ့ ကောင်က တစ်လမှာ ကျောင်းကို နှစ်ရက်တည်းတက်တာ။ ကျောင်းလခပေးတဲ့နေ့မှာ တစ်ရက်တက်တယ်။ (၁၅)ရက်နေ့မှာ တစ်ရက်တက်တယ်။ (၁၅)ရက်နေ့ တစ်ရက်တက်တာကတော့ ကျွန်တော်ကို ပိုက်ဆံပေးဘို့ တက်တာ။ ကျွန်တော်က သူ့အတွက် မှန်စုစာအုပ်တွေ ကူးပေးရတယ်။ အဲဒီအတွက် သူက လခရှင်းတဲ့ သဘောပဲ။ (၁၅)ရက်အတါက် ငါးကျပ်ပေးတယ်။ ကျန်ဆယ့်ငါးရက် အတွက်ကိုတော့ ကျောင်းလခပေးတဲ့နေ့မှာ ကျွန်တော်ကိုပါ ရောပြီးပေးတယ်။ အဲဒီတော့ ကျွန်တော်က မြသွေးဆီက တစ်လတစ်ဆယ်ရတယ်။

စာမေးပွဲဖြေဖို့ သုံလပဲ လိုတဲ့အခါမှာ ကျွန်တ်ေက မြသွေးကို “ စာမေးပွဲဖြေဖို့ သုံလပဲလိုတော့တယ် ကိုယ်လူရေ ကျောင်းလေးဘာလေး လာတက်ဦး ” လို့ သတိပေးတယ်။ အဲဒီအခါမှာ ဒီကောင်က ဘာပြန်ပြောသ လဲဆိုတော့...

“ ဟေ့ကောင် အောင်ထွန်း... ငါ့ကို မဆုံးမပါနဲ့။ ငါမုန်းတဲ့အရာထဲမှာ အဆုံးအမဆိုတဲ့ အရာပါတယ်ကွ။ ငါချစ်တဲ့ အရာကတော့ ငါ့ကို မြှောက်ပေးခြင်းပဲ။ ငါ့ကို ချစ်ရင် ငါလုပ်တဲ့အရာဟာ ကောင်းကောင်း မကောင်းကောင်း ငါ့ကို မြှောက်ပေးပါ။ ငါ့ကို မဆုံးမပါနဲ့ ”

“ ဘာပဲ ဖြစ်ဖြစ် ကျွန်တော် တော်တော်ကို စိတ်ဆိုးသွားတယ်။ ကျွန်တော် သူ့ကို စေတနာနဲ့ပြောတာ မဟုတ်လား။ ကျွန်တော့် စေတနာကို အသိအမှတ် ပြုဖို့ ကောင်းတယ်။ ကျွန်တော် စိတ်မဆိုးပဲ နေပါ့မလား။ အဲဒါကြောင့်လဲ ကျွန်တော်က ...

“ (၁၀)တန်း မအောင်ရင် မင်းအနေနဲ့ ခွေးဖြစ်သွားမယ်၊ အဲဒါကို ငါ့က စိုးရိမ်လို့ ပြောတာ” လို့ ကျွန်တော်က ဒေါနဲ့ မောနဲ့ ပြောလိုက်တယ်။ အဲဒီတော့ မြသွေးက ထိပ်ထိပ်ပြာပြနဲ့..“ ဟေ့ကောင် အောင်ထွန်း ၊ ငရဲကြီးလိမ့် မယ်။ အဲလို မပြောနဲ့။ (၁၀)တန်း မအောင်လို့ ခွေးဖြစ်တဲ့လူ တစ်ယောက်မှ မရှိဘူး။ မင်းအဖိုးလည်း ဆယ်တန်းမအောင်ပါဘူး။ ငါ့ဘကြီးလည်း ဆယ်တန်းမအောင်ဘူ။ မင်းပြောသလို မဖြစ်ပါဘူးကွာ။ လူကြီးသူမတွေကို မစော်ကားပါနဲ့ကွာ။ ငရဲကြီးလိမ့်မယ်။ အင်း ခုမှ သတိရတယ်။ မင်းတုန်းမင်းကြီးတောင် ဆယ်တန်းမအောင်ဘူး ” လို့ ကျွန်တော်ကို ပြောတယ်။

“ ဟေ့ကောင်မြသွေး။ လူလည် မလုပ်နဲ့။ အဲဒီ လူတွေနဲ့ ဘာမှ မဆိုင်ဘူး။ မင်းကို ပြောတာ။ အဲဒီလူတွေက ဆယ်တန်းမအောင်ရင် ဘာမှ မဖြစ်ဘူး.။ မင်းတို့ ငါတို့ကတော့ ဆယ်တန်း မအောင်ရင် ခွေးဖြစ်မှာ သေချာတယ် ” လို့ ကျွန်တော်က ပြန်ပြီး ပြောလိုက်တယ်။ အဲဒီလိုနဲ့ (၁၀)တန်း ဖြေတဲ့ အချိန် ရောက်လာတယ်။ ကျွန်တော်တို့ သုံးယောက်စလုံး ကြည့်မြင်တိုင်က အေဘီအမ်ကျောင်းမှာ သွားဖြေရတယ်။ ကျွန်တော် ခုံနံပါတ်ကို ကျွန်တော် မှတ်မိသေးတယ်။ ကျွန်တော်က (၈၈၄၈) ။ အုန်းမြင့် ခုံနံပါတ်ကလည်း ကျွန်တော်နဲ့ သိပ်မဝေးဘူး။ မြသွေး ခုံနံပါတ်ကတော့ (၉၀၀၀)ကျော်မှာ။ အတိတိအကျတော့ မမှတ်မိဘူး။ ဒီကောင်က ကျွန်တော်ကိုတွေ့တော့...

“ (၁၀)တန်း အောင်ချင်လို့ မဟုတ်ပါဘူးကွာ။ ငါ့သူငယ်ချင်း တစ်ယောက်က (၁၀)တန်း မအောင်ရင် ခွေးဖြစ်မယ်ပြောလို့ ငါက ခွေးဖြစ်မှာ ကြောက်လို့ လာပြီး ဖြေတာ။ ” လို့ ကျွန်တော်ကို ရိရိတိတိ လာပြောသေးတယ်။ ကျွန်တော်က စိတ်ဆိုးပြီး “ ဟေ့ကောင် လူယုတ်မာ၊ မင်းအတွက် ငါက စေတနာနဲ့ ပြောတာ။ မင်း ငါ့ကို အူကြောင်ကြောင် မပြောနဲ့။ မင်းပါးစပ်ထဲက သွားတွေ အောက်ပြုတ်ကျသွားလို့ တစ်ချောင်းဆီ ကောက်နေရမယ်” လို့ ကြိမ်းလိုက်တယ်။ အဲဒီတော့ ကျွန်တော် စိတ်ဆိုးသွားမှန်း ဒီကောင်က သိတယ်။

“ မင်း ငါ့ကို တကယ် စိတ်ဆိုးသွား သလား။ မဆိုးပါနဲ့ကွာ။ ငါက ကျီစားတာပါ။ ” ဆိုပြီး ကျွန်တော်ခေါင်းကို တစ်ချက် ဒေါက်ကနဲ့ ခေါက်လိုက်တယ်။ ပြီးတော့ ဒီကောင်က “ လူတစ်ဖက်သားက ကိုယိ့ကို နောက်ရင် ပြန်ပြီး နောက်ရတယ်ကွ။ ကျီစားရင် ပြန်ပြီး ကျီစားရတယ်။ နောက်မှန်းမသိ ၊ ကျီစားမှန်းမသိ စိတ်ဆိုးတဲ့ ကောင်မျိုးဟာ ဘယ်တော့မှ မကြီးပွားဘူး။ မှတ်ထား ငတုံးလေးရဲ့ ” ဟု ပြောပြီး သူဖြေရမယ့် အခန်းဘက်ကို ထါက်သွားတယ်။ ကျွန်တော်က ပါးစပ်က ပွစိပွစိနဲ့ ဆဲပြီးတော့ ကျန်ရစ်ခဲ့တယ်။ အဲဒါကို ဘေးနားမှာရှိတဲ့ အုန်းမြင့်က...

