Tuesday, March 30, 2010

ကိုယ်တိုင်ယတြာပြုလုပ်မယ်ဆိုရင်(၂)

ယတြာပြုလုပ်ပေးမည့်ဆရာက မန္တာန်ဖြင့်နှိုးဆွခြင်း

ငါရဲ့ခန္ဓာကိုယ် အတွင်းမှာလည်းကောင်း ၊ ငါရဲ့ခန္ဓာကိုယ် ပတ်ပတ်လည်မှာလည်းကောင်း တန်ခိုးသိဒ္ဓိဓာတ် များ ၊ မေတ္တာဓာတ်များ ၊ ပညာဓာတ်များ ပြည့်လျှံနေပါစေသတည်း..... အဲဒီလို (၈)ကြိမ် ရွတ်ရမယ်။ မြန်မာလို မရွတ်ချင်ဘူး။ အင်္ဂလိပ်လို ရွတ်ချင်တယ် ဆိုရင်လည်း ဟောဒီလို ရွတ်ရမယ်။

Within Me And
Around Me Is The Fullness
Of Power, Love And Wisdom.

အခုလို လုပ်တာက  ယတြာဆရာက မန္တာန်နဲ့ ကိုယ့်ကိုယ်ကို နှိုးဆွလိုက်တာပါပဲ။

ယတြာပြုလုပ်ရန်နေရာထိုင်ခင်း စီမံခြင်း

ယတြာပြုလုပ်မယ့်ဆရာဟာ ထိုင်ပြီးစားလို့ရတဲ့ ထမင်းစား စားပွဲလောက်အရွယ် စားပွဲလေးတစ်လုံးတော့ ထားရမယ်။ အဲဒီ စားပွဲလေးမှာလည်း ယတြာ အစီအရင်တွေ လုပ်ရမယ်။ အဲဒီ စားပွဲလေးကို “ ယတြာ လုပ်ရန် ၀တ်ပြုတဲ့ကျောင်း ” တန်ပဲလ် (Temple) လို့ သဘောပေါက်ရမယ်။ အဲဒီ တန်ပဲလ်လေးကိုလည်း ကိုယ့်ဟာကို နှစ်သက်ရာ နာမည်ပေးထားရမယ်။ ဥပမာ....

မနောကြာဖြူတန်ပဲလ်
ဣစ္ဆာသယတန်ပဲလ်

စသည်ဖြင့် အမည်ပေးထားရမယ်။ အဲဒီစားပွဲလေးကိုတော့ ကိုယ့်အိမ်မှာရှိတဲ့ သန်ပြန်ခြောက်သွေ့တဲ့ နေရာမှာ ထားရမယ်။ ပြီးတော့ အဲဒီစားပွဲလေး ပတ်ဝန်းကျင်မှာလည်း ပစ္စည်းတွေနဲ့ ရှုပ်ပွနေတာမျိုး မဖြစ်စေရဘူး။ စာပွဲလေးပေါ်မှာတော့  မှန်အကြည်တစ်ချပ် တင်ထားရမယ်။ မှန်အောက်ထဲမှာ အကြီးဆုံး တန်ဖိုးအရှိဆုံး ပိုက်ဆံတစ်ရွက်လည်း ထည့်ထားရမယ်။

စာပွဲပေါ်မှာ မရှိမဖြစ် ထားရမယ့် ပစ္စည်းကတော့ အားကောင်းတဲ့ သံလိုက်တုံးတစ်တုံး ၊ သလင်းကျောက် တစ်တုံး ၊ အဖြူရောင်ဖယောင်းတိုင်တွေ ၊ နံ့သာဆီပုလင်းတွေ ၊ ရေမွှေးပုလင်းတွေ ၊ ပြီးတော့ အစိမ်းရောင် ပုလင်းထဲမှာ နှင်းဆီပန်း တစ်ပွင့်ဆိုက်ထားတာကိုလည်း တင်ထားရမယ်။ မကြာကြာ အဲဒီပတ်ဝန်းကျင်ကို ဆားရေနဲ့ တောက်ပေးရမယ်။ အခုလုပ်တာကတော့ ယတြာပြုလုပ်ဖို့အတွက် နေရာထိုင်ခင်း စီမံခြင်းပါပဲ။

Monday, March 29, 2010

ကိုယ်တိုင်ယတြာပြုလုပ်မယ်ဆိုရင် (၁)

ယတြာပြုလုပ်ပေးမည့်ဆရာဂမ္ဘီရရေချိုးနည်း

ကိုယ့်ရဲ့ရေချိုးခန်းမှာ ရေချိုးကန်ရှိရင်တော့ အဲဒီရေချိုးကန်နဲ့ပဲ လုပ်ပေါ့။ မရှိရင်တော့ သစ်သားစည် တစ်လုံး ၀ယ်ပြီး ရေအပြည့်ဖြည့်ရမယ်။ အဲဒီရေထဲကို မီးဖိုချောင်မှာ သုံးတဲ့ ဆားဇွန်း(၂၀) ခပ်ရမယ်။ ပြီးတော့ ဆပ်ပြာ မှုန့်ထည့်ပြီး မွှေရမယ်။ ပြီးတော့ အဲဒီ သစ်သားစည်ထဲဝင်စိမ်ပြီး ချိုးရမယ်။ ချိုးတဲ့အခါမှာလည်း ငြိမ်ငြိမ်လေး မချိုးရဘူး။ ရေသံကြားအောင် လှုပ်ရွပြီး ချိးရမယ်။ 
အဲဒီလိုရေချိုးနေစဉ်မှာ အနားမှာ ဖယောင်းတိုင်တစ်တိုင် ထွန်ထားရမယ်။ ဆပ်ပြာရေတွေ ဆားရေတွေ   ပြောင်စင်အောင် ရေသန်နဲ့တစ်ခါ ရေချိုးရမယ်။ ရေသန့်နဲ့ ရေချိုးပြီးရင် ထွန်းထားတဲ့ ဖယောင်းတိုင်ကို မှုတ်ပြီး တစ်ကိုယ်လုံးကို ခြောက်သွေ့သွားအောင် မျက်နှာသုတ်ပ၀ါနဲ့ ပွတ်တိုက်ပစ်ရမယ်။ ပြီးတော့မှ လျှော်ဖွတ်ပြီး သား အ၀တ်အစားကို လဲပြီး ယတြာဆောင်ရွက်ပေးရမယ်။

ယတြာပြုလုပ်ပေးမည့်ဆရာအတွက် ဓာတ်သွင်းခြင်း

အဲဒီလို ဂမ္ဘီရ ရေချိုးနည်းနဲ့ ရေချိုးပြီးတဲ့အခါ အ၀တ်မစားလဲမယ်။ ပြီးတော့ ဂမ္ဘီရ စားပွဲလေးရှေ့မှာ သွားပြီး ထိုင်မယ်။ အဲဒီလို ထိုင်လိုက်တာနဲ့ တစ်ပြိုင်နက် ကိုယ့်ရဲ့ကျောရိုးကို သစ်ပင်တစ်ပင်ရဲ့ ပင်စည်လို သဘောထားရမယ်။ ရွှေရောင်အတိ ပြီးနေရမယ်။
အဲဒီပင်စည်ဟာ မြီးညှောင့်ရိုးကနေ ငယ်ထိပ်အထိ ရောက်နေရမယ်။ အဲဒီ ရွှေေ၇ာင်ပင်စည် အတွင်းကနေ ရွှေရောင်အရည်တွေဟာ ပန်းထွက်ပြီး ခြေထောက်ကနေ ကြမ်းပြင် ၊ ကြမ်းပြင်ကနေ မြေကြီးထဲကို ၀င်သွား တယ်လို့ အာရုံပြုရမယ်။ 
တစ်ခါ မြေကြီးထဲက ရွှေရောင်အရည်တွေဟာ ခြေထောက်ကနေ၀င်လာပြီး ကျောရိုးပင်စည်ထဲကနေ ငယ် ထိပ်အထိ ပန်းထွက်သွားတယ်လို့ အာရုံပြုရမယ်။ အဲဒီလို အာရုံပြုတဲ့အခါ ကိုယ်ခန္ဓာရဲ့ တစ်ခြမ်းစီကို တစ်လှည့်စီလုပ်ရမယ်။ဘယ်ဘက်ချမ်းက စိမ့်တက်လာရင် ညာဘက်ချမ်းက စိမ့်ထွက်သွားတယ်လို့ အာရုံပြု ရမယ်။ ညာဘက်ချမ်းက စိမ့်တက်လာရင် ဘယ်ဘက်ချမ်းက စိမ့်ထွက်သွားတယ်လို့ အာရုံပြုရမယ်။ အဲဒီအ လုပ်ဟာ ယတြာပြုလုပ်ပေးမယ့် ဆရာအတွက် ဓာတ်သွင်းတာပဲ။ အနည်ဆုံး (၁၀)ကြိမ် လုပ်ရမယ်။ အဲဒါတွေမလုပ်ဘဲနဲ့ ယတြာအစီအရင်တွေ လုပ်မပေးရဘူး။ 

ယတြာဆရာ၏ခြေကုတ်ယူခြင်း

အစောကပြောခဲ့တဲ့ဟာတွေ လုပ်ပြီးတဲ့အခါ ကိုယ်လုံးပေါ်မှန်ရှေ့မှာ မတ်တပ်ရပ်လိုက်ပါ။ ပြီးတော့ မှန်ထဲမှာ ကိုယ်ပုံကို သေချာကြည့်လိုက်ပါ။ အဲဒီလိုကြည့်ရင်း တစ်ကိုယ်လုံးမှာရှိတဲ့ ကြွက်သားတွေ လျော့ကျလာပြီး ခန္ဓာကိုယ်ထဲက အလင်းရောင်တန်းတစ်ခုဟာ ခြေဖ၀ါးက ဖြတ်ပြီး မြေကြီးထဲကို ၀င်သွားပြီလို့ အာရုံပြုရမယ် အဲဒါ ပြီးတဲ့အခါမှာ မြေကြီးထဲက အလင်းရောင်တစ်ခုဟာ ခြေဖ၀ါးက ဖောက်ပြီး ခန္ဓာကိုယ်ထဲ ၀င်လာ တယ်လို့ အာရုံပြုရမယ်။ အဲဒါကိုလည်း (၁၀)ခါလောက် လုပ်ရမယ်။ အဲဒါကတော့ ယတြာလုပ်မယ့် ဆရာဟာ မြေဓာတ်ကို ခြေကုတ်ယူတယ်လို့ အာရုံပြုနားလည်ရမယ်။

အဘမင်းသိင်္ခ၏ပညာမူ

Friday, March 26, 2010

ဘ၀အခြေခိုင်မြဲစေဖို့ အစီအရင်

နှစ်သစ်ကူးလ၏ နေ့လေးတစ်နေ့တွင် ကျွန်ုပ်သည် ငယ်စဉ်ကာလမှစ၍ ယနေ့ထိတိုင်အောင် ပြန်လည်၍ နောက်ကြောင်းပြန် စဉ်းစားနေမိလေ၏။ ဖြတ်သန်းခဲ့သော ဘ၀ဆိုသည်မှာ ကျွန်ုပ်၏အသက် ဆယ်နှစ်သား လောက်မှစ၍ ယနေ့ အသက်အားဖြင့် သုံးဆယ်နှစ်ဆိုသော အရွယ်တိုင်အောင် ဖြစ်လေ၏။ ကျွန်ုပ်၏ ဘ၀သည် အညာဂျင်းသုပ်ပမာ အမျိုးအစား စုံလှ၏။ အရသာ စုံလှလေ၏။

ဆယ်နှစ်ကျော် အရွယ်မှစ၍ ယနေ့အထိ ဖြတ်သန်းခဲ့ရသော ကာလတစ်လျှေက်လုံးကို ပြန်လည်တွေးတော စဉ်းစားကြည့်လေရာ ကျွန်ုပ်၏ ဘ၀တွင် ပျော်ရွှင်စရာကာလများလည်း ရှိခဲ့၏။ ထို့အတူ ၀မ်းနည်း ကြေကွဲစရာ ကာလ များလည်း ရှိခဲ့၏။ သနားဂရုဏာ သက်ဖွယ် ကာလများလည်း ရှိခဲ့၏။ ထို့အတူ ရက်စက်ကြမ်းကြုတ် ခဲ့ရသော နေ့ရက်များလည်း ရှိခဲ့လေ၏။ တရားဓမ္မနှင့်အတူ အေးချမ်းစွာ ဖြတ်သန်းခဲ့ရသော နေ့ရက်များလည်း ရှိခဲ့လေ၏။ ထို့အတူ မတရားမှု့မျာျးနှင့် ပူလောင်ပြင်းပြစွာ ဖြတ်သန်းခဲ့ ရသော နေ့ရက်များလည်း ရှိခဲ့လေ၏။ကျေးဇူးတရားကို အသက်နှင့်ရင်း၍ ဆပ်ခဲ့ရသောနေ့ရက်များ ရှိသကဲ့သို့ ကျေးဇူးကန်းခဲ့ရသော နေ့ရက်များလည်း ရှိခဲ့ပေသည်။

လောဘကို တဒင်္ဂပဟန် စွန့်ပယ်၍ ရောင့်ရဲတင်းတိမ်သော စိတ်ဖြင့် ဖြတ်သန်းခဲ့ရသော နေ့ရက်များလည်း ရှိခဲ့၏။ ထို့အတူ လောဘနောက်ကို ကောက်ကောက်ပါအောင် လိုက်ရင်းဖြင့် ချောက်ထဲသို့ ကျရောက်ခဲ့ရ သော နေ့ရက်များလည်း ရှိခဲ့၏။ အချစ်ကြောင့် ကြေကွဲခဲ့ရသော နာကျင်ခဲ့ရသော ထိခိုက်ကွဲရှခဲ့ရသော နေ့ရက်များလည်း ရှိခဲ့၍ ထိုအချစ်ကြောင်လည်း ပျော်ရွှင်ခဲ့ရသော တက်ကြွခဲ့ရသော လန်းဆန်းခဲ့ရသော နေ့ရက်များလည်း ရှိခဲ့ပါ၏။
အောက်ဖက်တွင် ရေးသားထားသော အကြောင်းအရာများသည် ကျွန်ုပ်၏ ဘ၀တစ်စိပ် တစ်ပိုင်းအား ရေးသားထားခြင်း  ဖြစ်သောကြောင့်  သင်ဖတ်လိုက ဖတ်နိုင်ပါသည်။ မဖတ်လိုက အောက်ဆုံးတွင် ယတြာရှိပါသည်။ ကျော်ဖတ်လိုက်ပါရန် မေတ္တာရပ်ခံပါကြောင်း...........



ထို့ကြောင့် ကျွန်ုပ်၏ဘ၀သည် အညာဂျင်းသုတ်ကဲ့သို့ အမျိုးအမည် စုံလင်လှသကဲ့သို့ အရသာစုံလင်လှပေ၏ ဟု ပြောပြရခြင်းဖြစ်ပေသည်။ ဤနေရာ၌ အလျင်းသင့်သဖြင့် ကျွန်ုပ် ဘ၀တစိပ်တစ်ပိုင်းကို အနည်းငယ်မျှ ပြောပြရပေဦးမည်။ 
မောင်ပေါက်ကျော် စံပယ်ပန်းရောင်းခြင်း
ဧရာဝတီတိုင်း၏ တောမြို့လေး တစ်မြို့တွင် စံပယ်ပန်းရောင်းချနေသော ကောင်လေးတစ်ယောက်ရှိခဲ့ လေ ၏။ ထိုကောင်လေး၏ အမည်မှာ ပေါက်ကျော် ဟူ၍ ဖြစ်လေသည်။ ပေါက်ကျော်ကလေးသည် ထိုတောမြို့ ကလေးနှင့် ၁၅-မိုင်မျှ ဝေးကွာသော အရပ်မှ ရွာကလေးမှ ဖြစ်လေသည်။ ပေါက်ကျော်ကလေး၏ မိဘများ သည် လွန်စွာ ဆင်းရဲလှသော လယ်သမားများ ဖြစ်ကြလေ၏။ မိုးတွင်း တစ်တွင်းလုံး လယ်လုပ်စဉ်ကာလ၌ စိုက်ထုပ်စရာ အရင်းအနှီး မရှိသောကြောင့် သူများထံမှ စပါးပေး ပိုက်ဆံ ချေးငှားရလေ၏။ နွေစပါးပေါ်သော အချိန်တွင် ရသော စပါးများကို ပြန်လည်၍ ပေးဆပ်ရလေသည်။ 

ထို့ကြောင့် မောင်ပေါက်ကျော်ကလေးသည် (၄)တန်းအောင်ကပင် ကျောင်းထွက်၍ ခြံထဲမှ ထွက်သော စံပယ် ပန်များနှင့် အိမ်းနည်းနားချင်း ခြံများမှ စံယ်ပန်းများကို သိမ်းယူပြီး စက်ဘီးနှင့်တင်ကာ မနက်(၄)နာရီ လောက်ကပင် မြို့ဈေးသို့ သွားရောက်ကာ ဖောက်သည်ပေးသည်ကိုပေး မကုန်သည်များကိုလည်း ကိုယ်တိုင် ရောင်းချရလေ၏။ ထိုအချိန်မှစ၍ မောင်ပေါက်ကျော်ကလေးအား ထိုမျို့မှ လူအများသည် စံပယ်ပန်သည် ဟူ၍သာ ခေါ်ဝေါ် သမုတ်ကြလေတော့၏။
 
မောင်ပေါက်ကျော်ကိုရင်ဝတ်ပြီ
တစ်နှစ်တွင် မောင်ပေါက်ကျော်ကလေးတို့ ရွာတွင် မိုးကုတ်ဝိပဿနာ (၇)ရက် တရားစခန်းပွဲ ကျင့်ပရာ မြို့မှ သက်တော်(၃၅) နှစ်ခန့် ရခိုင်ဘုန်းကြီးတစ်ပါး တရားလာပြလေ၏။ ထိုဘုန်းကြီးသည် ရခိုင်သံဝဲ၀ဲနှင့် တရားပြ အလွန်ကောင်းလေ၏။ ကွမ်းကို လွန်စွာကြိုက်လေ၏။ အိပ်ချိန်တွင်တောင် ကွမ်းငုံ၍ အိပ်မှ အိပ်ပျော်သည် ဟူ၏။ မောင်ပေါက်ကျော်ကလေးသည် ထိုဘုန်းကြီးအား ဝေယျာဝစ္စများ သွားရောက်လုပ်ပေးရလေ၏။ ထွေးခံ ဆေးပေးရ၏။ တံမျက်စည်း လှည်းပေးရလေ၏။ ဘုန်းကြီးအား တံတောင်ဖြင့် အညောင်းပြေ ထောင်းပေးရလေ၏။

ထိုရခိုင်ဦးဇင်းသည် တရားစခန်းပွဲ မပြီးခင် တစ်ရက်တွင် ကျွန်ုပ်၏ ဖခင်ဖြစ်သူအား ခေါ်၍  ကျွန်ုပ်ကို သူနှင့် ထည့်လိုက်ရန် ရွာမှာနေရင် ဘာမှ ဖြစ်လာမှာ မဟုတ်ကြောင်း မြို့ကို သူခေါ်သွားမည်ဖြစ်ကြောင်း ပြောဆို လေ၏။  ကျွန်ုပ်၏ ဖခင်ဖြစ်သူကလည်း သဘောတူလေ၏။ နောက်တစ်နေ့တွင် မောင်ပေါက်ကျော်ဟု အမည်ရသော တောစံပယ်ပန်းသည်လေးသည် ဘုန်ကြီးကျောင်းသား အဖြစ်နှင့် မြို့သို့ပါသွား လေတော့လေ၏။ ထိုဘုန်ကြီးကျောင်းသို့ ရောက်သောအခါ လက်ထောက်ဦးဇင်းတစ်ပါးကို ကျွန်ုပ်အား အပ်နှံ၍ ကိုရင်ဝတ်ပေးလိုက်လေတော့လေ၏။

ကိုရင်ပေါက်ကျော်ပညာသင်ကြားခြင်း
ထိုပေါက်ကျော်သည် ကိုရင်ဝတ်သောအခါ၌ လျှပ်စီးလက်သကဲ့သို့ အဆော့သန်သော်ကြောင့် ကိုရင်လျှပ်စီး ဟု အမည်တွင်ပြန်လေ၏။  ထိုကိုရင်လျှပ်စီးအား ဘုန်းကြီးသည် တရားဟောထွက်သည့်အခါ ကျောင်းတွင် ထာမခဲ့ရဲသောကြောင့် (ကိုရင် လျှပ်စီးကို ကျောင်းမှာထားခဲ့လိုကတော့ ပြန်လာရင် ထိုင်စရာ ကျောင်း တောင် ရှိမှာ မဟုတ်တော့ဘူး ဟု ဆရာတော် ပြောနေကျ စကားဖြစ်လေ၏) နိုင်ငံအနှံ တရားဓမ္မဟောပြော ရာနေရာ အားလုံးသို့ ခေါ်သွားလေ့ရှိ၏။ ထိုဆရာတော်၏ ကျေးဇူးတော်ကြောင့် တောသား စံပယ်ပန်းသည် လေးမောင်ပေါက်ကျော် တစ်ဖြစ်လဲ ကိုရင်လျှပ်စီးသည် မြန်မာပြည့်အနှံ့သို့ ရောက်ဖူးလေတော့သည်။

ထိုဆရာတော်၏ ဝေယျာဝစ္စများကို  ဆောင်ရွက်လုပ်ကိုင်ပေးရင်း တစ်ဖက်မှလည်း ပရိတ်ကြီး(၁၁)သုတ် ။ လောကနီတိ ၊ သဂြိုဟ် ၊သဒ္ဒါ စသော အခြေခံ စာပေများကို သင်အံရလေသည်။ ထိုသို့ နေလာခဲ့ရာ တစ်နှစ်ခန့် အကြာတွင် မြို့ကြီးများရှိ စာသင်တိုက်များသို့ ပိုဆောင်ပေးလိုက်လေ၏။ အတိုချုပ်ရသော် အသက်အားဖြင့် ၁၇-နှစ်တွင် ပထမကြီးတန်းအောင်မြင်၍ ဓမ္မာစရိယအတန်းကို စတင်၍ပင် စာဝါလိုက်နေရ ပြီ ဖြစ်လေ၏။

ကိုရင်ပေါက်ကျော်လူထွက်ခြင်း
တစ်နှစ်တွင် ကိုရင်လျှပ်စီးသည်  နွေရာသီ စာဝါနားရက်များတွင် မိမိ၏ ဇာတိမြေရွာကလေးသို့ ပြန်လာခဲ့လေ ၏။ ရွာပြန်ရောက်သောအခါ ဆင်းရဲပင်ပန်စွာ လုပ်ကိုင် အသက်မွေးနေရသော မိဘညီအကို မောင်နှမများကို တွေ့မြင်ရသောကြောင့် ကိုရင်လျှပ်စီးသည် လွန်စွာ စိတ်မကောင်းဖြစ်မိလေ၏။ လွန်စွာမှလည်း ယူကြုံးမရ ဖြစ်မိလေတော့၏။ ထို့အတူ ဆင်းရဲသော မိဘညီအကိုမောင်နှမ များကိုလည်း လုပ်ကိုကျွေးမွေးချင်စိတ် ပေါက်လာလေတော့၏။ ထိုနွေတွင် ကိုရင်လျှပ်စီးသည် မိဘနှင့် ဆရာဘုန်းကြီး များတားနေသည့်ကြားမှ သာသနာ့ဘောင်မှ လွန်စွာပူပြင်း ပူလောင်လှသော လူဘ၀ လူ့ဘောင်သို့ မျော်လင့်ချက်များစွာဖြင့် ဦးတည်၍ လူဝတ်လဲခဲ့လေ၏။ ထိုအချိန်မှစ၍ ကိုရင်လျှပ်စီးအား ကိုရင်လူထွက် ငါးပိချက် ဟူသော အမည်တစ်ခု တိုး၍လာလေတော့လေ၏။

ထိုကိုရင်လူထွက်သည် ဇာတိမွေးရပ်မြေတွင် မိဘရိုးရာ တောင်ယာအလုပ်လုပ်ခြင်း ၊ တစ်ဖက်တွင်လည်း ရွာနီးချောင်းစပ်မှ ကုန်စိမ်းများကို သိမ်းယူ၍ မြို့ဈေးသို့ ပို့၍ ရောင်းချခြင်းဖြင့် ခက်ခဲပင်ပန်းစွာ အသက်မွေးရလေ၏။ ထို့အတူ တစ်ဖက်မှလည်း အရွယ်ရောက်လာပြီဖြစ်လာသောကြောင့် ကိုရင်လူထွက် မောင်ပေါက်ကျာ်ကလေး၏ နှလုံးသားလေးသည်လည်း မိန်းမပျိုကလေးများနှင့် တွေ့သည့်အခါတိုင်း လေပြင်းတိုက်ခတ်သော ညောင်ဗုဒ္ဓဟေပင်ကဲ့သို့ တဖြတ်ဖြတ်လှုတ်ခတ်လာလေတော့၏။ ထိုကြောင့် အချိန် အားသောအချိန်များတွင်လည်း တောရွာဓလေ့ အရ မိန်းမပိုးခြင်း ၊ အပျိုအိမ်များသို့ ညအချိန် အလည်အပတ် သွားခြင်း ၊ ဖိုသံပေးခြင်း ၊ စသည်ဖြင့် နှစ်နှစ်ခန့် အချိန်းဖြုန်း၍ နေခဲ့လေ၏။

ထိုနှစ်နှစ်အတွင်း ကိုရင်လူထွက် မောင်ပေါက်ကျော်သည် ချစ်သူတစ်ဦးရရှိခဲ့လေ၏။ သူ၏ချစ်သူအမည်မှာ မိုးသန္တာ ဟု အမည်ရလေ၏။ မောင်ပေါက်ကျော်သည် မိုသန္တာအား လွန်စွာ ချစ်မြတ်နိုးလေ၏။ သူ၏ အချစ်ဦးလည်း ဖြစ်လေ၏။ ထို့ကြောင့် သူ၏ ချစ်သူနှင့် ပတ်သက်၍ လွန်စွာ မျော်လင့်၍ လွန်စွာမှလည်း အိပ်မက်မက်ခဲ့လေသည်။ မည်မျှလောက် မျှော်လင့်ထားသနည်းမူ သူတို့နှစ်ယောက် ယူမည်။ ကလေးအနည်းဆုံး (၁၀) ယောက်လောက်မွေးမည်။ အကြီးဆုံးကို ဘုန်းကြီးဝတ်ခိုင်းမည်။ ပြီးတော့ ဆရာဝန် ၊ အင်ဂျင်နီယာ ၊ မင်းသား ၊အဆိုတော် စသည်ဖြင့်  အစဉ်အတိုင်း လုပ်ခိုင်းမည် စသည်ဖြင့် နေ့စဉ်ရက်ဆက် စိတ်ကူယဉ်ထားလေ၏။ အလုပ်ကိုလည်း အခါတိုင်းထက်ပို၍ ကြိုးစားလုပ်ကိုင်လေ၏။

မောင်ပေါက်ကျော်အသဲကွဲ၍အရက်သမားဖြစ်ခြင်း
ကိုရင်ပေါက်ကျော်နှင့် မိုးသန္တာတို့ လက်ထပ်မည့် (၃)လလောက်အလိုတွင် ရွာ၌ဘုရားပွဲဖြစ်၏။ ထိုဘုရား ပွဲတွင် ဘုရားဂေါပက များက မြို့မှ ဇာတ်ပွဲတစ်ပွဲ ငှားသွင်းလေ၏၊ ထိုဇာတ်ပွဲသည် ရွာတွင် (၅)ရက်ဆက်တိုက် ကပြလေ၏။ ဘုရားပွဲသည် လွန်စွာ စည်ကားသောကြာင့် တိုး၍ မပေါက်လေအောင် ရှိလေတော့၏။ ဘုရားပွဲ၏ လေးရက်မြောက်နေ့ညတွင် ကိုရင်ပေါက်ကျော်၏ အချစ်ဦးလည်းဖြစ် အချစ်ဆုံးလည်းဖြစ်သော မိုးသန္တာသည်  ဘုရားပွဲတွင် (၃)ညမျှသာတွေ့ရသော တရွာသား မောင်စိန်သောင်းဆိုသော သူနှင့် ခိုးရာလိုက်ပြေး လေတော့၏။ ထိုနေ့မှစ၍ ကိုရင်ပေါက်ကျော်သည် အသဲကွဲ သည်ဝေဒနာကို မခံစားနိုင်တော့သောကြောင့် အရက်သမားကြီးလုံးလုံး ဖြစ်သွားလေတော့၏။

နောက်ပိုင်းများတွင် အကျဉ်းချုပ် ၍တင်ပြပေးပါတော့မည်။


ကိုရင်ပေါက်ကျော်သည် ရွာမှထွက်သွား၍ ရန်ကုန်မြို့ရှိ အသိဘုန်းတော်ကြီးတစ် ကျောင်းတွင် တည်းခို၍ ရရာအလုပ်မျိုးစုံကို လုပ်လေတော့၏။ မောင်ပေါက်ကျော် လုပ်ခဲ့သော အလုပ်များကို အကျဉ်းချုပ် ဖော်ပြရ သော် လမ်းဘေးတွင်လည်း ကွမ်းယာရောင်းဖူး၏။ရွှေရင်အေး ရောင်းဖူး၏။ အညာ မုန်ဟင်းခါး ရောင်းဖူး၏။ သီရိမင်္ဂလာဈေး ကုန်စိမ်းဒိုင်တွင် နေ့စားဝင်လုပ်ဖူး၏။  ပွဲစားယောင်ယောင် လုပ်ခဲ့ဖူး၏။ ထိုအလုပ်များဖြင့် အဆင်မပြေသောကြောင့် ဘုရားပွဲများတွင် လောင်းကစားဝိုင်းများ လိုက်ဖွင့်ပြီး ဖြတ်လမ်းနည်းဖြင့် ငွေရှာခဲ့ ဘူး၏။ ဘုရားပွဲတွင် ရန်ဖြစ်သောကြောင့် ဗိုလ်တထောင် အချုပ်ခန်းတွင် (၃)ရက်ခန့် အိပ်ခဲ့ဘူး၏။

ကုန်သည်ပေါက်ကျော်

ထိုအချုပ်ခန်းမှ လွတ်သောအခါတွင်  ကောင်းရောင်းကောင်းဝယ်ပဲ လုပ်စားတော့မည်ဟု ရေကျော် ရွှေဘုန်းပွင့် ဘုရားတွင် သစ္စာဆို၍ ရန်ကုန် မင်္ဂလာဈေးကြီး၏ ဖိနပ်ဆိုင် အရုပ်ဆိုင် ပလပ်စတစ်ဆိုင် စသော ဆိုင်များတွင် ၀င်ရောက်၍ လုပ်ကိုင် ပြန်လေသည်။ တစ်နှစ်ခန့် ကြာသောအခါတွင် မောင်ပေါက်ကျော်သည် သူလုပ်သော ဆိုင်၏ ယုံကြည်အားကိုးခြင်းကို ခံရကာ မြ၀တီလိုင်းတွင် ကုန်သည်ဖြစ်လာလေတော့၏။ ထိုအချိန်တွင် မောင်ပေါက်ကျော်သည် အလုပ်သမားသာ ဖြစ်နေသေး၏။ ဆိုင်မှ ပေးထားသော လခ(၆၀၀၀) ဖြင့် စားမလောက်သောကြောင့် လခတိုးတောင်းရာ ဆိုင်ရှင်က မပေးသဖြင့်  မင်္ဂလာဈေးကို စိတ်နာနာနှင့် ကျောခိုင်းထွက်ခွါခဲ့ရလေ၏။

တစ်နေ့တွင် မောင်ပေါက်ကျော်သည် မိမိ၏ရုပ်ကို ကိုယ်လုံးပေါ်မှန်ရှေ့တွင် ကြည့်မိလေ၏။နှစ်ရှည်လများ နေပူမရှောင် မိုးရွာမရှောင် အလုပ်လုပ်ခဲ့ရသောကြောင့် သူ၏ အသားများသည် မဲပြောင်လျှက်ရှိ၏။ မျက်နှာတွင် အဆီများပြန်နေ၏။ ၀က်ခြံများလည်း အလုံးကြီးများပေါက်နေ၏။ လွန်စွာ အရုပ် ဆိုးသောကြောင့် ညဖက်တွေ့လျှင် သရဲလိုတောင် အထင်ခံရဖွယ်ရှိလေ၏။ တစ်ခါတွင် ရန်ကုန်ဘူတာကြီး တွင် မကောင်းတာ လုပ်စားသော လမ်းဘေးမိန်းကလေးတစ်ဦးကို ရီးစားစကား လိုက်ပြောကြည့်လေရာ မသာ.... ကိုယ့်ရုပ်ကိုမှ အားမနာ ဟု အပြောခံရလေ၏။ မကောင်းသော မိန်းမတောင် ငြင်းသေးရင် ကောင်းတဲ့ မိန်းကလေး ဆိုရင်တော့ မပြောချင်တော့ ဟု စိတ်ဓာတ်များကျကာ ထိုအချိန်မျစ၍ ရန်ကုန်မြို့ရှိ မိန်းကလေးများ၏ အနားသို့ လုံးဝမကပ်တော့ပေ။

မကြာမီ၌ မောင်ပေါက်ကျော်သည် ညီကာရန် ဟူသောအမည်ကို မိမိဘာသာ ကင်ပွန်းတပ်ကာ ရန်ကုန်မြို့၏ အဆင့်မြင့်ရုပ်ရှင်ရုံ တစ်ရုံတွင် တန်းပြအဖြစ် ၀င်ရောက်အလုပ်လုပ်ကိုင်လေ၏။ အဲယားကွန်းထဲတွင် တစ်နေ ကုန် နေမထိ လေမထိနေရသောကြောင့် အလုပ်ဝင်၍ (၆)လလောက် အကြာတွင် တောသားမောင်ပေါက် ကျော်၏ အသားအရည်များသည် စတင်ပြောင်းလဲလာလေ၏။ သူ၏ အသားအရည်တို့သည် ဖြူဝင်း၍ လာလေ၏။ အကြောစိမ်းစိမ်းကလေးများပင် မြင်ရ၏။ နုတ်ခမ်းမွေးရေးရေးကလေးနှင့် လွန်စွာ ယောက်ျားပီသ ၍လွန်စွာမှလည်း ကြည့်၍ကောင်း၏။ ယခုအခါ မောင်ပေါက်ကျော်သည် တောမှလာစဉ်တုန်းကလို ဆံပင်တိုနှံ့ နှံ့နှင့် မဟုတ်တော့ပဲ ထိုခေတ်အခါက လူငည်အများစု၏ ဆံပင်ပုံစံအတိုင်း အလယ်ခွဲပင် ထားထားပြီ ဖြစ်လေသည်။ သူ၏ ဆံပင်ကိုလည်း လုံးဝ မညှပ်ပဲထားရာ ဂုတ်တောင်ထောက်နေပြီ ဖြစ်လေသည်။

ထိုကဲ့သို့ မောင်ပေါက်ကျော်၏ ရုပ်ရည်သည် လုံးဝပြောင်းလဲသွားလေ၏။ မည်မျှပြောင်လဲသွားသနည်းဟုမူ ငယ်သူငယ်ချင်း တစ်စုံတစ်ယောက်သည် ၎င်းအား လမ်းတွင်တွေ့ပါက လုံးဝ မှတ်မိခြင်းရှိမည် မဟုတ်ပေ။ ထိုရုပ်ရှင်ရုံသို့ ရုပ်ရှင်လာကြည့်ကြသော မိန်းမပျိုကလေးများသည် မောင်ပေါက်ကျော်ကို မြင်သည်နှင့် ကွက်ကြည့်ကွက်ကြည့် လုပ်သွားခြင်း ၊ ဒီဘဲမိုက်တယ် ဟု မကြားတကြား ပြောသွားခြင်း။ ရုပ်ရှင်တစ်ပွဲကို ထပ်ခါထပ်ခါကြည့်၍ မောင်ပေါက်ကျော်နှင့်ရင်းနှီးအောင် နည်းမျိုးစုံ သုံး၍ ကြိုးစားကြလေ၏။

ထိုကဲ့သို့ ရုပ်ရှင်ရုံတွင် ပျော်ရွှင်စွာ အလုပ်လုပ်ကိုင်၍ နေလေတော့၏။ တစ်နေ့သောအခါတွင် ထိုရုပ်ရှင်ရုံသို့ ရုပ်ရှင်ဒါရိုက်တာ တစ်ယောက်သည် ရုံအားချိန်တွင် အဆိုတော်တစ်ဦးအား ကာရာအိုကေ သီချင်းလာရိုက် လေ၏။ ထိုဒါရိုက်တာနှင့်အတူ ထုပ်လုပ်သူတစ်ဦးလည်းပါလာလေ၏။ ထိုထုပ်လုပ်သူသူ မောင်ပေါက်ကျော် အားမြင်သည်နှင့် သေသေချာချာ စိုက်ကြည့်ပြီးလျှင် မင်း မင်းသားလုပ်မလားဟု မေးလေရာ မောင်ပေါက်ကျော်လည်း ဘာပြန်ပြောရမှန်းမသိ ၊ ကြောင်အမ်းအမ်းဖြစ်နေလေတော့၏။

မင်းသားရူးပေါက်ကျော်

အကျဉ်းချုပ်ဖော်ပြရပါမူ  ထိုထုပ်လုပ်သူသည် မောင်ပေါက်ကျော်အား အိမ်သို့ ခေါ်သွားလေ၏။ မင်းသား ဖြစ်အောင် တင်ပေးမည်ဟုလည်း ပြောလေရာ တောသားမောင်ပေါက်ကျော်သည် အရူး ဗုံမြှောက်သည်နှယ်.. မြောက်ကြွ မြောက်ကြွ ဖြစ်နေလေတော့၏။ ထိုထုပ်လုပ်သူ၏အမည်ကို ဤနေရာ၌ ပုဂ္ဂိုလ်ရေး ထိခိုက်မည် ဖြစ်သောကြောင့် မဖော်ပြတော့ပါ။ အစပထမတွင် ကာရာအိုကေ သီချင်းများတွင် ထည့်၍ သရုပ်ဆောင် ခိုင်းမည်။ နောက်တဖြည်းဖြည်း သရုပ်ဆောင်သက်ရလာသောအခါတွင် မင်းသား တင်ရိုက်မည်ဟု ပြောပြထားရာ တောသား မောင်ပေါက်ကျော်၏ စိတ်တွင် ငါကား မုချရုပ်ရှင်မင်းသား ဖြစ်တော့မှာပါလား ဟုအတွေးများဖြင့်နယ်ချဲ့ကာ ပျော်ရွှင်လျှက် ရှိလေတော့၏။

ထိုအိမ်၌နေ၍ (၆)လခန့်အကြာတွင် မောင်ပေါက်ကျော်၏ အဖွားဆုံးသောကြောင့် ရွာသို့ပြန်လာလေ၏။ ထိုအချိန်မှစ၍ မောင်ပေါက်ကျော်၏ ဘ၀သည် တစ်ဆစ်ချိုးပြန်လည်ပြောင်းလဲသွားမည်ကို ကာယကံရှင် ကိုယ်တိုင်တောင် မသိပေ။ ရွာသို့ရောက်သောအခါတွင် ၎င်း၏မိသားစုများသည် တော်တော်လေး စီးပွားရေး အခြေအနေ ဆိုးရွားလျှက်ရှိလေ၏။ အကြွေးများစွာ တင်နေ၏။ ငွေရှင်များနှင့် အမှု့ဖြေရှင်းနေရ၏။ အတိုးတွေအရင်းရော (၆)လအတွင်း မပေးပါက အိမ်ကို သိမ်းယူမည်ဟု စီစဉ်နေကြ၏ တက်ကြွနေသော မောင်ပေါက်ကျော်၏ စိတ်ဓာတ်သည် ဟိုးယူဇနာတစ်ရာအောက်ထိ ထိုးဆိုက်ကြလေ တော့၏။ ပျော်ရွှင်နေသော ၎င်း၏ စိတ်သည် မဲမှောင်နေလေ၏။ ဆက်လျှောက်ရမည့်လမ်းသည် မမြင်မ ဆန်း အကန်းလို ဖြစ်နေလေ၏။

မောင်ပေါက်ကျော်ဘယ်လမ်းရွေးမည်နည်း

မောင်ပေါက်ကျော်သည် တွေဝေလျှက်ရှိ၏။ အမှန်မှာမူ ဘာလုပ်ရမှန်း မသိဖြစ်နေခြင်း ဖြစ်နေ၏။ တဖက်တွင် ကျေးဇူးရှင် မိဘနှစ်ပါး ။ တစ်ဖက်တွင်လည်း ဘ၀မျှော်လင့်ချက်တစ်ခု။ တစ်ခုကို ရွေးချယ်ပါက တစ်ခုကို သေချာပေါက်စွန်လွှတ်လိုက်ရမည်။ နင်းချေ ထားခဲ့ရမည်။ စွန်လွှတ်လိုက်ရမည်။ မိဘတွေအ တွက်လည်း ငွေသေချာပေါက်လိုနေပြီ။ တစ်ဖက်က ရလာသော အခွင့်အရေးတွေကိုလည်း မစွန့်လွှတ်ချင် မင်းသားဖြစ်ဖို့အတွက်ဆိုသော လမ်းကို လိုက်မည်ဆိုလျင် လောလောဆယ် ငွေမရ။ အောင်မြင်ခြင်း ဆိုသော လမ်းမထက်သို့ မရောက်မချင်း အနစ်နာခံရမည်။ ပေးဆပ်ရမည်။ အချိန်တွေ ရင်းနှီးရမည်။ ဒါတောင် အောင်မြင်လာမယ် မအောင်မြင်ဘူးဆိုတာ သေချာပေါက် မပြောနိုင်ပေ။

တစ်ထက်က မိဘများဘက်ကိုကြည့်မယ်ဆိုရင်လည်း (၆)လအတွင်း ဒီအကြွေးတွေ ကျေအောင်မဆပ်နိုင် ပါက နေစရာမရှိသော ဘ၀သို့ရောက်ရှိသွားလိမ့်မည်။ အိမ်ခြေယာခြေ မဲ့သော ဘ၀သို့ ကျရောက်သွား လိမ့်မည်။မိဘများ အရှက်တကွဲ အကျိုးနည်း ဖြစ်သွားလိမ့်မည်။ဤနေရာတွင် ကျွန်ုပ် မောင်ပေါက်ကျော် ခံစားခဲ့ရသော ခံစားချက်များကိုသာ အပြည့်အစုံ ဖြစ်အောင် ဖော်ပြရပါမူ ဂေါ်ဂီ၏ ဘ၀တက္ကသိုလ် စာအုပ် လောက် ရှည်လျားသွားမည် ဖြစ်၏။ ထို့ကြောင့် အတိုချုပ်၍ ရေးသားရမည် ဆိုလျှင် ကျွန်ုပ် မောင်ပေါက် ကျော်သည် ရုပ်ရှင်မင်းသား ဖြစ်အောင်ကြိုးစားမည် ဟူသော ရည်မှန်းချက်ကို ရင်နာနာနှင့် စွန့်လွှတ်လိုက် ကာ လတ်တလောငွေရဖို့အတွက် နေပူပူအောက်သို့ ပြန်လည်ကျရောက်သွားလေတော့သတည်း။

မောင်ပေါက်ကျော်အလုပ်ကြမ်းသမားဘဝ

မောင်ပေါက်ကျော်သည် ရန်ကုန်မြို့သို့ ပြန်တက်လာခဲ့လေသည်။ ပထမကျင်လည် ကျက်စားခဲ့သော အသိုင်းအ၀ိုင်းများရှိရာသို့ လုံးဝမသွားတော့ပေ။ ရန်ကုန်မြီု့ အုပ်ကျင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းတစ်ခု တွင် ၀င်ရောက်၍ လက်သမားလုပ်၏။ ညဘက်တွင် ရပ်ကွက်အတွင်း လှည့်လည်၍ သိကြားမုန့်ဖက်ထုပ် ရောင်းရ၏။ ထိုသို့ နေ့မအား ညမနား အလုပ်လုပ်၍ ငွေကို ကြိုးစားရှာဖွေရာ (၆)လခန့် အကြာတွင် မိဘများတွင် တင်ရှိနေသော အကြွေးများကို ဆပ်နိုင်လေတော့၏။ ထိုအတူ မောင်ပေါက်ကျာ်၏ ယောက်ျား ပီသလှသော ရုပ်ရည်တို့သည်လည်းကောင်း ၊ ဖြူဝင်းနေသော အသားအရည်တို့သည်လည်းကောင်း နေဒဏ် လေဒဏ် မိုးဒဏ်အောက်တွင် ကြက်ပျောက်ငှက်ပျောက်ပျောက်ကာ အဖိုးကြီး တစ်ပိုင်း ဖြစ်သွားလေတော့သတည်။

ဤကား ကျွန်ုပ်မောင်ပေါက်ကျော်၏ ဗေဒင်ဆရာ မဖြစ်ခင် ဘ၀တစ်စိပ်တစ်ပိုင်းပင် ဖြစ်လေတော့၏။
ထို့နောက် ကျွန်ုပ်သည် မှော်ဘီမရမ်းတလင်း ပဘဆရာကြီးမင်းသိင်္ခ၏ အထံတွင် ပညာသင်ကြားခွင့် ရရှိခဲ့လေ၏။ ထိုအခါတွင်မှ သိရသည်မှာ ...

အဘက... အဲဒါ မင်းဘ၀အခြေမခိုင်လို့ ဖြစ်ရတာ။ အဲလိုဆိုရင် ဘ၀အခြေခိုင်အောင် ဓာတ်ဆင်ထားရမယ် ဟုပြောဆိုကာ အောက်ပါ ဘ၀အခြေခိုင်စေသော နည်စနစ်လေးအား ပြောပြလေတော့သနည်။

ကလေးတွေအတွက် ထုပ်ထားတဲ့ ကကြီး ခခွေ အက္ခရာ သင်ပုန်း ကြီးပိုစတာ စာရွက် တစ်ရွက်ကို မိမိ၏ မွေးနေ့ နံက် ၉နာရီ ၄၅ မိနစ်တွင် မိမိနေအိမ် ဧည့်ခန်းမှာ ချိပ်ဆွဲထားလိုက်ပါတဲ....

မှတ်ချက်။    ။ မိတ်ဆွေများခင်ဗျာ  ကျွန်တော်သည် မရမ်းတလင်း ၊ အယူတော်မင်္ဂလာခြံ၌ ဗေဒင်ပညာရပ်များကို နှစ်များစွာနေထိုင်သင်ယူခဲ့ရာ ကျွန်ုပ်၏ ဇာတာတွင် ရုပ်ရှင်မင်းသား ဖြစ်သော ဇာတာမပါပေ ။ ဗေဒင်ဆရာ ဖြစ်မည့် ဇာတာသာပါဝင်ကြောင်း သိခဲ့ရပေ။ ထို့ကြောင့် ပြီးခဲ့သော အကြောင်းအရာများသည် ကျွန်ုပ်၏ ဘ၀တွင် ရေခဲတုန်းကို အရုပ်ထုခဲ့ခြင်းမျှသာ ဖြစ်ပါကြောင်းနှင့် ယခုအခါတွင် အဘ၏ ကျေးဇူးကြောင့် ဗေဒင်ဆရာဘ၀နှင့် ဘ၀အခြေ ကျနေပြီဖြစ်ပါကြောင်း.