“မြသွေးရေ... မင်းကို ဆဲနေတယ်ကွ ” လို့ လှမ်းပြီး အော်ပြောတယ်။ အဲဒီတော့ မြသွေးက လှည့်ပြီး ... “ ငါသိပါတယ်။ ဒီကောင် ငါ့ကို ဆဲနေတယ်ဆိုတာ ။ ဘယ်လို ဆဲနေသလဲဆိုတာတောင် သိသေးတယ်။ လဒထိပ်နီနဲ့ မျောက်မောင်းမ စပ်ပြီးမွေးတဲ့ ကောင်စား လို့ ငါ့ကို ဆဲနေမှာကွ။ လို့ မြသွေးက ပြန်ပြီး ပြောတယ်။ အဲဒီတော့ ကျွန်တော် မနေနိုင်တော့ဘူး။ ရယ်တော့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တာ် ဒိကောင်ကို ဆဲတာ အဲဒီအတိုင်း ဆဲနေတာ။

အဲဒီလိုနဲ့ စာမေးပွဲဖြေကြတယ် ဆိုပါတော့။ ဖြေပြီးနှစ်လလောက်ကြာတော့ အောင်စာရင်းထွက်တယ်။ ကျွန်တော်လဲ မအောင်ဘူး။ အုန်းမြင်လဲ မအောင်ဘူး။ ကျောင်းမတက်တဲ့ မြသွေးက စွတ်ရွတ်ပြီး အောင်သွားတယ်။

ဒုတိယပိုင်းကို ဆက်လက်ဖော်ပြပေးပါမည်။

Wednesday, November 17, 2010

လိုအင်ပြည့်ရာ-ဓာတ်ကြီးလေးပါးယတြာ

လူသားတိုင်း လူသားတိုင်း၏ ကိုယ်ခန္ဓာတွင် ပထ၀ီ အာပေါ တေဇော ၀ါယောဟု ဆိုအပ်သော ဓာတ်ကြီးလေးပါး ဖြင့် ဓာတ်ကြီးလေးပါးဖြင့် ဖွဲ့စည်း တည်ဆောက်ထားခြင်းဖြစ်၏။ မိမိ၏ ခန္ဓာကိုယ် တစ်ခုလုံးကို ခွဲခြမ်း စိတ်ဖြာ၍ ကြည့်မည်ဆိုပါက မည်မျှပင် အခေါ်အဝေါ် များပြားစွာ ရှိနေပါစေ။ နောက်ဆုံးတွင် ဓာတ်ကြီးလေးပါးပင် ဖြစ်လေ၏။ ဒာတ်ကြီးလေးပါးကိုတော့ လူတိုင်းလဲ သိပြီးသားပင် ဖြစ်၏။ လူတိုင်းလည်း ကြားဖူးကြတာ များ၏။ ထိုဓာတ်ကြီး လေး ပါးကို အသေးစိပ် ပြောပြရမည်ဆိုလျှင် ဓာတ်ကြီးလေးပါးကို အောက်ပါအတိုင်း ခွဲခြမ်းစိတ်ဖြာ လိုက်၏။

ပထ၀ီဓာတ်-(၂၀) ရှိတယ်။
အာပေါဓာတ်က-(၁၂)ပါးရှိတယ်။
တေဇောဓာတ်က အပါး(၄)ပါးရှိတယ်။
ဝါယောဓာတ်က အပါး (၆)ပါး ရှိတယ်။

ပထ၀ီ(မြေဓာတ်) ၂၀ဆိုတာက ဘာတွေလည်းဆိုတော့......

(၁) ဆံပင်။ (၂) အမွှေး။ (၃) ခြေသည်း၊လက်သည်း။ (၄) သွား။ (၅) အရေ။ (၆) အသား။ (၇) အကြော။ (၈) အရိုး။(၉) ချဥင်္ဆီ။ (၁၀) နှလုံး။(၁၂) အသည်း။ (၁၃) အမြှေး။ (၁၄) အဖျဉ်း။ (၁၅) အဆုတ်။ (၁၆) အူမ။ (၁၇) အူသိမ်။ (၁၈) အစာသစ်။ (၁၉) အစာဟောင်း။ (၂၀) ဦးနှောက် အားလုံးပေါင်း ပထ၀ီဓာတ်(၂၀)ရှီတယ်။

အာပေါဓာတ် (ရေ) ၁၂ဆိုတာက ဘာတွေလည်းဆိုတော့......

(၁) သည်းခြေ။ (၂) သလိပ်။ (၃) ပြည်။ (၄) သွေး။ (၅) ချွေး။ (၆) အဆီ။ (၇) မျက်ရည်။ (၈) ဆီကြည်။ (၉) တံတွေး။ (၁၀) နှပ်။ (၁၁) အစေး။ (၁၂) ကျင်ငယ်ဆိုပြီး အာပေါဓာတ(၁၂)ပါး ရှိတယ်။

တေဇောဓာတ်(မီးဓာတ်) ၄-ပါးဆိုတာက ဘာတွေလည်းဆိုတော့......

(၁) သန္တပ္ပနတေဇော၊ ပူသလိုလို အေးသလိုလိုဖြစ်တာ။ (၂) ဒဟတေဇော ၊ အလွန်ပူတာ။ (၃) ဇိရဏတေဇော ၊ အိုမင်းရင့်ရော်စေတာ။ (၄) ပါစကတေဇော၊ ကျက်သွားစေတာ ဆိုပြီး တေဇောဓာတ်( ၄)ပါးရှိတယ်။

ဝါယောဓာတ်(လေ) ၆ပါး ဆိုတာက ဘာတွေလည်းဆိုတော့......

(၁) ထွက်သက်လေ။ (၂) ၀င်သက်လေ။ (၃) အထက်ကိုဆန်တဲ့လေ။ (၄) အောက်ကိုစုန်တဲ့လေ။ (၅) တစ်ကိုလုံး ကိန်းတဲ့လေ။ (၆ )အူအတွင်းမှာ တည်တဲ့လေ ဆိုပြီး ၀ါယောဓာတ်က (၆)ပါးရှိတယ်။

အဲဒီတော့ လူတစ်ယောက်မှာ ဓာတ်ကြီးလေးပါးနဲ့ ဖွဲ့စည်းထားတာ ဆိုတော့ အဲဒီဓာတ်လေးပါးထဲက တစ်ပါးပါး ဖောက်ပြန်ပြောင်းလဲ သွားမယ်ဆိုရင် အဲဒီလူဟာလဲ ဓာတ်ပျက်သွားပြီး သူနဲ့ ပါတ်သက်တာတွေ အကုန်လုံး ကပြောင်းကပြန် ဖြစ်ကုန်ရော။ ပြောရင် ဟာမိုနီ ပျက်သွားတာပေါ့။ တစ်ခုထဲ အဆင်မပြေ ဖြစ်သွားတာ မဟုတ်ဘူးနော်။ အကုန်လုံး အဆင်မပြေတွေ ဖြစ်ကုန်တာ။ ကျန်းမာရေး လူမှု့ရေး စီးပွားရေး အိမ်ထောင်ရေး အကုန်လုံး ကမောက်ကမတွေ ဖြစ်ကုန်တာ။

ကျန်းမာရေးတွေ ညံ့လာတယ်။ ရောဂါတွေ တစ်ခုပြီးတစ်ခု ၀င်လာတယ်။ စိတ်ဓာတ်တွေ ကျလာတယ်။ အလိုလိုနေရင်း မပျော်မရွှင် ဖြစ်လာတယ်။ လောကကြိးကို မကျေမနပ် ဖြစ်လာတယ်။ နောက်တခုပြီး တစ်ခု အဆင်မပြေဖြစ်လာတာပေါ့။ အိမ်ထောင်ရေးတွေ အဆင်မပြေဖြစ်လာမယ်။ ပေါင်းသင်းဆက်ဆံရေးတွေ အဆင်မပြေ ဖြစ်လာမယ်။ စီးပွားရေးတွေလဲ အဆင်မပြေ ဖြစ်လာပါတယ်။

အဲဒီလို ညံ့လာရင် အကောင်းဆုံးကတော့ ဓာတ်ကြီးလေးပါးယတြာ ချေတာ အကောင်းဆုံးပါပဲ။ ဓာတ်ကြီးလေးပါး ယတြာက လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဓာတ်သဘာဝတွေကို မျှတကောင်းမွန်စေပြီး အရာရာကို အဆင်ပြေ ချောမွေ့စေပါတယ်။ နောက်ပြီး လူသားတွေရဲ့ ဘ၀နေထိုင်မှု့ မနက်ဖြန်တိုင်းကိုလည်း ပျှော်ရွှင်ချမ်းမြေ့စေတယ်။

နောက်ပြီး အကျိုးဖြစ်ထွန်းစေတာကတော့ ကျွန်တော်တို့ရဲ့ နေ့စဉ် လုပ်ဆောင်နေတဲ့ စီးပွားရေး လုပ်ငန်းဆောင်တာတွေကို တိုးတက်အောင်မြင်စေပါတယ်။ စီးပွားရေး လုပ်ငန်းဆောင်တာတွေကို တိုးတက်စေတယ်။ ပြောစကားဆိုစကားကို အောင်မြင်စေတယ်။ စိတ်နှလုံး ချမ်းမြေ့ပျှော်ရွှင်စတေယ်။ ဒါကြောင့် ယတြာချေခြင်းကို ၀ါသနာပါ ယုံကြည်ကြသူများအနေနှင့် မိမိတို့ မိသားစု စီးပွားရေး လုပ်ငန်းဆောင်တာများ အောင်မြင်စေရန်အတွက် ဤဓာတ်ကြီးလေးပါး ယတြာကို မကြာခဏ ဆောင်ရွက်ပေး နိုင်ပါကြောင်း စေတနာကောင်းဖြင့် ပြည့်ပြည့်စုံစုံ ဖော်ပြပေးလိုက်ပါတယ်။

ယတြာအမည်

ဓာတ်ကြီးလေးပါးယတြာကြီး။

လုပ်ရမည့်နေ့.

အိမ်ထောင်ဦးစီး၏ မွေးနေ့နံက် (၄း၀၀)

ပြင်ဆင်ပုံ.......

ခုံတစ်လုံးပေါ်မှာ စာပွဲခင်း ဖြူဖြူသန့်သန့် ခင်းရမယ်။ ပြီးတော့ အဲဒီ ခုံပေါ်မှာ အောက်ပါ ပစ္စည်းတွေ ပြင်ဆင်ထားရမယ်။
+ ပထ၀ီဓာတ်၂၀-အတွက် - နို့ထမင်း ပုဂံ (၂၀)။
+တေဇောဓာတ်လေးပါးအတွက်- ဖယောင်းတိုင် (၄)တိုင်။
+အာပေါဓာတ်ဆယ့်နှစ်ပါးအတွက်- ရေ(၁၂)ခွက်။
+၀ါယောဓာတ်ခြောက်ပါးအတွက်- ယပ် (၆)လက်။

ဆက်ကပ်လှူဒါန်းပုံ.....

ဖယောင်းတိုင် လေးတိုင်ကို ထွန်းပါ။ ပြီးတော့ မြတ်ဘုရားနဲ့ ရဟန္တာ အရှင်သူမြတ်တွေကို ပင်ဖိတ်လျှောက် ထားပါ။ ပြီးတော့ ဓာတ်ကြီးလေးပါးဆွမ်းကို ရိုသေစွာ ဆက်ကပ်လှူဒါန်းပါ။ နောက် မိမိတို့ မိသားစု ဖြစ်ချင်တာတေါကို ထိုင်ပြီး ကျကျနန ဆုတောင်းပါ။ ဖယောင်းတိုင် မီးညိမ်းရင် စွန့်လို့ရပါပြီ။

စွန့်ရန်........



စွန့်တဲ့အခါမှာတော့ ဒီအတိုင်းစွန့်လို့ မရဘူး။ စာရွက် အဖြူတစ်ရွက်ပေါ်မှာ ကြီးလေးကြီးစမကို အောက်ပါအ တိုင်း ရေးပါ။ ပြီးရင် မိမိ၏ အိမ်ရှေ့ ပြောင်ပြောင်တွင် ကြီးလေးကြီးရေးထားသော စာရွက်ပေါ်တွင် စွန့်ရမည်။ စွန့်သောအခါတွင် ရေ ၁၂-ခွက်ကိုလည်း ဘေးပတ်ပတ်လည်တွင် လောင်းချပြီး စွန့်ရမည်။ ယပ် ၆-ချောင်းကိုလည်း ဘေးတွင် စိုက်ထားရမည်။ ပြီးရင် မီးမှာ ကျက်စားသော သတ္တ၀ါ၊ လေမှာ ကျက်စားသော သတ္တ၀ါ၊ မြေမှာကျက်စားသော သတ္တ၀ါ၊ ရေမှာ ကျက်စားသော သတ္တ၀ါများ အားလုံး ၀လင်အောင် သုံးဆောင်ပြီး လိုရာအရပ်ကို သွားကြပါ။ ကျွန်ုပ်တို့ မိသားစုကိုလည်း စောင့်ရှောက်ကြပါလို့ ရွတ်ဆို၍ စွန့်၇မည်။

မှတ်ချက်။ ကျွန်ုပ်၏ ချစ်လှစွာသော မိတ်ဆွေများခင်ဗျာ....
ဤဒာတ်ကြီးလေးပါးယတြာကို ကျွန်ုပ်တို့၏ ဆရာသခင်ဖြစ်သော အဘမင်းသိင်္ခသည် မှော်ဘီမြို့ မရမ်းတလင်း ယတြာမြေတွင် အပတ်စဉ် အင်္ဂါနေ့ည ဗုဒ္ဓဟူးနေ့နံနက်ပိုင်းတွင် အမြဲမပြတ် ဆောင်ရွက်လုပ်ကိုင်ပေးခဲ့ပါသည်။ ထိုဓာတ်ကြီးလေးပါး ယတြာပွဲသို့ အနယ်နယ်အရပ်ရပ်မှ (၇)ရက်သားသမီးများ (၅၀၀)မှ (၁၀၀၀)ထိ အပတ်စဉ် လာရောက်ဤ ယတြာချေကြပါသည်။

ချမ်းသာကြွယ်ဝ ချင်သူများ အတွက် မင်းသိင်္ခ၏ ဓနသိဒ္ဓိ ကျင့်စဉ်အပိုင်း(၅)

ဓနသိဒ္ဓိ ကျင့်စဉ်အပိုင်း (၁) (၂) (၃) (၄)

သိဒ္ဓိဓာတ်နှင့်မေတ္တာဓာတ်

သိဒ္ဓိဓာတ် တည်နေရာရယ်၊ သိဒ္ဓိဓာတ်ရဲ့ စွမ်းအားရယ် ပြောပြီးပြီ။ အဲဒီ သိဒ္ဓိဓာတ်ကို ထက်မြက်သထက် ထက်မြက်အောင် သိဒ္ဓိဓာတ်ကြီးဟာ ရင့်ကျက်ထက်မြက်လာအောင် ဘယ်လို လုပ်ရမလဲ ဆိုတဲ့ဟာကို ပြောပြမယ်။ သိဒ္ဓိဓာတ်မှာ အရှိန်ရှိတယ်။

နှစ်ယောက်၊ တစ်ယောက်ကလည်း သိဒ္ဓိရှိတယ်။ တစ်ယောက်ကလည်း သိဒ္ဓိရှိတယ်။ ဒီတော့ သိဒ္ဓိဓာတ် နှစ်ယောက်စလုံးရှိတယ်။ ဒါပေမယ့် ကြီးတဲ့ ဓာတ်က ငယ်တဲ့ ဓာတ်ကို နိုင်စမြဲပဲ။ အရှိန်ဓာတ်၊ အရှိန်ကြီးတာ ၊ အရှိန်သေးတာ။ အဲဒီတော့ တစ်ယောက်နဲ့ တစ်ယောက် သိဒ္ဓိခြင်း တူတယ်ဆိုပေမယ့် အရှိန်ချင်း မတူနိုင်ဘူး။ နောက် သိဒ္ဓိအဆင့်နိမ့်တဲ့လူ၊ မြင့်တဲ့ လူဆိုတာ ရှိနေတာပဲ။

အဲဒီတော့ သဘောတစ်ခု ပေါက်ရမှာကတော့ သိဒ္ဓိဓာတ်လို့ ပြောတာနဲ့ ဘယ်သူနဲ့ ဘယ်သူနဲ့ သိဒ္ဓိရတာချဉ်း အတူတူပဲလို့ ပြောလို့မရဘူး။ အဲဒီတော့ သိဒ္ဓိဓာတ်ဟာ အဆင့်တွေရှိတယ်။ ကြီးတဲ့ ဓာတ်ဟာ ငယ်တဲ့ ဓာတ်ကို အားပြုလို့ ရတယ်။ နောက် ငယ်တဲ့ဓာတ်ကို နိုင်လို့ရတယ်။

အရပ်စကားနဲ့ ပြောရင် ဒီကနေ ဝေဒနာသိဒ္ဓိတန်ခိုးတွေ စေလွတ်တယ်။ ဘာလုပ်ပေး၊ ငါ့ဆီကို လာခဲ့။ ငါ့ဆီက ယူသွားတဲ့ ငွေ ပြန်လာပို့။ ဟို ခိုင်းတဲ့ လူဟာ အဲဒါ ကိုယ့်ထက် သိဒ္ဓိဓာတ် ငယ်မှရမယ်။ ငယ်မှ ရမယ်။ ကိုယ်က သိဒ္ဓိဓာတ် ကြီးမှ ရမယ်။ အဲဒီတော့ ကြီးအောင် ရင့်ကျက်အောင် လုပ်ဖို့ လိုတယ်ဆိုတာ ပထမ နားလည်ထားရမယ်။

သိဒ္ဓိဓာတ်ကို ရင်ကျက်အောင် လုပ်တဲ့နေရာမှာ အကောင်းဆုံးကတော့ အမြင့်ဆုံး သိဒ္ဓိဓာတ်ဟာ မေတ္တာဓာတ်ပဲ။ မေတ္တာဓာတ်ကြီးဟာ သိဒ္ဓိဓာတ်ကြီး ဖြစ်တယ်။ ဝေဒနာဓာတ်မှာလည်းပဲ မေတ္တာဓာတ်ဟာ ဝေဒနာဓာတ်နဲ့ ပေါင်းစပ်လိုက်ရင် အလွန်ကြီးမားတဲ့ မေတ္တာဓာတ်ကြီး ဖြစ်သွားတယ်။ အဲဒီ မေတ္တာဓာတ်လောက် ကောင်းတဲ့ သိဒ္ဓိကို ထက်မြက်စေတဲ့ ဓာတ်မရှိဘူး။ အဲဒီတော့ ပထမဦးဆုံး ချိန်မှတ်ယူရတယ်။