Sunday, March 21, 2010

အောက်လမ်းတိုက်-အင်းတိုက်-စုန်းတိုက်

တစ်နေ့သ၌ မဟာချိုင်-နေ၀စ်ရှိ ကျွန်ုပ်၏ ဗေဒင်လက္ခဏာဟောခန်းအ တွင်းသို့ လွန်စွာ အကြောက် ကြီးသော ဒေါ်သတ္တိဟူသော အဖွားကြီး တစ်ဦး ရောက်ရှိလာလေ၏။ ထိုအဖွားကြီး သည် စကားပြောလျှင် အကျယ်ကြီး ပြောတတ်၏။ အော်ကြီးဟစ်ကျယ် ပြောတတ်၏။ သူ၏ခါးကို တစ်စုံတစ်ယောက်မှတို့၍ စလျှင် ပေါက်တတ်ကရ ထ၍ ယောင်တတ်လေ၏။ ထိုအဖွားကြီးလာလျှင် ကျွန်ုပ်အခန်းမှ တပည့်များသည် ထိုအဖွားကြီး၏ ခါးကို တစ်ယောက်ပြီး တစ်ယောက် တို့၍ ထိုအဖွားကြီး ပေါက်တတ်ကရ ယောင်သည်ကို ၀ိုင်းဝန်းသဘောကျရီမောကြလေ၏

ထိုအဖွားကြီးသည် သူ့အား ဘယ်လောက်ပင်စစ ၊ ဘယ်လောက် ပင်နောက်နောက် စိတ်ဆိုးသည် ဟူ၍မရှိပေ။ လွန်စွာ သဘောကောင်း၍ ကျွန်ုပ်၏ အခန်းတွင်းမှ တပည့်ကလေး များနှင့်လည်း ရင်းနှီးခင်မင် နေလေ၏။ သို့သော် ထိုအဖွားကြီးတွင် အားနည်း ချက်တစ်ခုတော့ရှိ၏။ ထိုအားနည်း ချက်မှာ တခြား မဟုတ်ပေ။ အလွန်အမင်း ကြောက်တတ်ခြင်း ပင်ဖြစ်၏။ သို့သော် သူသည် လူအချင်းချင်း ကြောက် သည်ကား မဟုတ်ပေ။ သူကြောက်သည်ကား မမြင်ရသော ပရလောက နာနာဘာဝ၊ ၀ိနာဘာဝ၊ တ စ္ဆေ၊သရဲ များနှင့် စုန်းကဝေစသော အောက် လမ်းတိုက်မျိုးစုံတို့ကို အစွဲအလမ်းကြီး စွာ ကြောက်လန့်တတ်သည်ဟူ၏။

သူ့အား သူများတွေက မကောင်းတဲ့ အတတ်တွေနဲ့ ပြုစားစီရင်မှာကို အမြဲတမ်း တွေး၍ ကြောက်နေသည်ဟု သူက ပြောပြဖူးလေ၏။ ထို့ကြောင့် ကျွန်ုပ်က ဒေါ်သတ္တိဟု နောက်ပြောင်၍ နာမည်ပေးထားခြင်း ဖြစ်၏။ ဒေါ်သတ္တိဟု အမည်ရသော အလွန် ကြောက်တတ်သော အဖွားကြီးသည် ကျွန်ုပ်၏ ဗေဒင်ဟောခန်း အတွင်းသို့ ရောက်ရှိလာလေ၏။ ထိုအဖွားကြီးသည် ကျွန်ုပ်၏ ဟောခန်းအတွင်းသို့ ၀င်လာပြီးလျှင် ရောက်မဆိုက် တစ်ယောက်တော့ သွာပြန်ပြီ ဆရာလေးရေ။ အသက်ငယ်ငယ်လေးပဲ ရှိသေးတယ်ဟု အသံကျယ်ကျယ်ဖြင့် လှမ်း၍ပြောရင်း ၀င်ထိုင်လေ၏။

ထိုအခါ ကျွန်ုပ်က ဘယ်လိုဖြစ်တာလည်း ဒေါ်သတ္တိရယ်။ အေးအေးဆေးဆေး ထိုင်ပဲ ထိုင်စမ်းပါဦး။ ဘယ်သူသွားတာလဲ။ ဟို…ဒေါ်သတ္တိ သမီး အငယ် ဆုံးလေး လင်နောက်လိုက်သွား တာကို ပြောတာလားဟု ကျွန်ုပ်က လှမ်းနောက်လိုက်ရာ မဟုတ်ဘူး ဆရာလေးရေ။ မဟုတ်ဘူး။ အခုဟာက ကျွန်မတို့ အလုပ်ရုံမှာ ကောင်းမလေး တစ်ယောက် သူများက အောက်လမ်းနဲ့ တိုက်သတ်လို့ သေသွားတာ။ ပူပူနွေး နွေးပဲ ရှိသေးတယ် ဟုပြောလေ၏။

ထိုအခါ ကျွန်ုပ်ကဟုတ်ရဲ့လား ဒေါ်သတ္တိရယ် သူဟာသူသွေးရိုးသားရိုး ဆုံးသွားရှာ တာဖြစ်မယ်ထင် ပါတယ်ဗျာ။ ခင်ဗျားမလဲ တစ်ဆိပ်ရှိ ဒီအောက်လမ်းပဲ စိတ်စွဲနေတော့ တာပဲဟုကျွန်ုပ်က ပြောလိုက်လျှင် အော်…..ဗေဒင်ဆရာက မယုံဘူးလား။ မယုံရင် လိုက်ခဲ့ပါလား။ မနေ့ကမှ သူ့အလောင်းကို ဆေးရုံ ပို့လိုက်တာ။ ဆေးရုံက ဆရာဝန်တွေ စမ်းသတ်ခွဲစိပ် ကြည့်တော ဒီကောင်မလေး ရင်ဘတ်ထဲက ကလီစာတွေ အကုန်ကြွေကျနေတာ ဆရာဝန်တွေတောင် အံသြသွားတယ် ။ငါတော့ ညက တစ်ညလုံး မျက်လုံးကြောင်းပြီး လုံးဝကို အိပ်မရဘူး။ ကြောက်လိုက်တာဟယ်

ပြီးတော့ ရှိသေးတယ်။ နင် ရန်ကုန်ပြန်နေတုန်းက ငါတို့ရုံကို ဗေဒင်ဆရာမတစ်ယောက် ဗေ ဒင်လာကြည်တယ်။အဲဒီဗေဒင်ဆ ရာမက ငါ့ကိုဟောတယ်။သူများ မကောင်းကြံထားတာ ရှိတယ်တဲ။ အဲဒါကုရမယ်။ မကုပဲထားရင် သေကိန်းမြင်တယ် တဲ့။ အဲဒီတော့ ငါက ကုရင် ဘယ်လောက်ကုန်မလဲဆိုတော့ သိတ်မများပါဘူး (၁) သောင်းလောက် ကုန်မယ်ဆိုလို့ ပိုက်ဆံမရှိတာနဲ့မနည်းအောင့်နေလိုက်ရတယ်ဟု မဲ့ကာရွဲ့ကာဖြင့်ပြောပြလေ၏။

ထိုအခါ ကျွန်ုပ်က သိပ်လည်း အစွဲအလမ်း မကြီးပါနဲ့ ဒေါ်သတ္တိရယ်။ တစ်ခါတစ်လေ ကျတော ကိုယ့်စိတ်က စွဲလမ်းနေလို့လည်း ဥပါဒ် ရောက်တတ်ပါတယ်။ ကြားဖူးတယ် မဟုတ်လား ဥပါဒါန်ကြောင့်-ဥပါဒ်ရောက်ဆို တာလေ။ ကိုယ်စိတ်က ဒီမကောင်းတဲ့ အရာတစ်ခုကို အလွန်အကျွန် စွဲလမ်းနေပြီ ဆိုလို့ရှိရင်လည်း မ ကောင်းတဲ့ ဆိုးကြိုးတွေ အဖြစ် များတတ်တယ်။ ဒါကြောင့် ရှေးတုန်းက ပညာရှင်တွေက ဥပါဒါန်ကြောင့် ဥပါဒ်ရောက် တတ်တယ်။ မကောင်းတာတွေ သိပ်အစွဲအလမ်း မထားကြနဲ့လို့ ဆုံးမထားခဲ့တာပေါ့။ ပြီးတော့ ရှိသေးတယ်။ ခင်ဗျားတိုက ဗေဒင် သွားမေးတယ်ဆိုရင် ဗေဒင် ဆရာပြောတာ မျက်စိမှိတ် ယုံကြတာပဲ။

တကယ် ဟုတ်သလား မဟုတ်ဘူးလား နည်းနည်းလေးတောင် မစဉ်းစားဘူး ။ တစ် ချို့စစ်မှန်တဲ့ ဗေဒင်ပညာရှင်တွေ ရှိပါတယ်။ တစ်ချို့ကြတော့ တမင် ငွေတွေ အလွန်အကျွန် မတရားလိုချင်လို့ လုပ်စား နေကြတဲ့ လူတွေ လည်းရှိတာပဲ။ ဒါတွေကတော့ နေရာတကာမှာ ရှိတယ်။ အရေးကြီး တာက ခင်ဗျားတို့က ဒါ…ဟုတ်သလား။ မဟုတ်ဘူးလား။ မှန်သလား။ မမှန်ဘူးလား ဆိုတာက တော့ ကိုယ်ကိုယ်တိုင် စဉ်းစားရမယ်။

ကျွန်တော်တို့ မြတ်စွာဘုရားတောင် ဒီလိုဟောထားခဲ့ သေးတာပဲ။ ငါဘုရား ဟောတယ် ဆိုပြီးတော့လည်း မယုံနဲ့တဲ။ ကိုယ်ကို တိုင် စဉ်းစား ချင့်ချိန်ပြီးမှ ယုံသင့်မှ ယုံတဲ့။ ဒါတောင် ဘုရားက ယုံ သင့်မှ ယုံလိုပဲ ဟောတာနော်။ ယုံကိုယုံရမယ်လို့ ဟောတာမဟုတ် သေးဘူဟု ပြောလိုက်လျှင် ဒေါ်သတ္တိက .....

ဆရာဟာလေ….၊တော်တော်ကို လျှာရှည်တာပဲ။ ဒီက ဒါတွေကို ကြောက်လို့ ယတြာ တောင်းပါ တယ်ဆိုမှ စကားပြောတာ မပြီးနိုင်တော့ဘူး။ လိုရင်းတိုရှင်းပြောပေါ့ဟု ပြောလိုက်သောကြောင့် ကျွန်ုပ်က

ဒါလေးများ ဒေါ်သတ္တိရယ်….၊ မြေစလောင်းဖုံး ပါတဲ့ မြေအိုးလေးတစ်လုံး ၀ယ်လိုက်ဗျာ။ ဓါတ်မိသွားအောင် သုံးလေးရက်လောက် ချက်တဲ့ ပြုတ်တဲ့နေရာမှာ သုံးလိုက်ပေါ့။ ပြီးတော့ အဲဒီစလောင်းဖုံးကို ပက် လက်လှန်ပြီး အခွက်လေးထဲမှာ ဖယောင်းတိုင် ထွန်းရမယ်။ ဘာမကောင်းတဲ့ အတတ်ပညာတွေနဲ့ လုပ်ထား လုပ်ထား အားလုံး ပျက်ပျယ် သွားပါလိမ်မယ်ဟု ပြောပြလိုက်လေလျှင် ....ဒေါ်သတ္တိက

ဆရာ့ စလောင်းဖုံး လေးက အောက်လမ်းကို ရောနိုင်ရဲ့လားဟု အထွန့်တက်သဖြင့် ကျွန်ုပ်က ဒီလိုလေဗျာ။ လောကကြီးမှာ ရှိရှိသမျှ သက်ရှိသက်မဲ့ အရာအားလုံးဟာ ဒီမဟာပထ၀ီ မြေကြီးပေါ်မှာ အမှီပြုပြီး ရပ်တည်နေကြရတာ မဟုတ်လား။ ပြီးတော့ ဒီလောကကြီးမှာ မဟာပထ၀ီ မြေကြီးဆိုတာ အရာအားလုံးထက် အတည်တန့်ဆုံး အခိုင်မြဲဆုံး အရာမဟုတ်ဘူးလား။ စလောင်းဖုံးဆိုတာ ဒီမဟာပထ၀ီ မြေကြီနဲ့ လုပ်ထားတာ မဟုတ်ဘူး လားဒေါ်သတ္တိရဲ့။ သူကို ပက်လက် လှန်လိုက်တဲ့ အခါ မဟာပထ၀ီ မြေကြီကို ပြောင်းပြန်လှန်ပစ် လိုက်သလို ဖြစ်သွားတော့တာပေါ့။
မြေလှန်ပစ်လိုက်မယ်.. ဆိုတဲ့စကားကို ကြားဘူးတယ် မဟုတ်လား။ အင်မတန် တည်တန့်ခိုင်မြဲ ပါတယ်ဆိုတဲ့ မဟာပထ၀ီ မြေကြီးတောင် အထက်အောက် ပြောင်းပြန်လန်သွားပြီဆိုတဲ့ နောက်တော့ ဒီမကောင်းတဲ့ အောက်လမ်းတိုက် အင်းတိုက် ၊ စုန်းတိုက်စတဲ့မ ကောင်းတဲ့အတတ် ၊ မကောင်းတဲ့ ပညာ ၊ မကောင်းတဲ့ ပညာတွေ လောက်တော့ အသာလေးနိုင် တာပေါ့ဗျာ။

အဲဒီ စလောင်းဖုံးကို ပက်လက် လှန်ပြီး မနက်တစ်ကြိမ် ၊ ညတစ်ကြိမ် ဖယောင်းတိုင် ထွန်းပြီး ဆုတောင်း လိုက်ပေါ့ဗျာ။ (၉)ရက် ဆက်တိုက် ထွန်းလိုက်ရင် အားလုံး အကြွင်းအကျံ မရှိ ပြေပြောက် သွားပါတယ် ဗျာဟု ကျွန်ုပ်က အသေးစိပ် ပြောပြလိုက်လေလျှင် ဒေါ်သတ္တိကြီးက ကောင်းတယ် ဆရာရေ… ကောင်းတယ် ၊ ကောင်းတယ် ။ အခုဆိုရင် ဘာမှ ကြောက်စရာ မလိုတော့ဘူး ဒေါ်သတ္တိတို့ကတော့ နာမည်နဲ့ လိုက်အောင် သတ္တိ ကောင်းတော့မှာပဲ။ ပြန်မှ နေ၀စ်ဈေးမှာ ၀င်ပြီး အိုးနဲ့ စလောင်းဖုံး တစ်ခါထဲ ၀င်ဝယ် သွားမယ်။

စလောင်းဖုံး တစ်ချပ်နဲ့ တစ်ရုံလုံးက အောက်လမ်းတွေကို လိုက်ပြီး စိန်ခေါ် ပစ်လိုက်မယ်။ ငွေလည်း ထောင်နဲ့ သောင်းနဲ့ချီပြီး ကုန်စရာမလို တော့ဘူး။ ဒီနေ့ကစပြီး ဒေါ်သတ္တိ ဘယ်အောက်လမ်းကိုမှ မကြောက် တော့ဘူးဟေ့….၊ အောက်လမ်းတွေ စုန်းမတွေ ကဝေမတွေ စလောင်းဖုံးနဲ့တွေ့ မယ်ဟေ့ ဟုအော်ကြီး ဟစ်ကျယ် ပြော၍ ပေါ့ပါးသော ခြေလှမ်းများဖြင့် ကျွန်ုပ်၏ ဗေဒင်ဟောခန်း အတွင်းမှပြန်သွား လေတော့သတည်း။



အေးချမ်းသောအိမ်

ဗေဒင်ဆရာထက် တတ်တဲ့ လူတွေ ဗေဒင်လာမေးမှာ အရမ်းကြောက်ပါတယ်။
အဲဒီလို ပြောလိုက်လို့ အံ့သြသွားတယ် ဟုတ်။ မဟုတ်တာ မပြောပါနဲ့ ဗေဒင်ဆရာရယ် မတတ်လို့ပဲ ဗေဒင်ဆရာဆီကို ရောက်လာခဲ့တာပဲ မဟုတ်ဘူးလားလို့ အဲဒီလို ပြန်မေးကြလိမ့်မယ်ဗျ..။ မဟုတ်ဘူးဗျ။ လူတိုင်းကို အဲလို ပုံသေတွက်လို့မရဘူး။ ကျွန်တော် ဗေဒင်ဆရာ ဘ၀နဲ့ ဗေဒင်ဟောသက်လေး တော်တော် ကြာလာတော့ သတိထားမိတယ်။

တစ်ချို့က ဗေဒင်မေးတာ ရိုးရိုးပဲ မေးတာ။ ဗေဒင် မေးချင်တယ်။ ကံဇာတာ စစ်ပေးပါ။ ကံကောင်း မကောင်း တွက်ကြည့်ပေးပါ။ ဒါ ရိုးရိုး ဗေဒင်မေးတာ ။ သူတို့ သိချင်တာကို ဒဲ့ မေးတာ။ ကျွန်တော်တို့ ဗေဒင်ဆရာတွေ အတွက် အဲဒါက သိပ်မခက်ဘူး။ ကိုယ် ကြိုက်တဲ့ ပညာရပ် တစ်ခုခုနဲ့ တွက်ကြည့်ပေးလိုက်။ ကောင်းရင် ကောင်းတယ်။ မကောင်းဘူး ဆိုရင် မကောင်းဘူး ပြောပြလိုက်။ သူတို့ မေးချင်တဲ့ မေးခွန်းလေးတွေကို စိတ် ရှည်ရှည်နဲ့ ဖြေပေးလိုက် ၊ ယတြာလိုရင် ယတြာ ဆောင်ရွက်ပေး ။ ဒါဆိုရင် အိုကေသွားပြီ။

နောက်တစ်မျိုးကြတော့ အစလာကတည်းက သူတို့ မေးတဲ့ မေးခွန်းတွေက တစ်မျိုး။ ကျွန်မ စနေသက် ရောက် ရောက်နေလို့ ။ တော်တော် ဒုက္ခ ရောက်နေတယ်တဲ့ ။ အဲဒါ ဗေဒင်လေး ဘာလေး တွက်ကြည့် ပေးပါ ဦးတဲ့။ နောက် ကျွန်မက စနေဂြိုဟ်က နောက် ၁၀-နှစ်ကြာမှ လွတ်မှာ ဒုက္ခပဲ ဆရာရယ်။ အဲဒါ အဆောင်လေး ဘာလေး ပေးပါဦးတဲ့။ ကျွန်တော် စိတ်ထဲ ဘုရားတမိတယ်။ ဘုရားရေ ဒီလောက်ဆိုးတဲ့ စနေဂြိုဟ်မှာ ၁၀-နှစ်တောင် နေရမှာဆိုတော့ မလွယ်ပါလားပေါ့။

တစ်ချို့ကလည်း နာမည် ပက္ခတ်မိနေလို့တဲ့။ နိစ်မိနေလို့တဲ့။ ရှားမီးကိန်း ဘာညာ အို အစုံပါပဲ။ ကိုယ်ကလည်း ဘာဟောရမှန်းတောင် မသိတော့ဘူး။ အခု ကျွန်တော် ပြောချင်တာက အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ အကြောင်းတွေ။

ဆရာတဲ့။ ကျွန်မ ယောက်ကျားက သောကြာ ၊ ကျွန်မက တနင်္လာ ဆိုတော့ ဒီယောက်ျားလည်း မြဲမယ် မထင်ပါဘူးတဲ့။ ကျွန်တော်က ဘာဖြစ်လို့လည်း ဆိုတော့ အော်... ဆရာကလည်း ဓမ္မာ သောက အင်းဝ ရာဇာ လေဆရာရဲ့။ သောကြာနဲ့ တနင်္လာက ရန်ဘက်ကျတယ် ဘယ်ကောင်းပါ့မလဲ။ ဒုက္ခ... ကိုယ်လည်း ဘာပြောရမှန်းတောင် မသိတော့ဘူး။ သူတို့ရဲ့ အဲဒီ အစွဲတွေ ဖြုတ်နေရတာနဲပဲ တော်တော် အချိန်ယူရတယ်။

အများကြီးပဲ။ အခု ကျွန်တော် ပြောပြချင်တာက အိမ်ထောင်ရေးမှာ ဇာတာမကိုက်တာတို့ ၊ နက္ခတ် မကိုက် တာတို့။ နေ့နံ မသင့်တာတို့ ။ ဘာပဲ ဖြစ်နေဖြစ်နေ အိမ်ထောင်ရေး ဆိုကြိုးကင်းအောင် အိမ်ထောင်ရေး သာယာအောင် ဆောင်ရွက်ရမယ့် အစီအရင်ကို ပြောချင်တာပါ။

တစ်ချို့ ဗေဒင်ဆရာတွေကလည်း အိမ်ထောင်ဖက် နေ့နံ မသင့်ဘူး ဆိုးကြိုး ဖြစ်မယ်ဆိုပြီး ဟောထည့်လိုက် တယ်။ ဒီမှာက အိမ်ထောင်ကျတာ ၁၀-နှစ်လောက်ရှိပြီ။ ကလေးတောင် ၃-ယောက်လောက် ရနေပြီ။ ဗေဒင် ဆရာ ဟောတာနဲ့ အဲဒီ ယောက်ျားကို ပစ်ထားခဲ့ရမှာလား။ ကွဲပစ်လိုက်ရမလား။ ဘယ်ရမလဲ။ ထားပါတော့ လေ။

အိမ်ထောင်ရေးမှာ ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် အိမ်ထောင်ရေး သာယာချင်တယ်။ ချမ်းမြေ့ချင်တယ် ၊ စည်ပင်ချင်တယ်။ သားသမီးတွေလည်း လိမ္မာပြီး အောင်မြင် တိုးတက်တဲ့ မိသားစု ဘ၀ တစ်ခုကို ကောင်းမွန်စွာ ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အခု ကျွန်တော်ပြောပြတဲ့ အစီအရင်ဟာ အကောင်းဆုံး အမွန်မြတ်ဆုံး ၊ အသင့်တော်ဆုံး၊ အပြစ်အကင်းဆုံး ဖြစ်ပါကြောင်း....

အေးချမ်းသောအိမ်

ဇနီးမယား၏ နေ့နံ အသားဖြင့် ဘုရားပလ္လင် ထုပါ။ အမျိုးသား နေ့နံ အသားဖြင့် ဘုရားထုလုပ်ပါ။ ထိုပလ္လင်နှင့် ဘုရားကို တွဲ၍ အနေကဇာတင်ပြီး မိမိနေအိမ်တွင် ကိုးကွယ်ပါလေ....

စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်

Saturday, March 20, 2010

အိမ်ထောင်ရေးဇာတာတိုက်ခြင်း

အိမ်ထောင်ရေး ဇာတာတိုက်ပေးပါတဲ့..။ သမီး ချစ်သူနဲ့ လက်ထပ်ရင် အဆင်ပြေမှာလားတဲ့။ ကျွန်တော့် ကောင်မလေးနဲ့ လက်ထပ်ရင် ဘ၀ တစ်သက်လုံး သာယာမှာလား။ စီးပွား တိုးတက်မှာလား ။ အောင်မြင်တဲ့ မိသားစု တစ်ခု ပိုင်ဆိုင်နိုင်မှာလား ဆိုတဲ့ မေးခွန်းတွေနဲ့ အတူ ဗေဒင်ဆရာဆီကို ရောက်လာကြပါတယ်။

ကျွန်တော် အခု ပြောချင်တာက အိမ်ထောင်ရေး ဇာတာတိုက်ကြည့်မယ့် အကြောင်းပါ။ အဲဒီလို အိမ်ထောင် ရေး ဇာတာတိုက်ကြည့်မယ် ဆိုရင် မြန်မာ့ရိုးရာ ဗေဒင်ပညာမှာ မဟာဘုတ် အထွန်းလုံးကနေ တစ်ဆင့် ယူပြီး တိုင်ထူရတဲ့ နာမက္ခရတိုင် (၀ဲယာတိုင်လို့လည်း ခေါ်ပါတယ်) ကို အရင် သိရမယ်။ နာမက္ခရ တိုင်ဆိုတာ မခက်ပါဘူး။ မြန်မာ မွေးသက္ကရာဇ်သိရင် ရပါပြီ။ အောက်မှာ မြန်မာ သက္ကရာဇ်နှင့် နာမက္ခရတိုင်ကို အသင့် ကြည့်လို့ရအောင် ရေးပေးထားပါတယ်။

အဲဒီမှာ ကိုယ့်မြန်မာ မွေးသက္ကရာဇ်နဲ့ ကိုယ့်ချစ်သူ မြန်မာ မွေးသက္ကရာဇ်ဟာ ဘယ်နာမက္ခရတိုင်လည်း ကြည့်ပေါ့ဗျာ။ ပြီးရင် စာရွက်တစ်ရွက်မှာ (၂)ခု ယှဉ်ရေးထားပေါ့။ ရပြီနော်။

ဘယ်လို ကြည့်ရမှာလဲ ဆိုတော့ ကိုယ့်ရဲ့ နာမက္ခတိုင်မှာ ကိုယ်ချစ်သူရဲ့ နေ့နံဟာ အောက်ဆုံးနှစ်လုံးမှာ တစ်လုံးလုံး ဖြစ်နေခဲ့မယ်ဆိုရင် ဒါမှမဟုတ် ကိုယ့်ချစ်သူရဲ့ နာမက္ခရတိုင်မှာ ကိုယ့်မွေးနံဟာ အောက်ဆုံးနှစ် လုံးမှာ ရောက်နေခဲ့မယ် ဆိုရင် အိမ်ထောင်ရေး ဇာတာ မသန့်ဘူး မကောင်းဘူး ၊ အိမ်ထောင်အပြစ် (၆)ပါး ဖြစ်တတ်တယ်လို့ ကောက်ယူပါတယ်။ အိမ်ထောင်ရေး ဇာတာ မကိုက်ပဲ ယူလိုက်မယ်ဆိုရင် အောက်ဖော်ပြ ပါ အပြစ်(၆)မျိုး ဖြစ်တတ်တယ်လို့ ဆိုလိုပါတယ်။
(၁)...အိမ်ထောင်မမြဲတတ်ခြင်း။
(၂)...သားကောင်း ၊ သမီးကောင်း မထွန်းကားခြင်း။
(၃)...စီးပွားရေး မတိုးတက်ခြင်း။
(၄)လင်မယားနှစ်ဦးအနက် တစ်ဦးဦး ကျန်းမာရေး အလွန်ညံ့ခြင်း။
(၅)အိမ်ထောင်ရေး ဖောက်ပြန်ခြင်း။
(၆)အိမ်ထောင်ဖက် နှစ်ဦးစလုံးအား ပတ်ဝန်းကျင်က မလေးစားခြင်း ဆိုတာတွေ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ပထမဆုံး မွေးသက္ကရာဇ်နဲ့ နာမက္ခရတိုင်ကို တွဲစပ်၍ အရင်ဆုံး ဖော်ပြပေးပါ့မယ်။




၁၂၈၃ ၊ ၁၂၉၀ ၊ ၁၂၉၇ ၊ ၁၃၀၄ ၊ ၁၃၁၁ ၊ ၁၃၁၈ ၊ ၁၃၂၅ ။
၁၃၃၂ ၊ ၁၃၃၉ ၊ ၁၃၄၆ ၊ ၁၃၅၃ ၊ ၁၃၆၀ ၊ ၁၃၆၇ ၊ ၁၃၇၄။
၁၃၈၁ ၊ ၁၃၈၈ ၊ ၁၃၉၅ ၊ ၁၄၀၂ ၊ ၁၄၀၉ ၊ ၁၄၁၆ ၊ ၁၄၂၃ ။
၁၄၃၀ ၊ ၁၄၃၇ ၊ ၁၄၄၄ ၊ ၁၄၅၁ ၊ ၁၄၅၈ ၊ ၁၄၆၅ ၊ ၁၄၇၂။






၁၂၈၄ ၊ ၁၂၉၁ ၊ ၁၂၉၈ ၊ ၁၃၀၅ ၊ ၁၃၁၂ ၊ ၁၃၁၉ ၊ ၁၃၂၆ ။
၁၃၃၃ ၊ ၁၃၄၀ ၊ ၁၃၄၇ ၊ ၁၃၅၄ ၊ ၁၃၆၁ ၊ ၁၃၆၈ ၊ ၁၃၇၅။
၁၃၈၂ ၊ ၁၃၈၉ ၊ ၁၃၉၆ ၊ ၁၄၀၃ ၊ ၁၄၁၀ ၊ ၁၄၁၇ ၊ ၁၄၂၄ ။
၁၄၃၁ ၊ ၁၄၃၈ ၊ ၁၄၄၅ ၊ ၁၄၅၂ ၊ ၁၄၅၉ ၊ ၁၄၆၆ ၊ ၁၄၇၃။





၁၂၈၅ ၊ ၁၂၉၂ ၊ ၁၂၉၉ ၊ ၁၃၀၆ ၊ ၁၃၁၃ ၊ ၁၃၂၀ ၊ ၁၃၂၇ ။
၁၃၃၄ ၊ ၁၃၄၁ ၊ ၁၃၄၈ ၊ ၁၃၅၅ ၊ ၁၃၆၂ ၊ ၁၃၆၉ ၊ ၁၃၇၆။
၁၃၈၃ ၊ ၁၃၉၀ ၊ ၁၃၉၇ ၊ ၁၄၀၄ ၊ ၁၄၁၁ ၊ ၁၄၁၈ ၊ ၁၄၂၅ ။
၁၄၃၂ ၊ ၁၄၃၉ ၊ ၁၄၄၆ ၊ ၁၄၅၃ ၊ ၁၄၆၀ ၊ ၁၄၆၇ ၊ ၁၄၇၄။