ငါဟာ မေတ္တာဓာတ်များ ပြည့်လွှမ်းနေတဲ့ လူဖြစ်တယ်လို့ ကိုယ့်ကိုယ်ကို ခံယူရတယ်။ မေတ္တာဓာတ်တွေနဲ့ အပြည့်ဖြစ်နေရမယ်။ အဲဒီမေတ္တာဓာတ်ကြောင့် လူနတ်ဗြဟ္မာ သတ္တ၀ါတို့ဟာ ဘယ်သူပဲဖြစ်ဖြစ် ငါ့ကိုတွေ့တာနဲ့ သိုမဟုတ် ငါက တောင့်တတာနဲ့ သူတို့ဟာ စောင့်လျှောက်နေတယ်။ မေတ္တာဓာတ်ရဲ့ ကြီးမားတဲ့ အရှိန်ကြောင့် လည်း စောင့်ရှောက်နေတယ်လို့ မနောအိမ်မှာ ခံယူရတယ်။ နောက်ပြီးတော့ မိတ်ဆွေစစ်တွေ မေတ္တာဓာတ် ပြည့်ဝတဲ့ လူတွေနဲ့ တွေ့ချင်တယ်၊ သူတို့နဲ့ မိတ်ဆွေ ဖြစ်ချင်တယ်။ မေတ္တာဓာတ်ပြည့်ဝတဲ့ လူတွေဟာ ငါ့ရဲ့ အပေါင်းအသင်းတွေ ဖြစ်စေချင်တယ်လို့ အာရုံပြုရမယ်။ အဲဒါ ဘယ်လို အာရုံပြုရမလဲ။

တစ်နေ့ကို တစ်ခါ အာရုံပြု၇မယ်။ တစ်နေ့ကို တစ်ခါ အာရုံပြုရမယ် ဆိုတော့ မတ်တတ်ရပ်ပြီး ဖြစ်စေ ၊ ထိုင်လို့ဖြစ်စေ ၊ ဒါပေမယ့် ၀မ်းဗိုက်ထဲမှာ အဆာထုပ်ပြီးမှ လုပ်ရမယ်။ အဲဒါ ဆယ်မိနစ်ပါပဲ။ အခုန ကျင့်စဉ်အတိုင်း ဆယ်မိနစ်။ ထိုင်၍ဖြစ်စေ ၊ထ၍ဖြစ်စေ ကိုယ့်ရဲ့ အကြောအချဉ်တွေကို လျှောပြီးတော့ အဲဒါ အေးအေးဆေးဆေးနဲ့ အဲဒါကို စိတ်ကူးပြီးတော့ ၊ ခံယူပြီးတော့ ပါးစပ်ကလည်း ခုနတုန်းကလို ၀စီကံမှု့ပေါ့နော်။ အဲဒါလည်း ပြောနေရမယ်။ လက်ကလည်း လှုပ်ရမ်းပြီးတော့ ငါဟာ မေတ္တာဓာတ်ကြီး ဖြစ်နေတယ် ။ ငါ မေတ္တာကို အလိုရှိတယ်။ နော် ... ငါဟာ မေတ္တာဓာတ်ကြီး ဖြစ်တဲ့အတွက် မေတ္တာဓာတ်ကို အလိုရှိတဲ့အတွက် မေတ္တာဓာတ်ကို အလိုရှိကြကုန်သော လူနတ်ဗြဟ္မာ သတ္တ၀ါတို့ဟာ ကူညီကြတယ်။ ငါကလည်း မေတ္တာဓာတ် တွေ ပြည့်ဝနေတဲ့ လူတွေနဲ့ပဲ မိတ်ဆွေ ဖြစ်ချင်တယ်။ ငါ့ကို တွေ့တာနဲ့ သူတို့လဲ မိတ်ဆွေ ဖြစ်မှာပါ။ အဲဒီလို အလိုတွေ ဆန္ဒတွေ ဖော်စပ်ရမယ်။ ဒါ ဆယ်မိနစ်ပဲ။

ဘယ်အချိန် လုပ်ရမယ်လို့ မပြောဘူး။ ဘယ်လို စကားလုံးမျိုးတွေနဲ့ လုပ်ပါ ။ ဘာတွေ ရွတ်ပါဆိုပြီးတော့ စိတ်ပညာ စာအုပ်တွေလို ၀ါကျတွေနဲ့ အလီလီ ဖွဲ့ဆိုထားတဲ့ စာတွေ ဒီမှာ မပြောတာ တမင်တကာ လွတ်လွတ်လတ်လတ် လုပ်နိုင်အောင်ပါ။ ငါသည် ဘယ်နေ့ကို ဘယ်လို ၊ အဲလို ဟာမျိုးတွေ မပြောဘူး။ ပြောလို့ ရတယ်၊ ပြောရင် ဘောင်ဖြစ်သွားမှာ စိုးလို့။ နော်... ဘောင်ဆိုရင် ဘယ်ဘောင်မှ မကောင်းဘူး။ ဒါကြာင့်မို့လို့ ဘောင်လွတ်၊ ကိုယ့်ဟာကို ထည့်ချင်တဲ့စကားလုံးကို ထည့်ပါ။

အဲဒီ စကားလုံးနဲ့ လေ့ကျင့်နေရင် အဲဒီစကားလုံးဟာ ကိုယ့်နှလုံးသားကို မရိုက်ခတ်ဘူး။ ကိုယ့်စိတ်ကို မထိခိုက်ဘူးဆိုရင် နောက်ထပ်စကားလုံး ရွေးလုပ်ပါ။ ရွတ်နေရင်းနဲ့ အဲဒီ စကားလုံးဟာ ရိုးလာပြီဆိုရင် အသစ်ဆန်း ထွင်ပြီးတော့ ရွတ်နိုင်ပါတယ်။ အင်္ဂလိပ်လိုပဲ ရွတ်ရွတ်၊ ကုလားလိုပဲ ရွတ်ရွတ် ၊ တရုပ်လိုပဲ ရွတ်ရွတ်၊ ပါဠိလို ရွတ်ရွတ် ၊ မြန်မာလို ရွတ်ရွတ် ၊ ကိုယ့်ရဲ့ မနောအိမ်ကို လှုပ်ရှားစေတဲ့ စာလုံးတွေ ရွေးပြီးတော့ ကိုယ့်ဘာသာကိုယ် လုပ်နိုင်အောင်ဆိုပြီးတော့ ဒီက စာကြောင်းတွေ ဖြုတ်ပြီး ပေးထားတာ။ အဲဒါကြောင့် အဲဒီလို လုပ်ရမယ်။ မေတ္တာဓာတ်။

အဲဒီတော့ .. မေတ္တာဓာတ်မှာက စာလုံးတွေက အရေးမကြီးဘူး။ စကားလုံးတွေ တိုတိုနဲ့ ကိုယ့်နှလုံးသား ကိုယ်မနောအိမ်ကို ထိခိုက်ဖို့ အရေးကြီးတယ်။ အဲဒါ ငါးမိနစ်ထက် မနည်း၊ ဆယ်မိနစ်ထက် မများ။ ရွတ်ပေးရမယ်။ ထိမိမဲ့ စကားလုံးတွေ ကိုယ့်မနောအိမ်က လက်ခံမယ့် စကားလုံးတွေကိုလည်း ရွေးချယ်ဖို့ ပြောပြီးပြီ။ အဲဒီလို ရွတ်ရင်းနဲ့ အ၀တ်အစား အနေအထိုင် အပြောအဆို အဲဒါတွေဟာ အများလက်ခံနိုင်တဲံ အဆင့်အထိ နေရမယ်။ အလွန်ပဲ ငါဟာ ကျင့်စဉ်တစ်ခုကို ကျင့်နေတဲ့ ဆိုတဲ့ ၊ ငါ စုတ်စုတ် ပြတ်ပြတ်နေမယ် ၊ ငါ ဖြစ်သလို နေမယ် ၊ အဲလို မဟုတ်ဘူးနော်၊ တင့်တယ်အောင် နေရမယ်။

အ၀တ်အစား အနေအထိုင် အပြောအဆို အဲဒါတွေဟာ အများနဲ့ မဆန့်ကျင်ဘဲနဲ့ တင့်တင့်တယ်တယ်ဖြစ်အောင် နေပြီးတော့ အဲဒီ မေတ္တာဓာတ်ကို ရင့်သည်ထက် ရင့်အောင် လုပ်ရမယ်။ အဲဒီတော့ မေတ္တာဓာတ်ကို လုပ်နေရင်း ကနေပြီးတော့ ချွတ်ချော်လာမယ်လို့ ထင်ရင် ပထမ ဒုတိယ အကြောင်းအရာမှာ ပြောတဲ့ စိတ်လမ်းပြောင်းနည်း ကို ပြန်သတိရပြီးတော့ စိတ်လမ်းပြောင်းနည်းကိုလည်း သုံးပါ။ နေ့စဉ် သုံးပါ။

အဲဒီတော့ မေတ္တာလို့ ပြောလိုက်တဲ့ အခါမှာ မေတ္တာကို အကြမ်းဖျဉ်းအားဖြင့် ကိုယ့်ထက်ကြီးတဲ့ ၊ မြင့်မြတ်တဲ့လူကို မေတ္တာထားတာဟာ မေတ္တာဆိုတဲ့ အစား ကြည်ညိုတယ်ဆိုတဲ့ စာလုံး သုံးထားတယ်။ ကိုယ်နဲ့ တန်းတူ လူကိုတော့ မေတ္တာအစား ချစ်တယ်လို့ ပြောတာပေါ့။ ကိုယ်အောက်နိမ့်တဲ့ လူကိုတော့ ညှာတာတယ်၊ သနားတယ်ပေါ့။ အဲဒါ မေတ္တာရဲ့ အခြားသော စကားတွေချဉ်းပါပဲ။