၁၂၈၆ ၊ ၁၂၉၃ ၊ ၁၃၀၀ ၊ ၁၃၀၇ ၊ ၁၃၁၄ ၊ ၁၃၂၁ ၊ ၁၃၂၈ ။
၁၃၃၅ ၊ ၁၃၄၂ ၊ ၁၃၄၉ ၊ ၁၃၅၆ ၊ ၁၃၆၃ ၊ ၁၃၇၀ ၊ ၁၃၇၇။
၁၃၈၄ ၊ ၁၃၉၁ ၊ ၁၃၉၈ ၊ ၁၄၀၅ ၊ ၁၄၁၂ ၊ ၁၄၁၉ ၊ ၁၄၂၆ ။
၁၄၃၃ ၊ ၁၄၃၀ ၊ ၁၄၄၇ ၊ ၁၄၅၄ ၊ ၁၄၆၁ ၊ ၁၄၆၈ ၊ ၁၄၇၅။





၁၂၈၇ ၊ ၁၂၉၄ ၊ ၁၃၀၁ ၊ ၁၃၀၈ ၊ ၁၃၁၅ ၊ ၁၃၂၂ ၊ ၁၃၂၉ ။
၁၃၃၆ ၊ ၁၃၄၃ ၊ ၁၃၅၀ ၊ ၁၃၅၇ ၊ ၁၃၆၄ ၊ ၁၃၇၁ ၊ ၁၃၇၈။
၁၃၈၅ ၊ ၁၃၉၂ ၊ ၁၃၉၉ ၊ ၁၄၀၆ ၊ ၁၄၁၃ ၊ ၁၄၁၄ ၊ ၁၄၂၇ ။
၁၄၃၄ ၊ ၁၄၃၁ ၊ ၁၄၄၈ ၊ ၁၄၅၆ ၊ ၁၄၆၂ ၊ ၁၄၆၉ ၊ ၁၄၇၆။






၁၂၈၈ ၊ ၁၂၉၅ ၊ ၁၃၀၂ ၊ ၁၃၀၉ ၊ ၁၃၁၆ ၊ ၁၃၂၃ ၊ ၁၃၃၀ ။
၁၃၃၇ ၊ ၁၃၄၄ ၊ ၁၃၅၁ ၊ ၁၃၅၈ ၊ ၁၃၆၅ ၊ ၁၃၇၂ ၊ ၁၃၇၉။
၁၃၈၆ ၊ ၁၃၉၃ ၊ ၁၄၀၀ ၊ ၁၄၀၇ ၊ ၁၄၁၄ ၊ ၁၄၁၅ ၊ ၁၄၂၈ ။
၁၄၃၅ ၊ ၁၄၃၂ ၊ ၁၄၄၉ ၊ ၁၄၅၇ ၊ ၁၄၆၃ ၊ ၁၄၇၀ ၊ ၁၄၇၇။





၁၂၈၂ ၊ ၁၂၈၉ ၊ ၁၂၉၆ ၊ ၁၃၀၃ ၊ ၁၃၁၀ ၊ ၁၃၁၇ ၊ ၁၃၂၄ ။
၁၃၃၁ ၊ ၁၃၃၈ ၊ ၁၃၄၅ ၊ ၁၃၅၂ ၊ ၁၃၅၉ ၊ ၁၃၆၆ ၊ ၁၃၇၃။
၁၃၈၀ ၊ ၁၃၈၇ ၊ ၁၃၉၄ ၊ ၁၄၀၁ ၊ ၁၄၀၈ ၊ ၁၄၁၅ ၊ ၁၄၂၂ ။
၁၄၃၀ ၊ ၁၄၃၇ ၊ ၁၄၄၃ ၊ ၁၄၅၀ ၊ ၁၄၅၇ ၊ ၁၄၆၄ ၊ ၁၄၇၁။



ကောင်းပြီနော်..။ အဲဒီလို ကြည့်လို့ရပြီဆိုရင် နှစ်ဦးစလုံးရဲ့ နာမက္ခရတိုင်ကို အောက်မှာလို ယှဉ်ချထားပေါ့။ အောက်မှာ တွေ့တဲ့ အတိုင်း နာမက္ခရတိုင်မှာ ကြည့်လိုက်လို့ (က) နဲ့ (ခ) မှာ ရောက်နေတယ်ဆိုရင် အိမ်ထောင်ရေးအတွက် မကောင်းဘူး။ အိမ်ထောင်ရေး ဇာတာ မသန့်ဘူး ။အကျိုး မဖြစ်ဘူးလို့ မြန်မာ့ရိုးရာ ဗေဒင်ပညာက ဆိုပါကြောင်း......



အိမ်ထောင်ပြုပြီးတဲ့နောက် ဤကဲ့သို့ ဇာတာမတိုက်ဆိုင်သောကြောင့် အိမ်ထောင်အပြစ် (၆)မျိုးနှင့် ကြုံတွေ့နေရသောကြောင့် အခက်အခဲ ကြုံတွေ့နေရသော သူများအတွက် အေးချမ်းသောအိမ် ဆိုသော ယတြာကို မကြာခင် ရေးသား ဖော်ပြပေးသွားမည် ဖြစ်ပါကြောင်း...

စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်

Thursday, March 18, 2010

အသက်ကယ်ယတြာ

တစ်နေ့သ၌ မဟာချိုင်-နေ၀စ်ရှိ ကျွန်ုပ်၏ ဗေဒင်လက္ခဏာ ဟောခန်းကလေးရှိရာသို့ အသက်သုံးဆယ့်ငါးနှစ် ခန့်ရှိသော ထောင်ထောင်မောင်းမောင်း အမျိုးသားတစ်ဦး ရောက်ရှိလာလေ၏။
ဗေဒင်ဆရာရှိသလား...ဟုလေသံခပ်မာမာဖြင့်မေး၍ ကျွန်ုပ် အခန်းထဲသို့ဝင်ထိုင်လေ၏။ ကျွန်ုပ်သည်လည်း မျက်နှာကြော ခပ်တင်းတင်းဖြင့် တစ်လောကလုံး သူ၏ လုပ်စာကိုထိုင် စားနေရသော မျက်နှာမျိုး ဖြစ်နေ သော အနှီသတ္တ၀ါကို မသက်မသာ အကဲခပ် ကြည့်ရှုရင်း ကျွန်ုပ်၏ စိတ်တွင်းမှ

အင်း……ဒီလူ့ ရုပ်ကြည့်ရတာ ဗေဒင် ဟောခန်းတွေကို ရောက်ဖူးပုံ မပေါ်ဘူး။ ဗေဒင်တွေ ဘာတွေကိုလည်း ယုံကြည်မယ့်ပုံမရဘူး။သူ့ ဝတ်ပုံစားပုံကြည့်ရတာ အဆင့်အတန်းတော့ ရှိပုံရတယ်။သူ့ စိတ်နဲ့ သူဆိုရင်တော့ ဗေဒင်ဆရာဆီ လာမှာမဟုတ်ဘူး။ နောက်က တစ်ယောက်ယောက်က အတင်းလွှတ်လိုက်လို့သာ မလာချင် လာချင်နဲ့ လာရတာနေမှာ ဟုတွေးလိုက်မိ၏။ 

ထိုအမျိုးသားသည် အခန်းထဲတွင် တစ်ယောက်ထဲ ထိုင်နေသော ကျွန်ုပ်ကို ခပ်တည်တည်ဖြင့် ကြည့်ကာ ဟေ့လူ ဗေဒင်ဆရာ ဘယ်သွားလဲဟု ရင့်ရင့်သီးသီး ထပ်၍ မေးလေ၏။ ကျွန်ုပ်လည်း ၎င်းကို ကြည့်၍စိတ်ထဲ တွင်း ထောင်းကနဲ ဒေါသထွက်လာ၏။ မခံချိ မခံသာ ဖြစ်မိ၏ ။ ဒီလောက်တောင် ယဉ်ကျေးသိမ်မွေ့ မှု မရှိတဲ့ လူကို ကိုယ်က ချိုချိုသာသာပြောနေလို့ လည်းအပိုပဲ။ သူ့လေသံမာတော့လည်း ကိုယ့်လေသံလည်း မာရတာ ပေါ့ဟု တွေးရင်း.........

ဟေ့လူ ဗေဒင်ဆရာက ကျုပ်ပဲ။ ဒီအခန်းထဲမှာ ထိုင်နေတာကျုပ် တစ်ယောက်ထဲပဲရှိတယ်။ ခင်ဗျား မမြင် ဘူးလား...ဟု ကျွန်ုပ်လည်း လေသံခပ်မာမာဖြင့် ပြန်၍ ဘုတော တောလိုက်လေ၏။ ထိုပုဂ္ဂိုလ်သည် ကျွန်ုပ်၏ စကားနှင့် လေသံကြောင့် ခေတ္တခဏမျှ ကြောင်အမ်းအမ်း ဖြစ်သွားလေ၏။ အံ့လည်အံ့သြ သွားပုံရ၏။ သူကြိုတွေးထားသော ဗေဒင်ဆရာဆိုတာ အသက်ခပ်ကြီးကြီး၊ တိုက်ပုံ အင်ကျီနဲ့ ၊ကျက်သရေ ခေါင်း ပေါင်းကြီးနဲ့ဟု တွေးထားလေသလား မသိ။ ပိတ်ဖြူစင် ကြယ်ဝတ်ပြီးအသက် ခပ်ကြီးကြီးနဲ့ ဟု တွေးထားလေသလား မသိ။ သမားဆိုအိုမှ…ဟူသော ရှေးရိုး အယူအဆများနှင့် စိတ်ထဲစွဲနေလေသ လားမသိ။ 

တိုးတက်နေသော ဒီနေ့ မျက်မှောက်ခေတ် ကာလကြီးထဲမှာတစ်ကမ္ဘာလုံး လူကြီး လူငယ်မရွေး ဗေဒင် ပညာနဲ့အဆင့် အတန်း ရှိရှိသိက္ခာ ရှိရှိရပ် တည်နေကြတာ ဒီလူကြီး သိပုံမရ ဗေဒင်ဆရာတွေ အင်တာနက် ပေါ်တက်ပြီး ကိုယ်ပိုင်ဝဘ်ဆိုက်တွေ တည်ထောင်၍ တစ်ကမ္ဘာလုံးကို အွန်လိုင်းကနေဗေဒင် ဟောပေး နေကြတာ ဒီိလူကြီးသိလိမ့် မည်မထင်။

ကဲ…ပြော ကျွန်တော် ဘာလုပ်ပေးရမလဲဟု ကျွန်ုပ်က မေးလိုက်လေ၏။ ထိုအခါ ၎င်းက ကျွန်တော့် မိန်းမ နေမကောင်းလို့ ပါ…ဟု ပြောလေရာ ကျွန်ုပ်က

ခင်ဗျား မိန်းမ နေမကောင်းရင် ဆေးခန်းပို့ ပေးလိုက်ပေါ့ဗျ။ ဆေးခန်းနဲ့  မရရင် ဆေးရုံ တင်လိုက်ပေါ့။ အဲဒီ မှာ ဆေးပညာ ကျွမ်းကျင်တဲ့ ဆရာဝန်တွေရှိတာပဲ။သူတို့ ကု ပေးမှာပေါ့။ ဗေဒင်ဆရာက ဆေးပညာတော့ ဘယ်နားလည်မလဲ…မဟုတ်ဘူးလား ဟုပြောလိုက်ရာ ၎င်းအမျိုးသားက

ဆေးခန်းတွေ ဆေးရုံတွေလည်း စုံနေပြီ။ ကောင်းတယ် တော်တယ်ဆိုတဲ့ ဆရာဝန်တွေနဲ့လည်း လိုက်ကု နေတာပဲ။ ငွေဘယ်လောက် ကုန်ကုန် ရောဂါ ပျောက်ရင်ပြီးရောဆိုပြီး လိုက်ကု နေတာလဲကြာနေ ထူးခြား မလာဘူး။ ရောဂါက သက်သာ မလာဘူး။ ပြောရရင်တော့ ရောဂါနဲ့ ဆေးမတိုးဘူးဖြစ်နေတယ်။ 

အဲဒါ အသိတစ်ယောက်က ဆရာဟိန်းတင့်ဇော်ဆီ သွားကြည့်ပါလား။ သူ့ တုန်းကလည်းဆရာ ၀န်ကုသတာ ဆေးမတိုးဘူး။ မြန် မာပြည် တောင်ပြန်တော့မလို့ ။အဲဒါတခါပဲ ယတြာချေရတယ် ။ဆေးတိုးပြီး ရက်ပိုင်း အတွင်းရောဂါတွေ ပျောက်သွားတယ်။

အဲဒါရှင်လည်း ရှင့်မိန်းမ အတွက် သွားမေးကြည့် ပါလားလို့ လမ်းညွန်လိုက်လို့ ကျွန်တော်ရောက်လာခဲ့တာပါ ဟုပြောလေ၏
ထိုအခါ ကျွန်ုက
ခင်ဗျားကြည့်ရတာ ဘုဆတ်ဆတ်နဲ့ ဗေဒင်တွေဘာတွေကောယုံ ကြည်မှု့ ရှိမယ်မထင်ဘူး။ခင်ဗျား ဆက်ဆံ ရေး ကလည်း မလွဲသာမ ရှောင်သာလို့ ဆက်ဆံနေရတဲ့ပုံပဲဟု... ကျွန်ုပ်၏ စိတ်ထဲတွင် မခံချိမခံသာ ဖြစ်လွန်းသဖြင့် ထုတ်ဖော်ပြောမိလေ၏ ထိုအခါ ထိုလူက

အော်…ဆရာကြည့်ရတာကျွန်တော့်ကို အထင်လွဲနေပုံရတယ်။ ကျွန်တော်က ဗေဒင်ပညာကို ယုံ ပါတယ်။ ဒါပေမဲ့ဗေဒင်ဆရာတွေ ကိုသာ မယုံတာ"ဟု ပြန်ပြောလေ၏။

ဟုတ်တယ်လေ… ကျွန်တော်က ဗေဒင်ပညာကိုယုံပါတယ်။ စစ်မှန်တဲ့ ဗေဒင်ပညာဆိုတာ တွေကလည်း အမှန်တကယ် ရှိခဲ့တာပဲမဟုတ်လားဆရာရဲ့။ မြန်မာ့သမိုင်းမှာပဲ ကြည့်ကြည့် ကမ္ဘာသမိုင်းမှာပဲ ကြည့်ကြည့်၊ ရာဇ၀င်မှာပဲကြည့်ကြည့်၊ သာသနာဝင် ကိုပဲကြည့်ကြည့် ဗေဒင်ပညာနဲ့ ဗေဒင်ဆရာ တွေရဲ့အခန်း ကဏ္ဌဟာ အထင်ကရ ပါဝင်လာခဲ့တာပဲ မဟုတ်လား။ ဆရာတို့ ကျွန်တော်တို့ ကိုးကွယ်ပြီး အထွတ်အမြတ် ထားတဲ့ မြတ်စွာဘုရား သခင်လည်း ဗေဒင်ပညာကို မပစ်ပယ်ခဲ့ပါဘူး။ မဆန့်ကျင်ခဲ့ပါဘူး။ လောက၀တ် တစ်ခု အနေနဲ့ ထားခဲ့တာပဲမဟုတ်လား။ 

ရာဇ၀င်တွေထဲမှာ ဆိုရင်လည်း တိုင်းပြည် အုပ်ချုပ် မင်းလုပ်နေတဲ့ ဘုရင်တွေရဲ အနားမှာ ဗေဒင်ပညာရှင်တွေ ဟာ အရေးကြီးတဲ့ ဆုံးဖြတ်ချက် တွေချဖို့ အတွက် အကြံပေး ပုဂ္ဂိုလ် တွေအဖြစ် သမိုင်းမှာ မှတ်တမ်းဝင်ခဲ့ကြတာ စာပေဗဟုသုတရှိတဲ့ လူတိုင်းအသိပဲ။ ကမ္ဘာ့သမိုင်းစာ မျက်နှာ တွေကိုရောကြည့်ဦးမ လား။ စစ်ဘုရင် နပိုလီယံရဲ့ ဂမ္ဘီရ ပညာရပ်တွေ၊ ဇာဘုရင်တွေရဲ့ ဗေဒင်ယုံကြည်မှု့ တွေ ကမ္ဘာကျော် လက္ခဏာဆရာ ကြီး ကိုင်ရိုရဲ့  ဟောကိန်းတွေ၊ သာဓကဖြစ်ရပ် တွေအများကြီးပဲ။ ပြောပြရရင် တော့ ကုန်နိုင်မှာ မဟုတ်ဘူး။ အဲဒီလို အစဉ်အလာကြီးမားခဲ့တဲ ဗေဒင်ပညာကို မယုံကြည်ဘူးလို့  ကျွန်တော်က ပြောမယ်ဆိုရင် ကျွန်တော်ဟာ ရီစရာကောင်းတဲ့ အရူးတစ်ယောက် ဖြစ်သွားမှာပေါ့ ဟု ရှည်လျှားစွာ ပြောပြလေ၏။

ထိုအခါ ကျွန်ုပ်၏ စိတ်တွင်း၌ အော် ဤသူသည်ကားဗေဒင်သမိုင်းကြောင်းကို ဗေဒင်ဆရာတွေ ထက်တောင် ပိုသိအောင် စေ့စေ့စပ်စပ် လေ့လာ ထားတဲ့ သူပါလား။ တောရုံတန်ရုံ သာမန် ဗေဒင်ဆရာ တစ်ဦးတောင် သူလောက် သိမှာမဟုတ်ဘူး…ဟုစိတ်ထဲမှာ တွေးမိလေ၏။ ထို့ ကြောင့်ကျွန်ုပ်က

အင်းဟုတ်တယ်ဗျ။ ခင်ဗျား ပြောပြမှပဲကျုပ်တို့ ဗေဒင်ဆရာ တွေရဲ့  ဘ၀ဟာ အစဉ်အလာကြီးမားတဲ့ သိက္ခာ ရှိတဲ့ အတတ်ပညာ တစ်ခုနဲ ရပ်တည်နေတဲ့ လူတွေဆိုတာကို အခုခင်ဗျားပြောမှပဲ သိတော့တယ် အမှန်အတိုင်း ၀င်ခံရရင် ကျွန်တော်တောင် ခင်ဗျားလောက် သေသေချာချာ စေ့စေ့စပ်စပ် မသိဘူးလို့ ၀န်ခံရမှာပဲ…  ဟု ကျွန်ုပ်က ပြောရလေ၏။

မှန်ပါတယ်ဆရာရယ်။ အဲဒီလို အစဉ်အလာ ကြီးမားတဲ့ ဗေဒင်ပညာရပ်တွေဟာ စိတ်ဓါတ်သေး သိမ်ပြီး သဘောထား အမြင် ကျဉ်းမြောင်းတဲ့၊ ကိုယ်အတ္တကိုသာ ရှေ့ တန်းတင်လေ့ရှိတဲ့ ၊ ငွေရဖို့  တစ်ခုထဲကိုသာ ကြည့်တတ်တဲ့ လူတွေ လက်ထဲကိုလည်း ရောက်သွားရော အရမ်းကိုလူတွေ အထင်သေးစ ရာဖြစ်သွား တာပေါ့ဗျာ။ မဟုတ်ဘူးလား ။ ဒါတွေ ထားလိုက်ပါဆရာရယ်။ ကျွန်တော်လာရင်း ကိစ္စကိုပြောကြရ အောင်နော် ဟုပြောလေ၏။

ကျွန်ုပ်သည်လည်းထိုလူနှင့် စကား ကြာကြာ ပြောမိသဖြင့် ၎င်း၏ အတွင်း စိတ်နေစိတ်ထားများကို မြင်လိုက် ရပြီဖြစ်ရာ မကျေမနပ်ဖြစ်နေ သောစိတ်များလည်း အစောကပင် ပြေပျောက်သွးပြီဖြစ်၏။ ထိုကြောင့် အေးဗျာ ခင်ဗျား အမျိုးသမီး အကြောင်းပြောကြရအောင်ဗျာ။ မပြောခင် ကျွန်တော် ခင်ဗျားအမျိုးသမီးရဲ့  ဇာတာကို အရင် စစ်ကြည့်ရမယ်။ တစ်ခါတလေ လူတွေရဲ့ စိုမိုးနေတဲ့ သက်ရောက် ကံဇာတာတွေ အရမ်းညံ့နေပြီဆို ရင်တော့ အဲဒီလို ရောဂါကုသလို့  မရတာ ဖြစ်တတ်တယ်။ နောက်ပြီး သူတပါးက မကောင်းတဲ့အတတ် တွေ အောက်လမ်း အတတ် စုန်းအတတ် ပယောဂ အတတ်တွေနဲ့ ပြုစားခံ နေရပြီဆိုရင်လည်း နေမကောင်း ဖြစ်တတ်တယ် ရောဂါနှင့် ဆေးမတိုးဘူး။ မသက်သာဘူး။ အဲဒီလို အခါမျိုး ဖြစ်နေပြီ ဆိုရင် လည်း ဘာမှမပူပါနဲ့ ။ ကျွန်တော်တို့ အဘမင်းသိင်္ခ လူနာတွေကို အမြဲ ယတြာ ချေပေးလေ့ရှိတဲ့ အသက်ကယ် ယတြာတွေရှိပါ တယ်။ကျွန်တော် အပြည့် အစုံ ဆောင်ရွက်ပေးလိုက်ပါမယ် ဟုအားပေး စကား ပြောရလေ၏။ထိုအ ခါ ၎င်းက

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆရာ။ ကျွန်တော် ဘာတွေ ဆောင်ရွက်ပေးရမလဲ။ ဘာတွေ လိုအပ်လဲ အကောင်းဆုံးဖြစ်အောင် ဆရာပဲ ဆောင်ရွက်ပေးပါဟု ပြောလေ၏။
အခု လောလောဆယ်တော့ အဘမင်းသိင်္ခရဲ့ သင်္ဘေသီးကြက်လျှာ -အသက်ကယ် ယတြာ ဆောင်ရွက် ပေးလိုက်ပါ့မယ်။ ကျန်းမာရေး ကောင်းစေတဲ့ ရောဂါပျောက်ကင်း စေတဲ့အဆောင် လက်ဖွဲ့တစ်ခု လည်း စီရင်ဆောင်ရွက် ပေးလိုက်မယ်။ နောက်နေ့ကြရင် တော့ ခင်ဗျားအမျိုးသမီး အတွက်တစ် ခေါက်ပြန်လာခဲ့ပါ။ မကာရ လောပ မတစ်လုံးကျေ ဆရာတော် ခင်ကြီးဖျော်ရဲ့  အထက်ဆောင်ပန်း အောက်နင်းကြမ်း ယတြာနဲ့ချေပေးပါဦးမယ်
ဟုပြောကာတဖက်တွင်ဖော်ပြထား
သော သင်္ဘောသီး ကြက်လျှာ အသက်ကယ် ယတြာကိုဆောင်ရွက် ပေးလိုက်လေ၏။ ထိုသူလည်း အလာတုန်း ကလို မျက်နှာကြီး သုန်သုန်မှုန်မှုန်နှင့် မဟုတ်တော့ပဲ ပြုံးရွင်သော သဘော ကောင်း၍ ဖော်ရွေသော မျက် နှာထားဖြင့် လွတ်လတ် ပေါ့ပါးသော ခြေလှမ်းများဖြင့် ကျွန်ုပ်၏ ဗေဒင်လက္ခဏာ ဟောခန်းအတွင်းမှ ပြန်သွားလေတော့သတည်း။

သင်္ဘောသီးကြက်လျှာအသက်ကယ်ယတြာ
ယတြာချေရာတွင် အသုံးပြုသော ကြက်လျှာရောင်စုံ ၉လက်တွင် လူနာ၏ နေ့သား အမည်တို့ကို ထည့်၍ ဆုတောင်းစာ ရေးပါ။
ဥပမာ တနင်္လာသား ဟိန်းတင့်ဇော် ကျန်းမာရေးကောင်းပါစေ။
တနင်္လာသား ဟိန်းတင့်ဇော် အဖျားရောဂါပျောက်ပါစေ
တနင်္လာသား ဟိန်းတင့်ဇော် အဆုတ်ရောဂါပျောက်ပါစေ
တနင်္လာသား ဟိန်းတင့်ဇော် ရောဂါနှင့်ဆေးတိုးပါစေ။
တနင်္လာသား ဟိန်းတင့်ဇော် ဆရာကောင်းသမာကောင်းတွေ့ပါစေ
အစရှိသည်ဖြင့် ကြက်လျှာ(၉)လက်စလုံး ပြည်အောင်ရေးပါ။

ထိုနောက် ကြက်လျှာ(၉)လက်ကို သင်္ဘေသီး အညှာဘက်မှာ စိုက်ပါ။ ပြီးရင် အောက်ဘက်မှာ ကြွေပုဂံလုံး တစ်လုံးခံ၍ ထောင်ပါ။ ပြီးရင် အညှာပေါ်တွင် ဖယောင်းတိုင် မနက်တစ်တိုင် ညတစ်တိုင်ထွန်းပါ။ ထိုယတြာကို ပြုလုပ်ပါက ဆရာဝန် လက်လျှောသော လူနာများပင် ပြန်ကောင်းလာ တတ်ပါသည်။ ကြီးကြီးမားမား ရောဂါများပင် ပျောက်ကင်းဖူးသည်မှာ အတော်ပင် များပြားစွာ တွေ့ကြုံဖူးပါ၏။ ထို့ကြောင့် ကျန်းမာရေးကိစ္စကို အကြောင်းပြု၍ အခက်အခဲကြုံတွေ့နေရသော သူများအတွက် စေတနာကောင်းဖြင့် ဖော်ပြပေးလိုက်ပါသည်။

Tuesday, March 16, 2010

စိတ်ဆိုးပြီးအိမ်ပေါ်ကဆင်းသွားရင်ပြန်ခေါ်မယ်

တစ်နေ့သ၌ မဟာချိုင်-နေ၀စ်ရှိ ကျွန်ုပ်၏ ဗေဒင် လက္ခဏာဟောခန်းရှိရာသို့ အသက်အားဖြင့် သုံးဆယ့် ငါးနှစ်ခန့် ရှိသော အမျိုးသမီးတစ်ဦး ရောက်ရှိ လာလေ၏။ ထိုအမျိုးသမီးသည် ရောက်လျှင် ရောက်ခြင်း အရေးတကြီးဖြင့်

ကျွန်မကို ကူညီပါဆရာရယ်။ ဆရာကူညီမှ ဖြစ်မှာ။ဆရာသာ ကူညီမပေးရင် ကျွန်မဖြင့်သေရပါလိမ့်မယ်။ တကယ်ပြောတာပါဆရာ ကျွန်မလေ မအိပ်နိုင် မစားနိုင် ဖြစ်နေတာ သုံးရက်တောင်ရှိပါပြီဆရာရယ်။ အရမ်းစိတ် ဆင်းရဲတာပါပဲ ဆရာရယ် ဟု တရစပ် ပြောလာလေ၏။ ထိုအခါ ကျွန်ုပ်က
ဟုတ်ကဲ့ ကူညီပေးပါမယ်။ ဘာအခက်အခဲ ရှိလဲဆိုတာလည်း ကျုပ်ကိုပြောပြပါဦး
ဟု ကျွန်ုပ်က ပြောလိုက်လျှင်
ကျွန်မ အမျိုးသား အိမ်ကနေ ထွက်သွားလို့ပါ ဆရာရယ်။ အခုဆို သုံးရက်တောင် ရှိပါပြီ။ ဖုံးဆက်တော့လည်း ဖုံးမကိုင်ဘူး။ ဘယ်သွားလို့ သွားမှန်းလဲ မသိဘူး။ အခုကျွန်မ တစ်ယောက်ထဲ ဆိုတော့ မသင့်တော်ပါဘူး ဆရာရယ်။ ဒါကြောင့် ကျွန်မ အမျိုးသားကို ရောက်ရာ အရပ်ကနေ အိမ်အမြန် ပြန်လာအောင် ယတြာ ချေပေးပါ၊ ပြန်ခေါ်ပေးပါ ဆရာရယ် ဟုပြောလေ၏။

ထိုအခါ ကျွန်ုပ်လည်း ၎င်းတို့ လင်မယား နှစ်ဦးစလုံး၏ ကံဇာတာအနိမ့်အမြင့် ၊ လင်မယား ပြန်ပေါင်းကိန်း ရှိ/မရှိ ၊ ကွဲကိန်းရှိ/မရှိ တို့ကို စနစ်တကျ တွက်ချက် စစ်ဆေးကြည့်လျှင် ဒီလင်မယား နှစ်ဦး၏ ဇာတာ သည်ကား ခေတ္တခဏ ယာယီ အဆင်မပြေခြင်းသာ ဖြစ်တယ်။ အိမ်ထောင်ကွဲကိန်း လုံးဝမရှိဟု အဖြေ ရသောကြောင့် ခင်ဗျား အမျိုးသားကို ပြန်ခေါ်ပေးလို့ ရပါတယ် ရက်ပိုင်း အတွင်း ပြန်ရောက်လာပါ လိမ့်မယ်။

ကျုပ်က ခင်ဗျားအမျိုးသား ရောက်ရာအရပ်ကနေ ပြန်လာအောင်၊ မလာပဲ မနေနိုင်အောင် အင်းဖယောင်းတိုင် လုပ်တဲ့ ဂါထာနဲ့ ၊ အင်းဖယောင်းတိုင် လုပ်နည်း သင်ပေးလိုက်မယ်။ ခင်ဗျားက အဲဒီ အင်းဖယောင်း တိုင်ကို ခင်ဗျား ယောက်ျား အိပ်တဲ့ အိပ်ယာမှာ တစ်နေ့တစ်တိုင် ထွန်းပေတော့။ ပြီးတော့ ယောက်ျား အမြန် ပြန်လာဖို့ ဆုတောင်းရမယ်။ အဲဒါဆိုရင်ခင်ဗျား ယောက်ျား ရက်ပိုင်း အတွင်း ခင်ဗျားဆီကို ပြန်ရောက် လာလိမ့်မယ် ဟုပြောလိုက်လေ၏။ 

ထိုအခါ ၎င်းအမျိုးသမီးက ဆရာကိုယ်တိုင် လုပ်ပေးလို့ မရဘူးလားဟု ကျွန်ုပ်အားမေးလေ၏။ ကျွန်ုပ်က ရပါတယ်။ ကျုပ်လုပ်ပေး ဆိုရင်လည်း လုပ်ပေး ပါ့မယ်။ ဒီနေ့ည အပြီး ဆောင်ရွက် ပေးထားမယ်။ မနက်ဖြန် လာယူဗျာ။ ခင်ဗျားယောက်ျားက အသက် သုံးဆယ်ဆိုတော့ ထွက်သွားသူ ပြန်လာစေ ဆိုတဲ့ အင်းဖယောင်းတိုင် အတိုင် သုံးဆယ် လုပ်ပေးထားမယ်။ မနက်ဖြန် ဆက်ဆက် လာယူပေတော့ ဟု ပြောလိုက်လျှင် ထိုအမျိုးသမီးက

ဟုတ်ကဲ့ပါ ဆရာ။ ကျွန်မ ဆက်ဆက် ပြန်လာယူပါမယ် ဟုပြော၍ ပြန်သွားလေ၏။ ကျွန်ုပ်လည်း ထွက်သွားသူ ပြန်လာစေ ဟူသောဂါထာ စာရွက်လေးကို ဖယောင်းတိုင်ဖြင့် တိုင်း၍ အရွက် သုံးဆယ် တိတိ ရေးရလေ၏။ ထို့နောက် ဖယောင်းတိုင်တွင် ပတ်ရ၏။ ထိုအင်းပေါ်တွင် ထွက်သွားသော သူ၏ အသက်စေ့ ချဉ်များဖြင့် ထပ်၍ ပတ်ရလေ၏။ ထို့နောက် ပီယဂါထာ များဖြင့် သိဒ္ဓိတင်ပေး၏။ အသက်သွင်း၏။ 

အင်းစောင့်နတ် ၊ မြို့စောင့်နတ်စ သော သမ္မာဒေ၀ နတ်ကောင်းနတ်မြတ် တို့၏ ထံတွင်လည်း ဆက်သွယ် အပ်နှံ အကူအညီတောင်း ပေး၏။ အားလုံး ပြီးသောအခါ ဘုရားစင်တွင် တင်ထား လိုက်လေတော့၏။ နောက်တစ်နေ့ ရောက်သောအခါ ထိုအမျိုးသမီးသည် အင်းဖယောင်းတိုင် လာယူ၍ ၎င်း၏ အမျိုးသား အိပ်သော အိပ်ယာတွင် ကြွေပုဂံခံ၍ မီးထွန်းလေ၏။ အင်းဖယောင်းတိုင်များ မကုန်မှီမှာပင် အိမ်မှ ထွက်သွားသော ၎င်း၏ အမျိုးသား ပြန်ရောက်လာကြောင်း လာ၍ ပြောသွား လေတော့သတည်း။

ထွက်သွားသူ ပြန်လာစေဂါထာ

ဥုမ် ရာဇာရာဇာ မဟာရာဇာရာဇာ မဟာဒေ၀ီရာဇာရာဇာ ယက္ခရာဇာမလွဲကျွတ်။
ဟေမ၀န်သို့ ချွန်တွန်လမွန် ဖျော့နာတက်တွယ်လပြု မနုရာဇ သွားကျွတ်။

လမ်းလျှောက်ရင်းလမ်းပျောက်နေသူများအတွက်


တနေ့သ၌ မဟာချိုင်-နေ၀စ်ရှိ ကျွနု၏ ဗေဒင် လက္ခဏာ ဟောခန်းရှိရာသို့ အသက်လေးဆယ်ခန့် ရှိသော အမျိုး သမီးတစ်ဦး ရောက်ရှိ လာလေ၏။ သူသည် ကျွန်ုပ်ကို တွေ့လျှင် တွေ့ ချင်း
ဆရာ ဟိန်းတင့်ဇော် ဆိုတာ မှတ်တယ်။ နာမည်ကြားဖူး တာတော့ ကြာပါပြီ။ အစတုန်းကတော့ အသက်ကြီးကြီး ဖြစ်မယ်လို့ ထင်နေတာ အခု့တွေ့တော့လည်း ဒီလောက်လည်း အသက်မကြီး သေးပါဘူး။ လာမယ် လာမယ်လို့ လုပ်တာ ကြာပါပြီ။ အကြောင်း အမျိုးမျိုးကြောင့် မလာဖြစ်တာ ဆရာလေးရေ… ကျွန်မ နာမည် မအေးလှလို့ခေါ်ပါတယ်ဟု သူကိုသူ့ မိတ်ဆက်ရင်း ပြောလေ၏။
ထိုအခါကျွန်ုပ်က
ထိုင်ပါ။ ဒေါ်အေးလှရေ၊ အမောပြေ ရေခဲရေ အေးအေးအေးလေး သောက်ပါဦးဗျာ။ အပြင် နေပူထဲကနေ လာခဲ့ရတာ ဆိုတော့ အတော် ပူနေမှာပဲဟု….

ရေခဲသေတ္တာ အတွင်းမှ ရေခဲရေအေး အေးတစ်ခွက်ကို လှမ်းပေးလိုက် ရင်း ပြောလိုက်လေ၏ ထိုအခါ ဒေါ်အေးလှသည် ကျွန်ုပ် ကမ်းပေးလိုက် သော ရေခဲရေ အေးအေးလေးကို လှမ်းယူပြီး ခပ်မြန်မြန် မော့သောက် လိုက်ပြီးနောက် အမလေး ကျေဇူးတင်ပါတယ် ဆရာလေးရေ အမောတော့ တော်တော်လေး ပြေသွားတယ် နေပူထဲလာရလို့ ပူတဲ့အပူကတော့ ချက်ချင်းကို ပြေပြီးအေးသွားပြီ.....
ဟုပြောလေ၏။

ထိုအခါ ကျွန်ုပ်က
နေပူထဲ လာရလို့ ပူတဲ့ အပူကတော့ အေးသွားပြီ ဆိုတော့ ဘာအပူက ကျန်နေသေးလိုလဲ"
ဟုမေးလိုက်ရာ…ဒေါ်အေးလှက
"ဆရာလေးကလည်း နေပူထဲလာရလို့ ပူတဲ့ အပူဆိုတာက ဘာအပူ ဟုတ်မလဲ။ အခု ကျွန်မ ဆရာဆီလာတာ ရင်ထဲ အသည်းထဲက အပူအတွက် လာခဲ့တာပဲ ဆရာရေ။ အဲဒီအပူကမှ တကယ့် အပူဆရာရေ
ဟု ဒေါ်အေးလှက ပြောလေ၏။
ကဲ ဒါဆို ခင်ဗျား ရင်ထဲ အသည်းထဲက အပူတွေကို ပြောပေတော့။ ဒီအတိုင်းတော့ မပြောနဲ့။ ခင်ဗျား အပူ တွေကို နံပါတ်စဉ်နဲ့ တပ်ပြီး ပြောပေတော့။ ဥပမာ အပူနံပါတ်(၁) အပူနံပါတ်(၂) အဲဒီလိုပြောပေတော"့
ဟုကျွန်ုပ်ကပြန်ပြောလိုက်လေ၏။

ထိုအခါ ဒေါ်အေးလှက
"ဟုတ်ပြီ…ဒါဆို ကျွန်မပြော တော့မယ်။ ဆရာက လဲကျွန်မအပူတွေကို ဒီတိုင်း နားမထောင်ရဘူး။ နားထောင် ပြီးရင် အဘမင်းသိင်္ခရဲ့ ဂမ္ဘီရယတြာ အတတ်ပညာတွေနဲ့ ကူညီပေးရမယ်နော်။

ထိုအခါ ကျွန်ုပ်က
"ကောင်းပါပြီဒေါ်အေးလှရယ်။ကျွန်တော်အတတ်နိုင်ဆုံးကူညီပေးမယ်။ ကဲ ပြောပေတော့"
ဟုပြောလိုက်သောကြောင့် ဒေါ်အေးလှသည် သူ၏ ပူပင်သောကမျာကို အောက်ပါအတိုင်း နံပါတ်စဉ်တပ်၍ ကျွန်ုပ်အား ပြောပြလေတော့၏။
အပူနံပါတ်(၁)
ကျွန်မမှာ သုံးလေးနှစ်ဆက်တိုက် ဆပ်ခဲ့တာတောင် လုံးဝမ ကြေနိုင်တဲ့ အကြွေး တွေရှိနေတယ်။ တလတလ အတိုးပေါ် အတိုးတွေ တက်နေတယ်။ အရင်းဆပ်ဖို့  မပြောနဲ့  အတိုးပေးဖို့တောင် မလောက်ငလို့ သူများ တွေဆီက ထပ်ထပ် ယူနေရတယ်။
အပူနံပါတ်(၂)
အကြွေးတွေ ဆပ်နေရလို့ ကျွန်မတို့ လင်မယားလည်းနေ့တိုင်း ရန်ဖြစ်နေရတယ်။ တစ်ချက်မှကို မတည့် တော့ဘူး။ အဲဒီတော့ ကျွန်မရဲ့အိမ်ကြီးက အရမ်းကို ပူလွန်းအားကြီးတော့ အိမ်မှာ နေချင်စိတ်တောင် မရှိတော့ဘူး။
အပူနံပါတ်(၃)
သားသမီးတွေကလည်း ထုံးစံအတိုင်းပေါ့။ သူတို့ ပိုက်ဆံကို သူတို မသုံးရလို့တဲ့။ မိန်းမယူဖို့ လုပ်တာ သုံးနှစ်တောင် ကြာနေပြီ။ ကြာရင်သူ့ ကောင်မလေးက သူများနောက် ပါသွားတော့ မှာပဲ။ စိတ်ညစ်တယ် ဆိုပြီး နေ့တိုင်းကို မူးနေတော့တာပဲ။ အဲဒါလည်း အပူပဲ
အပူနံပါတ်(၄)
ပိုက်ဆံမရှိတော့ လူတွေက မခေါ်ချင် မပြောချင်ကြတော့ဘူး။ အထင်သေးချင်ကြတယ်။ စောင်းချင် မြောင်း ချင် အတင်းပြောချင်ကြနဲ့  အလုပ်တောင် မဆင်းချင်တော့ဘူး။
အပူနံပါတ်(၅)
မြန်မာပြည်က အသက်(၇၀)ကျော် အဖေက နေမကောင်းလို့ ဆေးရုံတင်ရမယ်။ အဲဒါပိုက်ဆံ ပို့ပေးပါတဲ့။ ဗမာပြည်ကို ငွေပို့ မပေးနိုင်လို့ နေတိုင်း စိတ်မကောင်း ဖြစ်နေရတယ်။
အပူနံပါတ်(၆)
အမလေးဆရာရယ်။ ကျွန်မအပူတွေ ပြောပြရရင် ကုန်နိုင်မယ်တောင် မထင်ပါဘူး။ ပြောရင်းနဲ့  ရင်ထဲမှာ ပိုပူ လာပြီ။ ရေခဲရေ အေးအေးလေးတစ်ခွက်လောက် ထပ်တိုက်ပါဦး ဟုပြောသဖြင့် ကျွန်ုပ်လည်း ရေခဲရေ ထပ် တိုက်ရလေ၏။ ထိုနောက်ကျွန်ုပ်က
ဒေါ်အေးလှရယ်။ခင်ဗျားမလဲ နာမည်ကသာ အေးလှ.. ခင်ဗျားဘ၀ကလည်း အေးလဲမအေး လှလည်း မလှ ပါလားဗျာ။ ဒီ လောက်တောင် အပူသောက တွေများတာ ကိုယ့်ကိုကို သတ်သေချင်စိတ်တွေ ၊တနေရာကို ထွက်ပြေးသွား ချင်စိတ်တွေကော မဖြစ်မိဘူးလား"
ဟု မေးလိုက်ရာ ဒေါ်အေးလှက
"အဲဒီလိုတော့ မဖြစ်ပါဘူး ဆရာရယ်။ လူလောကကို ရောက်လာပြီဆိုကတည်းက တစ်နေ့ သေချာပေါက် မလွဲမသွေ သေကြရမှာပါပဲ။ လူသားတွေဆိုတာက လည်းမွေးဖွားခြင်းနဲ့ စတင်ပြီး သေခြင်းတရားမှာ အဆုံးသတ်ရတာ သဘာဝပဲ မဟုတ်လားဆရာရဲ။ ထွက်ပြေးဖို့ ဆိုတာကလည်း သူများပိုက်ဆံ ယူထား ပြီးပြီဆိုရင် ပေးရမယ်မဟုတ်ဖူးလား။ အကြွေးဆိုတာ ဒီဘ၀အတွက်လည်း မကောင်းဘူး။ သံသရာအ တွက်လဲ မကောင်းဘူး။ ဘုရားမကြိုက် ၊ နတ်မကြိုက်၊ လူ့ လောကကြီး ကလည်း မကြိုက်တဲ့ အလုပ်ကို ကျွန်မ မလုပ်ချင်ပါဘူး။ ကျန်မကတော့ ဘယ်လို အခက်အခဲပဲ ကြုံကြုံ ဘယ်လောက်ပဲ ကြာကြာ ဒီအ ကြွေးတွေကို ကျေအောင်ဆပ်ချင်တယ်။ ဒီတိုက်ပွဲကို နိုင်အောင်ပဲ တိုက်ချင်တော့တယ် ဆရာရယ်။ အဲဒါ ဆရာက ကျွန်မရဲ့  ဘ၀တိုက်ပွဲ ဆင်နွဲနေတဲ့ အချိန်မှာ အနိုင်ရအောင် ဆရာတို့ အဘမင်းသိင်္ခရဲ့ ပညာရပ် တွေနဲ့ အစွမ်းကုန် ကူညီပေးပေတော့
ဟုဒေါ် အေးလှက ရှည်လျှားစွာပြော လေတော့၏။ထိုအခါ ကျွန်ုပ်က

ကဲ…ဘာမှ အားမငယ်နဲ့တော။ ဘာမှ မပူနဲ့တော့ဟုတ်ပြီလား။ ဒေါ်အေးလှရဲ့ အခက်အခဲ တွေကို ရှောင်ထွက် မပြေးပဲ လောကဓံတရားကို စိန်ခေါ်ရဲတဲ့ စိတ်ဓါတ်နဲ့  သတ္တိကို လေးစားတဲ့ အတွက် ကျွန်တော် အပြည့်အစုံ စီရင် ဆောင်ရွက် ပေးလိုက်ပါမယ်။ ဒီဘုရားပုံတော်ကို ဆယ်တော်မူဘုရားလို့ ဘွဲ့အမည်ရတယ်။

ခင်ဗျားတို့ လိုနစ်နေတဲ့ လူတွေကို ပြန်ဆယ်မယ့် အတိတ်နိမိတ်ပေါ့ဗျာ။ ကျွန်တော် ရန်ကုန်ပြန်တုန်းက ပင့်လာခဲ့တာပါ။ အဲဒီ ဘုရားပုံတော်ကို မှန်ဘောင်သွင်းပြီး ခင်ဗျားအိမ်မှာ ကိုးကွယ်ပေတော့။ ဘုရားကိုတော့ ဆွမ်းရေ ချမ်းဆီမီးကပ်လှူပြီးလို့ ရတယ်။ အဓိကကတော့ မုန့်လုံးရေပေါ် ကပ်လှူပြီး ဆုတောင်း အဓိဌာန်ရမယ်။ မုန့်လုံးရေပေါ် ကိုတော့ ဒီတိုင်း လုပ်လို့မရဘူး။ ဘယ်နေ့လုပ်ရမယ်၊ ဘယ်နှစ်လုံး လုပ်ရ မယ်ဆိုတာ စနစ်တကျ တွက်ပြီး လုပ်ရမယ်။

အဲဒါဆို မကြာခင် အကြွေး သံသရာထဲမှာ နစ်နေတဲ့ ခင်ဗျားတို့ မိသားစု အားလုံး ဘုရားရဲ့ တန်ခိုးတော် ဆယ်ယတြာရဲ့ အကျိုးကြောင့် အမြန်ဆုံး ပြန်ပေါ် လာပါလိမ့်မယ်။
ဟုပြောကာဒေါ်အေးလှတို့ မိသားစု ကိုးကွယ်ရန်အတွက် ဆယ်တော်မူ ဘုရားပုံတော်နှင့် မုန်လုံးရေပေါ် ဆယ်ယတြာ ပြုလုပ်နည်း စာရွက်ကို ပေးလိုက်လေ၏။ ထိုအခါ ဒေါ်အေးလှက
"ဆရာ့ရဲ့ ဘုရားပုံတော်က အဖိုးအခ ဘယ်လောက် ပေးရမှာလဲ"ဟု မေးလေ၏။ ထိုအခါ ကျွန်ုပ်က

မပေးရပါဘူး ဒေါ်အေးလှရယ်။ ဒါ ကျွန်တော်ရဲ့ မေတ္တာလက်ဆောင်၊ အလှူဒါနပါဗျာ။
ဟုကျွန်ုပ်ကပြန်ပြောလိုက်လျှင်ဒေါ်အးလှက

ကျေးဇူးတင်ပါတယ် ဆရာလေးရယ်။ ဆရာလေး ကျေးဇူးကို ဒီတသက် မမေ့ပါဘူး။ နောက်မှ ကျေးဇူး လာဆပ်ရမယ်။
ဟု ဒေါ်အေးလှက ပြောလေ၏။ ထိုအခါ ကျွန်ုပ်က

ကျွန်တော်ကို ထွေထွေထူးထူး ကျေးဇူးဆပ်ဖို့ မလိုပါဘူး ဒေါ်အေးလှရယ်။ အမှန်တကယ် ကျေးဇူးဆပ်ချင် တယ်ဆိုရင်တော့ ခင်ဗျားလို အကြွေးတွေနဲ့  နစ်မွန်းပြီး ဒုက္ခရောက်နေတဲ့ လူတွေကို ကျုပ်ဆီကို ညွန်ပြပြီး ဆယ်တော်မူ ဘုရားပုံတော်နဲ့  မုန့်လုံးရေပေါ် ဆယ်ယတြာလုပ်နည်းလေး လာယူခိုင်းလိုက်ပါဗျာ။

ဟုကျွန်ုပ်က ပြောလိုက်လျှင်….လွှတ်လိုက်မယ် ၊ လွှက်လိုက်မယ် ဆရာရေ.. ကျွန်မ သူငယ်ချင်း တွေထဲမှာ လည်း အိမ်ထောင်ရေး စီးပွားရေး၊ လူမှု့ရေးတွေ လုံးဝ အဆင်မပြေပဲ ဘ၀တွေ နစ်နေတဲ့ လူတွေ အများ ကြီးပဲ။ ဆရာ့အခန်းက ထိုင်ပြီး ယတြာတွေ လှူဖို့ စောင့်နေပေတော့…

ဟုပြောပြီး မြတ်စွာဘုရားရှင်အား ရိုသေစွာ ရှိခိုးကန်တော့ပြီးလျှင် ရှေ့ တန်းသို့ ထွက်မည့် စစ်သူကြီးတစ်ဦး၏ ခြေလှမ်းမျိုးဖြင့် ကျွန်ုပ်၏ ဗေဒင်ဟောခန်း အတွင်းမှ ပြန်သွားလေတော့သတည်း။

မုန့်လုံးရေပေါ်-ဆယ်ယတြာပြုလုပ်နည်း
သင်၏ အသက်ကို (၄)ဖြင့် မြှောက်ပါ။ ရသော အရေအတွက်ကို မုန့်လုံးရေပေါ် လုပ်ပါ။ ထိုအထဲမှ မုန့်လုံး ရေပေါ်(၁၀)လုံးကို နံနက်(၁၀)နာရီ တိတိတွင် အိမ်၏ ဘုရားတွင်လှူပါ။ သင်၏ အသက်ကို (၇)ဖြင့်စားပါ။
၁ ကြွင်းလျှင် … တနင်္ဂနွေနေ့တွင် ပြုလုပ်ပါ။
၂ ကြွင်းလျှင် … တနင်္လာနေ့တွင် ပြုလုပ်ပါ။
၃ ကြွင်းလျှင် … အင်္ဂါနေ့တွင် ပြုလုပ်ပါ။
၎ ကြွင်းလျှင် … ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ပါ။
၅ ကြွင်းလျှင် … ကြာသပတေးနေ့တွင် ပြုလုပ်ပါ။
၆ ကြွင်းလျှင် … သောကြာတွင် ပြုလုပ်ပါ။
အကြွင်းမရှိဘဲပြတ်သွားလျှင် … စနေနေ့တွင် ပြုလုပ်ပါ။
(၁၀)လုံးတိတိကို မြတ်စွာဘုရားအား ကပ်လှူပြီးလျှင် ပိုသောမုန်လုံးများကို အိမ်နီးနားချင်းများ အားဝေလိုက်ပါ။ ဤယတြာမှာ ကုန်းဘောင်ခေတ်တွင် အသုံးပြုခဲ့သော ရှေးယတြာဖြစ်ပါသည်။