အဲဒီတော့ မေတ္တာရဲ့ အခြားသောစကားတွေမှာ အများကိုလည်း ဖြန့်ပို့မယ်။ သတ္တ၀ါ အနန္တကိုလည်း ဖြန့်ပို့မယ်။ တစ်ဦးတစ်ယောက်ထဲကိုလည်း လိုအပ်ရင်ပို့မယ်။ နောက် ကိုယ့်ကိုကိုယ်လဲ အခုနတုန်းကလို မေတ္တာတုံးကြီး။ ငါဟာ မေတ္တာနဲ့ ပြည့်လျှမ်းနေတဲ့ လူကြီးဆိုတာကို အမြဲတမ်း ခံယူနေဖို့ လိုပါတယ်။ အဲဒါကို နာရီနဲ့ သတ်မှတ်ပြီး တော့ ငါးမိနစ်ကနေ ဆယ်မိနစ်အတွင်း သိဒ္ဓိဓာတ်တွေ ထက်မြက်ရင်သန်စေဖို့ အတွက် မေတ္တာကို နှိုးဆွပါလို့ ဒီအခန်းကဏ္ဍမှာ ပြောလိုက်ချင်ပါတယ်။ ဒါတွေဟာ လောကီရေးရာ စိတ်ပညာလေ့ကျင့်ခန်းတွေပါ။ ဘာသာရေး ရှု့ဒေါင့်က ကြည့်ဖို့ မလိုပါဘူး။

မဟာဂန္ဓာရီစခန်းမှ
မင်းသိင်္ခ(၁၉၉၉-ဧပရာယ်လ-၅ရက်)
ညသန်းခေါင်ကျော်အချိန်၊ မှော်ဘီစခန်း

Monday, November 15, 2010

ဂုဏ်တံတိုင်းကြီးတွေ ခြားနေတယ်...

မှတ်မှတ်ရရ အဲဒီနေ့က အခါမဟုတ်ပါပဲ တစ်ဖွဲဖွဲ ရွာနေတဲ့ မိုးကြောင့် ကျွန်ုပ်သည် သွားနေကျ ဘောလုံးကွင်းဘေး က လဘက်ရည်ဆိုင်ကိုတောင် မသွားဘဲ မိမိ အခန်းတွင် တစ်ယောက်ထဲ ထိုင်လျှက် စာအုပ်တစ်အုပ်ကို ဖတ်လျှက် ရှိ၏။ အချိန်အားဖြင့် နံက် (၈)နာရီ ရှိနေပြီ ဖြစ်လေသည်။

ထိုအချိန်တွင် ကျွန်ုပ်၏ ဗေဒင်လက္ခဏာ ဟောခန်းအတွင်းသို့ အသက်အားဖြင့် (၂၈)နှစ်ခန့် ရှိသော အမျိုးသမီး တစ်ဦးသည် တံခါးခေါက်၍ ၀င်ရောက်လာလေ၏။ ထိုအမျိုးသမီး၏ ပုံပန်းသကျပဏ္ဍာန်ကို ပြောပြရလျှင် သူမ၏ ရုပ်ရည်မှာ ရွက်ကြမ်းရေကျိုမျှသာ ဖြစ်လေ၏။ သူမ၏ မျက်နှာသည် နွမ်းလျလျှက် ရှိလေ၏။ သို့သော် သူမ၏ မျက်နှာတွင် ထူခြားသည်ကား ရုပ်ရှင်မင်းသမီး မို့မို့မြင့်အောင်၏ မှဲ့နှင့် အလားတူ မှဲ့တစ်လုံးသည် သူမ၏ မျက်နှာပေါ်တွင် ထင်ထင်ရှားရှား ရှိနေလေ၏။

သူမ၏ မျက်နှာသည် ညှိုးနွမ်းနေ၏။ သူမ၏ ဗေဒင်မေးချင်လို့ပါ ဆရာဟူသောအသံသည်လဲ ချောက်သွေ့ လျှက် ရှိ၏။ သူမ၏ အမူအရာကို အကဲ ခတ်ကြည့်သောအခါတွင် သူမ၏ ပြုမူလှုပ်ရှားမှု့များသည် ခံစားချက် ကင်မဲ့လျှက် သံပတ်ပေးထားသော စက်ရုပ်တစ်ရုပ်ကဲ့သို့ ဖြစ်နေလေ၏။ သူမ၏ အမည်မှာ မိုးစန္ဒာဟု ပြောပြလေ၏။ ကျွနိုပ်သည် ၎င်းမိုးစန္ဒာအား ခြေဆုံးခေါင်းဆုံး အကဲခတ်လိုက်ပြီးလျှင် “ ပြောပါ မိန်းကလေး၊ ကျွန်ုပ် ဘာကူညီပေးရမလဲ”ဟု ကျွန်ုပ်က စတင်၍ မေးလိုက်လေလျှင် မိုးစန္ဒာက ကျွန်ုပ်အား အောက်ပါအတိုင်း ပြောပြလေတော့၏။

ဒီလိုပါဆရာရယ် ၊ ကျွန်မက ပျဉ်းမနား(အခု)နေပြည်တော်ဇာတိပါ။ မြိုပမကျ တောမကျတဲ့ နေရာလေးတစ်ခု ကပေါ့။ မိဘတွေကတော့ စတိုးဆိုင်လေး ဖွင့်ထားပါတယ်။ သိပ်အချမ်းသာကြီး မဟုတ်ပေမယ့် မိသားစု စားနိုင်သောက်နိုင် အဆင့်တော့ ရှိပါတယ်ဆရာ။ ကျွန်မက မိသားစုထဲမှာ အကြီဆုံး သမီးတစ်ယောက် ဖြစ်ပါတယ်။ နောက်ပြီး ကျွန်မက ပညာရေးပါရမှ မပါဘူး ထင်ပါတယ်။ ဆယ်တန်းစာမေးပွဲကို (ခ) အဆင့်နဲ့ အောင်ပြီး ကျောင်းပြီးသွားတယ် ဆိုပါတော့။

အိမ်အလုပ်တွေကို ဦးဆောင်လုပ်ကိုင်ရင်းနဲ့ ကျွန်မရဲ့ အငယ်လေးတွေရဲ့ ဘ၀ကို မြေတောင်မြှောက်ပေးရင်းနဲ့ပဲ ကျွန်မ ဘ၀ကို ညပျော်ရွှင်စွာ ဖြတ်သန်းနေထိုင်ခဲ့ပါတယ် ဆရာ။ ကျွန်မ သက် (၂၄) လောက်ထိ ဘာမှ မပြောင်းလဲ ခဲ့ပါဘူး ။ ပုံမှန်အတိုင်းလေးပါပဲ။ စားစားသောက်သောက် သွားသွားလာလာ ပါပဲ။ တစ်နေ့မှာတော့ ကျွန်မ ဘ၀ ကံစိုးမိုးမှောင်ကျမဲ့ အဖြစ်အပျက်တစ်ခု စတင်ခဲ့ပါတယ်။ အဲဒါက ဘာလဲဆိုတော့ ဥက္ကာဆိုတဲ့ လူတစ်ယောက် ကျွန်မ ဘ၀ထဲကို စတင် ၀င်ရောက်လာတဲ့ နေ့က စတာပါပဲ။

သူ့နာမည်က ဥက္ကာတဲ့။ အစိုးရ ၀န်ထမ်းတစ်ယောက်ပါ။ ပြောရရင်တော့ ဗိုလ်မှူး တစ်ယောက် ဆိုပါတော့။ ဗိုလ်မှူးလိုသာ ပြောရတာ သူ့အသက်က ကျွန်မနဲ့ အတူတူပါပဲ။ ဒီအက်အေ ကျောင်းဆင်း တစ်ယောက်ပါ။ သူနဲ့ ကျွန်မနဲ့ တစ်ယောက်ကို တစ်ယောက် အကြည့်ချင်းဆုံတယ်။ ပြီးတော့ ရင်တွေခုန်တယ်။ ပြီးတော့ ချစ်သူ ဖြစ်ကြတယ်ဆိုပါတော့။

ဒီနေရာမှာ ကျွန်မရဲ့ ချစ်သူ ကိုဥက္ကာအကြောင်းကို ပြောရရင်တော့ သူဟာ စိတ်သဘောထား အရမ်းကောင်းတဲ့ လူတစ်ယောက်ပါ ဆရာရယ်။ ပြီးတော့ သူရဲ့ ပုံက ယောက်ျား ပီသတယ်။ စကားပြောလဲ ကောင်းတယ်ဆရာ။ ကျွန်မကိုလဲ သိပ်ချစ်ရှာပါတယ်။ ကျွန်မအပေါ်မှာလဲ အရမ်းကောင်းပါတယ်။ စစ်သားသာ ဆိုတာဆရာ။ သူ့ရဲ့ နှလုံးသားလေးက အရမ်း နူးညံ့ သိမ်မွေ့ပါတယ်။ နောက်ပြီး ဘုရား တရားလဲ ကိုင်းရှိုင်းတယ်။ အဲဒီ သူနဲ့ ကျွန်မ ချစ်သူတွေ ဖြစ်တဲ့အထိ ကျွန်မတို့ နှစ်ယောက်ရဲ့ ဘ၀လေးဟာ အေးအေးဆေးပါပဲ။