Sunday, March 14, 2010

တားရော့နှင့်စပ်စုတတ်သောမိန်းကလေး

တစ်နေ့သ၌ မဟာချိုင်-နေ၀စ်ရှိ ကျွန်ုပ်၏ ဗေဒင် လက္ခဏာ ဟောခန်း အတွင်းသို့ အသက်အရွယ် အားဖြင့် နှစ်ဆယ့်ငါးနှစ် ခန့်ရှိသော အရပ် ထောင်ထောင် မောင်းမောင်း အမျိုးသမီး တစ်ဦးရောက်ရှိ လာလေ ၏။
ထိုင်ပါ မိန်းကလေး။ ဘာကိစ္စရှိသလဲ။ ဗေဒင်မေးဖို့လား။ ယတြာတောင်း ဖို့လား။ ကျုပ်ဘာ ကူညီရမလဲ ပြောပါ…….
ဟု ကျွန်ုပ်က ပြောလိုက်လျှင် ထိုမိန်းကလေးက
အင်း….ကျွန်မက ဗေဒင်တွေဘာတွေ သိပ်ဝါသနာ မပါဘူး။ ပြီးတော့ ကျွန်မရဲ့ ခံယူချက်က ကျွန်မရဲ့ အနာဂါတ်ကို ကျွန်မ ပိုင်တယ်လို့ ခံယူထားတယ်။ ကျွန်မက ကောင်းတာ လုပ်ရင် ကောင်းတာ ဖြစ်မယ်။ မကောင်းတာ လုပ်ရင် မကောင်းတာပဲ ဖြစ်မယ်။ အရာရာ ကျွန်မ အပေါ်မှာဘဲ မူတည်တယ်။ ကျွန်မရဲ့ ဆုံးဖြတ်ချက် အပေါ်မှာ အဓိက ကျတယ်။

အဲဒီတော့ ဗေဒင်မေးဖို့ လည်း ကျွန်မ အတွက် မလို အပ်ဘူး ယတြာယူဖို့ ဆိုတာ ကလည်း အခက် အခဲ တွေရှိတယ် ဆိုတဲ့လူတွေ အတွက် ဆိုရင်တော့ မှန်မှာပေါ့။ အခု ကျွန်မမှာက ဘာအခက် အခဲမှကို မရှိဘူး။ အိမ်ထောင် မရှိတဲ့အတွက် အိမ် ထောင်ရေး အခက်အခဲ မရှိဘူး။ အလုပ် ပုံမှန် လုပ်နေတဲ့ အတွက် စားဝတ် နေရေးအတွက် ပူစရာ မလိုသေးဘူး။
လူတွေနဲ့ မရောတဲ့ အတွက် လူတွေရဲ့ ချစ်ခြင်း၊ မုန်းခြင်း ၊ ချီမွမ်းခြင်း ၊ ကဲရဲ့ခြင်း အဲဒါ တွေကို ကျွန်မ ကောင်းကောင်း သိတ်မသိဘူး။ အဲဒီတော့ ကျွန်မမှာ လူမှု့ရေးနဲ့ ပါတ်သက်တဲ့ အခက်အခဲ မရှိဘူး။ ကျွန်မဟာ ဥပဒေနဲ့ မကင်းတာတွေ ဘာမှမလုပ်ဘူး အဲဒီတော့ အမှု့ကိစ္စတွေ ဘာတွေ ကြိုပြီး ပူပင်စရာ မလိုဘူး။ ဒါတွေက ကျွန်မရဲ့ အယူအဆတွေပါ။ အဲဒီတော့ ကျွန်မအတွက် လောလော ဆယ်တော ယတြာတွေ ဘာတွေ တောင်းဖို့ မလိုအပ်သေးပါဘူး



ဟုကျွန်ုပ် လုံးဝ နားမလည် နိုင်သော စကားလုံး များဖြင့် ကျွန်ုပ်အား ပြောလေ၏ ထိုအခါ ကျွန်ုပ်က
ဒီမှာ မိန်းကလေး ဘယ်နှယ့် ဗေဒင် ဆရာအခန်း လာပြီး ဗေဒင် မယုံဘူး ဆိုတဲ့ စကားကို ပြော ထွက်ရတာလဲ။ မင်းအနေနဲ့ ဗေဒင်ကို ယုံလို့လည်း ရတယ်။ မယုံလို့လည်း ရ တယ်။ ဒါဟာ မင်းရဲ့ အခွင့်အရေး ပဲ။

ကျုပ်က မင်းကို ဗေဒင်ယုံပါ။ ဒါမှမဟုတ် ဗေဒင်ကို မယုံပါနဲ့လို့ ပြောဖို့ အခွင့် အရေး လည်းမရှိပါဘူး။ ဒါပေမဲ့ ဗေဒင်ကို မယုံရင် အပြင်မှာပဲ ပြောပါ။ ဗေဒင်ဆရာရဲ့ ဗေဒင် ဟောခန်းထဲမှာ ဗေဒင်ကို မယုံဘူး လို့ ပြောတာတော့ မင်းအနေနဲ့ တော်တော်လေး တရားလွန် နေပြီ။ ဆက်ပြီး ပြောနေဦးမယ် ဆိုရင် တော့ ကျုပ် သီးမခံနိုင် တော့ဘူး နော်။ ပြီးတော့ ဗေဒင်ဆရာ ဆိုပြီးတော့ ရန်မဖြစ်ရဲဘူး တော့ မထင် နဲ့နော်။ မလိုအပ် ရင်တော ဘာမှမလုပ်ဘူး။ လိုအပ်လာရင် လည်း အားလုံး ဘာမဆို လုပ်ဖို့ ၀န်မလေး ဘူး။
ဟုကျွန်ုပ်က ပြောလိုက်လျှင် ထိုမိန်းကလေးက

သိပါတယ်။ ကျွန်မကရှင်တို့အဘ မင်းသိင်္ခရဲ့ မှော်ဘီ မရမ်းတလင်း အယူတော် မင်္ဂလာခြံ ကိုရောက် ဖူးတာပဲ။ အဲဒီ မရမ်း တလင်း ခြံထဲမှာ လက်ဝှေ့ လေ့ကျင့်တဲ့ ကြိုးဝိုင်းတွေ တောင် တွေ့ခဲ့သေးတယ်။ ဘာလဲ ရှင်တို့အဘ မင်းသိင်္ခရဲ့ တပည့်တွေက လက်ဝှေ့ မသင် မနေရလား။ ဘာလဲ မြန်မာပြည် သား လက်ဝှေ့ ကလပ်ဆိုလား။ အဲဒီတော့ ရှင်လည်း ငါလက်ဝှေ့ ထိုးတတ်တယ် ဆိုပြီး ထောင်ထောင် မလုပ်နဲ့ ဗေဒင် ဆရာရေ။ ထောင်လွန်းအား ကြီးရင် လဲတတ်တယ်……

ဟု ကျွန်ုပ်အား မဆီမဆိုင် ပြောပြန်လေ၏။ ထိုအခါ ကျွန်ုပ်က
ကဲပါ မိန်းကလေး။ မင်းရဲ့ လာရင်း ကိစ္စကို ပြောပါဦး။ အကြောင်း မရှိပဲနဲ့တော့ ကျုပ်ဆီကို လာမယ့်ပုံ မရှိ လောက်ပါဘူး။ ဗေဒင်လည်း မမေးဘူး။ ယတြာလည်း မတောင်းဘူး ဆိုတော့ ဘာကိစ္စလည်း ပြော ပေတော့။
ဟု ကျွန်ုပ်က ပြောလိုက်လျှင်

လာရင်းကိစ္စ ကတော့ ဒါပါပဲ
ဟုပြောပြီး လျှင် သူ၏ စလင်းဘက် အိပ်ကို ဖွင့်၍ ပိုးကတ္တီပါစ ဖြင့် ထုပ်ထားသော အထုပ် ကလေး တစ်ထုပ် ကို ယူ၍ ကျွန်ုပ် ဗေဒင်ဟောသော ခုံပေါ်သို့ တရိုတသေ လှမ်းတင် လိုက်လေ၏။
ဒါ ဘာလဲ
ဟု ကျွန်ုပ်ကမေးလိုက်လေလျှင်

ဖွင့်ကြည့်ရင်သိမှာပေါ့
ဟု ထိုမိန်းကလေးက ပြောသဖြင့် ကျွန်ုပ်လည်း ၎င်းပေးသော ပိုးကတ္တီပါ စနှင့် ပတ်ထားသော အထုပ် ကလေးကို အသာလေး ဖြေကြည့် လိုက်လေရာ အဘ မင်းသိင်္ခ ထုပ်ဝေ ထားသော တားရော ထုပ်လေး ဖြစ် နေ သည်ကို အံသြဖွယ် တွေ့ရှိရလေသည်။ ထိုတားရော ထုပ်ထဲတွင် တားရော(၂၂)ချပ် ပါလေ၏။ နောက်ကျောတွင် အဘဆရာကြီး မင်းသိင်္ခ တားရော့ ထုံကူးနေသော ပုံနှင့် ဖြစ်၏။ ခုံတစ်လုံး ပေါ်တွင် တားရော့ များကို ဖြန့်ခင်းထား၏။ (crystal Ball )ခေါ် ဓါတ်ဖန်လုံး တစ်လုံးလည်း တင်ထား၍ အဘ မင်းသိင်္ခ လက်နှစ်ဖက်ကို ဖြန့်၍ တားရော့များကို ထုံကူးနေသောပုံ ဖြစ်လေ၏။ ကျွန်ုပ်လည်း လွန်စွာအံသြ သွားသော အမူအရာမျိုးဖြင့်
ဒီ…..တားရော့ ကဒ်လေး တွေက ဘယ်လို ဖြစ်လို့ မိန်းကလေး လက်ထဲ ရောက်နေရတာလဲ။
ဟု လွန်စွာ အံ့အားသင့်စွာဖြင့် မေးလိုက် လေလျှင် ထိုမိန်းကလေးက

ကျွန်မ ပြီးခဲ့တဲ့ နှစ်က မြန်မာပြည် ကို ခဏ ပြန်သွားခဲ့တယ်။ မြန်မာ ပြည်ခဏ ပြန်ရောက်တုန်း အဘ မင်းသိင်္ခရဲ့ အယူတော် မင်္ဂလာခြံကို သွားလည် ခဲ့တယ်။ မရမ်းတလင်း ခြံထဲကို ရောက်တုန်း အမှတ်တရ ပစ္စည်း တစ်ခုခု ၀ယ်မယ် ဆိုပြီး ဒီတားရော့ ထုပ်လေးကို ၀ယ်လာ ခဲ့တာပဲ။ အစ ၀ယ်လာတုန်း ကတော့ အဘ မင်းသိင်္ခရဲ့ တားရော့ စာအုပ်လေး ပါပါတယ်။ နောက်ပြီး ရှမ်းပြည် ပြန်တက် လာတဲ့ လမ်း ခရီးမှာ တားရော့ စာအုပ်တွေ ပျောက်သွားတယ်။ အခု ကျွန်မက တားရော့ ပညာကို လေ့လာချင်တယ်။ တတ် ချင်တယ် အဲဒါ ဆရာက နည်းနည်း ကူညီ ပေးနိုင် မလား။ ပြောပြ ပေးနိုင်မလား။
ဟု ပြောလေ၏။ ထိုအခါကျွန်ုပ်က
"မင်းပြောတော့ ဗေဒင်မယုံဘူးဆို"
ဟု ကျွန်ုပ်က စောဒက တက်လိုက်ရာ

ကျွန်မက ဗေဒင်သာ မယုံတာ။ တားရော့ကိုတော့ ယုံတယ်။ အဲဒီတော့ ရှင်က ကျွန်မကို တားရော့ အကြောင်း (က)ကနေ(အ) အထိ အစအဆုံး ပြောပြ ပေးနိုင်မလား။
ဟု ပြောလေ၏။ ထိုအခါ ကျွန်ုပ်က

နံပါတ်(၁) ဒီနေ့က စပြီး ဗေဒင် မယုံဘူး ဆိုတဲ့ စကားကို လုံးဝ မပြော ရဘူး။ နံပါတ်(၂) ခင်ဗျား ဒီတားရော ပညာကို တတ်မြောက် သွားပြီ ဆိုရင် ကိုယ့်အတွက် တစ်ခုထဲ မကြည့်ရဘူး။ ဒုက္ခ အခက်အခဲ ကြုံတွေ့နေတဲ့ လူတွေကို တွေကြုံ လာခဲ့ရင် ကိုယ်တတ်နိုင် သလောက် ကူညီ ပေးရမယ်။ နံပါတ်(၃) တားရော့ ပညာနှင့် လူတွေဆီ က ပိုက်ဆံတွေ အလွန်အကျွန် မတောင်းရဘူး။ နံပါတ်(၄)ကျုပ်က ခင်ဗျားကို ဒီပညာတွေကို သင်ပေးတာ မဟုတ်ဘူး။ ပြောပြတာသာ ဖြစ်တယ်။ ဘာကြောင့် လည်းဆိုတော့ ဒီပညာဟာ ကျုပ်ရဲ့ ကိုယ်ပိုင် ပညာ မဟုတ်ဘူး။ ကျုပ်လည်း အဘဆရာကြီး မင်းသိင်္ခ ဆီက သင်ယူခဲ့တဲ့ ပညာဖြစ်တယ်။

ဒါကြောင့် ဆရာ သခင်ဖြစ် တဲ့ အဘ မင်းသိင်္ခရဲ့ ပညာ ရပ်တွေကို တစ်ဆင့် ပြန်ပြောပြ တာသာ ဖြစ် တယ်။ ဒါကြောင့် ခင်ဗျားက ဆရာ တင်ချင်တယ် ဆိုရင် ကျုပ်ကို ဆရာ တင်စရာ မလိုဘူး။ အဘ ဆရာကြီး မင်းသိင်္ခ ကိုပဲ ဆရာ သခင်အဖြစ် ရင်ထဲ နှလုံးသား ကနေ လေးလေးနက်နက် ယုံကြည် ထားရမယ်။

နံပါတ်(၅) ဒီတားရော ပညာကို ပြောပြနေတဲ့ အချိန်တွေမှာ ကျုပ်နဲ့ ခင်ဗျားရဲ့ ကြားမှာ ဘာစီးကမ်းတွေ ဘောင် တွေမှ ရှိမနေကြေး။ ဆရာမို့လို့ ဒီလို နေရမယ်၊ ဒီလို ထိုင်ရမယ် ၊ဒီ လိုပြောရမယ်။ တပည့်မို့လို့ ဆရာ အပေါ်မှာ ဒီလို ဆက်ဆံ သင့်တယ် ဒီလို မဆက်ဆံသင့်ဘူး ဆိုတဲ့စီး ကမ်းတွေ မထားရဘူး။ လွတ်လပ် ပေါ့ပါးတဲ့ စိတ်နဲ့ ဒီတားရော့ ပညာကို ပြောပြမယ် ၊ ဆွေးနွေးမယ်။ ဒါတွေကို သဘောတူတယ်၊ လက်ခံတယ်ဆိုရင် စမယ်။ သဘော မတူဘူး လက်မခံဘူး ဆိုရင်တော့ ဒီအချိန်မှာပဲ လာလမ်း အတိုင်း လှည့်ပြန်ပေတော့
ဟု ကျွန်ုပ်က ပြောလိုက်လျှင်
ငြင်းစရာမရှိပါဘူး။
ဟုတိုတိုတုတ်တုတ် ပြန်ပြောလေ၏။ ထိုအခါ ကျွန်ုပ်က
မင်း နာမည် ဘယ်သူလဲ
ဟု မေးလိုက်လေ၏။ ထိုအခါ သူမက

ကျွန်မနာမည်စောနန်းနွယ်ပါ။ အခုမှပဲ ဆရာလည်း ကျွန်မနာမည် သိရတော့တယ် ဟု အသံ လွင်လွင် ကလေးဖြင့် ရီမော၍ ပြန်ပြောလေ၏။ ဤသို့ဖြင့် အသွင် မတူသော ကျွန်ုပ်တို့ နှစ်ဦးသည် တစ်ခုတည်း ဂမ္ဘီရလမ်း ကြောင်းပေါ်တွင် အတူတကွ လျှောက်လှမ်းမိသော အဖြစ် သို့ရောက်ရှိ လေတော့၏။

ဒီလို စောနန်းဝေရဲ့။ ဒီတားရော့ ပညာနှင့် ပါတ်သက်လို့ သမိုင်းတွေက အမျိုးမျိုး ရေးသားခဲ့ကြတယ်။ ဘယ်သမိုင်း ကြောင်းက အတိတကျ မှန်တယ်လို့တော့ ဘယ်သူမှ အတိအကျမပြော နိုင်ဘူး။
ဒီတားရော့ကိုဘယ်သူကစတင်တီ ထွင်ခဲ့တာလဲ?
ဟု စောနန်းဝေကမေးလေ၏။ထိုအခါ ကျွန်ုပ်က

တားရော့ကို စတင်တီထွင် သူကို တော့ မသိရသေးပေမဲ့ တားရော့ ကို အရင်ဆုံး အသုံးချသွားတဲ့ သူ တွေကတော့ အီဂျစ်နိုင်ငံက ဖာရို မင်းဆက်တွေ ဖြစ်တယ်လို့ပြော ကြတယ်။ အီဂျစ် ဖာရိုမင်းဆက် တွေ ဂျူးနယ်မြေ တွေကို သိမ်းပိုက်တဲ့ အခါ တားရော့ ပညာအပြင် နောက်ထပ် ပညာရပ် တော်တော် များများ ရရှိခဲတယ်။
အီဂျစ်ဖာရို မင်းဆက် ပျက်စီး သွားပြီးတဲ့ နောက် ဒီပညာရပ် တွေဟာဥရောပ နိုင်ငံတွေဆီကို ရောက်ရှိလာခဲ့ တယ်လို့ဆိုတယ်။ အီတလီနိုင်ငံ ရောမမြို့မှာ ရှိတဲ့ ဘုန်းတော်ကြီး တွေက ဥရောပ နိုင်ငံတွေမှာ အရင်ဆုံး တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြတယ် 1442-ခုမှာ အီတလီ နိုင်ငံကို ဖဲချပ်တွေ စတင် ရောက်ရှိခဲ့တယ်။ အီတလီ လူမျိုးတွေက တားရော့ ကို တာရိုစီလို့ ခေါ်ခဲ့ကြတယ်။
1780-ခုနှစ်မှ စ၍ ပထမဆုံး မှော်ပညာ ပါဝင်တဲ့ တားရော့ (၇၈)ချပ်ကို ပြင်သစ်နိုင်ငံ မာဆိုင်းမြို့မှာ စတင်ပုံနှိပ် ထုပ်ဝေခဲ့တယ်။ အဲဒီ တားရော့ကို ဂျစ်ပစီ တွေက ကံကြမ္မာဖတ် ဗေဒင်အဖြစ် ဥရောပ တစ်ခွင် လှည့်လည် ဟောကြား ခဲ့ကြတယ်။ အဲဒီအချိန် အထိ ကံကြမ္မာ ဖတ်တဲ့ ဖဲထုပ်နဲ့ ကစားတဲ့ ဖဲထုပ် ရောနေသေးတယ် စောနန်း ဝေရဲ့

1800-ပြည့် ၀န်းကျင်မှာတော့ ကံကြမ္မာ ဖတ်တဲ့ ဖဲထုပ်နဲ့ ကစားတဲ့ ဖဲထုပ် ရောနေတဲ့ အတွက် ခွဲပြီး ထုတ်ဝေ ခဲ့ကြတယ်။ တားရော့မှာ ပါတဲ့ ခွက်ကို ဖူးနီ ၊ တုတ်ကို ညှင်း ဓါးကို စပိတ်နဲ့ ကြယ်ကို ထောင့်နီ အဖြစ် ပြောင်းလဲ ထုတ်ဝေခဲ့ကြတယ်။
1888-ခုနှစ် မှာတော့ အင်္ဂလန် နိုင်ငံမှာ ရွှေအရုဏ်ဦး ဆိုတဲ့တားရော့ အသင်းကြီးကို တရားဝင် ဖွဲ့စည်း တည်ထောင် ခဲ့ကြတယ်။ အဲဒီ အသင်းမှာ ကမ္ဘာကျော် တားရော့ ပညာရှင် တွေနဲ့ ဂျူးဘာသာရေး ခေါင်းဆောင်တွေ ပါဝင်ခဲ့တယ်။

အဓိက ပြောပြချင် တာကတော ဟိုး….နှစ်ပေါင်း များစွာ ကတည်းကနေ ဒီနေ့ထိ တိုင်အောင် ဂျစ်ပစီ တွေဟာ ဒီတားရော့ကို လေးလေးနက်နက် မြတ်မြတ်နိုးနိုး သုံးစွဲခဲ့တယ်။
တားရော့ရဲ့ အဓိပ္ပါယ် ကတော့ တား=ဆိုတာကလမ်း ရော့=ဆိုတာက ရွှေနန်းတော်လို့ အဓိပ္ပါယ်ရတယ်။ ဒါကြောင့် ရွှေနန်းတော်သို့ သွားရာလမ်းလို့ ငါတို့ရဲ့ အဘ ဆရာကြီးမင်းသိင်္ခက အဓိပ္ပါယ်ဖွင့်ဆို ပြောပြခဲ့တယ်။ ဒါ ကတော့ ငါသိသလောက် လေ့လာထားတဲ့ တားရော့နဲ့ ပါတ်သက်တဲ့ သမိုင်းကြောင်းပဲ။ ငါသိထားတာ ကလည်း နည်းလေးပဲ ရှိသေးတယ်

ဟု တားရော့ သမိုင်းကြောင်းနှင့် ပါတ်သက်၍ ကျွန်ုပ် သိထား သလောက် အနည်းငယ်ကို ပြောပြ လိုက်လေ၏။ ထိုအခါ စောနန်းဝေက
နေဦး…. ဆရာ စကားပြောရတာ အာချောက် နေဦမယ်။ အိပ်ချင်နေ ဦးမယ်။ ကျွန်မ ဆရာ့အတွက် ကော်ဖီ ဖျော်ပေးမယ်
ဟုပြောကာ ကျွန်ုပ်အတွက် စူပါ ကော်ဖီမစ် တစ်ခွက် ထ၍ဖျော်ပေး လေ၏။ ထိုနောက် စောနန်းဝေက
တားရော့မှာ အကုန်လုံးဘယ်နှစ် ချပ်ရှိသလဲ?
ဟု မေးပြန်လေ၏။ ထိုအခါ ကျွန်ုပ်က

တားရော့က အကုန်လုံး ဆိုရင် စုစုပေါင်း(၇၈)ချပ် ရှိတယ်။ အဲဒီ (၇၈)ချပ်ကို (၂)အုပ်စု ထပ်ခွဲတယ်။ မေဂျာကဒ် ၂၂ချပ်ရယ်၊ မိုင်နာကဒ် ၅၆ကဒ်ရယ်လို့ နှစ်အုပ်စု ထပ်ခွဲလိုက်တယ်။ မြန်မာလို ပြောရရင် တော့ အဓိကကဒ်၂၂ချပ်နဲ့ သာမညကဒ် ၅၆-ချပ်ပေါ့။ ဒါပေမဲ့ အနောက်နိုင်ငံတွေမှာရော အရှေနိုင်ငံတွေမှာ ပါတားရော့နဲ့ လူတွေရဲ့ ကံကြမ္မာ ကိုဖတ်တဲ့ နေရာမှာ အဓိက မေဂျာကဒ် ၂၂ချပ် ကိုပဲ အသုံးပြုကြ တာများပါတယ်။

ဟု ပြော၍ စောနန်းဝေ ဖျော်ပေးထား သော ကော်ဖီကို တစ်ကြိုက်လောက် မော့သောက် လိုက်ပြီးနောက် စီးကရက် တစ်လိပ်ကို မီညှိရှိုက်ဖွာ၍ မီးခိုးများကို ကောင်းကင် ပေါ်သို့ မှုတ်ထုပ် လိုက်လေ၏။ ထို့နောက် စောနန်းဝေက
တားရော့ တစ်ထုပ်ဝယ် လိုက်ရင် ဘာလုပ်စရာ လိုသေးလဲ။ ဒီအတိုင်းစပြီး သုံးလို့ ရပြီလား။ တားရော့ တစ်ထုပ် လက်ထဲကို ရောက်လာ ပြီဆိုရင် ဘာတွေလို အပ်သလဲ။ ဘယ်လို ထပ်လုပ်ပေး ရမလဲ။ ဘာတွေ ဆောင်စရာ ရှောင်စရာလိုလဲ။ နောက်ပြီး ဘာ တွေထပ်ပြီး ကျင့်ပေးဖို့လိုသေးလဲ
ဟု စောနန်းဝေကထပ်၍မေးလေ၏။ ထို့ကြောင့် တားရော့တစ်ထုပ် လက်ထဲ ရောက်လာပြီဆိုရင် လိုအပ်သည်များ ကို စောနန်းဝေအား ဆက်လက်၍ ပြောပြရလေ၏။

ပထမဆုံး ကိုယ်ဆီရောက်လာတဲ့ တားရောကို အစွမ်းကုန်ချစ် မြတ်နိုးရမယ်။မိမိရဲ့တားရော့ကို အိပ်ကလေး တစ်အိပ် ဒါမှမဟုတ် ဗူးကလေး တစ်ဗူးနဲ့ သီသီးသန့်သန့် ထည့်ရမယ်။မိမိတားရော့ကို ကိုင်ကာနီတိုင်း လက်ကို ရေမွှေးနဲ့စွတ်ပြီး ဆေး ကြော ပစ်ရမယ်။မိမိဆီကို တားရော့ ရောက်တဲ့ နေ့ကစပြီး အဲဒီ တားရော့ကို ရက်ပေါင်း (၆၀)လောက် ကိုယ်အိပ်တဲ့ ခေါင်းအုန်း အောက်မှာ ထားပြီး အိပ်ရမယ်။တားရော့ တစ်ထုပ် လုံးကိုရော တစ်ချပ် ခြင်းကိုရော မကြာခဏ ချစ်မြတ်နိုးစွာ နမ်းပေးရမယ်။

ကိုယ် ညအိပ် ညနေ ဘယ်ကိုပဲ သွားသွား မိမိရဲ့ တားရော့ကို မ ထားခဲ့ရဘူး။ အမြဲတမ်း ကိုယ်နဲ့ မကွာ ယူဆောင်သွားရမည်။ကိုယ် မွေးမြူ ထားတဲ့ တားရော့ကို သူတပါးကို လုံးဝ မငှားရဘူး။ ကိုက်ကလည်း သူတစ်ပါးရဲ့ တားရော့ကို လုံးဝ ငှားမကိုင်ရဘူး။တားရော့ကို ကြုံတဲ့နေရာ တွေ့တဲ့နေရာမှာ ချပြီး မဟောရဘူး။ ခုံ တစ်လုံးပေါ်မှာ အနက်ရောင် တားရော့ အခင်းကို ခင်းပြီးမှ ဟောရမယ်။ နောက် ဘယ် နေရာမှာပဲ တားရော့ ဟောဟော အမွှေး တိုင် ထွန်းရမယ်။တားရော့ ဆရာရဲ့ အသုံးအဆောင် အဖြစ် မိမိရဲ့တားရော့ ဟောတဲ့ ခုံပေါ်မှာတုတ်၊ ခွက်၊ ဓား ကြယ်ဆိုတဲ့ အဆာင်လေးမျိုး ကို တင်ထားရမယ်။တားရော့ ဟောခါနီးပြီ ဆိုရင် မိမိရဲ့ တားရော့ကို အတည်ငြိမ်ဆုံး ပုံစံဖြင့် ကုလားဖန် (၃)ကြိမ် ထိုးရမယ်။

တားရော့ ဟောနေတဲ့ အချိန်မှာ အရေးအကြီးဆုံးက မိမိရဲ့ တားရော့ အပေါ်မှာ မိမိက သစ္စာ ရှိရမယ်။ တားရော့ နိမိတ်တွေက မကောင်းဘူး ပြရင် မကောင်းဘူး လို့ ဟောရမယ်။ ကောင်းတယ်လို့ ပြရင် ကောင်းတယ်လိုပဲ ဟောရမယ်။ တားရော့ မေးတဲ့လူနဲ့ ကိုယ့်ကြားမှာ ရှိတဲ့ ကိုယ်ရေး ကိုယ်တာ စိတ်ခံစားချက်တွေ ၊ ချစ်ခြင်း၊ မုန်းခြင်း၊ သနားခြင်း၊ နာကျဉ်းခြင်း စတဲ့ စိတ်ခံစားချက် တွေကို မရှိရ လေအောင် လေ့ကျင့် ထားရမယ်။ မိမိစိတ်ကို ဗလာ ဖြစ်အောင် လေ့ကျင့် ထားရမယ်။ ဗလာကျင့်စဉ် အကြောင်းကို နောက်မှ ပြောပြမယ်။နောက်ဆုံး တစ်ခုက တားရော့ ဟောခါနီးတိုင်း မိမိရဲ့ တားရော့ကို မိမိရဲ့ရင်ဘတ် နှလုံးသား နေရာမှာ အပ်ပြီး တားရော့အနှိုး မန္တာန်ကို အလေးအနက် ရွတ်ဆိုရမယ် စောနန်းဝေရေ…..