အဲဒီလိုနဲ့ ကျွန်မတို့ ချစ်သူနှစ်ယောက် ပျော်ရွှင်စွာ နေထိုင်လာခဲ့ရာကနေ တစ်နေ့မှာ ကျွန်မရဲ့ စတိုးဆိုင်လေး ရှေ့ကို ကားတစ်စီး ထိုးဆိုက်လာပါတယ်။ ပြီးတော့ ကားပေါ်ကနေ အသက်(၄၀)ကျော်လောက် အမျိုးသီးတစ် ဦးနဲ့ အသက်ငယ်ငယ်ရွယ်ရွယ် အမျိုးသမီး တစ်ဦးဆင်းလာတယ်။ ကောင်မလေးတစ်ယောက်က ကျွန်မကို လက်ညှိုးထိုးပြီး မိုးစန္ဒာဆိုတာ သူပဲ အန်တီဟု ပြောနေတာ မြင်ရတယ်။ အဲဒီမှာတင် အဲဒီ အန်တီက ကျွန်မကို လာပြီး ရင့်ရင့်သီးသီ ရန်တွေ့ပြီး သူ့သားနဲ့ လုံးဝ မပါတ်သက်ဖို့ ပြောတယ်။ နောက်ပိုင်းတွေမှာလဲ ကျွန်မကို အမျိုးမျိုး အနှောက်အယှက် ပေးကြတယ်။ ကြာတော့လဲ ကျွန်မလဲ ရှက်တာနဲ့ မြို့မှာ မနေချင်တော့တာနဲ့ ကျွန်မ အကို ၀မ်းကွဲတွေရှိတဲ့ ထိုင်းနိုင်ငံကို ထွက်လာတာပါပဲ ဆ၇ာရယ်။ ကျွန်မ ဘ၀ကတော့ ဒါပါပဲဟု ပြောပြလေတော့၏။

ထို့နောက် ၎င်းအမျိုးသမီက ဆက်လက်၍ အဲဒါ ကျွန်မချစ်သူနဲ့ ကျွန်မနဲ့ ဝေးခဲ့တာ အခုဆိုရင် သုံးနှစ်တောင် ကျော်ပါပြီ။ ကျွန်မ သိချင်တာက ကျွန်မချစ်သူနဲ့ ကျွန်မနဲ့ ဖူးစာဆုံနိုင်သေးသလား ဆိုတာ သိချင်လို့ပါ။ ကျွန်မကို ဟောပေးပါဟု ပြောလေ။ ထို့ကြောင့် ကျွန်ုပ်သည် ထိုမိန်းကလေး၏ မေးခွန်းကို ပြန်ဖြေရန်အတွက် တားရော့ကို ကုလားဖန်ထိုးပြီး ကဲ... မိန်းကလေး မင်းချစ်သူကို အာရုံပြုပြီး ဖူးစာဆုံနိုင် မဆုံနိုင်လို့ တဘယ်ဘက်လက်နဲ့ တစ်ဝက်ချိုးလိုက်ဟု တားရော့ကို ချိုးခိုင်းလိုက်လေ၏။ ထိုမိန်းကလေးသည် မျက်လုံးကို မှိတ်လိုက်၏။ ထို့နောက် ခေတ္တမျှ သူ၏ ချစ်သူကို စိတ်ကူးနေပုံ ရလေ၏။ ထို့နောက် တားရော့ကို ဘယ်ဘက်လက်နှင့် တစ်ဝက် ချိုးလိုက်လေရာ အောက်ပါအတိုင်း ကျလာလေ၏။


(၁၈) တားရောကဒ်အကြောင်းကို ဒီနေရာတွင် အသေးစိပ် ဖတ်နိုင်ပါသည်

ထိုကဒ်သည် တားရောနံပါတ်(၁၈) ကဒ်ကျလေ၏။ ထိုကဒ်မှာ မကောင်းသော ကဒ်ဖြစ်၍ မိမိသိချင်သော ကိစ္စတွင် ကြားလူများ၏ အနှောက်အယှက် အဖျက်အစီးများကြောင့် မအောင်မြင်နိုင် အဆင်မပြေနိုင်ဟု အဟောထုပ်ရသော ကဒ်ပင် ဖြစ်လေ၏။ ထို့ကြောင့် ကျွန်ုပ်က “ ဒီလိုဟောရတာ စိတ်တော့ မကောင်းပါဘူး၊ မိန်းကလေး။ မင်းနဲ့ မင်းကောင်လေးနဲ့ လုံးဝ ဖူးစာ မဆုံနိုင်တော့ပါဘူးဟု ” ပြန်ပြောလိုက်လေတော့၏။

ကျွန်ုပ်သည် လက္ခဏာပညာကို လွန်စွာ စိတ်ဝင်စားသည့်အလျှောက် ထိုမိန်းကလေး၏ ညာဘက်လက်ဖ၀ါး ပြင်ကို တောင်းယူကြည့်ရှု့လေရာ သူမ၏ ညာဘက်လက်ဖ၀ါးရှိ နှလုံးလမ်းကြောင်း၏ အစပိုင်းသည် ကြာသပတေးဂြိုဟ်ခုံ အောက်တည့်တည့်တွင် ပြတ်တောက်နေပြီး အပေါ်ဘက်သို့ ကော့တက်နေကြောင်း တွေ့ရှိရလေ၏။ ထိုလက္ခဏာမျိုးသည် များသောအားဖြင့် မိမိ၏ ချစ်သူဖက်က ဂုဏ်ပကာသန ဥစ္စာပစ္စည်း ငွေကြေးများကြောင့် ချစ်သူနှစ်ဦး ဝေးကွာသွားရသော အမှတ်အသားပင် ဖြစ်လေ၏။



သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်

Sunday, November 14, 2010

ချမ်းသာကြွယ်ဝ ချင်သူများ အတွက် မင်းသိင်္ခ၏ ဓနသိဒ္ဓိ ကျင့်စဉ်အပိုင်း(၄)

အပိုင်း (၁) - (၂) - (၃)

ဘယ်အထဲကိုလဲ . . . ၊ကိုယ့်ရဲ့ မနောထဲကို အဲဒီလို ဓာတ်ပြန်ကူးမယ်။ ပြီးတော့ လက်ဟန်ခြေဟန်တွေ စောစောက ရှင်းပြခဲ့သလို စောစောကအခန်းက ရှင်းပြခဲ့သလို လက်မြှောက်မယ်။ လက်ကို အပေါ်မြှောက်လိုက်၊ အောက်ကိုချလိုက် အချိန်မှန် မှန် စည်းချက်ညီညီပို့ရမယ်။ မကြာခင် ကျုပ်ဆီကို လာပို့ရမယ် ဆိုပြီးတော့ လက်ကိုမြှောက်ရမ်းမယ်။ အဲဒီလို အမူအရာ သုံးပါးဆုံရင် မနေနိုင်ပါဘူး။ အဲဒီလူဟာ တစ်နည်းမဟုတ် တစ်နည်းနဲ့ သူ့ဆီသွားပြီးတော့ “ ဘယ်လိုကြောင့်မှန်း မသိပါဘူးဗျာ၊ ခင်ဗျာဆီ ပိုက်ဆံပေးရမှာမေ့နေတာ၊ ညတုန်းက အဲဒါ သတိရလို့ ၊ ချက်ချင်းလာမလို့ဟာ အချိန်မရှိတော့လို့ အခုလာပို့တာ” ဆိုပြီး လာပို့တဲ့ အဖြစ်အပျက်ကို ကြုံတွေ့ရတဲ့အခါမှာ ကိုယ်ရ လိုက်တဲ့ငွေအတွက် ၀မ်းသာတာမဟုတ်ဘူးနော်။ ကိုယ်ရဲ့ ကျင့်စဉ်ဟာ အတော်ဟုတ်သွားပြီဆိုပြီးတော့ ပီတိဖြစ်စရာ ကောင်းတယ်လို့ ပြောချင်ပါတယ်ဗျာ။ အဲဒီတော့ ဝေဒနာတန်ခိုးပေါ့နော် . . . ။

သိဒ္ဓိတန်ခိုးပဲပြောပြော၊ ဝေဒနာ တန်ခိုးပဲပြောပြော၊ ဆန္ဒတန်ခိုးပဲပြောပြော ဝေဒနာဟာ အရင်းခံတယ်။ အဲဒီဝေဒနာတန်ခိုးဟာ ကူးလျှောက်တတ်တယ်။ ပို့လွှတ်လို့ ရတယ်ဆိုတာ နားလည်ရမယ်။ သူ့သတ္တိက ဘာနဲ့တူသလဲဆိုတော့ မြစ်ထဲမှာ၊ ချောင်းထဲမှာ သင်္ဘောကြီး ခုတ်သွားတဲ့အခါ နောက်က ဂယက်တွေ ထပြီးတော့ လှိုင်းလုံးကြီးတွေ ထလာတယ်။ အဲဒီလှိုင်းလုံးကြီးတွေ ကမ်းခြေကို သွားနေတုန်းမှာ နောက်မှာ လှိုင်းလုံး တစ်လုံးပေါ်မှာ အကျိုးပြုနေတယ်။ ဒီလှိုင်းလုံး ကြောင့်ပဲ ရေက နောက်က ကယက်လိုက်လာတယ်။ နောက် လှိုင်းလုံးကနေ နောက်လှိုင်းလုံးကို ပစ္စည်းထပ်နဲ့ အကျိုးပြုပြီးတော့ လှိုင်းတွေ ထလာတယ်။ ဝေဒနာတွေ ဟာလည်း စလုပ်တာနည်းနည်း၊ နောက်တော့ တဖြည်းဖြည်း တဖြည်းဖြည်း ဝေဒနာတွေ ထလာပြီး တန်ခိုးတွေ တိုးပွားလာတယ်။ အဲဒါ လုပ်ကြည့်မှသိ မယ်။