ဟု တားရော့မွေးနည်းနှင့် တားရော့အတွက်လိုအပ်သည်များကိုလည်း ပြောပြ လိုက်လေတော့၏။ ထိုအခါ စောနန်းဝေက
အင်း….လွယ်တော့ မလွယ်ဘူး။ အစတုန်းကတော့ ဒီတားရော့ ပညာဟာ ဒီလောက် အသေးစိပ် မယ်လိုတောင် မထင်မိဘူး။ ပုံတွေ ကြည့်ပြီး ဟောရတာဆို တော့ တောတော် လွယ်မှာပဲလို့ တွေးမိခဲ့ တယ်။ အခု သေသေချာချာ ကျကျနန လေ့လာလိုက်စား ကြည့်တောမှ တားရော့ပညာဟာ တော်တော် လေးနက်ပြီးနက်ရှိုင်း မှန်း သိရတော့တယ်……
ဟု စောနန်းဝေကပြောလေ၏။ထိုအခါ ကျွန်ုပ်က

အော်….စောနန်းဝေရ။ ဒီတားရော့ ပညာဟာ ဘယ်လောက် တောင် နက်ရှိုင်း လေးနက်သလဲ ဆိုရင် ဘ၀ရဲ့လမ်း ညွန်မှု့တွေတောင် ပေးနိုင်တယ်။ ဗေဒင်ဟောတဲ နေရာမှာတင် မဟုတ်ဘူး နောက်ဆုံး ဒီပညာနဲ့ ထွက်ရပ်ပေါက် အကျင့်စခန်း ထိအောင် တောင်သွား လို့ရတယ်လို့ ငါတို့ရဲ့ အဘ ဆရာကြီး မင်းသိင်္ခ ကိုယ်တိုင် သင်ကြား ပေးခဲ့တယ်။
ဒါကြောင့် ဒီလောက် လေးနက်တဲ့၊ နက်ရှိုင်းတဲ့၊ တားရော့ ပညာကိုလည်း လေ့လာ လိုက်းစားတဲ့ အခါမှာ မိမိဟာ ဆိုရင် သာမန် ပုဂ္ဂိုလ် တစ်ယောက် မဟုတ်တော့ဘူး။ အင်မတန် ရှေး ကြပြီး အလွန် လျှို့ဝှက်တဲ့ ပညာ ရပ်တွေကို အသုံးပြု နေတဲ့ ပုဂ္ဂိုလ် တစ်ဦး ဖြစ်တယ်လို့ ခံယူထားရမယ် စောနန်းဝေရေ….
ဟု ကျွန်ုပ်က ပြောလိုက်လျှင်
ကောင်းပါပြီ ဆရာ

ဟု စောနန်းဝေက ပြန်ပြောလေ၏။ ထို့နောက် တားရော့ ဟောရာတွင် ရွတ်ဆိုရသော တားရော့ မန္တာန် ကိုပါ တစ်ခါတည်း အောက်တွင် ဖော်ပြပေး ထားတဲ့ အတိုင်း ရွတ်ဆိုပြ လိုက်လေ တော့သတည်း။

ဂြိုဟ်မွှေတဲ့စနေ

ကျွန်ုပ်၏ ဗေဒင်ဆရာ သက်တမ်း တစ်လျှောက်တွင် မကြာခဏ ကြားရ လေ့ရှိသော စကားလုံး တစ်ခုမှာ စနေဂြိုဟ် ဟူသော စကားလုံး ပင်ဖြစ်၏။ လူတော်တော်များသည် စနေဂြိုဟ်ဟု ဆိုလျှင် ကြောက်တတ် ကြ၏။ ထိပ်လန့်ကြသည်။ ဂရုစိုက် တတ်ကြသည်။ ရှောင်ရှားတတ် ကြသည်။ စနေဂြိုဟ်ကို တစ်ခုအဖြစ် သတ်မှတ် ကြပြီး ကောင်း ကျိုးထက် ဆိုးကျိုးကိုပိုမို ပြင်းထန်စွာ ပေးစွန်းတတ်သည်ဟု အများစုက ယုံကြည် ယူဆလက်ခံကြ သည်။

သားဦး သမီးဦး စနေသားသမီး များကိုတိုက်ဆိုင်စွာ ထွန်းကားမွေးဖွား ကြရပါကသားဦး စနေ မီးလိုမွှေ ဟူသော ရှေးရိုး အစဉ်အလာများ အတိုင်း မိဘတို့ကို အပူမီးဒုက္ခ ဆိုးကြိုးများ ပေးလာကြမှာကို အလွန်စိုးရိမ်ကြ၍ ထိုသားဦးသမီးဦး စနေသားသမီးတို့ကို အချို့မိဘတို့က တုတ်(သို့)ဓား တို့ဖြင့် ထမ်းရွက်နင်း ကျော်စေပြီး ဘေးကင်း လုံခြုံရအောင် စနေ ဂြိုဟ်က ဒုက္ခမပေးနိုင်ရန် သာသနာနွယ်ဝင် ဆရာတော် သံဃာတော် အရှင်သူမြတ် တို့ထံတွင် စတိသဘော မျိုးအပ်နှံ ရောင်းချပြီးလျှင် ဒီက လေးဟာ ငါတို့ရဲ့ သားသမီး မဟုတ်တော့ဘူး။ ဆရာတော်ရဲ့ ကလေးဖြစ်သွားပြီ ဟုပြောဆို၍ စနေဂြိုဟ်က ဒုက္ခမပေးနိုင်အောင် ဟုဆို ကာ ရိုးရာစွဲ ယတြာများကို အခိုင်အမာ တလေးတစား စိုးရိမ်တကြီး ဆောင်ရွက်လေ့ရှိ၏။

ရင်သွေး ရတနာ မွေးဖွားမည့် မိခင်များ အနေနှင့် လည်း ဖြစ်နိုင်လျှင် သူတို့၏ သားသမီး ရတနာတို့ကို စနေနေ့ကို အတတ် နိုင်ဆုံး ရှောင်ရှား၍ မွေးဖွားချင် ကြသည်။ ကျွန်ုပ်၏ ဗေဒင် ဟောခန်းသို့ ရောက်လာ ကြသူများထဲတွင် လည်းမိမိတို့ စီးပွားရေး လုပ်ကိုင်စားသောက် ၍ အဆင်မပြေ လာပါက သူတို့၏သားဦး သမီးဦး စနေသားသမီးများ ကြောင့် အဆင်မပြေ ဖြစ်တာ ထင်တယ်ဟူသော စိတ်ဖြင့် သိချင်၍ ဗေဒင်လာမေး သူများကိုလည်း အများအားဖြင့် တွေ့ကြုံရလေ၏။ကျွန်ုပ်နှင့် လွန်စွာ ရင်းနှီးသော မီးယပ်နှင့် သားဖွားပါရဂူ ကြီးတစ်ဦး၏ အပြောအဆို အရ သူ၏ဘ၀တွင် ခွဲစိပ်မွေးဖွားရတောမည် ဆိုလျှင် မိခင် လောင်းများသည် စနေနေ့ကို ရှောင်ပြီး မွေးပေးပါဟု မိခင်တိုင်းက တောင်းဆို တတ်ကြသည်ဟု ပြောဖူးလေ၏။

အချို့ဆိုလျှင် စနေဂြိုဟ်နှင့် ပါတ်သက်၍ ဂြိုဟ်နက္ခတ် အစီးအနင်း သက်ရောက် ကံကြမ္မာတို့ကို မဆိုထားနှင့် စနေနံ သက်မဲ့ပစ္စည်း အဟောင်း အနွမ်းအစုတ် အပဲ့ အကျိုးများဖြစ်သော ထီး၊ ဓား၊ ဖိနပ်စသော စနေနံ ပစ္စည်းများကို အိမ်မှာ ထားလျှင် ခိုက်တတ်သည်ဟု ဆိုကာမိမိ နေအိမ်မှ အဝေးသို့သွား၍ စွန်ပစ် တတ်ကြသည်

စနေဂြိုဟ်နှင့် ပါတ်သက်၍ ရှေးဟောင်း ယုံတမ်းစကား တစ်ခုမှာ ရှေး အခါက ရာဇ၀တ်လူ သတ်ကုန်း သားသတ်ကုန်းတွင် သတ်ဖြတ်ရမည့် ရာဇ၀တ်သား များကို မသတ်ဖြတ် သေးခင် ခေတ္တခဏ ဖမ်းဆီး ချုပ်နှောင် ထားသည့် တိုင်လုံး ကြီးများကို စနေတိုင် ဟူ၍ ပင်ခေါ်ဆိုကြောင်း…….၊ ထိုစနေတိုင်ကို သတ္တိရှိလှပါသည် ဆိုသော အာဏာပါးကွက် သားကြီး များကပင် အထူးသတိထား ကြောက်ရွှံ့ရှောင်ရှားလေ့ ရှိခဲ့ကြောင်း ဖတ် မှတ်ရဘူးတယ်။

အိန္ဒိယ နိုင်ငံတွင်လည်း စနေဂြိုဟ် အစီးခံရသော ဇာတာရှင် အချို့သည် မြင့်မြတ်သော ဂင်္ဂါမြစ်ကြီးသို့ သွားရောက်၍ ရေချိုးကြခြင်း နှင့် ထိုမြစ်ရေကို မိမိနေအိမ်သို့ သယ်ဆောင်လာလျှက် ရေချိုးသန့်စင် ဦးခေါင်းဆေး မင်္ဂလာပြုလုပ်ကြ၍ စနေဂြိုဟ်၏ မကောင်းသော ဆိုးကျိုးများမှ လွတ်မြောက်အောင် ဆောင်ရွက်တတ်ကြ လေ၏။

ကျွန်ုပ်၏ ဗေဒင်ဟောခန်းသို့ ရောက်လာကြသူမျာတွင် အများအား ဖြင့် အကြီးမားဆုံးသော ဒုက္ခများ အမှု့အခင်းများ အသက် အန္တရာယ်နှင့် နီးကပ်စွာ ကြုံတွေ့၍ ဆေးရုံဆေးခန်းသို့ ရောက်သွား တတ်သူများ လေဖြတ်သွားသူများ မိသားစု အကြောင်း အမျိုးမျိုးကြောင့် တကွဲ တပြား ဖြစ်သွားသူများ၊ ဆိုင်ကယ်မှောက် ကားတိုက်စသော ဆိုးရွားသောဘေး အန္တရာယ် တစ်ခုခုနှင့် ကြုံတွေ့ရသူများသည် များသောအားဖြင် စနေ သက်ရောက် ဖြစ်နေသည်ကို အံ့သြစွာ တွေ့ရလေ၏။

ထို့ကြောင့် မြန်မာရိုးရာ သုံးတန်ပေါ်နိစ် ပညာ(သို့) သာဝတ္ထိဆန်း ဗေဒင်ပညာ၌ လာသော စနေသက်ရောက် ဟောကိန်းများနှင့် စနေသက် ရောက် ဘ၀ပျက်ကိန်းကြုံတွေ့ပါက ချေရမည့်ယတြာများ၊ (၇)ရက်သား သမီးများအတွက် အသင့် တွက်ပေးထားသော စနေသက်ရောက် အသက် အပိုင်းအခြားများကို စေတနာ ရှေးထား၍ ဖော်ပြပေးလိုက်ပါသည်။

စနေသက်ရောက် ဘ၀ပျက်ဟောကိန်း

ဒီနှစ်ထဲမှာ သင့်ဆီကို ဒုက္ခတွေ တစ်ခုပြီး တစ်ခု ရောက်လာလိမ့်မည်။ စိတ်ညစ်စရာတွေ တစ်ခုပြီးတစ်ခု ရောက်လာ လိမ့်မည်။ ဘေးဒုက္ခ တွေ ရောက်လာတာကို မသိဘဲ ခံရလိမ့်မယ်။ ကျောချမှ ဓါးပြမှန်း သိ ဆိုတာ ဒီကိန်းမျိုးပဲ။ မိတ်ဆွေလို့ ထင်ထားခဲ့တဲ့ လူတွေဟာလည်း ရန်သူ ဖြစ်နေတာ တွေရလိမ့်မယ်။ အသားထဲက လောက်ထွက် ဆိုတာ မျိုးပေါ့ အရှိန်အ၀ါတွေ မှေးမှိန်သွားတာ သြဇာ အာဏာတွေ ကျဆင်း သွားတာတွေဖြစ်မယ်။ မျက်နှာပန်း မလှတာတွေ ဖြစ်မယ်။ စီးပွားရေး မကောင်းပါ။ လုပ်နေတဲ့ အလုပ်တွေ ရပ်ဆိုင်သွားတတ်တယ်။ အောင်မြင် နေရာကနေ ဆုံးရှုံးသွား တတ်တယ်။ ကိုယ်နဲ့ စီးပွားတူ စပ်တူ လုပ်နေတဲ့ လူတွေက ကိုယ့်ကို စွန့်ခွါသွား တတ်ပါတယ်။

ကျန်းမာရေး အနေနဲ့ ကတော့ ကိုယ်တင်မကပဲ မိသားစုတွေ တစ်ယောက်ပြီး တစ်ယောက် နေမကောင်းဖြစ်လို ဆေးရုံ ဆေးခန်း ပို့ရတတ်တယ်။ မမျှော်လင့်ပဲ ဆေးရုံဆေးခန်းမှာ ခွဲစိပ် ကုသ ခံရတာတွေ ဖြစ်တတ် ပါတယ်။ ဒီနှစ်ပိုင်းမှာ ရောဂါ ဟောင်းတွေ ပြန်ပေါ်တတ်တယ်။ ရောဂါနဲ့ ဆေးမတိုး တာတွေ ဖြစ်မယ်။ သူတစ်ပါးက ကိုယ့်ကို မကောင်း တဲ့ အတတ်တွေ အောက်လမ်း အတတ်တွေနဲ့ မကောင်းကြံခြင်း ခံရတတ်ပါတယ်။

ငွေတွေကလည်း ရသလောက် ပြန်ကုန်နေမယ်။ ၀င်သလောက် ပြန်ထွက်နေမယ်။ လုံးဝ စုဆောင်းလို့ မရဘူး။ ငွေလိမ်ခံရတာတွေ ၊ လူယုံ သတ်တာတွေ ဖြစ်တတ်တယ်။ အာမခံတာမျိုး၊ ကိုယ်စားလိုက်ပြော ပေးတာမျိုးတွေ လုပ်ရင်တော့ သေချာပေါက် ဒုက္ခတွေ့ တတ်ပါတယ်။ ကိုယ့်ငွေတွေက သူတစ်ပါး လက်ထဲမှာ သွားပြီး နစ်မြုတ်နေမယ်။ ကိုယ်က သူများဆီက ငွေကို ယူရမယ် အဲဒီတော့ ဒီနှစ်ထဲမှာ အကြွေးတင်လိမ့် မယ်။

အလုပ် လုပ်ရတာလည်း အခက်အခဲ တွေနဲ့ တွေ့ရလိမ့်မယ်။ အထက် လူကြီးရော ကိုယ့်ရဲ့ လက်အောက် ငယ်သားရော ကိုယ့်ကို ဒုက္ခ ပေးတတ်ပါတယ်။ ပြီးတော့ အလုပ်မှာ အုပ်စုလိုက် ၀ိုင်းဖွဲ့ပြီး ဒုက္ခ ပေးတတ်တယ်။ ချောက်ချ တတ်တယ်။ သူတစ်ပါး လုပ်တဲ့ အပြစ်တွေကို တာဝန်ယူ ရတတ်တယ်။ အိမ်ထောင်ရေး လည်း အဆင်မပြေ ဖြစ်တတ် ပါတယ်။ လင်မယား နှစ်ယောက်လဲ တကျက်ကျက် ဖြစ်တတ်တယ်။ တစ်ဦးကို တစ်ဦး ကြည့်မရ ဖြစ်မယ်။ ယုံထင် ကြောင်ထင် ဖြစ်မယ်။ လမ်းသွားရင် ဂရုစိုက်ပါ ။ကားတို့ ဆိုင်ကယ်တို့နဲ့ ပွတ်မိ တိုက်မိ တတ်ပါ တယ်။

အမှု့အခင်း ပြဿနာများ ဖြစ်၍ အချုပ်ထဲ ထောင်ထဲတွင် နှစ်ရှည် လများ သွားရောက် နေထိုင်ရ တတ်ပါသည်။ အရေးကြီးတာက လူမှု့ရေး လုံးဝ မလုပ်ပါနှင့်။ လောင်းကစား လုံးဝ မလုပ်ပါနှင့်။ ကိုယ်တတ်နိုင် သလောက် မိမိတို့ ကိုးကွယ်သည့် ဘာသာရေးကို ဆောင်ရွက်ပါ။ အရာရာကို သတိထား ဆောင်ရွက်ပါ။ သတိ ၀ိရိယထက် ကောင်းတဲ့ အဆောင် မရှိဘူးလို့ နားလည်ပါ။

စနေသက်ရောက်-ဘ၀ပျက်ကိန်းကြုံတွေ့နေရသူများအတွက် ဘ၀ပျက်ယတြာ

အဓိကယတြာ။

သင်သည် တစ်ခုသော စနေနေ့ ညတစ်ညတွင် အ၀တ်အစား အဟောင်း အစုတ်များကို ၀တ်၍ အမျိုးသား ဆိုပါက ဘုန်းကြီးကျောင်း၊ အမျိုးသမီး ဖြစ်ပါက သီလရှင် ဇရပ် သို့ သွားရောက်၍ တစ်ညအိပ်ပါ။ တန်ဖိုးရှိသော အသုံးအဆောင် ပစ္စည်းများ ဘာတစ်ခုမှ ယူဆောင် မသွားပါနှင့်။ မိုးလင်းလျှင် လဲလှယ် ၀တ်ရန် အတွက် အ၀တ်သစ် အပိုတစ်စုံ ယူသွားပါ။ ထိုညတွင် မိမိကိုယ်ကို ဘ၀ပျက်၍ အိမ်မှာတောင် နေမရ။ စားစရာမရှိ၊ သောက်စရာ မရှိလို့ ဘုန်းကြီးကျောင်း မှာ သွား အိပ်ရတဲ့ အခြေအနေ တောင် ရောက်နေပါလား ဆိုတဲ့စိတ်နဲ့ ဖြစ်သလို တစ်ည အိပ်ရမည်။

မိုးလင်းသောအခါ၌ ဒီတစ် နှစ် ငါကြုံတွေရ မည့်ဒုက္ခတွေ အကုန်လုံး လွတ်မြောက်ပြီ ဟုနှလုံးသွင်း၍ ညက ယူဆောင် သွားသော အ၀တ်အစား သစ်ကို လဲဝတ်၍ တစ်ညလုံး ဒုက္ခခံ၍ ၀တ်ထားသော အ၀တ်အစား ယောင်း များကို ကျွတ်ကျွတ် အိပ်ထဲ တွင်ထည့်၍ ရေမျှော ပစ်လိုက်ပါ။ ထိုယတြာကို တစ်ခါ ချေရုံမျှဖြင့် စနေသက်ရောက်တွင် ကြုံတွေ့ရမည့် ဒုက္ခ အခက်အခဲ များမှ လွတ် မြောက်သွားပါလိမ့်မည်။ အထက်ဖော်ပြပါ ယတြာကို အကြောင်း အမျိုးမျိုးကြောင့်ပြုလုပ်ရန် အဆင်မပြေသူများ အောက်တွင် ဖော်ပြ ထားသော ယတြာများကို မကြာခဏ ဆောင်ရွက် ပေးနိုင်ပါသည်။


သာမညယတြာ

ဘုန်းကြီးကို စတုမဓူ(သို့)ဆေးလှူပါ။
စနေနေ့ညနေပိုင်းတွင်ငါးသက် စေ့လွတ်ပါ။
စေတီ တစ်ဆူဆူ၏ စနေထောင့်တွင် ထီးနီစေ့လှူပါ။
အုန်းသီး တစ်လုံးတွင် ထုံးဖြင့်(ဥုမ်)ဟု ပီပီသသရေးပါ။ ထိုအုန်းသီးကို အိုးတစ် လုံးပေါ်တွင် တင်၍ အုန်းသီးပေါ်တွင် ဖယောင်းတိုင် မီးထွန်းပြီး အရဟံ သိဒ္ဓိ ကိုပုတီး (၇)ပါတ်စိပ်ပါ။ ဘုရားစင်ပေါ် တင်၍ ဆောင်ရွက်ပါ။ ထိုအဓိဋ္ဌာန်ကို တစ်ခါ ဆောင်ရွက်လျှင်(၇)ရက် ဆက်တိုက်ဝင်ပါ။

Wednesday, March 10, 2010

(၀)အရူးတားရော့ကတ်အကြောင်း

ဒီကတ်ပြားမှာ ခြေဦးတည်ရာ လျှောက်သွား နေတဲ့ အရူးတစ်ယောက်ကို တွေ့ရပါ့မယ်။ အရူး ဟာ တုတ်တစ်ချောင်းမှာ အထုပ် တစ်ထုပ် ထမ်းထားပါတယ်။ ဂန္ဓာရီ ပညာရှင်များက မသိ နားမလည်ခြင်း အ၀ိဇ္ဇာ အထုပ်ကို ထမ်းထားတာလို့လည်း အဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်။ အရူး ဟာ သူ့ရဲ့ ဖိနပ်ကို မစီးဘဲ ထမ်းထားတာ လို့လည်း ဆိုကြပါတယ်။

မသိ နာမလည်တဲ့ အရူးဟာ ရှေ့ကို လှမ်းလိုက်ရင် ချောက်ထဲကို ကျတော့မှာပါ။ သူ့ရဲ့ နောက်ကလည်း ခွေးတစ်ကောင်က လိုက်လာပါတယ်။ ဒီကတ်ပြားကို ဘယ်လိုပဲ ဖြစ်ဖြစ် အဆိုးသဘော ယူဆရမှာပါပဲ။ အားလုံးကို ခြုံပြီး စဉ်းစား လိုက်တဲ့ အခါ ဘယ်လို မေးခွန်းမျိုး ကိုပဲ မေးမေး အရူးကတ်ပြား ကျလာခဲ့ပြီဆိုရင်...
မဖြစ်ဘူး ၊ မရဘူး ၊ မအောင်မြင်ဘူး ဆိုတဲ့ အဟောတွေပဲ ဟောရမှာပေါ့။ ရူးသွတ်ခြင်း၊ ကယောင် ချောက်ခြား ဖြစ်ခြင်းတွေနဲ့ပါ တွဲစပ်ပြီး ဒီကတ်ပြားကို ဆိုးရူး လို့ အလွယ် မှတ်ထားနိုင်ပါတယ်။

  • ရူးလောက်အောင် ဖြစ်သည် ဆိုသော အဖြစ်မျိုးများနှင့် ကြုံရတတ်သည်။
  • ခု တစ်မျိုး၊ တော်ကြာ တစ်မျိုး စိတ်နှင့် ကိုယ်နှင့် မကပ်ပဲ ယောင်ချာချာ ဖြစ်နေမည်။
  • ထိုင်ရတော့ မလိုလို ၊ ထရတော့ မလိုလို ၊ ဆက်လုပ်ရတော့ မလိုလို ၊ ရပ်ရတော့ မလိုလို အဖြစ်မျိုးများ ကြုံမည်။
  • တောင်စဉ် ရေမရ ခရီးတိုများ ဆက်တိုက် သွားနေရတတ်သည်။
  • ခြေထောက်ပိုင်း ။ ဖိနပ်ပိုင်း ဒုက္ခပေးတတ်သည်။
  • မိုက်မဲ ရူးသွတ်စွာ တဇွတ်ထိုးတဇောက်ကန်း လုပ်မှု့ကြောင့် မလိုလားအပ်သော အန္တရာယ်များနှင့် ကြုံရ တတ်သည်။
  • လုပ်သမျှ ကြံသမျှ တွေးသမျှ ဆုံးဖြတ်သမျှ အလွဲလွဲ အချော်ချော် အမှားမှား အယွင်းယွင်း ဖြစ်နေရတတ်သည်။
  • အပိုင် တွက်ဆထားသော စီစဉ်ထားသော ကိစ္စများ လွဲချော် ပျက်ယွင်း သွားရတတ်သည် ဆိုတဲ့ ဟောချက်မျိုးတွေ အဟောထုတ်နိုင် ပေတာပေါ့ဗျာ.....။

  • (၂၁)ကမ္ဘာလောကတားရော့ကတ်အကြောင်း

    ဒီကတ်ပြားမှာ မိန်းကလေး တစ်ဦးဟာ ပျော်ရွှင် မြူးတူးစွာနဲ့ ကမ္ဘာတစ်ပတ် ခရီးဆန်နေတဲ့ နိမိတ်ပုံကို ပြထားပါတယ်။ မကောင်းသော အနိဋ္ဌ သဘောတွေ မပါတဲ့ အတွက် ဒီကတ်ပြား ကို အကောင်းလို့ပဲ ယူဆရမှာ ဖြစ်ပါတယ်။

    လွတ်လတ်ခြင်း ၊ ကျယ်ပြောခြင်း ၊ ခရီးရှည် စတာတွေနဲ့ ပတ်သက်နေပါတယ်။ နံပါတ်(၁၀) ကတ်ပြားတုန်းက ပြောခဲ့တဲ့ စဖင့်ရုပ်ကြီးက သတ္တ၀ါ လေးမျိုးနဲ့လည်း ပါတ်သက်နေပါတယ်။ မိန်းမပျိုဟာ လက်ထဲမှာ တုတ်ကလေး နှစ်ချောင်းကို ကိုင်ပြထားပါတယ်။ နှစ်ခု နှစ်ခွ နှစ်မျိုး ဆိုတဲ့ အဓိပ္ပါယ် တွေကိုလည်း ပြောနိုင် ပေတာပေါ့။

    မိန်းမပျိုရဲ့ ဘေးမှာ စက်ဝိုင်း တစ်ခုနဲ့ ပတ်ရံထားပါတယ်။ အဲဒါက မြွေဟာ ကိုယ့်အမြီးကိ ပြန် မျိုထားတဲ့ ပုံ ဖြစ်ပါတယ်။စက်ဝိုင်း တစ်ပတ် လည်တဲ့ သဘော မူလနေရာ မူလ အလုပ်ကို ပြန်ရောက်တဲ့ သဘောမျိုးတွေကို ဟောနိုင်ပေတာပေါ့။ အဲဒါတွေကို ခြုံငုံ လိုက်တဲ့အခါ ဘယ်လို မေးခွန်းမျိုး ကိုပဲ မေးမေး နံပါတ် ၂၁- ကမ္ဘာလော က ကတ်ပြား ကျလာခဲ့ရင် ...

    ကောင်းသည် ၊ ရသည် ၊ အောင်မြင်မည် ဆိုတာတွေကိုပဲ ဟောရမှာပေါ့။ ကမ္ဘာနှင့် အ၀ှမ်း ကျယ်ပြောခြင်း ဆိုတဲ့ အဓိပ္ပါယ် ကိုပါ တွဲစပ်ပြီး ဒီကတ်ပြားကို ကောင်းကမ္ဘာ လို့လည်း အလွယ် မှတ်ထား နိုင်ပါတယ်။

  • ရပ်ဝေးမှ ပြည်ပမှ အဆက် အသွယ်ကောင်း အချိတ်အဆက် ကောင်းများ ရလာမည်။
  • ရပ်ဝေးမြေခြား ခရီး ၊ နိုင်ငံခြား ခရီးများ သွားရတတ်သည်။
  • အလုပ်နှစ်မျိုး ၊ ၀င်ငွေ နှစ်မျိုး ၊ အောင်မြင်မှု့ နှစ်မျိုး ကြုံရတတ်သည်။
  • အကြံသစ် ၊ ညဏ်သစ် ။ စိတ်ကူးသစ်များ ရရှိမည်။
  • ရပ်ဝေးမှ သတင်းကောင်း ၊ ဧည့်သည်ကောင်း များလည်း ရောက်ရှိ လာတတ်သည် ဆိုတဲ့ ဟောကိန်းတွေ အဟော ထုပ်နိုင်ပါကြောင်း......

  • (၂၀)ရှင်ပြန်ထမြောက်တားရော့ကတ်အကြောင်း

    ဒီကတ်ပြားမှာ ကောင်းကင် တမန်တော်က တံပိုးခရာ မှုတ်ပြီး နှိုးလိုက်တဲ့ အခါမှာ သချိုင်း ကုန်းက သေနေသူတွေ ပြန်ပြီး ရှင်သန် ထမြောက်လာတဲ့ နိမိတ်ပုံတွေကို တွေ့ရပါတယ်။ သေနေတဲ့ လူတွေတောင် ပြန်ရှင်လာတယ် ဆိုတော့ ဒီကတ်ပြားကို အကောင်း သဘောပဲ ယူဆ ရမှာပေါ့။

    ပျောက်နေတဲ့ သူတွေ ပြန်တွေ့မယ်။ ကွဲကွာနေတဲ့ သူတွေ ပြန်ဆုံမယ်။ မိတ်ဟောင်း ဆွေဟောင်း တွေနဲ့ ပြန်တွေ့မယ်။ ထွက်နေ ပျောက်နေတဲ့ ပစ္စည်းတွေ ငွေတွေ ၊ ဆုံးရှုံးနေတဲ့ အခွင့်အရေးတွေ ပြန်ပြီး ရတတ်တယ် ဆိုတဲ့ သဘောတွေကို အဟော ထုပ်ရမှာ ပေါ့ ခင်ဗျာ။

    ဒီကတ်ပြားမှာ လည်း တစ်ခု သတိထားရမှာက မေးတဲ့ မေးခွန်းအပေါ် မူတည်ပြီင်္း အဖြေဟာ အများကြီး ပြောင်း သွားနိုင်ပါတယ်။ ကျွန်တော့် အဖိုး အသည်း အသန် ဖြစ်နေတယ်။ သူ့ရဲ့ အခြေအနေကို ကြည့်ပေးပါ လို့ မေးလာလို့ ဒီကတ်ပြား ကျလာခဲ့ရင် သူ့အဖိုးကို မေးတာ ဖြစ်တဲ့ အတွက် သူ့အဖိုး အသက်မသေ ပြန်ရှင်မယ် လို့ ဟောနိုင်ပါတယ်။

    အဲဒီလို မဟုတ်ပဲ ကျွန်တော် အဖိုး လေဖြတ်ပြီး အိပ်ယာထဲ လဲနေတယ်။ အဲဒီ ရောဂါ အခြေ အနေလေး သိချင် လို့ပါ လို့ မေးလာခဲ့ရင် ရောဂါကို မေးတာ ဖြစ်တဲ့အတွက် ရောဂါဟာ ပြန်ရှင်လာမယ်။ အားကောင်းလာမယ် ဆိုတဲ့ အဓိပ္ပါယ် ထွက်လာပါတယ်။ ရောဂါ အားကောင်းလာမှာ ဖြစ်တဲ့ အတွက် သူ့အဖိုးရဲ့ အသက်ဟာ စိုးရိမ် ရေမှတ်ကို ရောက်သွားပြီလို့ ပြောရမှာပါပဲ...။ အဲဒီတော့ ဘယ်လို မေးခွန်းကိုပဲ မေးမေး နံပါတ်(၂၀) ရှင်ပြန် ထမြောက် ကတ်ပြား ကျလာခဲ့ရင်....

  • ကော်းသည် ၊ ရမည် ၊ အောင်မြင်မည် ရယ်လို့ပဲ အဟော ထုပ်ရမှာပေါ့။ အသစ်တစ်ဖန် ပြန်ဖြစ်ခြင်း ဆိုတဲ့ သဘော လေးကိုပါ တွဲပြီး ဒီကတ်ပြားကို ကောင်းရှင်ပြန် ရယ်လို့ အလွယ် မှတ်ထား နိုင်ပါတယ်။
  • ထွက်နေ ၊ ဆုံးရှုံးနေသော ငွေများ ၊ ပစ္စည်းဟောင်း များ အခွင့်အရေး ဟောင်းများ ပြန်ရလာမည်။
  • ကွဲကွာနေသူများ ပျောက်ဆုံးနေ သူများနှင့် ပြန်လည် ဆုံတွေ့ရတတ်သည်။
  • လုပ်ငန်းဟောင်း ။ နေရာဟောင်း ၊ အဖြစ် အပျက်ဟောင်းများနှင့် ပြန်ကြုံရတတ်သည်။
  • အံ့သြစရာ ကောင်းလောက်အောင် အကူ အညီ ကောင်းပေးမည့် သူများ ပေါ်လာမည်။
  • ကျန်းမာရေး ညံ့နေလျှင် ဆရာကောင်း ဆေးကောင်းများနှင့် ကြုံမည် ဆိုတဲ့ ဟောချက်မျိုးတွေ ဟောနိုင်ပေတာပေါ့ဗျာ...။

  • (၁၉)နေမင်း၏သားတော်တားရော့ကတ်အကြောင်း

    ဒီကတ်ပြားဟာ သူရိယ နေမင်းကြီးကို ကိုယ်စားပြုတဲ့ ကတ်ပြား ဖြစ်ပါတယ်။ အချို့ ဂန္ဓာရီ ပညာရှင် များက ကျတော့လည်း နေမင်းကြီး မဟုတ်ဘူး ။ နေမင်းကြီးရဲ့ သားတော်လေး ဖြစ်တယ်လို့ ယူဆကြ ပါတယ်။ ဒါကြောင့် ဒီကတ်ပြားကို “နေမင်း၏ သားတော် ” လို့ လည်း ခေါ်ဝေါ်ကြပါတယ်။

    သူရဇ္ဇလို့ ခေါ်တဲ့ သူရဇ္ဇ နေမင်းကြီးဟာ ကျွန်တော်တို့ စကြာဝဠာမှာ အကြီးမားဆုံး ။ အလင်းလက် ဆုံး အရှိန်အ၀ါ အထက်မြက်ဆုံး ဖြစ်ပါတယ်။ ဒီစကြာဝဠာရဲ့ အသက်ဓာတ်လို့ သတ်မှတ်ကြပါတယ်။

    အဲဒိတော့ ဒီကတ်ပြားကို အကောင်းသဘော လို့ ယူဆရမှာ ဖြစ်ပါတယ်။ နာမည် ဂုဏ်သတင်း ကြီးမားခြင်း ၊ အရှိန်အ၀ါ သြဇာအာဏာ ထက်မြက်ခြင်း ၊ တစ်ပါးသူတို့ကို ကူညီ ထောက်ပံ့ နိုင်ခြင်း ဆိုတဲ့ သဘောတွေကို ထည့်ပြီး ဟောရမှာ ဖြစ်ပါတယ်။
    နေမင်းကြီးရဲ့ သားတော်ဟာ မြင်းတစ်ကောင်ကို စီးပြီး ပျော်ရွှင်စွာ ခရီး ထွက်လာခဲ့ပါတယ်။ အဲဒီတော့ အောက်လက်ငယ်သား သားသမီး တို့နှင့် ပါတ်သက်ပြီး သတင်းကောင်း ကြားရခြင်း ၊ ပျော်ရွှင်ဖွယ် ခရီး ၊ အကျိုးထူး သောခရီးများ သွားရခြင်း ဆိုတာတွေလည်း ထည့်ပြီး ဟောရမှာ ဖြစ်ပါတယ်။ အဲဒါတွေကို ခြုံငုံ စဉ်းစား လိုက်တဲ့ အခါ ဘယ်လို မေးခွန်းမျိုးကိုပဲ မေးလာမေးလာ နံပါတ်(၁၉) နေသူရိန် ကတ်ပြား ကျလာ ခဲ့ရင် .......
    1. ဖြစ်မည် ရမည် အောင်မြင်မည် ဆိုတဲ့ အဟောတွေပဲ ဟောရမှာ ဖြစ်ပါတယ်။ လောကမှာ ထယ်ဝါ ထင်ပေါ်တဲ့ သဘော ကိုပါ တွဲစပ်ပြီး ဒီကတ်ပြားကို ကောင်းထင်ပေါ် ရယ်လို့ အလွယ် မှတ်ထား နိုင်ပါတယ်။

    2. အောက်လက်ငယ်သား ၊ သားသမီး တို့နှင့် ပတ်သက်ပြီး သတင်းကောင်း ကြားရမည်။
    3. နာမည် ဂုဏ်သတင်း တိုးတက်ခြင်း သြဇာ အာဏာ တိုးတက်ခြင်းများ ဖြစ်လာမည်။
    4. ၀န်ထမ်းဆိုလျှင် ရာထူးတိုး တက်မည်။
    5. ပျော်ရွှင်ဖွယ် ခရီး ၊ အကျိုး ထူးသော ခရီးများ သွားရလိမ့်မည်။
    6. ရပ်ဝေးက သတင်းကောင်း ၊ ဧည်သည်ကောင်းများ ရောက်လာမည်။
    7. ကား ၊ ဆိုင်ကယ် ၊ စက်ဘီး စသော ယာဉ်များ ၀င်လာတတ်သည် စသော ဟောကိန်းများ အဟောထုပ် နိုင်ပေတာပေါ့ဗျာ...။

    (၁၈)လမင်းစန္ဒတားရော့ကတ်အကြောင်း

    ဒီကတ်ပြားရဲ့ အဓိက ဇာတ်လိုက်ဟာ လနတ်သမီးရဲ့ နိမိတ်ပုံ ဖြစ်ပါတယ်။ လမင်းစန္ဒာဟာ ထွန်းလင်းတယ်။ အေးမြတယ်။ ဟိုး မိုးကောင်းကင်ပေါ် အမြင့်မှာ ရှိနေပါတယ်။ ဒါကြောင့် ဒီကတ်ပြားကို အကောင်းလို့ ယူဆချင်ဖွယ်ရာ ရှိပါတယ်။

    ဒါပေမဲ့ လနတ်သမီး ခင်ဗျာ မနာ လိုသူ များက မျက်နှာကို ကိုက်ဖဲ့ ကုတ်ခြစ်ထားခြင်းကို ခံစား ထားရတဲ့ အတွက် ဒဏ်ရာ ဗရပွနဲ့ သွေးစက်တွေ တပေါက်ပေါက် ကျနေပါတယ်။ အဲဒါကြောင့် ဒီကတ်ပြားကို သွေးထွက်သော လမင်း ရယ်လို့လည်း ခေါ်ဝေါ်လေ့ ရှိပါတယ်။ဟိုး..အောက် မြေပြင် ရေစပ်မှာတော့ ကိုက်ဖဲ့ ကုတ်ခြစ်တတ်တဲ့ ၊ ရန်လိုတတ်တဲ့ တိရစ္ဆာန် သုံးကောင်ဟာ လမင်းကြီးကို ငေးမျှော်ပြီး ကြည့်ရှု့ နေပါတယ်။

    အကောင်း သဘော ကြည့်တာမျိုး မဟုတ်ပါဘူး။ ရန်လို စွာ ကြည့်နေတာ မျိုးပါ။ ဒါပေမဲ့ သူတို့ အနေနဲ့ လမင်း ကြီးကို ရန်ပြု ယှဉ်ပြိုင်ဖို့ ဆိုတာဟာ ဘယ်လို နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ အဲဒိတော့ ရန်ပြုမယ် ဆိုရင်လည်း ကောင်းသော ယှဉ်ပြိုင်ခြင်း မျိုးနဲ့တော့ ယှဉ်ပြိုင်ဖို့ရာ မလွယ်ပါဘူး။ ညစ်တဲ့နည်း ၊ အကောက် ကြံတဲ့နည်း ၊ ယုတ်မာတဲ့နည်း တွေနဲ့သာ ရန်လုပ်ကြမှာ ဖြစ်ပါတယ်။

    ရန်လိုသူတွေ ရှိနေတဲ့ အတွက် လမင်းကြီး ခမျာ စိတ်ညစ်နေရ ရှာပါတယ်။ ရန်သူတွေကလည်း ညစ်မဲ့ ရန်သူ တွေပါ။ သူညစ် ကိုယ်ညစ် နှစ်ယောက် ညစ်ရမယ့် အခြေအနေ မျိုးပေါ့။ ဒါကြောင့် ဒီကတ်ပြားကို အဆိုး သဘောအဖြစ်နဲ့ ယူဆ ဟောပြောရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ဘယ်လို မေးခွန်းမျိုးကိုပဲ မေးလာ မေးလာ နံပါတ်(၁၈) လမင်းစန္ဒာ ကတ်ပြား ကျလာခဲ့ရင် .....

  • မဖြစ်နိုင် ၊ မရနိုင် ၊ မအောင်မြင်နိုင် ရယ်လို့ အဟောထုပ်ရမှာ ဖြစ်ပါတယ်။ သူညစ် ကိုယ်ညစ် နှစ်ဦးနှစ် ဘက် ညစ်စရာ လေးတွေကို အကြောင်းပြုပြီး ဆိုးညစ်ရယ်လို့ အလွယ်မှတ် ထားနိုင်ပါတယ်။
  • မနာလို ရန်လိုသူ ။ မကောင်းကြံလိုသူ ၊ အကောက် ကြံမည့်သူများ ရှိနေတတ်ပါသည်။
  • စွပ်စွဲနာမည် ဖျက်ခြင်း ၊ အကြောင်းမဲ့ ရန်လုပ် ပုတ်ခတ်ခြင်းများ ကြုံလာရ တတ်သည်။
  • အထူးသဖြင့် လူသုံးဦး ပေါင်း၍ မိမိ၏ ပျက်စီးရာ ပျက်စီးကြောင်းကို ကြံစည် လာတတ်သည်။ ထိုလူများ သည် မြစ်နား ချောင်းနား ကန်နား နီးလိမ့်မည်။
  • ဘာပဲ လုပ်လုပ် ဘာပဲ ပြောပြော အကောင်းမြင် မခံရခြင်း ကြုံနေတတ်သည်။
  • ခွေး ။ ကြောင် ၊ ကြက် ...စသော တိရစ္ဆာန်များကို အကြောင်းပြု၍ အန္တရာယ် ကြုံခြင်း ၊ စကားများ ဖြေရှင်း ရခြင်းများ ကြုံတွေ့တတ်သည် စသော ဟောကိန်းတွေ ဟောနိုင်ပေတာပေါ့ဗျာ...။

  • (၁၇)ဓူဝံကြယ်တားရော့ကတ်အကြောင်း

    ဒီကတ်ပြားမှာ ဓူဝံကြယ် နတ်သမီးဟာ လက်ထဲမှာ ရေအိုး နှစ်လုံးကို ကိုင်ပြီး ကုန်းပေါ်မှာ တစ်လုံး၊ ရေထဲမှာ တစ်လုံး ရေတွေ သွန်လောင်းနေတဲ့ နိမိတ်ပုံ ဖြစ်ပါတယ်။ လောကရဲ့ အ သက်ဓာတ်ကို သွန်လောင်းနေတဲ့ နိမိတ်ပုံ ရယ်လို့ အဆိုရှိပါတယ်။

    ကြယ်ဆိုတာ ထွန်းလင်း တောက်ပတဲ့ သဘော ၊ ထင်ရှား အောင်မြင်ခြင်းရဲ့ သင်္ကေတ ဖြစ် ပါတယ်။ ဒီကတ်ပြားမှာ သတ်ဟယ် ဖြတ်ဟယ် ၊ သေဟယ် ၊ ကြေဟယ် နိမိတ်ပုံ ဆိုးတွေ မပါပါဘူး။ အဲဒါကြောင့် အကောင်းသဘော ဆောင်တဲ့ ကတ်ပြားလို့ ယူဆရမှာ ဖြစ်ပါတယ်။

    တားရော့ ကတ်ပြားတွေမှာ အ၀တ် အစား မပါခြင်းဟာ ညစ်ညမ်းတဲ့ သဘောမျိုး မဟုတ် ပါဘူး။ လွတ်လတ် ခြင်းရဲ့ သဘော သဘာဝကို ဆိုလိုခြင်း ဖြစ်ပါတယ်။ အဲဒီတော့ ဒီကတ်ပြားမှာ အောင်မြင်ခြင်း ၊ ဂုဏ်သတင်း ကျော်စောခြင်း ၊ ကျန်းမာခြင်း ဆိုတာတွေကို ထည့်ပြီး ဟောရမှာပေါ့။

    နောက်တစ်ခု ကတော့ ကမ္ဘာ့ဂန္ဓာရီ ပညာမှာ ကြယ်ပွင့်ကို လာဘ်ရွင်ခြင်းရဲ့ နိမိတ် အဖြစ် တင်စားလေ့ ရှိပါ တယ်။ အဲဒါကြောင့် ဒီကတ်ပြားဟာ ငွေကြေး လာဘ်လာဘ ရွှင်လန်းခြင်းရဲ့ နိမိတ်ကိုလည်း ဖော်ညွန်းနေပါ တယ်။ အဲဒိတော့ ဘယ်လို မေးခွန်းမျိုးကို ပဲမေးလာ မေးလာ နံပါတ်(၁ရ) ဓူဝံကြယ် တားရော့ ကတ်ပြား ကျလာ ခဲ့ပြီဆိုရင်......

    ရမယ် ၊ ဖြစ်မယ် ။ ကောင်းမယ် ၊ အောင်မြင်မယ်လို့ အဟော ထုပ်ရမှာပါပဲ။ ကြယ်ပွင့် လေးတွေဟာ အမှောင်ကြား ထဲက တဖျပ်ဖျပ် ပွင့်နေပါတယ်။ ကံကြမ္မာရဲ့ ပွင့်လန်းခြင်း ၊ လာဘ်လာဘရဲ့ ပွင့်လန်ခြင်း အဓိပ္ပာယ်တွေ နဲ့ပါ တွဲစပ်ပြီး ဒီကတ်ပြားကို “ကောင်းပွင့်” လို့ အလွယ် မှတ်ထားနိုင်ပါတယ်။

  • ကံကြမ္မာ ပွင့်လန်းမည်။ အဘက်ဘက်က အခြေအနေကောင်း ၊ အခွင့် အလန်းကောင်းများ ကြုံလာလိမ့် မည်။
  • ငွေကြေး၊ လာဘ်လာဘ လည်း ပွင့်လန်းမည်။ ထီပေါက်သကဲ့သို့ ငွေများ ၀င်လာလိမ့်မည်။
  • ၀န်ထမ်း ဆိုလျှင် ရာထူးတက်ခြင်း ၊ အခွင့်အရေး ကောင်းများ ကြုံခြင်းများ ကြုံရမည်။
  • ကိုယ်ပိုင် လုပ်ငန်းများ အောင်မြင်မှု့ ကြီးစွာ ကြုံပြီး တိုးချဲ့ရလိမ့်မည်။
  • ကျန်းမာရေး ညံ့လျှင် ရက်ပိုင်းအတွင်း ပြန်လည် ကျန်းမာ ကောင်းမွန် သွားလိမ့်မည်။
  • နာမည်ဂုဏ်သတင်း ကျော်စောခြင်း ဆုထူး ဘွဲထူး ရခြင်းများ ကြုံရတတ်သည်။
  • ငွေများ ၊ ပစ္စည်းများ ၀င်သော်လည်း သဲထဲ ရေသွန် ဆိုသကဲ့သို့ မစုဆောင်း မိခြင်း မမြဲခြင်းများ ကြုံရတတ်သည်။
  • လျှပ်စစ် မီးကိစ္စများ စီစဉ်လျှင် အောင်မြင်မည်။
  • ရေတွင်း ၊ ရေကန် ၊ ရေပိုက်ကိစ္စများ စီစဉ်လျှင် အောင်မြင်မည် ဆိုတဲ့ ဟောချက်မျိုးတွေကို အပိုင် အနိုင် ဟောနိုင်ပေတာပေါ့ဗျာ.......။