သူ့သတ္တိက သိပ်ထူးတာ။ ဝေဒနာကနေ နောက်ထပ် ဝေဒနာ။ ဝေဒနာကနေ နောက်ထပ်ဝေဒနာ။ ဝေဒနာတန်ခိုး ကနေ ဝေဒနာတန်ခိုး။ ကျေးဇူးပြုပြီးတော့ ထပ်ထပ်ပြီးတော့ ထပ်ထပ်သွားတယ်။ အဲဒီတော့ မနော၊ မနောတွေ၊ စိတ်အာရုံတွေ စိတ်အာရုံ မနောတွေကနေ ဝေဒနာတွေဖြစ်တယ်။ အဲဒီ ဝေဒနာတွေဖြစ်တယ်ဆိုတာ ခံစားမှုပဲ။ အဲဒါတွေဟာ တကယ့်ကို ရုပ်သန္တန်နဲ့ရှိနေတယ်။ မျက်စိနဲ့မမြင်နိုင်သေးလို့ မမြင်ရပေမဲ့ မြင်ရတဲ့တစ်နေ့မှာ အဲဒီရုပ်သန္တန်နဲ့ မြင်ရမှာ။ ရုပ်သန္တန်နဲ့တကွတင်မဟုတ်ဘူး။ အရောင်နဲ့ တကွမြင်ရမှာ။ အကြမ်းဖျင်းအားဖြင့် အရောင်တွေအကြောင်း ပြောပြမယ်။ အဲဒီဝေဒနာတွေကို အကြောင်းပြပြီးတော့ ဝေဒနာတွေမှာ အရောင်တွေ ထွက်နေတယ်။

ကာလာ . . . ။
အဲဒီ ကာလာတွေဟာ သိပ်ထူးခြားတာ။ ပေါက်မြောက်ပြီးသား တိဗက်က လားမားကြီးတွေ ဘာတွေဆို ဒီအရောင်တွေကို တန်းမြင်သွားတာ။ အဲဒီတော့ အရောင်တွေအကြောင်း ပြောပြမယ်။ အဲဒီတော့ အရောင်တွေဟာ ဥပမာဆို့ပါစို့။ အရောင် က ဘယ်လိုတည်ရှိသလဲဆို လူရဲ့ပုံသဏ္ဌန်အတိုင်းပဲ ဘေးနားမှာ တစ်ပေလောက် ပတ်နေတယ်။ အရောင်တွေဝိုင်း ပြီးပတ်နေတယ်။ လူတစ်ယောက်ဟာ ကျကျနနတစ်ခါတည်း စိတ်နှလုံးလေးညှိုးပြီးတော့ ဘုရားကြည်ညိုနေတယ်ဆိုရင် သူ့ဘေးမှာ ညိုပြာပြာ အရောင်ကလေး ပတ်နေတာတွေ့ ရလိမ့်မယ်။ အပြာရောင်လေး။ ဒါပေမဲ့ အညိုရောင်လည်းပါတယ်။

မေတ္တာပို့ပြီးတော့ တစ်စုံတစ်ယောက်ကို တစ်ခါတည်း မေတ္တာဓာတ်တွေ ပို့နေတယ်။ ဒါမှမဟုတ် လောကဓာတ်ကြီး တစ်ခုလုံးကို မေတ္တာဓာတ်တွေ ပို့နေတယ်။ တရားတွေ လွှမ်းမိုးနေတဲ့ လူတစ်ယောက်ရဲ့ဘေးမှာ အလွန်ကျက် သရေရှိတဲ့ အနီရောင်လေးဟာ သူ့လူပုံသဏ္ဌန်အတိုင်း ပတ်နေတယ်။ အဲဒါ သိပ်ထူးခြားတာပဲ။ ကြင်နာသနားတဲ့ စိတ်တွေ အရမ်းပေါ်နေပြီဆိုရင် ကြည်လင်တဲ့ အစိမ်းရောင်ဖြစ်ပါတယ်။ တစ်ခါတည်း ဥာဏ်တွေကွန့်မြူးပြီးတော့ တစ်ခါတည်း ဥာဏ်တွေပွင့်နေပြီ ဆိုရင် အ၀ါရောင်တွေ ပတ်နေတယ် သီလကောင်းတဲ့လူမှာ ဆိုရင် အလင်းရောင်တစ်မျိုးပတ်နေတယ်။

ယမ်းပုံမီးကျ ဒေါသတွေ ဖောက်ခွင်းနေတယ်ဆိုရင် အနီရောင်ရဲရဲဟာ လူကိုယ်ဘေးမှာ မညီမညာ အတွန့်လှိုင်းကြီးနဲ့။ တစ်ယောက်ယောက်ကို ယုတ်မာပြီး၊ ရန်ငြိုးဖွဲ့ပြီး ဒုက္ခပေးဖို့ ကြံစည်နေတဲ့ လူတစ်ယောက်ရဲ့ ဘေးနားမှာ မည်းကျုတ် ကျုတ်အရောင်ကြီးက တစ်ခါတည်းက ကြောက်ခမန်း လိလိပေါ်နေ တယ်။ သူများကို ပေးရမှာတွန့်တိုလို့ မပေးဘဲ နေရရင် ဘယ်လို ကောင်းမလဲလို့ ကောက်ကျစ်စဉ်းလဲတဲ့ အကြံရှိတဲ့လူမှာ အနီရယ်၊ အပြာရယ်၊ ညစ်ပုတ်တဲ့ အရောင်ရယ် ရောထားတာတွေ့ရတယ်။ လိမ်လည် ကောက်ကျစ်တဲ့ လူမှာတော့ ဆူးပုတ်ရောင်၊ မာနကြီးတဲ့ လူမှာလည်း ဒီသဘောပဲ၊ ကြောက်နေတဲ့ လူမှာတော့ အဖြူနဲ့ အပြာရော ထားတဲ့ ပြာနှမ်းနှမ်း အရောင် နောက် အညိုရောင်လည်းပါတယ်။

စိတ်ဓာတ်ညှိုး ငယ်နေရင်တော့ ညစ်ထေးတဲ့အရောင်၊ တဏှာရာဂတွေ သိပ်ကြီးနေရင်တော့ နီပုတ်ပုတ် အရောင်လို၊ ကာကီရောင်လို အစက် အပြောက်အရောင်၊ ဒါအကြမ်းဖျင်းအရောင်တွေ အကြောင်း ပြောပြတာ။ ဘာလို့ အရောင်တွေ အကြောင်းပြောပြတာလဲ ဆိုတော့ ဝေဒနာဟာ ထွက်ပေါ် လာပြီဆိုရင် ရုပ်သန္တန်နဲ့အတူ ကာလာတွေနဲ့ရှိနေတယ်။ နောက်ပြောရမှာကကော့ အဲဒီနည်း စပြီးတော့ လေ့ကျင့်ပြီ၊ သိဒ္ဓိတန်ခိုးကို လေ့ကျင့်ပြီ ဆိုကတည်း လူမှာ ဥပါဒါန်ဆွဲနေရမယ်။ ဒါဟာ နေ့ရော၊ ညရော ဒါရကို ရရမယ် မဖြစ်မနေကိုရမယ်။ ခုနတုန်းက ဥပမာမှာ ထင်ရှားတာပြော မယ်ဆိုရင် အဲဒါ ဥပါဒါန်တွေကပ်နေတာ။ အဲဒီတော့ ဥပါဒါန် ကပ်နေတယ်ဆိုတော့ အခြားစိတ်တွေ မဖြစ်ပေါ်နိုင်ဘူးလား အခြားစိတ်တွေ ဖြစ်ပေါ်နိုင်တာပေါ့။

ကိုယ်လိုချင်တဲ့အရာကို အာရုံညွတ်နေရင်းနဲ့ပဲ လူဆိုတော့ လူမှုကိစ္စတွေ အများကြီးပဲ။ စိတ်ညစ်စရာရှိမယ်။ ဒေါသ ထွက်စရာရှိမယ်။ လန့်စရာရှိမယ်။ ပျော်စရာရှိမယ် စသည့်ဖြင့် အဲဒီအရာတွေ မပေါ်နိုင်ဘူးလား။ ပေါ်နိုင်တော့ ကောင်းတဲ့ စိတ်တွေပေါ်ရင်တော့ အကြောင်းမဟုတ်ဘူး။ မကောင်းတဲ့ ဒေါသစိတ်တွေ၊ မောဟစိတ်တွေ၊ လောဘစိတ်တွေ ပေါ်လာ မယ်ဆိုရင် ခုနကကျင့်စဉ်ကို အနှောက်အယှက်ဖြစ်နိုင်တယ်။ အဲဒီကျင့်စဉ်ကို အနှောင်အယှက် ဖြစ်မယ်ဆိုရင်တော့ ကျင့်စဉ် အထမမြောက်ဘူး။

အဲဒီတော့ ဘယ်လို လုပ်ရမလဲဆိုတော့ မကောင်းတဲ့ စိတ်လို့ ယူဆတဲ့ အရာတွေကို လမ်းပြောင်းပေးပါ။ အဲဒါ စိတ်လမ်းပြောင်းတယ်လို့ ခေါ်ပါတယ်။ သို့မဟုတ်ရင် ဝေဒနာ လမ်းပြောင်းတယ်လို့ ခေါ်ပါတယ်။ ဘာနဲ့ သန္တန်တူသလဲဆိုရင် ဘောလုံးကလေးကို လူတစ်ယောက် လှိမ့်ပေးတယ်။ ကိုယ်က အဲဒီဘောလုံးကို ဖမ်းပြီးတော့ ကိုယ့်ရဲ့ ညာဘက်ကိုပို့ ရမယ်။ အဲဒီတော့ လှိမ့်တာကသက်သက်၊ လှိမ့်တဲ့လူက သက်သက် လှိမ့်လိုက်တယ်၊ ကိုယ့်ဟာ ကိုယ်တစ်ခါဖမ်းမယ်။ ဖမ်းပြီးတော့မှ ကိုယ်ပို့ရမယ့် ညာဘက်က လူဆီကို ပစ်ပို့မယ် အစား ဟိုက လှိမ့်လိုက်တာလေးကို လက်ကလေးနဲ့အသာခံ ပြီးတော့ ခပ်စောင်းစောင်းကလေး ခံလိုက်လို့ရှိရင် ဘောလုံး ကလေးဟာ ကိုယ့်လက်ကို လာထိတာရယ်။ ဟိုဘက်ကို ထွက်သွားတာရယ်ဟာ နှစ်ခုသောအလုပ် မဟုတ်တော့ဘဲနဲ့တစ်ခု သောအလုပ်ပေါ့။ စိတ်လမ်းပြောင်းလိုက်တာ။

ကဲ . . . အဲဒီကျင့်စဉ် ကျင့်နေတုန်းမှာ ကျင့်စဉ်က လည်း မပြီးသေးဘူး။ ဒေါသဖြစ်စရာ ကြီးကြီးမားမား ဖြစ်လိုက်ပြီဆိုတာနဲ့ ဒေါသလို့ သိလုက်တာနဲ့ အဲဒီဒေါသကို ဘယ်အထိ ပြောင်းရမှာလဲ။ ကိုယ်လိုချင်တဲ့ ဝေဒနာအထိ ပြောင်းလိုက်ရမယ်။ အဲဒီ စိတ်ဆိုးစရာကြီး၊ ဒေါသကြီးကို ငါတိုက်အိမ်ကြီးနဲ့ နေရမယ့် ဒေါသ ကြီးပါလားလို့ သိလိုက်ပါ။ စိတ်ဓာတ် ကျစရာကြီးလား။ သြော် . . . မကောင်းတဲ့စိတ်။ ညံ့တဲ့စိတ်၊ နော် . . . ညှိုးငယ်တဲ့စိတ်၊ ဒီစိတ်တွေဟာ ငါ တိုက် အိမ်ကြီးနဲ့ နေရမယ့် အရာတွေပဲလို့ တစ်ခါတည်း မှတ်ယူလိုက်ပါ။ လက်နဲ့ထိသွားရင် အမလေးလို့ အော်မိတာနဲ့ အဲဒီ အမလေးဟာ ငါ တိုက်အိမ်ကြီးနဲ့ နေရမယ့် အမလေးပါလား။ လူတစ်ယောက်ကို စိတ်ဆိုးလို့ ဆဲမယ်ဆိုရင် မဆဲနဲ့တော့။ တစ်ခါတည်း အာရုံပြုလိုက်၊ ငါ တိုက်အိမ်ကြီးနဲ့ နေရမယ့် ဒီဆဲစရာကိစ္စပေါ့။ ရိုက်စရာကိစ္စလည်း မရိုက်နဲ့တော့။ ငါ တိုက်အိမ်ကြီးနဲ့နေရမယ့် ရိုက်စရာ ကိစ္စကြီး ပါလားလို့ သိပစ် လိုက်တာနဲ့ စိတ်လမ်း ပြောင်းပြီးသား ဖြစ်သွားတာပေါ့။

စိတ်လမ်းပြောင်းတယ်ဆိုတာ မကောင်းဘူးလို့ထင်တဲ့ အညံ့စိတ်တွေ၊ ဒေါသစိတ်တွေ၊ မောဟစိတ်တွေ၊ လောဘစိတ်တွေ သက်သက် မဖျောက်တော့ဘူး။ အဲဒါတွေဟာ ကောင်းတဲ့စိတ်တွေ ဖြစ်သွားပြီး။ အဲဒီ ဒေါသ ဖြစ်လိုက်တာဟာ ငါ တိုက်အိမ်ကြီးနဲ့ နေဖို့ဆိုပြီး ဒေါသကို ခံယူလိုက်တာ။ အဲဒီမှာ အင်မတန် ပြင်းထန်တဲ့ဒေါသ ဝေဒနာ တန်ခိုးကြီး အဖြစ်နဲ့မိမိခန္ဓာထဲမှာ အကျအန ကိန်းဝပ်ပြီး သိုလှောင်ပြီး သားဖြစ်သွားမယ်။ အဲဒီအတိုင်း နားလည်ကြပါ။ အဲဒီတော့ အဲဒီ စိတ်လမ်းပြောင်းတဲ့ အခါတွေမှာ ကြောက်သွားတဲ့ အခါမှာလည်း စိတ်ပြောင်း ရတာ အကောင်း ဆုံးပဲ။ ဝေဒနာအရဆုံးပဲ။

နောက် သာမန်အချိန်မှာ ရေချိုးနေရင်းနဲ့၊ ရေချိုးတယ်ဆိုတာ ရေနဲ့ ခန္ဓာကိုယ်နဲ့ ထိတဲ့အခါမှာ စိတ်လမ်း ပြောင်းလို့ကောင်းပါတယ်။ အခု ငါချိုးနေတဲ့ရေတွေက အေးသွားတယ်ဟာ အဲဒါ ငါ တိုက်အိမ်ကြီးနဲ့နေရဖို့ အေး သွားတာ။ ငါ့ကိုယ်ထဲမှာ အဲဒီတန်ခိုးသတ္တိတွေ ၀င်သွားပြီး။ ထမင်းစားတဲ့အခါမှာလည်း အဲဒီလိုပဲ ခံယူလိုက်ပါ။ စိတ်လမ်း ပြောင်းစရာတွေချည်းပဲလို့ နားလည်လိုက်ပါ။ နောက်တစ်ခု ကတော့ ဒီဝေဒနာကို အပြင်းထန်ဆုံးထဖို့၊ နိုးဖို့။ အခုလုပ်နေတာ ဝေဒနာတန်ခိုးမို့လား။ သိဒ္ဓိဆိုတာ ဝေဒနာတန်ခိုးပဲ။ ခံစားမှုတွေကို တန်ခိုးဖြစ်အောင် လုပ်တာ။

အဲဒီအကြောင်းရောတွေမှာ လူတစ်ယောက်ဟာ ချမ်းသာ ကြွယ်ဝဖို့ အာရုံပြုထားရင် ဝေဒနာပိုတက်တယ်။ အခြွေအရံ များဖို့ ကျက်သရေမင်္ဂလာတိုးဖို့ သြဇာတန်ခိုးကြီးဖို့ ကျန်းမာဖို့ မျက်နှာပွင့်ဖို့၊ ကျော်ဇောထင်ရှားဖို့၊ ပညာဥာဏ်ကြီးဖို့ အကျဉ်းအကြပ်မှ လွတ်မြောက်ဖို့၊ ကြီးမားတဲ့ အလုပ်အကိုင် ကြီးတွေ၊ ရာထူးကြီးတွေရဖို့၊ ချစ်သော သူကိုရဖို့၊ ရဲရင့်တည် ကြည်ဖို့ အဲဒီအချက်တွေကို လူတွေက တောင်းတကြတယ်။ ရယူလိုချင်တယ်။

ခုနက ကြိုက်မကြိုက်ထဲမှာ ကြိုက်ထဲမှာပါတယ်။ အဲဒီတော့ ကြိုက်ထဲမှာကျတော့ ကြိုက်ဝေဒနာကို ဖန်တီး မယ်။ ဝေဒနာတန်ခိုးကို ဖန်တီးမယ်ဆိုရင် အဲဒီဟာတွေလည်း အာရုံပြုလို့ရပါတယ်လို့ ပြောရင်းနဲ့ တန်ခိုးသိဒ္ဓိရဲ့သတ္တိ သဘောကို ဒီအခန်းမှာရပ်ပါတယ်။ ဒါတွေဟာ လောကီ စိတ်ပညာကျင့်စဉ်တွေပဲလို့ မှတ်ယူထားပါ။ ဘာသာရေးနဲ့ မဆိုင်ပါဘူး။ ဘယ်ဘာသာဝင်မဆို လုပ်လို့ရပါတယ်။

မဟာဂန္ဓာရီစခန်းမှ
မင်းသိင်္ခ(၁၉၉၉-ဧပရာယ်လ-၅ရက်)
ညသန်းခေါင်ကျော်အချိန်၊ မှော်ဘီစခန်း